တရုတ်နိုင်ငံသို့ တင်ပို့မယ့် မြန်မာကုန်စည်များအတွက် GACC မှတ်ပုံတင်လျှောက်ထားမှုမှာ ငါးနှစ်အတွင်း ၃,၉၄၇ စောင်အထိရှိလာပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 06 July 2026
#တရုတ် #GACC
#YMG/SW #Yangon_Times
တရုတ်နိုင်ငံသို့ တင်ပို့မယ့် မြန်မာကုန်စည်များအတွက် GACC မှတ်ပုံတင်လျှောက်ထားမှုမှာ ငါးနှစ်အတွင်း ၃,၉၄၇ စောင်အထိရှိလာပြီဖြစ်တယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 06 July 2026
#တရုတ် #GACC
#YMG/SW #Yangon_Times
၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ဇွန်လတစ်လတာအတွင်း ဆန်နဲ့ဆန်ကွဲတန်ချိန် နှစ်သိန်းနှစ်သောင်းကျော်တင်ပို့ထားပြီး ပြီးခဲ့တဲ့ မေလကထက် တန်ချိန် တစ်သိန်းနီးပါး ပိုမိုတင်ပို့ထားတယ်လိံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် က သိရပါတယ် ။
#Local_News
Published 06 July 2026
#ဆန် #ဆန်ကွဲ
#YMG/NN #Yangon_Times
#Local_News
Published 06 July 2026
#ရန်ကုန်-မန္တလေးအမြန်လမ်း #ပရိတ်ချည်မျှင်ရေဆူဆရာတော်ကြီး
#YMG/NN #Yangon_Times
#Daily_News
Published 06 July 2026
၁။ ထိုင်းသို့အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှုသက်တမ်းတိုးပြီးနောက်ပြောင်းဈေးအနည်းငယ်ကျ
၂။ တရုတ်သို့ တင်ပို့မည့် မြန်မာကုန်စည်များအတွက် GACC မှတ်ပုံတင်လျှောက်ထားမှု ၃,၉၄၇ စောင်ရှိ
၃။ ဇွန်လအတွင်းဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့
၄။ အသက်(၁၆)နှစ်အောက်ကလေးများကိုဆိုရှယ်မီဒီယာမှပိတ်ပင်ရန်မလိုက်နာသည့်ကုမ္ပဏီများအား ဩစတြေးလျအစိုးရဒဏ်ငွေနှစ်ဆတိုးမြှင့်မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 06 July 2026
■ နိုင်ငံတော်သမ္မတ ၏ မြန်မာ - လာအို ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်မြှင့်တင်ရန်သဘောတူညီခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးကပြောသည်။
■ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ခဲ့သည်။
■ အဆိုပါခရီးစဉ်၌ နေပြည်တော်နှင့် ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆက်သွယ်ဆောင်ရွက်သွားရန် ၊ ကျိုင်းတုံနှင့် လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်းပြေးဆွဲရန် ၊ နယ်စပ်ဒေသကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် ၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် သတင်းအချက်အလက် များဖလှယ်ရန် ၊ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးက မီဒီယာများအားရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ထိုသို့ပြောကြားရာ၌ သမ္မတကြီးအနေဖြင့် အာဆီယံနိုင်ငံများတွင် လာအိုနိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ်သွားရောက်ခဲ့ခြင်းဖြစ်ကာ ယင်းသို့သွားရောက်သည့်အကြောင်းရင်းမှာ အာဆီယံနိုင်ငံများ၌ လာအိုနိုင်ငံသည် နှစ်ပေါင်း (၇၀) ကျော် သံတမန်ဆက်ဆံရေးရှိခဲ့သည့် နိုင်ငံဖြစ်ပြီး နယ်နိမိတ်ချင်းလည်းထိစပ်နေ၍ အစဉ်အဆက် ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း ၊ ပြည်သူချင်းဆက်ဆံရေးဆိုပါက နှစ်ပေါင်းရာချီပြီးဆက်ဆံခဲ့သည့်နိုင်ငံဖြစ်ကြောင်းပြောကြားသည်။
■ "ပြီးတော့ မြန်မာနိုင်ငံကို အမြဲတမ်း Supporting ပေးခဲ့တယ်။ နယ်နိမိတ်တစ်လျှောက်မှာ နယ်စပ်ပြဿနာ လုံးဝမရှိခဲ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက အာဆီယံကို တစ်ရက်တည်း ဝင်ခဲ့ကြပါတယ်။ လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်မှာ အာဆီယံ Chair အဖြစ် တာဝန်ယူစဉ်ကလည်း ကျွန်မတို့နိုင်ငံကို အပြည့်အဝထောက်ခံခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံဘက်က အပြည့်အဝ ရပ်တည်ခဲ့ပါတယ်။ သံတမန်ဆက်ဆံရေး တစ်လျှောက်မှာလည်း တကယ်ကို မိတ်ဆွေအရင်းအချာပမာဆက်ဆံခဲ့တဲ့ အိမ်နီးချင်းကောင်း နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်မတို့နှစ်နိုင်ငံရဲ့ နိုင်ငံရေး၊ သံတမန်ရေးပါ။နောက်တစ်ခုက လာအိုနိုင်ငံက အာဆီယံနိုင်ငံထဲမှာ landlocked country ပါ။ landlocked country ကနေပြီး land-linked country ဖြစ်လာတယ်။ လာအိုနိုင်ငံကနေ လျှပ်စစ်ဓာတ်အားတွေကို ဗီယက်နမ်၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ရောင်းချနိုင်ခဲ့တဲ့ အနေအထားကို ရောက်လာပါတယ်။ အဲဒီတော့ ကျွန်မတို့က ဒါတွေကို လေ့လာချင်တယ်။ လာအိုနိုင်ငံဟာဆိုရင် မဲခေါင်မြစ်ကြီးတစ်ခုပဲရှိတဲ့နိုင်ငံပါ။ ကျွန်မတို့နိုင်ငံမှာဆိုရင် မြစ်ကြီးလေးစင်းရှိပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် လေ့လာဖို့၊ ဆွေးနွေးဖို့အတွက် လာအိုနိုင်ငံကို ပထမဆုံးအာဆီယံနိုင်ငံထဲက နိုင်ငံအဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ " ဟု၎င်းကဆိုသည်။
■ အဆိုပါ မြန်မာ - လာအို ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။
■ "ပြီးတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်လို့ မြန်မာနဲ့လာအိုနဲ့ပူးပေါင်းပြီးတော့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်မှာ ရေအားလျှပ်စစ် ဘယ်လောက် ထုတ်နိုင်မလဲဆိုတဲ့ Feasibility Study လုပ်ဖို့အတွက် သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးတော့ အလုပ်သမားရေးရာနဲ့ပတ်သက်လို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နှစ်နိုင်ငံမြို့တော် နေပြည်တော်နဲ့ ဗီယင်ကျန်းတို့ကို Sister City အဖြစ် ဆက်သွယ်ဆောင်ရွက်သွားဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျန်ဆွေးနွေးခဲ့တဲ့အချက်တွေ လည်းရှိပါတယ်။ ဒါကတော့ ကျိုင်းတုံနဲ့ လွန်ပရာဘန်မြို့ကို လေကြောင်းလိုင်းပြေးဆွဲဖို့၊ နယ်စပ်ဒေသကုန်သွယ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ သတင်းအချက်အလက်တွေဖလှယ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ဒါတွေကို ဆွေးနွေးခဲ့ပါတယ်။" ဟုဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ဆိုသည်။
■ ၎င်းခရီးစဉ်၌ အထင်ရှားဆုံးအောင်မြင်မှုမှာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးတွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးမြှင့်ဖို့အတွက် အပြန်အလှန်ဆွေးနွေးနိုင်ခဲ့ကာ ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ပြီး ချစ်ကြည်ရင်းနှီးမှု မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကြောင်းသိရသည်။
■ မြန်မာ-လာအို ရေအားလျှပ်စစ်စီမံကိန်းအတွက် MoU ရေးထိုးခဲ့ပြီး မြန်မာနှင့်လာအို လျှပ်စစ်ဓာတ်အားထုတ်လုပ် ခြင်းထက် ပထမဆုံးအနေဖြင် မဲခေါင်မြစ်ဝှမ်း၌ နှစ်နိုင်ငံပူးပေါင်းပြီး Feasibility Study လုပ်ဆောင် agreement ရယူခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
" မြန်မာနဲ့လာအို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ဆိုတာထက် ပထမဆုံးအနေနဲ့ မဲခေါင်မြစ်ဝှမ်းမှာ နှစ်နိုင်ငံပူးပေါင်းပြီးတော့ Feasibility Study လုပ်ဖို့အတွက် agreement ရယူခဲ့တာပါ။ ဒီ agreement ကနေ လျှပ်စစ်ဓာတ်အား ဘယ်လောက်ထုတ်နိုင်မလဲဆိုတာပါ။ သမ္မတကြီးက အမြဲတမ်းပြောတာရှိပါတယ်။ စွမ်းအင်လုံခြုံမှုရှိတာက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးဖြစ်တယ်ဆိုတာကို အမြဲတမ်းလမ်းညွှန်မှုပေးခဲ့ပါတယ်။ အဲဒီတော့ ကျွန်မတို့နိုင်ငံမှာလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဘယ်ကနေရရှိနိုင်မလဲဆိုတာ အမြန်ဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းကနေ ရရှိဖို့အတွက် နည်းလမ်းတွေရှာဖွေတဲ့နေရာမှာ ဒါ one of the source ဖြစ်လာနိုင်ပါတယ်" ၎င်းကဆက်ပြောသည်။
■ အဆိုပါ လုပ်ငန်းစဉ်အောင်မြင်ပါက လေ့လာချက်များမှ နှစ်နိုင်ငံပူးပေါင်းပြီး ရေစွမ်းအင်မှ လျှပ်စစ်ရင်းမြစ်များ ဖော်ထုတ်နိုင်ပါက နှစ်နိုင်ငံပြည်သူများအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 06 July 2026
■ ဘယ်ဂျီယံအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အမေရိကန်တိုက်စစ်မှူး ဖိုလာရင်ဘာလိုဂန် ပါဝင်ကစားခွင့်ရရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှ မထင်မှတ်ထားတဲ့ ဆုံးဖြတ်ချက် ချခဲ့ရာမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ပါဝင်ပတ်သက်မှုအပေါ် စိစစ်မေးမြန်းမှုများ ရှိနေကြောင်း CNN သတင်းဖော်ပြချက်အရ သိရပါတယ်။
■ နီးစပ်တဲ့သတင်းရင်းမြစ်အရ ဘာလိုဂန် အနီကတ်ပြခံရပြီးနောက် ထရမ့်ဟာ FIFA ဥက္ကဌ ဂျီယာနီအင်ဖန်တီနိုနဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ဒီဖြစ်ရပ်ကို ပြန်လည်သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
■ မကြာခင်မှာပဲ ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ၁ နှစ်ရွှေ့ဆိုင်းရန် အံ့အားသင့်ဖွယ် ဆုံးဖြတ်ကြေညာခဲ့သဖြင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရသွားမှာ ဖြစ်ပါတယ်။
■ ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ ဘယ်လိုမှ သက်ညှာခံရမှာ မဟုတ်ဘူးလို့ အားလုံးက ယူဆထားတဲ့အတွက် ယခုလိုရွှေ့ဆိုင်းတဲ့ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်နေရပါတယ်။
■ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်ပွဲစဉ် အမေရိကန်က ဘော့စနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အသင်းမှ ကစားသမားရဲ့ ခြေကျင်းဝတ်ကို ဘာလိုဂန်တက်နင်းခဲ့တယ်လို့ VAR မှ ပြန်လည်ကြည့်ရှု ဆုံးဖြတ်ပြီးနောက် ပွဲချိန် ၆၄ မိနစ်မှာ အနီကတ်ပြ အထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဘာလိုဂန်ဟာ အမေရိကန်အတွက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်နေပြီး အဓိကအားထားရသူလည်း ဖြစ်ပါတယ်။
■ FIFA ဆုံးဖြတ်ချက်အရ ဒီပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်တာ စည်းကမ်းထိန်းသိမ်းရေးကာလအဖြစ် သတ်မှတ်ထားပြီး နောက်နောင်တွင် အလားတူပြစ်မှုမျိုး ထပ်မံကျူးလွန်ပါက ပြစ်ဒဏ်ပြန်လည်သက်ရောက်လာမှာ ဖြစ်ပါတယ်။
■ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ယခုဆုံးဖြတ်ချက်အပေါ် ကြိုဆိုလိုက်ပြီး ဘယ်ဂျီယံနဲ့ပွဲစဉ်ကို အာရုံပြန်စိုက်ထားပါတယ်။
Source: WION
#World_Health
Published 06 July 2026
■ သွေးပေါင်ချိန် တိုင်းတာတဲ့နေရာမှာ နေ့စဉ်ပြုမူနေထိုင်ပုံတွေနဲ့ ခန္ဓာကိုယ်အနေအထားတို့က သိသိသာသာ သက်ရောက်စေပါတယ်။
■ မှန်ကန်တဲ့ပုံစံဖြင့် သွေးပေါင်ချိန်တိုင်းခြင်းက တိကျတဲ့ရလဒ် ရရှိစေမယ်လို့ WHO က ဖော်ပြထားပါတယ်။
■ ဒါကြောင့် သွေးပေါင်ချိန်တိုင်းတဲ့အခါ ကျောထောက်နောက်ခံထားပြီး ထိုင်ခြင်း၊ ခြေထောက်တွေ အတည့်ထားကာ ကြမ်းပြင်ပေါ် ခြေဖဝါးချထားခြင်း၊ သွေးပေါင်ချိန်အပတ် ဝတ်တဲ့လက်ကို နှလုံးနဲ့တစ်တန်းတည်းထားခြင်း၊ မတိုင်းတာခင် အနည်းဆုံး ၅ မိနစ် အနားယူခြင်း၊ တိုင်းတာနေစဉ် စကားမပြောခြင်း၊ မတိုင်းတာခင် အနည်းဆုံး မိနစ်အလိုမှာ လေ့ကျင့်ခန်း၊ ကော်ဖီ လက်ဖက်ရည်၊ ဆေးလိပ်ရှောင်ရှားခြင်းတို့ကို အကြံပြုထားပါတယ်။
■ သွေးဖိအားများခြင်းကို မသိရှိဘဲနေပါက အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်စေတာကြောင့် တိကျမှန်ကန်စွာ တိုင်းတာသိရှိဖို့ လိုအပ်ပါတယ်။
■ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က ဖိစီးမှုဟော်မုန်းတွေ ထွက်ရှိစေကာ ဂလူးကို့စ်တွေ ပိုထွက်စေပြီး သွေးတွင်းသကြားဓာတ် ယာယီမြင့်တက်စေနိုင်ပါတယ်။
■ ဥပမာ လက်ဖက်ရည် ကော်ဖီသောက်ပြီးမှ အလျင်စလို တိုင်းတာမယ်ဆိုရင် ယာယီသွေးပေါင်ချိန် မြင့်တက်စေနိုင်ပြီး ရောဂါအမှားတွေ တွေ့ရှိစေနိုင်ပါတယ်။
■ ဒါကြောင့် ပုံမှန် သွေးပေါင်ချိန် တိုင်းတာပေးဖို့ အကြံပြုထားပြီး ဒါမှသာ အတွင်းအင်္ဂါတွေ တိတ်တဆိတ် ထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
Published 06 July 2026
■ ကြက်သွန်နီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ချက်ပြုတ်တဲ့နည်းလမ်းအပေါ် မူတည်ကာ ကွဲပြားခြားနားတဲ့ အရသာတွေ ပေးစွမ်းနိုင်ပါတယ်။
■ ပါဝင်တဲ့ အာဟာရတန်ဖိုးများအပြင် စနစ်တကျ သိုလှောင်သိမ်းဆည်းခြင်းကလည်း အလွန်အရေးကြီးပါတယ်။
■ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တဲ့ ကြက်သွန်နီက အအေးမိခြင်းနဲ့ တုပ်ကွေးမိခြင်းတို့ကို ထိရောက်စွာ ကာကွယ်တားဆီးပေးပြီး ကြက်သွန်နီနဲ့ ပျားရည်အသုံးပြုတဲ့ ကုထုံးတွေဆိုရင် အာနိသင်ထိရောက်စေပါတယ်။
■ ကြက်သွန်နီရဲ့ အကျိုးပြုအာနိသင်တွေထဲမှာ ဘက်တီးရီးယား၊ မှို၊ ပိုးမွှားများ ဆန့်ကျင်ပေးနိုင်ခြင်း၊ ရောင်ရမ်းဆန့်ကျင်ခြင်းနဲ့ ပိုးမွှားဆန့်ကျင်ခြင်း အာနိသင်များပေးစွမ်းတဲ့ ကွာဆီတင်ပစ္စည်း ပါဝင်ခြင်း၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမျိုးနွယ်တွေ စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း၊ ကွာဆီတင်နဲ့ အန်သိုဆိုင်ယာနင်တို့က ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဆဲလ်တို့ကို ဖျက်ဆီးနိုင်ခြင်း၊ ကြက်သွန်နီအရည်ကို ဆီးချိုကုသဆေး မက်ဖော်မင်နဲ့ တွဲသုံးပါက ပိုမိုထိရောက်စေခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။
■ ကြက်သွန်နီကို ကြော်လိုက်တဲ့အခါ ဂလူးကို့စ်နဲ့ ဖရပ်တို့စ်အဖြစ် ဖြိုခွဲပေးပြီး အရသာကောင်းမွန်တဲ့ ရွှေအိုရောင်အဖြစ် ပြောင်းလဲသွားပါတယ်။
■ ကြက်သွန်နီကို လှီးတဲ့အခါ ထွက်လာတဲ့အင်ဇိုင်းဓာတ်ငွေ့က ဆာလ်ဖြူရစ်အက်ဆစ် ဖြစ်စေကာ မျက်ရည်ထွက်စေပါတယ်။
■ ဒီအတွက် ကြက်သွန်နီကို မိနစ် ၃၀ ကြာအောင် အေးအောင်ထားပြီး ရေမှာစိမ်ကာ လှီးဖြတ်သင့်ပါတယ်။
■ လှီးဖြတ်ထားတဲ့ ကြက်သွန်နီကို ဒီအတိုင်းထားခြင်းက ဘက်တီးရီးယားဝင်စေပြီး အဆိပ်အတောက် ဖြစ်စေတယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားမျိုး မရှိပါဘူး။
Source: The Jerusalem Post
ဇူလိုင်၅၊၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဘာစီ (Baci) ပွဲသည် လာအိုလူမျိုးတို့၏ ရိုသေကိုင်းရှိုင်းမှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် တစ်ဦးအပေါ်တစ်ဦး ထားရှိသော မေတ္တာဂရုဏာတို့ကို ဖော်ပြသည့် အလှပဆုံး ရိုးရာဓလေ့တစ်ခု ဖြစ်ပြီး ယနေ့ထက်တိုင် နိုင်ငံခြားဧည့်သည်များကို ကြိုဆိုနှုတ်ဆက်သည့် ပွဲများတွင်ပါ ထည့်သွင်းကျင်းပလေ့ ရှိပါသည်။
ဘာစီ (Baci) သို့မဟုတ် လာအိုဘာသာဖြင့် စူခွမ်း (Soukhwan) ဟု ခေါ်ဆိုသော ဆုတောင်းပွဲသည် လာအိုပြည်သူတို့၏ ဘဝကဏ္ဍစုံ (မွေးဖွားခြင်း၊ မင်္ဂလာဆောင်ခြင်း၊ ခရီးဝေးသွားခြင်း၊ နာမကျန်းဖြစ်ပြီး ပြန်လည်သက်သာလာခြင်း၊ သို့မဟုတ် နှစ်သစ်ကူးပွဲတော်များ) တွင် ကျင်းပလေ့ရှိသည့် အလွန် အရေးကြီးပြီး ရှေးကျသော လာအိုရိုးရာ စုပေါင်းဆုတောင်းပွဲ တစ်ခု ဖြစ်သည်။
ပွဲ၏ အဓိက အခမ်းနားဆုံး အပိုင်းမှာ ရိုးရာဆရာ (မောခွမ်း - Mor Khwan) က ဆုတောင်းစာများ ရွတ်ဆိုပြီးနောက်၊ ပွဲတက်ရောက်လာသူများက တစ်ဦးနှင့်တစ်ဦး လက်ကောက်ဝတ်တွင် အဖြူရောင် ချည်မျှင်လေးများ ချည်နှောင်ပေးခြင်း ဖြစ်သည်။ ကြိုးချည်ပေးစဉ်အတွင်း တစ်ဦးကိုတစ်ဦး လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်း တောင်းပေးကြသည်။ယုံကြည်ချက်အရ ထိုချည်ထားသော ကြိုးဖြူလေးများကို အနည်းဆုံး ၃ ရက် မဖြတ်ဘဲ ဝတ်ဆင်ထားရပြီး ကိုယ်တိုင်မဖြတ်ဘဲ အလိုအလျောက် ကျွတ်ထွက်သွားခြင်းက ပို၍ ကံကောင်းစေသည်ဟု ယူဆကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
လွန်ပရာဘန်မြို့တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် မနက်ပိုင်းတွင် တော်ဝင်နန်းတော်ပြတိုက်သို့ သွားရောက်လေ့ လာခဲ့ကြပြီးနောက် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်လည်း တွေ့ဆုံခဲ့သည်။
ထို့နောက် ၀ပ်စီယမ်သုန်စေတီတော် အားဖူးမြော် ကြည်ညိုခဲ့ကြကာ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ဇူလိုင်၅ ရက်မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးဦးဆောင်သော နိုင်ငံတော်အဆင် အဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ညနေပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။

ဒို့အိမ်အဖွဲ့အစည်းကနေ စီစဉ်ပြုလုပ်မယ့်“အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ် ကိုအသက် ၁၈ နှစ်မှ ၄၀ ကြား အမျိုးသမီးများ လျှောက်ထားနိုင်တယ်လို့သိရပါတယ်။
#Local_News
Published 05 July 2026
#အမျိုးသမီးများနဲ့ဆောက်လုပ်ရေး
#YMG/SW #Yangon_Times
#World_Health
Published 05 July 2026
■ အလျင်အမြန် ဝိတ်ချခြင်းက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားပေမယ့် အစားအသောက် အလွန်အမင်း လျှော့ချခြင်းကဲ့သို့ ရေရှည်စိတ်မချရတဲ့ နည်းလမ်းများ ပါဝင်နေပါတယ်။
■ ၂ လမှ ၃ လအတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်အထိ ကျဆင်းသွားခြင်းက ခန္ဓာကိုယ်နဲ့ ဇီဝကမ္မဖြစ်စဉ်အပေါ် ပြင်းထန်တဲ့ ဆိုးကျိုးများ သက်ရောက်စေနိုင်ကြောင်း ကြံ့ခိုင်ရေးနည်းပြ ရာဂျ်ဂန်ပက်က သတိပေးထားပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ ဝိတ်ချခြင်းကိုသာ ဦးစားပေးဖို့ မှာကြားပါတယ်။
■ ရက်ပေါင်း ၆၀ အတွင်း ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျဆင်းရန် ကယ်လိုရီ ၇၇,၀၀၀ ခန့်အထိ လျှော့ချရန် လိုအပ်ပြီး တစ်ရက်ကို ပျမ်းမျှကယ်လိုရီ ၁,၃၀၀ ခန့် လျှော့ချရမယ့်သဘော ဖြစ်ပါတယ်။
■ ဒီလိုလျှော့ချမှုမျိုးက ရေရှည်ထိန်းသိမ်းရန် ခက်ခဲပြီး မောပန်းနွမ်းနယ်စေနိုင်ပါတယ်။
■ အလျင်အမြန် ဝိတ်ချခြင်းက ကြွက်သားထုကို သိသိသာသာ ဆုံးရှုံးစေပြီး ဇီဝကမ္မဖြစ်စဉ် နှေးစေခြင်း၊ ခွန်အားလျော့နည်းခြင်း၊ နောင်အချိန် ဝိတ်ချရန် ပိုမိုခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ဝိတ်ချပြီးနောက် ကိုယ်အလေးချိန် ပြန်တက်လာတဲ့အခါ ကြွက်သားများထက် အဆီများသာ ပြန်တက်လာစေကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပိုမိုဆိုးရွားစေပါတယ်။
■ ကိုယ်အလေးချိန် ချတဲ့အခါ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် အလျင်အမြန် ဝိတ်ချခြင်းဟာ ကြွက်သားဆုံးရှုံးခြင်းနဲ့ ကိုယ်အလေးချိန် ပြန်တက်ခြင်းတို့လို ဘေးထွက်ဆိုးကျိုးများ ပိုများနိုင်ပါတယ်။
■ ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ ရလဒ်များရရှိစေရန် ခန္ဓာကိုယ် လိုက်လျောညီထွေဖြစ်အောင် အချိန်လုံလောက်စွာပေးရန် လိုအပ်ပါတယ်။
■ ရေရှည်စိတ်ချရတဲ့ ကိုယ်အလေးချိန်ရလဒ်များ ရရှိရန်နဲ့ ကျန်းမာတဲ့ကိုယ်အလေးချိန် ထိန်းသိမ်းနေထိုင်ရန်အတွက် နေထိုင်စားသောက်မှုပုံစံ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ကိုသာ ဦးစားပေးဖို့ အကြံပြုပါတယ်။
Source: Indian Express
Page 87 of 2096