ဗီဇာဝေဗာပရိုဂရမ် နိုင်ငံတွေကနေလာမယ့် ခရီးသည်တွေအနေနဲ့ ယင်းတိုရဲ့ ဆိုရှယ်မီဒီယာသမိုင်းကြောင်း ၅ နှစ်စာကို တင်ပြဖိုလိုအပ်တော့မယ်လို အမေရိကန်အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး(CBP)က ဗုဒ္ဓဟူးနေ့မှာ အဆိုပြုလိုက်ပါတယ်။
#World_News
Published 15 December 2025
#ဗီဇာ #အမေရိကန်
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအား
ကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများရွှေတံဆိပ်သုံးခုအထိဆွတ်ခူးရရှိထားပြီး ထပ်မံပြီးရရှိဖို့လည်း မျှော်မှန်းထားတယ်လို့သိရပါတယ်။
#Local_News
Published 15 December 2025
#ဆီးဂိမ်း #ထိုင်းနိုင်ငံ
#YMG/NN #Yangon_Times
တနင်္သာရီတိုင်းတွင်မိုးရွာနိုင်ပြီး ဒေသအချို့၌ ညအပူချိန်များလျော့ကျနိုင်တယ်လိုမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 15 December 2025
#တနင်္သာရီတိုင်း
#YMG/NN #Yangon_Times
ဂျပန်ရိုးရာယဉ်ကျေးမှု စက္ကူခေါက်အနုပညာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဂျပန်ယဉ်ကျေးမှုစင်တာမှာပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 15 December 2025
#ဂျပန်ရိုးရာယဉ်ကျေးမှု #စက္ကူခေါက်
#YMG/SW #Yangon_Times
မတ်လ(၂၈)ရက်ကဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ အိမ်ထောင်စုတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီများဆက်လက်ပေးအပ်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
Published 15 December 2025
#ငလျင် #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
#Daily_News
Published 15 December 2025
၁။ ငလျင်ဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများဆက်လက်ပေးအပ်
၂။ ဂျပန်ရိုးရာယဉ်ကျေးမှု စက္ကူခေါက်အနုပညာအလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည်
၃။ တနင်္သာရီတိုင်းတွင်မိုးရွာနိုင်ပြီး ဒေသအချို့၌ ညအပူချိန်များလျော့ကျနိုင်
၄။ ခရီးသွားသူများ(၅)နှစ်စာဆိုရှယ်မီဒီယာသမိုင်းကြောင်းကိုဖြည့်စွက်လျှောက်တင်ရမည့်ဗီဇာအစီအစဉ် အမေရိကန်အကောင်အထည်ဖော်တော့မည်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 December 2025
■ ဩစတြေးလျ ဆစ်ဒနီ ဘွန်ဒီကမ်းခြေက ဂျူးပျော်ပွဲရွှင်ပွဲတစ်ခုမှာ လူ ၁၅ ဦးသေစေခဲ့တဲ့ သေနတ်သမား ၂ ဦးက အဖေနဲ့သားဖြစ်တယ်လို့ ရဲတွေက တနင်္လာနေ့မှာ ပြောပါတယ်။
■ နှစ် ၃၀ နီးပါးအတွင်း အဆိုးရွားဆုံး သေနတ်အကြမ်းဖက်မှုဖြစ်ခဲ့ပြီး ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ် စတင်ပြုလုပ်ခဲ့ပါတယ်။
■ အသက် ၅၀ အရွယ်အဖေက အခင်းဖြစ်ပွားရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကတော့ ဆေးရုံမှာ အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်။
■ ယခုပစ်ခတ်မှုဟာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သတ်မှတ်နေကြပါတယ်။
■ တိုက်ခိုက်မှုဖြစ်ပြီးနောက် ဆေးရုံမှာ လူ ၄၀ ကျန်ရှိနေပြီး ရဲအရာရှိနှစ်ဦးလည်း မစိုးရိမ်ရတော့ပါဘူး။
■ အခင်းဖြစ်ပွားရာကမ်းခြေမှာ တိုက်ခိုက်မှုက ၁၀ မိနစ်လောက် ကြာခဲ့ပြီး သဲသောင်ပြင်တွေ လမ်းတွေပေါ်သို့ လူတွေထွက်ပြေးခဲ့ကြပါတယ်။
■ ဒီကမ်းခြေပွဲသို့ လူတစ်ထောင်ခန့် လာရောက်တယ်လို့ ရဲတွေဆိုပါတယ်။
■ ရုပ်သံတွေအရ တရားခံတွေဟာ ရိုင်ဖယ်နဲ့ မောင်းပြန်သေနတ်တို့ ကိုင်ဆောင်ခဲ့ဟန် ရှိပါတယ်။
■ ဘွန်ဒီဒေသခံ မော်ဂန်ဂေဘရီယယ်က အလွန်ဝမ်းနည်းကြေကွဲဖွယ် မနက်ခင်းဖြစ်ခဲ့ပြီး လူတွေ ပျော်ရွှင်နေကြချိန်မှာ အခုလို ဖြစ်ပျက်ခဲ့တယ်လို့ ပြောပြပါတယ်။
■ ဒီဖြစ်ရပ်မှာ တိုက်ခိုက်သူနှစ်ဦးပဲ ပါဝင်တယ်လို့ အာဏာပိုင်တွေ သတင်းရပေမယ့် နောက်ထပ်ပါဝင်သူရှိမရှိ စစ်ဆေးနေပါတယ်။
■ အစ္စရေးလ်-ဂါဇာပဋိပက္ခနဲ့ ဆက်စပ်ပြီး ဩစတြေးလျမှာ ဂျူးဆန့်ကျင်ရေးဖြစ်ရပ်တွေ တောက်လျှောက်ဖြစ်ပွားနေခဲ့ပါတယ်။
■ ဒေါ်နယ်ထရမ့်၊ အီမန်နျူယယ်မက်ခရွန်တို့လို ကမ္ဘာ့ခေါင်းဆောင်တွေက ဩစတြေးလျဘက်က ရပ်တည်ကြောင်း စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသထားပါတယ်။
Source: Reuters
#World_Health
Published 15 December 2025
■ လိမ္မော်သီးစားတဲ့အခါ အခွံနဲ့ အသားကြားက အဖြူရောင်ဖတ်တွေကို ခွာစားလေ့ရှိကြပါတယ်။
■ တကယ်တမ်းတော့ အဆိုပါအဖြူရောင်ဖတ်တွေက ပိုပြီးအာဟာရတန်ဖိုး ရှိတယ်လို့ KIMS ဆေးရုံမှ ဒေါက်တာ အမ်ရင်းရှိတ်ခ်က ပြောပါတယ်။
■ လိမ္မော်သီးအဖြူဖတ်က အမျှင်နဲ့ အပင်ဒြပ်ပေါင်းရင်းမြစ်ဖြစ်ပြီး အစာခြေခြင်း၊ ကိုယ်ခံအားစနစ်၊ ကျန်းမာရေးတို့မှာ များစွာခြားနားစေနိုင်တယ်လို့ ပြောပါတယ်။
■ ဒီအမျှင်ဓာတ်က သကြားစုပ်ယူခြင်း၊ အစာခြေခြင်း၊ အူလမ်းကြောင်း ပံ့ပိုးခြင်းတို့ကို ကူညီပေးတဲ့အပြင် ဗိုက်တာမင်-စီ၊ ပိုတက်ဆီယံ၊ အပင်ဒြပ်ပေါင်းများ ပါဝင်တာကြောင့် လိမ္မော်သီးစားတဲ့အခါ အဖြူဖတ်တွေကိုပါ စားပေးရင် ဗိုက်ပြည့်ဝစေပြီး ခါတိုင်းထက် အာဟာရဓာတ် မျှတစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
■ ဒါ့အပြင် ဖလေဗိုနွိုက်တွေက နှလုံး၊ သွေးကြော၊ ကိုယ်ခံအားစနစ်တို့ကို ကာကွယ်ပေးကာ ဓာတ်တိုးခြင်းတွေကို လျှော့ချပေးပြီး နေ့စဉ် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကနေ ထိန်းသိမ်းပေးပါတယ်။
■ အချဉ်ဓာတ်ပါတဲ့အသီးတွေထဲက ဖလေဗိုနွိုက်တွေက သွေးစီးဆင်းမှု ကောင်းစေပြီး ရောင်ရမ်းခြင်းတွေကို ထိရောက်စွာ ထိန်းသိမ်းပေးနိုင်ပါသေးတယ်။
■ ဘယ်လောက်ပမာဏလဲဆိုတာ အတိအကျမဟုတ်ပေမယ့် အဖြူဖတ်အလွှာတစ်ခုကပင် အများစုအတွက် လုံလောက်ပါတယ်။
■ စားရတာ သိပ်မခါးဘဲနဲ့ အမျှင်ဓာတ်တွေ ဖလေဗိုနွိုက်တွေကို ရရှိစေပြီး ခါးလွန်းတယ်ဆိုရင် ဒိန်ချဉ်၊ အသုပ်၊ ဖျော်ရည်တို့ဖြင့် ရောစပ်စားသုံးနိုင်တယ်လို့ ပြောသွားပါတယ်။
Source: Indian Express
#World_Science
Published 15 December 2025
■ လမ်းမှာတွေ့ရတဲ့ အချို့ခွေးသေးသေးလေးတွေဟာ ချစ်စရာကောင်းပေမယ့် ဝံပလွေရဲ့ DNA ရှိနေနိုင်ပါတယ်။
■ ခွေးမျိုးစိတ်အားလုံးရဲ့ ၃ ပုံ ၂ ပုံနီးပါးလောက်မှာ ဝံပလွေ DNA ကို ရှာတွေ့နိုင်တဲ့ပမာဏအထိ တွေ့ရတယ်လို့ အမေရိကန်သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။
■ ပြီးခဲ့တဲ့ နှစ်ထောင်ချီအတွင်း ခွေးတွေနဲ့ ဝံပလွေတွေဟာ မျိုးစပ်ယှက်ခဲ့ကြတယ်လို့ ယူဆထားပါတယ်။
■ ဒီလိုမျိုးစပ်ရာကနေ အရွယ်အစား၊ အနံ့ခံနိုင်စွမ်း၊ ကိုယ်ရည်ကိုယ်သွေးတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
■ ယနေ့ခေတ် ခွေးအများစုမှာ ဝံပလွေမျိုးရိုးဗီဇတွေကို အနည်းငယ်တွေ့ရှိနိုင်ကာ လူသားပတ်ဝန်းကျင်မှာ ရှင်သန်နိုင်လောက်အောင် ဆင့်ကဲပြောင်းလဲလာတယ်လို့ ဆိုပါတယ်။
■ ခွေးနဲ့ဝံပလွေတွေရဲ့ မျိုးဗီဇပစ္စည်းထောင်ချီကို ဆန်းစစ်ခဲ့ကြပါတယ်။
■ ယနေ့ခေတ် ခွေးမျိုးစိတ်တွေရဲ့ ၆၄ ရာခိုင်နှုန်းကျော်က ဝံပလွေမျိုးရိုးက ၀.၂ ရာခိုင်နှုန်းလောက် သယ်ဆောင်ထားတာကို တွေ့ရှိပါတယ်။
■ ဝံပလွေအဆန်ဆုံး အိမ်မွေးခွေးတွေထဲမှာ Grand Anglo-Francais Tricolore ခွေးမျိုးက ဝံပလွေ DNA ၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်နေကာ ဆာလူကစ်နဲ့ အာဖဂန်တို့လို အမဲလိုက်ခွေးတွေလည်း မြင့်မားပါတယ်။
■ ဝံပလွေ DNA များတဲ့ခွေးတွေက လွတ်လပ်စွာနေလိုပြီး နယ်မြေစိုးမိုးလိုစိတ်ရှိကြာ ဝံပလွေ DNA နည်းတဲ့ခွေးတွေကတော့ ယဉ်ပါးပြီး လေ့ကျင့်ပေးရလွယ်ကူတာ တွေ့ရပါတယ်။
■ ဝံပလွေ DNA က ခွေးတွေမှာ အချို့သော သဟဇာတတွေကို ဖန်တီးပေးကာ ဥပမာအားဖြင့် တိဘက်ခွေးမျိုးတွေက တိဘက်ဝံပလွေတွေကနေ အမြင့်ပေမြင့်မားတဲ့နေရာတွေမှာ ရှင်သန်နိုင်တဲ့မျိုးဗီဇကို လက်ဆင့်ကမ်းရရှိကြပါတယ်။
Source: CBS News
ဓာတ်သတ္တု ရွှေရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးက တစ်ကျပ်သားကို ကျပ်၅၉သိန်း၉သောင်းနဲ့သာဈေးငြိမ်နေပြီး ရည်ညွှန်းဈေးနဲ့သာ ရောင်းဝယ်ကြပြီး လေပတ်ကားမရောင်းဝယ်ကြဖို ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းက ထပ်မံအသိပေးလာပါတယ်။
#Local_News
Published 13 December 2025
#ရွှေ
#YMG/NN #Yangon_Times
၁၄ ဒီဇင်ဘာ ၂၀၂၅
အမေရိကန်က ဘီလာရုစ်၏ အဓိကဓာတ်မြေဩဇာပို့ကုန်ပိတ်ဆုံအရေးယူမှုရုပ်သိမ်းပေးပြီး ဘီလာရုစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်အတိုက်အခံခေါင်းဆောင်အပါအဝင် အကျဉ်းသား၁၂၃ဦး ပြန်လွှတ်ပေးခဲ့သည်။
အဓိက ဖြစ်ပေါ်တိုးတက်မှုများ
ဘီလာရုစ်နိုင်ငံသည် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဲလစ် ဘီယာလျပ်စကီး (Ales Bialiatski) နှင့် အတိုက် အခံ ခေါင်းဆောင် မာရီယာ ကာလက်စ်နီကာဗာ (Maria Kalesnikava) တို့ အပါအဝင် အကျဉ်းသား ၁၂၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။
ဤလွှတ်ပေးမှုသည် သမ္မတ ဒေါ်နယ်ထရမ့် လက်အောက်ရှိ အမေရိကန် ကိုယ်စားလှယ်တစ်ဦး ကြားဝင် ညှိနှိုင်းပေးသည့် သဘောတူညီချက်ရရှိပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းအတွက် အပြန်အလှန်အားဖြင့် အမေရိကန်ပြည်ထောင်စုက ဘီလာရုစ်၏ အဓိက ဓာတ်မြေသြဇာပို့ကုန်ဖြစ်သော ပိုတက်ရှ်အပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် သဘော တူညီခဲ့သည်။
လွတ်မြောက်လာသူများ
အဲလစ် ဘီယာလျပ်စကီး - ၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ပူးတွဲဆုရှင်ဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားမှုများကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ထောင်ချခံထားရသူဖြစ်သည်။
မာရီယာ ကာလက်စ်နီကာဗာ - ၂၀၂၀ ပြည့်နှစ် လူကာရှန်ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။
အခြားလွတ်မြောက်လာသူများမှာ
အကျဉ်းသား ၉ ဦး လစ်သူယေးနီးယားနိုင်ငံသို့ ပေးပို့ခဲ့သည်။
အကျဉ်းသား ၁၁၄ ဦးကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။
အမေရိကန်၏ ရပ်တည်ချက်
လာမည့်လများအတွင်း ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ခန့်အထိ လွတ်မြောက်လာနိုင် ဖွယ်ရှိကြောင်း အမေရိကန် ကိုယ်စားလှယ် ဂျွန်ကိုးလ်ကပြောကြားခဲ့သည်
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်လာပါက ပိတ်ဆို့အရေးယူမှု အများစုကို ဖယ်ရှားပေးနိုင်မည်ဖြစ်သည်။
အမေရိကန်၏ သံတမန်ရေးရာ ဆောင်ရွက်ချက်သည် ဘီလာရုစ်က ရုရှားအပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ရည်ရွယ်သည်။
တုံ့ပြန်မှုများနှင့် ထုတ်ပြန်ချက်များ
ဘီယာလျပ်စကီးက သူ၏ လွတ်လပ်ခွင့်ကို ကြိုဆိုခဲ့သော်လည်း ထောင်ပေါင်းများစွာ အကျဉ်းကျ ခံနေရဆဲ ဖြစ်ကြောင်း ထောက်ပြကာ လူ့အခွင့်အရေး တိုက်ပွဲ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
နော်ဝေ နိုဘယ်ကော်မတီက သူ၏ လွတ်မြောက်မှုအပေါ် စိတ်သက်သာရာရကြောင်းနှင့် ဝမ်းမြောက် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြည်ပရောက် ဘီလာရုစ် အတိုက်အခံများက ထရမ့်ကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဤသဘော တူညီချက်သည် ပိတ်ဆို့အရေးယူမှုများ ထိရောက်ကြောင်း သက်သေပြနေသည်ဟု ဆိုသော်လည်း စနစ် ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် တိုက် တွန်းခဲ့သည်။
နောက်ခံအကြောင်းအရာ
၂၀၂၀ ရွေးကောက်ပွဲ နှိမ်နင်းမှုများနှင့် ၂၀၂၂ ခုနှစ် ရုရှား၏ ယူကရိန်းစစ်ကို ထောက်ခံခဲ့ခြင်းတို့ကြောင့် ဘီလာရုစ်သည် အနောက်နိုင်ငံများ၏ ကျယ်ပြန့်သော ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုသည် နိုင်ငံရေးအကျဉ်းသားများ ရှိနေသည်ဆိုခြင်းကို ငြင်းဆိုလေ့ ရှိပြီး ယခင်က ပြန်လွှတ်ပေးရန် ငြင်းဆန်ခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့ Viasna ၏ ခန့်မှန်းချက်အရ စနေနေ့က အကျဉ်းသားလွှတ်ပေးခြင်း မတိုင်မီအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁,၂၂၇ ဦး ကျန်ရှိနေသေးသည်ဟုဆိုသည်။
အလားအလာ
ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ နောက်ထပ် လွှတ်ပေးမှုများ ဖြစ်လာနိုင်သည်။
ကျန်ရှိနေသေးသော ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး သေချာစေရန်အတွက် ဆက်လက်ထိတွေ့ ဆက်ဆံသွားရန် အသင့်ရှိကြောင်း အမေရိကန်က အချက်ပြခဲ့သည်။
သတင်းအရင်းအမြစ်- နိုင်ငံတကာသတင်းဌာနများ

#World_Health
Published 14 December 2025
■ လူအများစုဟာ အသက်ကြီးလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထက်မြက်မှု သဘာဝအတိုင်း ကျဆင်းလာပြီး မေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တွေးတောမှုနှေးကွေးခြင်းတို့ ဖြစ်လာပါတယ်။
■ အချို့လူတွေကတော့ အသက် ၈၀ ၊ ၉၀ လောက်ထိတိုင်အောင် ထက်မြက်နေကြကာ ဒါတွေက နေ့စဉ်ကျင့်သုံးတဲ့ အလေ့အထတွေကြောင့် ဖြစ်ပါတယ်။
■ (၁) ဦးနှောက်ကို နေ့စဉ်အသုံးချခြင်း
ဦးနှောက်ကို ဒီအတိုင်းမထားဘဲ ပုံမှန်လေး ဖိအားပေးတတ်ကြပြီး စွမ်းရည်အသစ်သင်ယူလေ့လာခြင်း၊ စာအုပ်အမျိုးမျိုးဖတ်ခြင်း၊ စစ်တုရင်ထိုးခြင်း၊ ပဟေဌိကစားခြင်း၊ အသက်အရွယ်မရွေးပြောဆိုခြင်းတို့ ပြုလုပ်ပါတယ်။
■ (၂) ခန္ဓာကိုယ်လှုပ်ရှားမှုပြုခြင်း
လှုပ်ရှားခြင်းက ဦးနှောက်သို့ သွေးစီးဆင်းစေပြီး မှတ်ဉာဏ်နဲ့ စိတ်အခြေအနေတို့ကို တိုးတက်စေကာ နေ့စဉ် လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ဥယျာဉ်ပျိုးထောင်ခြင်း၊ ရေကူးခြင်း၊ ပစ္စည်းသယ်ခြင်း၊ အိမ်သန့်ရှင်းခြင်းတို့ ပြုလုပ်ကြပါတယ်။
■ (၃) ဦးနှောက်ဦးစားပေး အာဟာရစားခြင်း
စိတ်ပိုင်းဆိုင်ရာ ထက်မြက်နေသူတွေက ဦးနှောက်ကို ပံ့ပိုးပေးနိုင်မယ့် စားစရာတွေကို နားလည်ပြီး ဟင်းရွက်များ၊ ကျန်းမာရေးညီညွတ်သော အဆီများ၊ အိုမီဂါ-၃ အစားအစာများ၊ အသီးများ၊ ဂျုံပြောင်းအစေ့အဆန်များ၊ ပဲအမျိုးမျိုး၊ ရေများများ စားသောက်ပါတယ်။
■ (၄) လူမှုပေါင်းသင်းနေထိုင်ခြင်း
မိတ်ဆွေအပေါင်းအသင်း အများကြီးမလိုအပ်ပေမယ့် တကယ်အားကိုးရတဲ့ မိတ်ဆွေတွေနဲ့ ပြောဆိုဆက်ဆံတာတွေ၊ အဖွဲ့အစည်းဝင်ရောက်တာတွေ၊ လူတွေနဲ့ စကားပြောတာတွေက ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်ပေးပါတယ်။
■ (၅) ဖိစီးမှုကိုထိန်းချုပ်ခြင်း
စိတ်ဖိစီးမှုဆိုတာကို ဖျောက်ဖျက်လို့မရပေမယ့် တရားထိုင်ခြင်း၊ သတိကပ်အသက်ရှူခြင်း၊ ဥယျာဉ်ပျိုးခြင်း၊ ဂျာနယ်ဖတ်ခြင်း၊ သဘာဝပတ်ဝန်းကျင်မှာ လမ်းလျှောက်ခြင်းတို့ဖြင့် ဖိစီးမှုကို လျှော့ချထိန်းချုပ်နိုင်ပါတယ်။
■ (၆) ဘဝတလျှောက် မျက်လုံးဖွင့်နားစွင့်ခြင်း
စိတ်ပိုင်းဆိုင်ရာ ထက်မြက်တဲ့သက်ကြီးရွယ်အိုတွေဟာ လောကကို အာရုံစိုက်နေပြီး အသစ်အသစ်တွေကို စူးစမ်းလိုစိတ်ရှိကာ ပါဝင်လှုပ်ရှားတတ်ကြပါတယ်။
■ (၇) ကောင်းစွာအိပ်စက်ခြင်း
နှစ်ခြိုက်စွာ အိပ်စက်တဲ့အခါ ဦးနှောက်က သူ့အလိုလိုရှင်းလင်းသန့်စင်ပေးပြီး အယ်ဇိုင်းမာဆက်စပ်ရောဂါများ ဖြစ်နိုင်ခြေနည်းစေကာ မှတ်ဉာဏ်ထိန်းသိမ်းပေးပါတယ်။
■ (၈) အသိအမှတ်ပြုတတ်ခြင်း
အသိအမှတ်ပြု ကျေးဇူးတင်တတ်ခြင်းဟာ အာရုံကြောတွေမှာလည်း သက်ရောက်မှုရှိပြီး ဖိစီးမှုလျော့ကျခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ စိတ်ထိန်းချုပ်နိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှင်းလင်းခြင်းတို့ ရရှိနိုင်ပါတယ်။
■ (၉) ရည်ရွယ်ချက်ထားလုပ်ကိုင်ခြင်း
တစ်ခုခုကို ရည်ရွယ်လုပ်ကိုင်တဲ့အခါ ဦးနှောက်ကို လမ်းညွှန်စေပြီး ဥယျာဉ်ပျိုးခြင်း၊ ဟင်းချက်ခြင်း၊ ကူညီတတ်ခြင်း၊ ဝါသနာလိုက်စားခြင်း၊ အသစ်လေ့လာခြင်း၊ အဖွဲ့အစည်းပါဝင်ခြင်းတို့က ဦးတည်ချက်ရှိစေပါတယ်။
Source: VegOut
Page 68 of 1915