နှစ်စဉ်ဓာတ်အားကီလိုဝပ်နာရီသန်းပေါင်း (၇.၅၆)ထုတ်လုပ်နိုင်မယ့် နေရောင်ခြည်သုံး လျှပ်စစ်စီမံကိန်းတစ်ခုကို အေးသာယာ စက်မှုဇုန်မှာ အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 4 June 2025
#အေးသာယာစက်မှုဇုန် #နေရောင်ခြည်သုံးလျှပ်စစ်စီမံကိန်း
#YMG/SW #Yangon_Times
အခြေခံပညာကျောင်းတွေ ဖွင့်လှစ်နေပြီဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေတဲ့ ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 4 June 2025
#ကျောင်းအပ်လက်ခံ #ကျောင်းအပ်နောက်ကျနေတဲ့ကျောင်းသား ကျောင်းသူ
#YMG/SW #Yangon_Times
ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲမှာတနိုင်ငံလုံး ပထမဆုရှင်အဖြစ် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုပဋ္ဌာန်းမြတ်ဂုဏ် သာသနာ့ဗိမာန် စာဖြေဌာနဗုဒ္ဓမာမက ယဉ်ကျေးမှုသင်တန်းဌာန မှ မအိကြာဖြူ (အလယ်တန်းဆင့်) လှိုင်သာယာမြို့နယ်က ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 4 June 2025
#ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ #ပထမဆုရှင် လှိုင်သာယာမှဆွတ်ခူး
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်ရင်ပြင်တော်မှာ ငြိမ်းချမ်းရေးခေါင်းလောင်းတွေကို (နယုန်လပြည့်နေ့)မဟာသမယအခါတော်နေ့မှာ တစ်ပြိုင်တည်းတီးခတ်သွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊
#Local_News
Published 4 June 2025
#ရွှေတိဂုံစေတီတော် #ငြိမ်းချမ်းရေးခေါင်းလောင်း
#YMG/NN #Yangon_Times
#Local_News
Published 4 June 2025
▪️ ကျောင်းကုန်းမြို့နယ် ၌ ခရီးသည်ယာဉ်(၁)စီး လမ်းဘေးသို့ ထိုးကျပြီး သစ်ပင်အား ဝင်ရောက်တိုက်မိ၍ တစ်ဦးေ-သဆုံး၍ ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ဇွန်၄ ရက်နေ့ မနက်၇နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇/၇)မိုင်တွင် ကျုံပျော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်(၁)စီး လမ်းဘေးသို့ ထိုးကျပြီး သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ကျောင်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း ၊ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး (သေဆုံး)၊ ယာဉ်ပေါ်ပါ ခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ကျောင်းကုန်းပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 June 2025
▪️ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်း၊ ရေအေးကွင်း ရပ်ကွက်ရှိ ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (တောင်ကြီး) ၌ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကို အခမဲ့အဖြစ် ဇူလိုင်လမှစတင်၍ ခြောက်လကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သင်တန်းကိုဇူလိုင်လ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ (၆)လ ကြာသင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသားဦးရေမှာ (၁၀) ဦးဖြစ်ကာ
သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အသက် (၁၆) နှစ်မှ (၂၅)နှစ်အတွင်း အိမ်ထောင်မရှိသူ အပျို/လူပျိုဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းဝင်ခွင့်အတွက် ပညာအရည်အချင်းထောက်ခံချက်၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး
သင်တန်းနှင့် ပတ်သက်၍ ဆက်သွယ်စုံစမ်းလိုပါက ဖုန်း ၀၈၁-၂၁၂၁၆၁၄၊ ဝ၉-၄၂၅၈၈၈၇၈၂ သို့ ဆက်သွယ်နိုင်ပြီး သင်တန်းတက်ရောက်စဉ် ကျောင်းအဆောင်တွင် အခမဲ့နေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် နိုင်ငံတော်အစိုးရမှ ပညာသင်ထောက်ပံ့ကြေးတစ်ဦးလျှင် တစ်လ (၃၀,၀၀၀/-) ကျပ်နှင့် စားသောက်စရိတ်အဖြစ် တစ်ဦးလျှင်တစ်ရက်(၁၅၀၀/-) ကျပ်နှုန်း ထောက်ပံ့ပေးအပ်မည်ဖြစ်ကာ ဇွန်လ (၂၉) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 4 June 2025
▪️ ပရောဂျက်တစ်ခုလျှင် အများဆုံး သြစတြေးလျဒေါ်လာ ၆၀၀၀၀ အထိ ပေးအပ်မည့်၂၀၂၅-၂၆ ခုနှစ်၊ Direct Aid Program (DAP) အတွက် Expressions of Interest များကို စတင်ခေါ်ယူနေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးမှသိရသည်။
▪️ DAP သည် သြစတြေးလျသံရုံးမှစီမံခန့်ခွဲသည့် အသေးစားငွေကြေးထောက်ပံ့သည့်အစီအစဉ်ဖြစ်ပြီး Youth empowerment and sport;Cultural heritage and the creative economy စသည့် နယ်ပယ်များအတွက် Expressions of Interest များကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပရောဂျက်တစ်ခုလျှင် အများဆုံး သြစတြေးလျဒေါ်လာ ၆၀၀၀၀ အထိ ပေးအပ်မည်ဖြစ်ပြီး ပရောဂျက်ကာလမှာ စတင်သည့်နေ့မှစ၍ အကြာဆုံး နှစ်နှစ်အတွင်း ဆောင်ရွက်နိုင်ကြောင်း၊Expressions of Interest များကိုhttps://dap.smartygrants.com.au/Yangon2025 မှတစ်ဆင့် ဇွန်လ ၂၂ ရက်နေ့ (တနင်္ဂနွေနေ့) အထိ ပြင်ဆင်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများအား လျှောက်လွှာအသေးစိတ်တင်ရန် ဆက်သွယ်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Politics
Published 04 June 2025
▪️ တောင်ကိုရီးယားရဲ့ လစ်ဘရယ်သမ္မတသစ် လီဂျယ်မြောင်က ဗုဒ္ဓဟူးနေ့မှာ စတင်တာဝန်ထမ်းဆောင်ပြီဖြစ်ကာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးကြောင့် မတည်မငြိမ်ဖြစ်ရာကနေ မြှင့်တင်သွားရန် ပြည်တွင်းစက်မှုလုပ်ငန်းများ အကာအကွယ်ပြုရေး ခြိမ်းခြောက်မှုတွေနဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးတာတွေကနေ ပြန်လည်ထွန်းကားစေရန် လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
▪️ ယခင်သမ္မတ ယွန်ဆော့ယောလ် စစ်အုပ်ချုပ်ရေးကျင့်သုံးရန် ကြိုးပမ်းခဲ့တာကို လူအများ ဆန့်ကျင်ခဲ့ကြတာကြောင့် သမ္မတသက်တမ်း ၃ နှစ်အတွင်းမှာပဲ ရာထူးမှဆင်းခဲ့ရပြီးနောက် ယခုအင်္ဂါနေ့ လျှပ်တပြက်ရွေးကောက်ပွဲမှာ လီဂျယ်မြောင်က ပြတ်ပြတ်သားသား အနိုင်ရခဲ့ရာ တောင်ကိုရီးယားမှာ ပြောင်းလဲမှုအများအပြား ဖြစ်လာရန် မျှော်လင့်ရပါတယ်။
▪️ သူ့အနေနဲ့ ဆယ်စုနှစ် ၃ ခုနီးပါးအတွင်း တောင်ကိုရီးယားခေါင်းဆောင် တစ်ယောက်အဖြစ် အခက်ခဲဆုံးစိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်ကာ စစ်အုပ်ချုပ်ရေး ကြိုးပမ်းခဲ့ခြင်းကြောင့် ထိခိုက်ခဲ့ရတဲ့နိုင်ငံကို ပြန်လည်မြှင့်တင်ဖို့ကစလို့ မဟာမိတ်အမေရိကန်မှ မမျှော်လင့်တဲ့ ကာကွယ်ရေးလှုပ်ရှားမှုများကို ဖြေရှင်းရေးအထိ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
▪️ မဲဆန္ဒရေတွက်ရာမှာ မဲပေးသူ ၃၅ သန်းနီးပါးမှ လီဂျယ်မြောင်က ၄၉.၄၂ ရာခိုင်နှုန်း အနိုင်ရခဲ့ကာ ကွန်ဆာဗေးတစ်ပြိုင်ဘက် ကင်မွန်ဆူက ၄၁.၁၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင် အချက်အလက်များအရ သိရပါတယ်။
▪️ အသက် ၆၁ နှစ်ရှိ လူ့အခွင့်အရေးရှေ့နေဟောင်း လီဂျယ်မြောင်က "ပထမဆုံးတာဝန်က ဆူပူအုံကြွမှုကို ထိန်းသိမ်းကျော်လွှားရန်ဖြစ်ပြီး လက်နက်အားကိုးဖြင့် စစ်အာဏာသိမ်းတာမျိုး နောက်ထပ်ဘယ်တော့မှ မဖြစ်စေရန် လုပ်ဆောင်သွားရမယ်" လို့ ပါလီမန်အပြင်ဘက်မှာ မိန့်ခွန်းပြောသွားပါတယ်။
▪️ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်က လီဂျယ်မြောင်ကို သမ္မတအဖြစ် တရားဝင်အတည်ပြုလိုက်ပြီး သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်အာဏာတို့ကို ပေးအပ်လိုက်ပါတယ်။
▪️ သမ္မတက "ပထမဆုံးနေ့မှာပဲ တိုင်းပြည်ရဲ့ စီးပွားရေးပြဿနာများကို ချက်ချင်းဖြေရှင်းသွားမှာဖြစ်ကာ နေရေးထိုင်ရေး အခက်အခဲများကို အဓိကအလေးထားသွားပါမယ်" လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 04 June 2025
▪️ ဦးနှောက်အာရုံခံနှစ်မျိုး ဆုံးရှုံးရင် အသက်အန္တရာယ် ဖြစ်စေတဲ့အထိ ကျန်းမာရေးပြဿနာ ဖြစ်နိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အကြားအာရုံဆုံးရှုံးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေ များစေပြီး အနံ့အာရုံမကောင်းတဲ့သူတွေက အာရုံကြောချို့တဲ့ခြင်း၊ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးသွေးကြောပြဿနာများဖြင့် အသက်ဆုံးပါးနိုင်ခြေ ပိုများတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
▪️ ဆွီဒင်နိုင်ငံ ကယ်ရိုလင်စကီးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက သံပယို၊ ကြက်သွန်ဖြူ၊ ကော်ဖီအပါအဝင် ပစ္စည်း ၁၆ မျိုးရဲ့ အနံ့ခွဲခြားစစ်ဆေးချက် ပြုလပ်ရာမှာ ပါဝင်စမ်းသပ်ခံသူ ၂,၅၀၀ ထဲက ကျရှုံးခဲ့တဲ့သူတွေဟာ အသက်အန္တရာယ်ဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းနီးပါး ပိုများတာကို တွေ့ခဲ့ကြပါတယ်။
▪️ အနံ့ခံအာရုံမကောင်းခြင်းက သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲ ပါဝင်ပြီးတော့ ဒီမန်ရှာက အဖြစ်နိုင်ဆုံးပြဿနာ ဖြစ်နေပါတယ်။
အနံ့ခံအာရုံက အနံ့အရသာတင်မကဘဲ မှတ်ဉာဏ်ပိုင်းနဲ့ သိမြင်နိုင်စွမ်းတို့နဲ့ပါ သက်ဆိုင်နေတယ်လို့ သုတေသနပြုစုသူ အင်ဂရစ်အက်စထရွန်က ပြောပါတယ်။
▪️ ဒါ့အပြင် အကြားအာရုံပြဿနာရှိသူတွေဟာလည်း နှလုံးရောဂါဖြစ်နိုင်ခြေ ၁၅ ကနေ ၂၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ယူကေက လူပေါင်း ၁၆၄,၀၀၀ ကို စမ်းသပ်ရာမှာ တွေ့ရှိခဲ့ပါတယ်။
▪️ အကြားအာရုံထောက်ကူပစ္စည်းတွေ သုံးရတဲ့သူတွေဟာ ထိုကဲ့သို့ပြဿနာမျိုး ဖြစ်နိုင်ခြေ ၂၆ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ဒါတွေဟာ သွေးကြောအခြေအနေတွေကြောင့် ဖြစ်နိုင်ပေမယ့် အကြားအာရုံချို့တဲ့လို့ ရလာတဲ့ ဖိစီးမှုတွေကလည်း နှလုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
#Source: New York Post
#World_Health
Published 04 June 2025
▪️ ဆံကေသာနဲ့ ပတ်သက်လာရင် ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျိုးပဲ့ခြင်းတို့က အဖြစ်အများဆုံး ပြဿနာတွေဖြစ်ပါတယ်။
▪️ ရာသီဥတုကြောင့် ဒီလိုတွေဖြစ်နိုင်သလို အပူဖြင့်အလှပြင်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ ဒီလိုတွေမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။
(၁) ဆံပင်ကိုပုံမှန်တိပေးပါ
▪️ ရက်သတ္တပတ် ၆ ပတ်မှ ၈ ပတ်ကြာတိုင်း ဆံပင်တိပေးခြင်းဖြင့် အနားသတ်တွေ ညီညာစေသလို နှစ်ခွဖြစ်ခြင်းဖြင့် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
(၂) အပူပြင်းပြင်းဖြင့် အလှပြင်ခြင်းရှောင်ရှားပါ
▪️ ဆံပင်ဖြောင့်စက်တွ၊ ကောက်စက်တွေ၊ အပူလွန်ကဲတဲ့ ခြောက်စက်တွေက ဆံကေသာ စိုစွတ်မှုကို ထိခိုက်စေပါတယ်။
(၃) ဆံကေသာကိုသေချာစွာပျော့ပျောင်းစေပါ
▪️ ဆံပင်ပျော့ပျောင်းနည်းလမ်းတွေ သဘာဝအတိုင်း အုန်းဆီလိမ်းပေးတာတွေက စိုစွတ်မှုကို ထိန်းသိမ်းပေးပြီး ဆံချည်မျှင်တွေ သန်မာစေပါတယ်။
(၄) ခဏခဏခေါင်းလျှော်ခြင်း မပြုပါနှင့်
▪️ မကြာခဏခေါင်းလျှော်တာဟာ သဘာဝအဆီများ ကွာကျစေတာကြောင့် တစ်ပတ်ကို ၂-၃ ကြိမ်ထက် ပိုမလျှော်သင့်ပါဘူး။
(၅) ဖြည်းညင်းစွာခေါင်းဖြီးပါ
▪️ အသွားကျဲတဲ့ ဘီးဖြင့် ဖြည်းဖြည်းချင်းဖြီးသွားသင့်ပြီး ဆံပင်တွေ ထုံးမသွားအောင် စိတ်ရှည်ရပါမယ်။
(၆) ဖဲသားပိုးသားခေါင်းအုံး ပြောင်းသုံးပါ
▪️ ချည်သားခေါင်းအုံးတွေက ပွတ်တိုက်စေသဖြင့် ဆံပင်ကျိုးပဲ့နိုင်တာကြောင့် ပွတ်တိုက်အားနည်းတဲ့ ဖဲသား၊ ပိုးသားခေါင်းအုံးစွပ်များ ပြောင်းသုံးသင့်ပါတယ်။
(၇) နေရောင်ဒဏ်ကိုကာကွယ်ပါ
▪️ ခရမ်းလွန်ရောင်ခြည်တွေက ဆံကေသာကို ထိခိုက်စေတာကြောင့် နေပူထဲသွားရင် အကာအကွယ်သုံးသင့်သလို ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးတဲ့ ဆံကေသာပစ္စည်းများ သုံးသင့်ပါတယ်။
(၈) ခန္ဓာကိုယ်နှင့်ဆံပင်ကို အာဟာရဖြည့်တင်းပါ
▪️ ဘိုင်အိုတင်၊ သံဓာတ်၊ ဇင့်၊ အိုမီဂ-၃၊ ဗိုက်တာမင်-အီးတို့က ဆံကေသာကျန်းမာရေးအတွက် ကောင်းစေပြီး ရေအလုံအလောက်သောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝနေစေပါတယ်။
#Source: DoctorNDTV
ရေနံတင်ပို့နိုင်ငံများအဖွဲ့အစည်း (OPEC)နဲ့ မဟာမိတ်များပါဝင်တဲ့ OPEC +တို့ဟာ ဇူလိုင်လမှာ တစ်နေ့ကို ရေနံစည် ၄၁၁,၀၀၀ တိုးမြှင့်ထုတ်လုပ်ရန် စနေနေ့က ကြေညာလိုက်ပါတယ်။
#World_Business
Published 3 June 2025
#ရေနံစည်တိုးမြှင့်ထုတ်လုပ် #OPEC
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 3 June 2025
၁။ မြန်မာ့ရွှေဈေးရက်ပိုင်းအတွင်း တစ်သိန်းကျော်ပြန်တက်
၂။ ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများအတွက် ရောင်းခွန်များ ယခုလအတွင်းပေးဆောင်ရမည်
၃။ ငလျင်သင့်အမွေအနှစ်အဆောက်အအုံများပြန်လည်ထိန်းသိမ်းရန် လိုအပ်သည့် နည်းပညာအကူအညီများပေးမည်
၄။ ဇူလိုင်လတွင် တစ်နေ့ကိုရေနံစည်ပေါင်း(၄၁၁,၀၀၀)အထိ တိုးမြှင့်ထုတ်လုပ်ရန် OPECကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 81 of 1745