YANGON, Myanmar, August 5, 2025- The National Defence and Security Council announced that Pro Tem President U Myint Swe's health is in a concerning state, and he is receiving treatment in the intensive care unit.
According to the statement, Pro Tem President U Myint Swe was readmitted to the 1,000-bed Military Hospital No. 2 on July 24, 2025, due to a decline in his health, including weight loss, loss of appetite, fever, and reduced alertness, which occurred in July.
The Pro Tem President has previously received medical treatment for Parkinson's disease and related neurological disorders. He was treated at Mount Elizabeth Medical Center in Singapore from April 15 to 19, 2024, and then at the 1,000-bed Military Hospital No. 2 from May 27 to June 18, 2024.
After his discharge, a special medical team led by Union Minister of Health Professor Dr. Thet Khaing Win continued to monitor and treat U Myint Swe.
However, as his condition did not improve, he was granted medical leave to rest and receive treatment at home starting from July 18, 2024. His health subsequently deteriorated, necessitating his return to the hospital.
Due to Pro Tem President Myint Swe's health-related leave from the National Defence and Security Council, Commander-in-Chief of Defence Services Senior General Min Aung Hlaing has been serving as the Pro Tem President (On Duty) on the council.
#ymg/knl
၅ ဩဂုတ် ၂၀၂၅
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေစိုးရိမ်နေရပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသခံယူနေရတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေူကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာ ကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီသမ္မတသည် အာရုံကြောများ နှေးကွေးတုန့်ဆိုင်း သည့်ရောဂါ (Parkinson's Disease) ၊၎င်းနှင့် ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါများကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံMount Elizabeth Medical Center တွင် လည်းကောင်း၊ မေလ ၂၇ ရက်နေ့မှ ဇွန်လ၁၈ ရက်နေ့အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင် လည်းကောင်း
ဆေးကုသမှုများခံယူခဲ့ရပါတယ်။
ဆေးရုံဆင်းပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေအား ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေးကုသမှုအဖွဲ့ဖြင့်ကျန်းမာရေးစစ်ဆေးကုသ မှုများ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
သို့သော်သူ၏ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူ နေခဲ့ စဉ် ကျန်းမာရေးအခြေအနေဆိုးရွားလာသဖြင့် ဆေးရုံပြန်လည်တက်ခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေသည်ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီတွင် ခွင့်တင်ထားသဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်)ဖြင့် အဆိုပါကောင်စီတွင် တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။
#ymg/knl
ဂျပန်နိုင်ငံမှ မြန်မာအမျိုးသမီးလုပ်သား တစ်ထောင်ကျော်ခေါ်ယူသွားမှာဖြစ်တယ်လိုတိုကျိုရှိ မြန်မာသံရုံးက ထုတ်ပြန်တဲ့ အလုပ်ကမ်းလှမ်းစာ စာရင်းတွေ အရသိရပါတယ်။
#Local_News
Published 05 August 2025
#ဂျပန်နိုင်ငံ #မြန်မာအမျိုးသမီးလုပ်သား
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ထွက်ရှိခဲ့တဲ့ (၆၆) ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ ဆုလာရောက်ထုတ်ယူခြင်းမရှိသေးတဲ့ ထီဆုမဲပေါင်း တစ်သောင်းကျော်ရှိရာ အခုလအတွင်း လာရောက်မထုတ်ယူပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမယ်လို့
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 05 August 2025
#ကျပ်၁,၀၀၀တန်အောင်ဘာလေ #အခွန်ဘဏ္ဍာအဖြစ်သိမ်းဆည်း
#YMG/SW #Yangon_Times
ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်မယ့်စက်ရုံကို လာမယ့်နှစ်ဇန်နဝါရီလမှာ ဖွင့်လှစ်နိုင်ဖို့ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 05 August 2025
#ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ #ဇန်နဝါရီလဖွင့်လှစ်
#YMG/SW #Yangon_Times
အခုနှစ်ခြောက်လတာအတွင်း ရန်ကုန်တိုင်းအတွင်းက အငှားယာဉ် ထက်ဝက်ခန့် သက်တမ်းတိုးပြီး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကသိရပါတယ်။
#Local_News
Published 05 August 2025
#အငှားယာဉ် #ထက်ဝက်ခန့် သက်တမ်းတိုး
#YMG/NN #Yangon_Times
#Local_News
Published 05 August 2025
▪️ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်းနှင့်ထိုင်းဘတ်သန်း (၅၀) ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေထုတ်ရောင်းပေးရာတွင် ဇွန်လ ၁၆ ရက်၌ အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့်ဇူလိုင်လ ၂ ရက်၌ တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းရှင်များသို့နိုင်ငံခြားငွေများရောင်းချပေးခြင်းအပြင် စက်သုံးဆီလုပ်ငန်းရှင်များအတွက်လည်း ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင် ၂၈ ရက်အထိ လေးလနီးပါးတွင် ဒေါ်လာ ၄၅၇ သန်းနှင့် ထိုင်းဘတ်သန်း (၂၀၀) အထိ ထုတ်ရောင်းပေးခဲ့ကြောင်းသိရသည်။
▪️ ဗဟိုဘဏ်၏ နိုင်ငံခြားငွေများ ရောင်းချပေးနေသည့် FX Online Trading Platform တွင် နိုင်ငံခြားေငွေရာင်းချမှု ယနေ့ ပေါက်ဈေးမှာအမေရိကန်တစ်ဒေါ်လာ ၃၆၂၂ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၄ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၃ ကျပ် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 05 August 2025
▪️ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာသစ် (၄)ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC) က အတည်ပြုထုတ်ပြန်ထားသည်။
▪️ ပြီးခဲ့သည့် ဇူလိုင်(၂၇)ရက်ကနေ ဩဂုတ်(၃)ရက်နေ့အတွင်း စစ်ဆေးချက်များအရ ကိုဗစ်-၁၉ရောဂါ ဓါတ်ခွဲအတည်ပြုလူနာသစ်(၄)ဦး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓါတ်ခွဲနမူနာစုစုပေါင်း(၁၁၁၈)ခုကို စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ( ၀.၃၆)ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ စစ်ဆေးတွေ့ရှိသည့်လူနာများတွင်လက်ရှိအချိန်ထိ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် သေဆုံးလူနာမရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 05 August 2025
▪️ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့မှုကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကပြောသည်။
▪️ ယမာန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများနှင့်တွေ့ဆုံအမှာစကားပြောကြားစဥ်
ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများ တက်ရောက်ကြပြီး တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာ ရေးဝန်ထမ်း ၄၇၉၅ ဦး၊ သားဖွားဆရာမ ၁၀၅၈ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၂၂ ဦး အပါအဝင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များ ခန့်ထားနိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင်သွားနှင့် ခံတွင်းဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းဆိုသည်။
▪️ ထို့အပြင် ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေးမြင့်မားစေရေးအတွက် ဗဟိုအဖွဲ့အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အခမဲ့ဓာတ်ခွဲ၊ ဓာတ်မှန်စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေးရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ခေတ်မီစက်ကိရိ ယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းလာသည်ကိုကောက်ခံရရှိသော အချက်အလက်များအရ တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း ပညာရှင်ဘွဲ့ချီးမြှင့်ခြင်း၊ လုပ်အားခများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ခြင်း စသည်ဖြင့် ပံ့ပိုးမှုများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ပြီး အားနည်းချက်များကို ပြင်ဆင်ဆောင်ရွက်ကာ စာမျက်နှာသစ်ကို ပိုမိုလှပစေရန်၊ နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမိုကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန် မိမိတို့တစ်ယောက်ချင်းစီက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
▪️ ထို့နောက် ဒုတိယဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှု အညွှန်းကိန်းများ တိုးတက်စေရေးနှင့် တွေ့ကြုံရသည့် ကျန်းမာရေးဆိုင်ရာပြဿနာများကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး စနစ်ဖြစ်စေရေး ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။
▪️ ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကြပြီး တက်ရောက်လာကြသည့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 05 August 2025
▪️ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) စခန်း ၄ ခု ဖွင်လှစ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး (ဗန်ကောက်) က အသိပေး ထားသည်။
▪️ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့်ချင်းမိုင်စခန်းတို့တွင် သြဂုတ်လ (၆) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် (၆) လ အောက် ကျန်နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများကို အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ်နှင့်အတူ CI စာအုပ်အသစ်များကို ထုတ်ပေးမည်ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထားစိစစ်ပြီးနောက် နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးခြင်းနှင့် Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးခြင်းများလည်း ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ၊CI စာအုပ်အသစ် လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်များ ထံ တိုက်ရိုက်ငွေပေးသွင်းရမည် ဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်များ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည် ။
▪️ ထို့အပြင် ရက်ချိန်းအတွက် နီးစပ်ရာစခန်းကို ရွေးချယ်ရယူနိုင်ပြီး စခန်းများတွင် ဆောင်ရွက်ရာတွင် တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံး (ဗန်ကောက်) မှ သတ်မှတ်ထားသည့် ရုံးပိတ်ရက်များကို အလုပ်နားရက်သတ်မှတ်ထား ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 05 August 2025
▪️ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချီးကျူးပြောဆိုခဲ့ကြကာ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိန္ဒိယဝန်ကြီးချုပ်
နရန်ဒရာမိုဒီတို့ဟာ မိတ်ဆွေကောင်းတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။
▪️ ထရမ့်အခွန်စည်းကြပ်မှုတွေ၊ အိန္ဒိယက ရုရှားထံမှ ရေနံဝယ်တာတွေ၊ အမေရိကန်ကပါကစ္စတန်ဘက်သို့ ယိမ်းလာတာတွေက သူတို့ကြား မျက်နှာနာစရာ ဖြစ်လာပါတယ်။
▪️ ဒီအချိန်ဟာ ဆက်ဆံရေး စမ်းသပ်ခံရမယ့်အချိန်ကောင်းပဲလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအကြံပေးဟောင်း အာရှော့မာလစ်ကဆိုပါတယ်။
▪️ အိန္ဒိယက ရုရှားဆီက ရေနံဝယ်တာတွေ၊ အိန္ဒိယအပေါ်အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်တာတွေက မကျေနပ်ချက် ဖြစ်လာစေပါတယ်။
▪️ ထရမ့်က ပါကစ္စတန်နဲ့ ဗျူဟာမြောက်သဘောတူညီချက်ရယူဖို့ လုပ်နေတာ မဟုတ်ပေမယ့် ညှိနှိုင်းဖို့လုပ်နေပါတယ်။
▪️ ရုရှားလက်နက်တွေကြောင့် ယူကရိန်းမှာ ဘယ်လောက်သေကြေနေကြလဲဆိုတာ အိန္ဒိယက ဂရုမစိုက်ဘူးလို့ ထရမ့်ကစွပ်စွဲလိုက်ပါတယ်။
▪️ ဒါတွေနဲ့ပတ်သက်ပြီး အိန္ဒိယစီးပွားကူးသန်းဝန်ကြီး ပီယုရှ်ဂိုယယ်က နှစ်နိုင်ငံစလုံးအတွက် ညီညွတ်မျှတပြီး အပြန်အလှန်အကျိုးရှိစေမယ့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ကြိုးပမ်းနေတယ်လို့ ပြောထားပါတယ်။
▪️ မေလကအိန္ဒိယနဲ့ပါကစ္စတန်တို့ အပစ်အခတ်များ ဖြစ်ပွားခဲ့ပါတယ်။
ထရမ့်က ကြားဝင်ဖြေရှင်းပေးခဲ့သလို အိန္ဒိယရဲ့ပြိုင်ဘက်ပါကစ္စတန်အပေါ် ထရမ့်ယိမ်းယိုင်လာတဲ့သဘော မြင်တွေ့ရပါတယ်။
▪️ ဒါဟာ အိန္ဒိယကအမေရိကန်အပေါ် ယုံကြည်မှုကျဆင်းလာတဲ့ပုံစံပေါက်နေပါတယ်။
▪️ ရုရှားရေနံကို အိန္ဒိယဝယ်ယူတဲ့အပေါ် ထရမ့်ကပြစ်ဒဏ်ခတ်ဖို့ကိုလည်း ခြိမ်းခြောက်ထားပါတယ်။
▪️ အမေရိကန်အစိုးရအဖွဲ့က အိန္ဒိယနဲ့ ရုရှားတို့ကြား ဆက်ဆံနေတဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောလာပါတယ်။
Source: AP News.
#World_Health
Published 05 August 2025
▪️ ဂျပန်တွေရဲ့ လမ်းလျှောက်နည်းဖြစ်တဲ့ အပိုင်းအခြားအလိုက် လမ်းလျှောက်ခြင်းနည်းလမ်းက TikTok မှာ နာမည်ကြီးနေပါတယ်။
▪️ ရိုးရှင်းသလို အားကစားပစ္စည်းတွေ၊ အက်ပလီကေးရှင်းတွေလည်း မလိုအပ်တဲ့အပြင် တစ်နေ့ကို မိနစ် ၃၀ ခန့်လျှောက်ခြင်းဖြင့် နှလုံးသွေးကြောကျန်းမာရေး၊ ကိုယ်အလေးချိန်ချခြင်း၊ ကြံ့ခိုင်နိုင်စွမ်းတို့ကို ထောက်ကူပေးပါတယ်။
▪️ ဂျပန်ကနေ အစပြုခဲ့တာဖြစ်ပြီး TikTok မှာ ပြန်လည်ခေတ်စားလာပါတယ်။
▪️ နာရီဝက်လောက် တသမတ်တည်း လမ်းလျှောက်မယ့်အစား ၃ မိနစ် ခပ်မြန်မြန်လျှောက် ၃ မိနစ်ဖြည်းဖြည်းလျှောက်ခြင်းကို မိနစ် ၃၀ ခန့် လျှောက်နေရမှာ ဖြစ်ပါတယ်။
▪️ ဒီပုံစံက နှလုံးသွေးကြော အားစိုက်မှု အပြောင်းအလဲဖြစ်စေကာ ပုံမှန်လမ်းလျှောက်တာထက် အကျိုးကျေးဇူး ပိုကောင်းစေနိုင်ပါတယ်။
▪️ လေ့လာချက်တွေအရလည်း သွေးဖိအား၊ နှလုံးသွေးကြော ခံနိုင်ရည်၊ ဦးနှောက်အသိဉာဏ်၊ အိပ်စက်ခြင်းတို့ကို တိုးတက်စေပါတယ်။
▪️ ကယ်လိုရီလောင်ကျွမ်းခြင်းကတော့ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ လမ်းလျှောက်နှုန်း၊ ကျန်းမာရေးအနေအထားတို့အပေါ် မူတည်ပါတယ်။
▪️ ဒီလိုလမ်းလျှောက်ခြင်းအပြင် တစ်ပတ်ကို အလေးမလေ့ကျင့်ခန်း ၂ ရက်လောက်လုပ်ရေးရင် နိုင်ငံတကာသတ်မှတ်ချက်နဲ့ ကိုက်ညီပါပြီ။
▪️ ကျန်းမာသူအများစုအတွက်တော့ ဂျပန်လမ်းလျှောက်နည်းက အဟန့်အတားမရှိဘဲ အလွယ်တကူလုပ်နိုင်ကာ ကျန်းမာကြံ့ခိုင်စေခြင်း၊ စိတ်အခြေအနေ တိုးတက်ခြင်းတို့ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: The Jerusalem Post.
Page 87 of 1815