#Local_News
Published 22 January 2026
▪️ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း၂ကို တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
▪️ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယခုလ၂၁ရက်ကဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ လုပ်ငန်း/ဌာနများမှ တာဝန်ရှိသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများလိုက်ပါလျက် ရေနံချက်စက်ရုံ(သန်လျင်)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ ပြည်ထောင်စုဝန်ကြီးက စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ အား သတ်မှတ်အချိန်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး နှင့်စီးပွားရေးတွက်ချေကိုက်စေရေးအတွက် Waste များကို Product များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေနံချက်လုပ်ရာမှ Waste အဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ဖမ်းယူ၍ ရေခဲခြောက်များ (Dry Ice) ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် Dry Ice တင်သွင်းနေရသည့် နိုင်ငံခြားငွေများသက်သာသွားမည်ဖြစ်ရာ လိုအပ်သည့် စက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းပြီးစီးပါက စီမံကိန်းအပိုင်း(၂) ကိုလည်း တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားနိုင်ရန် အစီအမံများချမှတ်ဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။
▪️ ထို့အပြင် တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူ၍ ရေနံစိမ်းတန်ချိန် ၂ သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ရာ ယင်းစီမံကိန်းများဆောင်ရွက်ပြီးစီးပါက ပြည်တွင်းစက်မောင်းဆီ လိုအပ်ချက်အား ဖူလုံစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ပင်မသိုလှောင်ဖြန့်ဖြူးရေး ဌာနကြီး(ဓနိတော)တွင် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စက်မောင်းဆီများကို ကိုယ်တိုင်ထုတ်လုပ်နိုင်မှုမရှိသေးသည့်ကာလအတွင်း ပြည်ပမှ မှာယူတင်သွင်းရာတွင် အရည်အသွေး၊ အရေအတွက် မှန်ကန်မှုရှိစေရန်အတွက် Terminal များ၊ ဆီသယ်ယာဉ်များအား စံနှုန်း တိုင်းရေချိန်စင်များဖြင့် စစ်ဆေးခြင်း၊ သယ်ဆောင်ခွင့်ပြုသည့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စစ်ဆေးခြင်းတို့အား အရှိန်အဟုန်မပြတ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဆီသယ်ယာဉ်များ၏ ဝင်ဆံ့မှုစံနှုန်းအား သတ်မှတ်ပေးရာတွင် နိုင်ငံတကာသတ်မှတ်စံနှုန်းဖြစ်သည့် လီတာစနစ်သို့ ပြောင်းလဲသတ်မှတ်သွားရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 21 January 2025
▪️ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ ဇန်နဝါရီ၂၂ရက်နေ့၊မနက် ၁၀နာရီ ၃၆မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မန္တလေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ရန်ကုန်နာရေးကူညီမှုအသင်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိရာ ၁၀ နာရီ၄၆ မိနစ်အချိန်တွင်မီးထိန်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 22 January 2026
■ မနက်အိပ်ရာထလို့ လက်ချောင်းတွေ ပခုံးတွေ စူးရှခြင်း တောင့်တင်းခြင်းတို့ ခံစားရကာ အကြောဆန့်လှုပ်ရှားလိုက်ရင် ပျောက်သွားတယ်လို့ ထင်ရပါတယ်။
■ ဒါပေမဲ့ ဒါဟာ အိပ်စက်တဲ့ပုံစံက ပြဿနာဖြစ်နေနိုင်ပါတယ်။
■ အိပ်နေရင်းနဲ့ လက်တွေက အတွင်းသို့ကွေးပိုက်သွားတဲ့ ပုံစံကို T.Rex ပုံစံလို့ ခေါ်ကြပြီး ညတိုင်းဒီလိုအိပ်စက်နေပါက အာရုံကြောတွေကို ပင်အပ်နဲ့ထိုးသကဲ့သို့ ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေ သတိပေးလာပါတယ်။
■ ထိုကနေ သွေးစီးဆင်းမှု နှေးသွားပြီး ထုံကျဉ်စူးရှသလို ခံစားရနိုင်ကာ ပခုံးလည်း တောင့်တင်းလာနိုင်ပါတယ်။
■ အချို့လူတွေမှာ လက်ကောက်ဝတ်မှာ အာရုံကြောထိမိသလိုဖြစ်တတ်ပါသေးတယ်။
■ ညတိုင်း လက်တွေထုံပြီး အိပ်ရာနိုးပြီးနောက်လည်း ဆက်ပြီးထုံနေရင် အားနည်းနေရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။
■ လက်ထုံခြင်း၊ ပခုံးတောင့်ခြင်း၊ နာကျင်ခြင်း၊ ကိုင်တွယ်ရခက်ခဲခြင်းတို့က သတိပေးလက္ခဏာတွေ ဖြစ်ပါတယ်။
■ စောစောစီးစီး ဆရာဝန်နဲ့ တိုင်ပင်ကုသခြင်းဖြင့် အာရုံကြော အပြီးတိုင်ထိခိုက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
■ ဒီလိုအိပ်စက်ပုံစံက ဖိစီးမှု၊ စိုးရိမ်မှု၊ အာရုံကြောစနစ် တုံ့ပြန်မှုမြင့်မားခြင်းတို့နဲ့ ဆက်စပ်နိုင်ပါတယ်။
■ ဖက်လုံးအသုံးပြုခြင်း၊ လက်ကောက်ဝတ် ပတ်ခြင်းတို့ဖြင့် ခန္ဓာကိုယ်အိပ်စက်ပုံစံကို ကူညီစေနိုင်ပါတယ်။
■ အိပ်ရာမဝင်ခင် စိတ်ဖြေလျှော့ခြင်း၊ အကြောလျှော့ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ဖြင့် အာရုံကြောစနစ် ငြိမ်သက်စေနိုင်ပါတယ်။
Source: Huff Post
#Local_News
Published 22 January 2026
■ ယနေ့မနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၌ ကား(၁)မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
■ ဇန်နဝါရီ ၂၂ရက်နေ့၊ မနက် ၇ နာရီ ၅၉ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၅/၇)တွင် ကား(၁)မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင်အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိခဲ့ရာ ၈နာရီ ၉မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 22 January 2026
■ လူပျိုဖော်ဝင်စ အရွယ်ရောက်ချိန်မှာ ခန္ဓာကိုယ်ထဲ ဇီဝကမ္မဖြစ်စဉ်တွေ၊ စိတ်ခံစားချက်ပိုင်း၊ ဟော်မုန်း၊ စိတ်ကျန်းမာရေးအခြေအနေတို့ များစွာ အပြောင်းအလဲဖြစ်တာကြောင့် ခန့်မှန်းရခက်ပါတယ်။
■ အက်စတာဝှိုက်ဖီးလ်ဆေးရုံမှ ကလေးအထူးကု ဒေါက်တာ ဂျိုသီရက်ဂ်ဟူရမ်က "အသက် ၁၁ နှစ်အရွယ်မှာ အရွယ်ရောက်တာဟာ သာမန်အသက်အပိုင်းအခြားအတွင်း ရှိနေတယ်" လို့ ဆိုပါတယ်။
■ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာတော့ ကမ္ဘာတဝှမ်း ကလေးတွေ အရွယ်ရောက်တဲ့အချိန် တဖြည်းဖြည်း စောစောလာတယ်လို့ တွေ့ရှိခဲ့ပါတယ်။
■ မိန်းကလေးတွေမှာ ပထမဆုံး အပျိုဖော်ဝင်စလက္ခဏာက ရင်သားဖွံ့ဖြိုးမှုဖြစ်ပြီး ၉ နှစ်မှ ၁၃ နှစ်အတွင်း ဖြစ်တတ်ကြပါတယ်။
■ ဒါကြောင့် ၁၁ နှစ်ဆိုတာ ဒီအသက်အပိုင်းအခြားအတွင်း ကြားထဲမှာရှိနေပါတယ်။
■ ယောက်ျားလေးတွေမှာ အနည်းငယ် နောက်ကျတတ်ပြီး အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား လူပျိုဖော်ဝင်တတ်ကာ အဓိကစိုးရိမ်စရာက အသက်အရွယ်မဟုတ်ဘဲ ဖွံ့ဖြိုးမှုအဆင့်က ရင့်ကျက်မှုနဲ့အညီ ဖြစ်ဖို့ပါပဲလို့ ပြောပါတယ်။
■ မိန်းကလေးမှာ ၈ နှစ်ထက်စောခြင်း၊ ယောက်ျားလေးမှာ ၉ နှစ်ထက်စောခြင်းတို့ကတော့ ဟော်မုန်းမညီမျှခြင်း၊ ဗဟိုအာရုံကြောစနစ်ဖြစ်စဉ်များနဲ့ အခြားသောကိုယ်တွင်းပြဿနာများကြောင့် ဖြစ်နိုင်ပါတယ်။
■ အရွယ်ရောက်ချိန်က အချက်အလက်အများကြီးအပေါ် မူတည်ပြီး မျိုးရိုးဗီဇ၊ အစားအသောက်၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ နာတာရှည်ဖျားနာခြင်း၊ လှုပ်ရှားမှုပြင်းထန်ခြင်း၊ ဖိစီးမှု စတဲ့အချက်တွေက သက်ရောက်နေနိုင်ပါတယ်။
■ အသက် ၁၁ နှစ်အရွယ်လောက်မှာ အရွယ်ရောက်တဲ့ ကလေးအများစုက ရေရှည်ကျန်းမာရေးပြဿနာများ မခံစားရတတ်ဘဲ သူများတွေထက် စောစီးစွာ အရွယ်ရောက်သူတွေကတော့ ပူပန်ခြင်း၊ အရှုံးပေးတတ်ခြင်းတို့ ခံစားရတတ်ပါတယ်။
Source: Indian Express
ဆူဒန်မှာ စွမ်းအင်ပြဿနာ ပိုမိုဆိုးရွားလာခြင်းရဲ့ သက်ရောက်မှု ကြုံတွေ့နေရပြီး ပဋိပက္ခတွေ သုံးနှစ်နီးပါးဖြစ်နေတာကြောင့် ရေနံမြေတွေ ပိတ်သိမ်းထားရကာ ရေနံချက်စက်ရုံတွေ မလည်ပတ်ဘဲရှိနေပါတယ်။
#World_Crisis
Published 21 January 2025
#ဆူဒန် #ရေနံချက်စက်ရုံ
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဥ် ရဲ့(၁၂၀)နှစ်ပြည့်မြောက်အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ (၃၁) ရက်နေ့ကနေစတင်ပြီးငါးရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 21 January 2025
#တိရစ္ဆာန်ဥယျာဥ် #ရန်ကုန်မြို့
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေနဲ့ကျပ်သန်းပေါင်း၉၅၀၀ကျော်နဲ့ အမေရိကန်ဒေါ်လာ သုညဒဿမ ခုနစ်သန်းကျော်တန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 30 January 2026
#ရန်ကုန်တိုင်းဒေသကြီး #ရင်းနှီးမြှုပ်နှံမှုကော်မတီ
#YMG/SW #Yangon_Times
မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
#Local_News
Published 21 January 2025
#အိန္ဒိယနိုင်ငံ #မြန်မာ့စိုက်ပျိုးရေးထွက်ကုန်
#YMG/SW #Yangon_Times
လာနီညာဖြစ်စဥ်ကြောင့် ဒေသအချို့မှာ ညအပူချိန်များ လျော့နည်းနိုင်တာ ၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွင်းဖြစ်ပေါ်နိုင်တဲ့ လာနီညာအခြေအနေသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 21 January 2025
#လာနီညာ #မိုး
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်(တောင်ပိုင်း)အင်းလေးဒေသရှိ ရိုးရာခြေတံရှည်အိမ်များ ပြုပြင်ထိမ်းသိမ်းနိုင်ဖို့အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (𝐌𝐂𝐄𝐅) နည်းပညာဖွံဖြိုးတိုးတက်ရေး ကော်မတီမှ ကြီးမှူးကာသင်တန်းပို့ချပေးလျှက်ရှိတယ်လို့သိရပါတယ်။
#Local_News
Published 21 January 2025
#အင်းလေးဒေသ #𝐌𝐂𝐄𝐅
#YMG/SW #Yangon_Times
#Daily_News
Published 21 January 2025
၁။ ရန်ကုန်တိရစ္ဆာန်ဥယျာဥ်၏ (၁၂၀) နှစ်ပြည့်မြောက်အထိမ်းအမှတ်ပွဲတော်ကျင်းပမည်
၂။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အိန္ဒိယနိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံဆွေးနွေး
၃။ လာနီညာကြောင့် ညအပူချိန်များလျော့နည်းပြီး အချိန်အခါမဟုတ် မိုးရွာသွန်းမှုများပိုဖြစ်နိုင်
၄။ ဆူဒန်စစ်ရေးပဋိပက္ခများကြောင့် ရေနံမြေများပိတ်သိမ်းထားရကာစွမ်းအင်လောင်စာပြဿနာကြုံတွေ့ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 71 of 1950