တရုတ်ပြည် ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြိုတော်ဖြစ်တဲ့ လျာဆာမြိုရှိ ပိုတယ်လာရင်ပြင်ပွဲတော်ကို သမ္မတရှီကျင့်ဖျင် ကြာသပတေးနေ့က တက်ရောက်ခဲ့ပြီး ဒေသတည်ထောင်ခြင်း နှစ် ၆၀ ပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။
#Asia_Event
Published 23 August 2025 
#တရုတ်ပြည်ရှီဇန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ #သမ္မတရှီကျင့်ဖျင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News 
Published 23 August 2025
၁။ ဗဟိုအမျိုးသမီးဆေးရုံကြီးကို စံပြဆေးရုံအဖြစ်လုပ်ဆောင်ရန်တိုက်တွန်း
၂။ တက္ကသိုလ်ဝင်ခွင့်များစက်တင်ဘာလ(၂)ရက်တွင်စတင်လျှောက်ထားနိုင်
၃။ MTSH အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ငွေကျပ်(၁၉၀)ရရှိမည်
၄။  တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းနှစ်(၆၀)ပြည့်အထိမ်းအမှတ်သို့ ရှီကျင့်ဖျင်တက်ရောက်ဂုဏ်ပြု... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
		၂၃ ဩဂုတ် ၂၀၂၅
“ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန် နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင် ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေ”
နိုင်ငံခြားသားများအပေါ် နှိမ်နှင်းမှု တိုးမြှင့်လုပ်ဆောင်လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြည်နှင် ဒဏ်ခံရခြင်းသို့ ဦးတည်နိုင်လာသော အမေရိကန် တွင် တရားဝင် ဗီဇာဖြင့် နေထိုင်ခွင့်ရရှိထားသူ သန်း ၅၅ ကျော်ကို ဥပဒေချိုးဖောက်မှုများ ရှိ၊ မရှိ ပြန်လည်စစ်ဆေးနေသည်ဟု ထရမ့်အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန် ပြည်ဝင်ခွင့် ဗီဇာရရှိထားသူများတွင် နိုင်ငံအတော်များများမှ ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်ပြီး ၎င်းတို့သည် အမေရိကန်သို့ ဝင်ရောက်ခွင့် သို့မဟုတ် နေထိုင်ခွင့်အတွက် အရည်အချင်းမပြည့်မီကြောင်း ဖော်ပြနိုင်သည့် မည်သည့်အချက်အလက်ကိုမဆို တွေ့ရှိနိုင်ရန်အတွက် “စဉ်ဆက်မပြတ် စိစစ်မှု” ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက Associated Press ၏ မေးခွန်း တစ်ခုကို စာဖြင့် ဖြေကြားခဲ့သည်။
ထိုသို့သော အချက်အလက်များကို တွေ့ရှိပါက ဗီဇာကို ရုပ်သိမ်းမည်ဖြစ်ပြီး ဗီဇာကိုင်ဆောင်ထားသူသည် အမေရိကန်တွင် ရှိနေပါက ၎င်းအား နှင်ထုတ်ခြင်းခံရနိုင်သည်ဟု သိရသည်။
သမ္မတ ဒေါ်နယ်ထရမ့် ရာထူးစတင်ပြီးနောက်ပိုင်း ၎င်း၏အစိုးရအဖွဲ့သည် အမေရိကန်တွင် တရားမဝင် နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူများအပြင် ကျောင်းသားနှင့် အပြန်အလှန်လည်ပတ်ရေးအစီအစဉ် ဗီဇာကိုင်ဆောင် ထားသူများကိုပါ ပြည်နှင်ထုတ်ခြင်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အသစ်တွင် အချိန်ယူရသည့် စဉ်ဆက်မပြတ်စိစစ်မှု လုပ်ငန်းစဉ်သည် ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး အမေရိကန်တွင် နေထိုင်ခွင့်ရရှိထားသူများသည်ပင် ၎င်းတို့၏ ခွင့်ပြု မိန့်များကို ရုတ်တရက် ရုပ်သိမ်းခံရနိုင်ကြောင်း ဖော်ပြထားသည်။
အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်တွင် အမေရိကန်၌ အမြဲတမ်း နေထိုင်ခွင့်လက်မှတ် (green-card) ကိုင်ဆောင်ထားသူ ၁၂.၈ သန်းနှင့် ယာယီဗီဇာဖြင့် နေထိုင်သူ ၃.၆ သန်း ရှိခဲ့ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးမူဝါဒဌာန (Migration Policy Institute) မှ တွဲဖက်ညွှန်ကြားရေးမှူး Julia Gelatt က ပြန်လည်စိစစ်မည့် လူဦးရေ ၅၅ သန်းတွင် အမေရိကန်ပြင်ပရောက်ရှိနေပြီး တစ်ကြိမ်ထက်ပိုဝင် ထွက်နိုင်သည့် ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အမေ ရိကန်သို့ လုံးဝပြန်မလာဖွယ်ရှိသူများအတွက် အရင်းအမြစ်များကို အကုန်အကျခံ သုံးစွဲခြင်း၏ တန်ဖိုး အပေါ်လည်း သူမက မေးခွန်းထုတ်ခဲ့သည်။
ဗီဇာတွင်ဖော်ပြထားသည့် ခွင့်ပြုထားသောအချိန်ထက် ကျော်လွန် နေထိုင်ခြင်း၊ ရာဇဝတ်မှုကျူးလွန် ခြင်း၊ အများပြည်သူ့ဘေးကင်းရေးကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် လှုပ်ရှားမှုများတွင် ပုံစံတစ်မျိုး မျိုးဖြင့်ပါဝင်ခြင်း သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ခြင်း အပါအဝင် အရည်အချင်း မပြည့်မီကြောင်း ညွှန်ပြသည့်အချက်များကို ရှာဖွေနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
“ကျွန်တော်တို့ရဲ့ စိစစ်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများ ဒါမှမဟုတ် ဗီဇာထုတ်ပေးပြီးနောက် အရည်အချင်းမပြည့်မီနိုင်ကြောင်း ညွှန်ပြနေတဲ့ တခြားအချက်အလက်တွေ အပါအဝင် ရရှိနိုင်တဲ့ အချက်အလက်အားလုံးကို ပြန်လည်စစ်ဆေးပါတယ်” ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ကုန်တင်ယာဉ်မောင်းများအတွက် အလုပ်သမားဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းတော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကြာသပတေးနေ့တွင် “X” ၌ ပြောကြားခဲ့သည်။ ၎င်းအပြောင်း အလဲသည် ချက်ချင်းအကျိုးသက်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အမေရိကန်လမ်းတွေပေါ်မှာ နိုင်ငံခြားသား ကုန်တင်ယာဉ်မောင်းတွေ များလာတာဟာ အမေရိကန် နိုင်ငံသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသလို အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း ထိခိုက်စေပါတယ်” ဟု ရူဘီယိုက ရေးသားခဲ့သည်။
ထရမ့်အစိုးရအဖွဲ့သည် လွန်ခဲ့သည့်လအနည်းငယ်က ကုန်တင်ယာဉ်မောင်းများ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောနိုင်ဆိုနိုင်ဖတ်ရှုနိုင်ခြင်းရှိရမည့် လိုအပ်ချက်ကို ပြဋ္ဌာန်းခဲ့သည်။ ယာဉ်အန္တရာယ် ကင်းရှင်းရေးလမ်းညွှန်ဆိုင်းဘုတ်များကို ဖတ်ရှုနိုင်စွမ်း သို့မဟုတ် အင်္ဂလိပ်စကား ပြောဆိုနိုင်စွမ်းမရှိ သည့် ယာဉ်မောင်းများကြောင့် လူသေဆုံးမှုများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် လမ်းအန္တရာယ်ကင်းရှင်းရေးကို တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါလိုအပ်ချက်ကို ပြဋ္ဌာန်းခြင်းဖြစ်သည် ဟု ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့၏ “စိစစ်ခြင်းနှင့်ပြန်လည်စစ်ဆေးခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း များကို ပြန်လည်သုံးသပ်ရန်အတွက် အဆိုပါအလုပ်သမားဗီဇာများ ထုတ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထား ကြောင်း ကြာသပတေးနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်က ယာဉ်မောင်းတိုင်းဟာ အမြင့်မားဆုံးစံနှုန်းကို ပြည့်မီရေး အသေအချာ ဆောင်ရွက်တာဟာ အမေရိကန် ကုန်တင်ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ဖို့နဲ့ လုံခြုံစိတ်ချရတဲ့ကုန်စည်ပို့ဆောင်ရေးကွင်းဆက်ကို ထိန်းသိမ်းဖို့အတွက် အရေးကြီးပါတယ်” ဟု အဆို ပါ ဌာနက ပြောကြားခဲ့သည်။
နိုင်ငံခြားဆက်ဆံရးကောင်စီမှ အကြီးတန်းအဖွဲ့ဝင် Edward Alden က နိုင်ငံခြားသား အလုပ်သမားများ က ကုန်တင်ယာဉ်မောင်းလုပ်သားရှားပါးမှုကို ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေကြောင်း ပြောကြား ခဲ့သည်။
ဤလုပ်ရပ်ကို အမေရိကန်ကုမ္ပဏီများနှင့် တက္ကသိုလ်များ၊ ဆေးရုံများကဲ့သို့သော အခြားအဖွဲ့အစည်း များအနေဖြင့် နိုင်ငံခြားသားအလုပ်သမားများအား အလုပ်ခန့်ခြင်းနှင့် ဆက်လက်ခန့်ထားခြင်းများကို အား မပေးသည့် အစိုးရ၏ စုပေါင်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်သင့်သည်” ဟု Alden က အီးမေးလ်တွင် ရေးသားခဲ့သည်။
“ဒီမှာ ရည်ရွယ်ချက်က အလုပ်သမားအတန်းအစားတစ်ခုကို ပစ်မှတ်ထားဖို့မဟုတ်ဘဲ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်ထားရင် အန္တရာယ်ရှိတယ်ဆိုတဲ့ သတင်းစကားကို အမေရိကန် အလုပ် ရှင်တွေဆီ ပို့ဖို့ပဲ ဖြစ်ပါတယ်။ “စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေဟာ အလုပ်အမျိုးအစားအနည်းငယ်က နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဗီဇာတွေ ရုပ်သိမ်းခံရတာထက် အများကြီး ပိုပြီးကြီးမားလာလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် ဗီဇာလျှောက်ထားသူများအပေါ် လူကိုယ်တိုင်တွေ့ဆုံမေးမြန်းခြင်းအပါအဝင် ပိုမိုတင်း ကျပ်သည့် ကန့်သတ်ချက်များနှင့် လိုအပ်ချက်များကို တဖြည်းဖြည်းချမှတ်လာခဲ့သည်။ ဗီဇာကိုင်ဆောင် သူအားလုံးကို ပြန်လည်စိစစ်ခြင်းသည် အစောပိုင်းတွင် အစိုးရက ပါလက်စတိုင်းလိုလားသူများ သို့မဟုတ် အစ္စရေးဆန့်ကျင်သူများဟု ယူဆသည့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သော ကျောင်းသားများကိုသာ အဓိက ထား၍ စိစစ်ခြင်းလုပ်ငန်းစဉ်အား သိသိသာသာ ချဲ့ထွင်လိုက်ခြင်းဖြစ်သည်ဟု ယူဆရသည်။
ပြန်လည်စိစစ်ရာတွင် ဗီဇာကိုင်ဆောင်သူအားလုံး၏ လူမှုမီဒီယာအကောင့်များ၊ ၎င်းတို့၏ ဇာတိနိုင်ငံရှိ ဥပဒေစိုးမိုးရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းများအပြင် အမေရိကန်တွင် ရှိနေစဉ် ကျူးလွန် ခဲ့သည့် အမေရိကန်ဥပဒေချိုးဖောက်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ပြန်လည်စိစစ်မှုများတွင် ယခုနှစ်အစောပိုင်းက စတင်မိတ်ဆက်ခဲ့သော စည်းကမ်းချက်အသစ်များအရ ဖြစ်နိုင်သလောက်လူမှုမီဒီယာစာမျက်နှာများအားလုံးကို သေချာစိစစ်ခြင်းအပါအဝင် ယခင်၊လက်ရှိနှင့် အနာဂတ် ဗီဇာလျှောက်ထားသူများအပေါ် အချက်အလက်စုဆောင်းရန်အတွက် ကိရိယာအသစ်များ ပါဝင်မည်ဖြစ်သည်။ အဆိုပါစည်းကမ်းချက်အသစ်များအရ လျှောက်ထားသူ ဗီဇာတွေ့ဆုံမေးမြန်းမှု အတွက် လာရောက်သည့်အခါ ၎င်းတို့၏ လက်ကိုင်ဖုန်းများနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများ သို့မဟုတ် အပလီကေးရှင်းများမှ privacy ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားရှိမှု လုံခြုံရေးဆက်တင်များကို မဖြစ်မနေဖြုတ်ပေးရန်လိုအပ်လာမည်။
“အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူဘေးကင်းရေးကို ကာကွယ်ဖို့အတွက် ထရမ့်အစိုးရရဲ့ ကတိကဝတ်တစ်စိတ်တစ်ပိုင်းအနေနဲ့ ရာထူးစတင်ယူတဲ့နေ့ကတည်းကစပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာန ဟာ ပြီးခဲ့တဲ့နှစ် အချိန်ကာလတူထက် ဗီဇာနှစ်ဆကျော်၊ ကျောင်းသားဗီဇာဆိုရင် လေးဆနီးပါး ရုပ်သိမ်း ခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်သို့ လာရောက်လိုသော နိုင်ငံခြားသားအများစု၊ အထူးသဖြင့် ကာလကြာရှည်စွာ ပညာ သင်ကြားရန် သို့မဟုတ် အလုပ်လုပ်ရန် ဆန္ဒရှိသူများသည် ဗီဇာလိုအပ်သည်။ ချွင်းချက်အနေဖြင့် အချိန် တိုခရီးသွားလာခြင်း သို့မဟုတ် စီးပွားရေးကိစ္စအတွက် လာရောက်သည့် အဓိကဥရောပနှင့် အာရှ နိုင်ငံ (၄၀)မှ နိုင်ငံသားများသည် ဗီဇာလျှောက်ထားရန်မလိုဘဲ သုံးလအထိ နေထိုင်ခွင့်ပြုသည့် ဗီဇာကင်းလွတ် ခွင့်အစီအစဉ်တွင် ပါဝင်ကြသည်။
သို့သော် ကမ္ဘာ့နေရာအများစုဖြစ်သည့် လူဦးရေထူထပ်သော တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားနှင့် အာဖရိကနိုင်ငံအများစုသည် ယင်းအစီအစဉ်တွင် မပါဝင်သောကြောင့် ၎င်းတို့နိုင်ငံသားများ အမေရိကန် သို့ ခရီးသွားရန်အတွက် ဗီဇာလျှောက်ထားရမည်ဖြစ်သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဗီဇာသက်တမ်းကျော်လွန်နေထိုင်ခြင်းနှင့် ပြည်နယ်၊ ဒေသဆိုင်ရာနှင့် ဖက်ဒရယ် ဥပဒေများကို ချိုးဖောက်ခြင်းတို့ကြောင့် ကျောင်းသားဗီဇာပေါင်း ၆,၀၀၀ ကျော်ကို ရုပ်သိမ်းခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဥပဒေချိုးဖောက်မှုများတွင် အများစုမှာ တိုက်ခိုက်မှု၊ အရက် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲပြီး ယဉ်မောင်းနှင်မှုနှင့် အကြမ်းဖက်မှုကို ထောက်ပံ့မှုတို့ဖြစ်ကြောင်း သိရသည်။
ဗီဇာ ၆,၀၀၀ အနက် ၄,၀၀၀ ခန့်သည် ဥပဒေချိုးဖောက်မှုများကြောင့်ဖြစ်ပြီး သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်ဝါဒကို ထောက်ပံ့သည့် နိုင်ငံများကို ကူညီခြင်း အပါအဝင် အကြမ်းဖက်မှုနှင့်သက်ဆိုင်သည့်ကိစ္စများကြောင့် ဗီဇာ ၂၀၀ မှ ၃၀၀ ခန့် ရုပ်သိမ်းခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Trump administration reviews 55 million visa holders for violations by FRANCE 24 with AP
မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးဒင်းအများပိုင်ကုမ္ပဏီ (MTSH) ရဲ့ အစုရှယ်ယာရှင်တွေအနေနဲ့ အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ငွေကျပ် (၁၉၀) ရရှိမှာဖြစ်တယ်လို့ နှစ်ပတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။
#Local_News
Published 23 August 2025 
#မြန်မာသီလဝါအက်(စ်)အီးဇက်ဟိုးဒင်း #MTSHအစုရှယ်ယာတစ်စု
#YMG/SW #Yangon_Times
ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင်မှုရှိ/မရှိ အခြေအနေတွေနဲ့ပတ်သက်ပြီး Yangon Media Group မှ မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဌ ဒေါ်ရီရီငြိမ်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို တင်ဆက်ပေးလိုက်ပါတယ်။
#Local_News
Published 23 August 2025 
#ဆူနာမီ #ငလျင်
#YMG/SW #Yangon_Times
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူတွေအနေနဲ့လာမယ့် စက်တင်ဘာလ(၂)ရက်မှစတင်ကာ တက္ကသိုလ်ဝင်ခွင့်များစတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့အဆင့်မြင့်ပညာဦးစီးဌာနမှသိရပါတယ်။
#Local_News
Published 23 August 2025 
#တက္ကသိုလ်ဝင်ခွင့် #တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးကို စံပြဆေးရုံကြီး အဖြစ်သို့
ရောက်ရှိအောင်ဆောင်ရွက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း ကတိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 23 August 2025 
#ဗဟိုအမျိုးသမီးဆေးရုံကြီး #ကျန်းမာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
		#World_News
Published 23 August 2025
▪️ သီရိလင်္ကာနိုင်ငံကို စီးပွားရေးအကျပ်အတည်းကာလအတွင်း ဦးဆောင်ခဲ့တဲ့ သမ္မတဟောင်း ရာနေလ်ဝစ်ခရမ်ဆင်ဂီကို သောကြာနေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကာ နိုင်ငံတော်ဘဏ္ဍာငွေများကို အလွဲသုံးစားအသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
▪️ ၂၀၂၄ ရွေးကောက်ပွဲမှာ ရာထူးဆုံးရှုံးခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် ဝစ်ခရမ်ဆင်ဂီဟာ ဘွဲ့နှင်းသဘင် အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ရန် ဗြိတိန်ကိုသွားရောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာများ ဖော်ပြထားကြပါတယ်။
▪️ သမ္မတဟောင်းကို တရားရုံးမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဩဂုတ် ၂၆ ရက်နေ့အထိ ရမန်ထိန်းသိမ်းမှုအောက် ရှိနေမယ်လို့ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဝုလာက ပြောသွားပါတယ်။
▪️ သူ့ရဲ့ အမျိုးသားစည်းလုံးရေးပါတီ (UNP)မှ အဖွဲ့ဝင် နီရှန်ထာသီရိဝါနာဆင်ဂီက သမ္မတဟောင်းမှာ အပြစ်မရှိကြောင်းနဲ့ ဒီအမှုဟာ နိုင်ငံရေးလှုံ့ဆော်မှုတစ်ခုဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။
▪️ သူဟာ နိုင်ငံ့စီးပွားရေး ပြိုလဲနေချိန်မှာ အခက်အခဲတွေကို ရင်ဆိုင်ပြီး တိုင်းပြည်ကို ကယ်တင်ခဲ့သူဖြစ်ကြောင်း၊ ဒီလိုလူကို လက်ရှိအစိုးရက ယခုကဲ့သို့ ဆက်ဆံနေကြောင်း ပြောပြခဲ့ပါတယ်။
▪️ ဝစ်ခရမ်ဆင်ဂီဟာ သီရိလင်္ကာဝန်ကြီးချုပ်အဖြစ် ၆ ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သလို တိုင်းပြည်ဘဏ္ဍာရေးကျပ်တည်းချိန်မှာလည်း ၂၀၂၂ က သမ္မတဖြစ်ခဲ့ပါတယ်။
▪️ သူ့အရင်သမ္မတ နိုင်ငံမှထွက်ပြေးကာ ဆူပူဆန္ဒပြမှုတွေဖြစ်ပြီးနောက် ဝစ်ခရမ်ဆင်ဂီက ရာထူးရယူခဲ့တာ ဖြစ်ပါတယ်။
▪️ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာတော့ တတိယနေရာသာရခဲ့ပြီးနောက် အာဏာစွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters
		#Local_News
Published 23 August 2025
▪️ ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လှူဒါန်းထားသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း အမှတ်(၃)နှင့်(၄)ဖွင့်လှစ်ပွဲကို ယမန်နေ့ ညနေ (၄း၀၀) နာရီကကျင်းပရာ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီး ကစားသမားဟောင်းများအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့ ခြေစမ်းပွဲဖြင့်ကျင်းပခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လက်ရွေးစင်ဟောင်းများ အသင်းတွင် ဟန်ထွန်း၊ ငွေထွန်း၊ အောင်နိုင်၊ အောင်ကျော်ကျော်၊ ထွန်းမြင့်လွင်၊ စိုးမြတ်မင်း၊ အောင်အောင်ဦး၊ တင့်နိုင်ထွန်းသိန်း၊ ရန်ပိုင်၊ မင်းသူ၊ ကိုကိုအောင်၊ စည်သူသန်း၊ အောင်ဇော်မျိုး၊ ဘိုဘိုအောင်၊ ခင်မောင်လွင်၊ ရန်အောင်ကျော်၊ စိုးမင်းနိုင်၊ အောင်မိုးနှင့် ကစားသမားဟောင်းများ ပါဝင်ကစားကြပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် နည်းပြချုပ် ယုကီ၊ ကြည်လွင်၊ ဇင်မာဝမ်း၊ သူဇာထွေး၊ ခင်မိုးဝေ၊ ခင်သန်းဝေ စသည့်လက်ရွေးစင်ဟောင်းများ၊ နော်ထက်ထက်ဝေ၊ မြတ်နိုးခင်၊ ဇွန်ယုယဦး၊ အိစန္ဒာဇော်၊ မျိုးမြမြငြိမ်း၊ ဝင်းဝင်း၊ မေသက်မွန်မြင့်နှင့် လက်ရွေးစင်များ ကစားခဲ့ကြကြောင်းသိရသည်။
▪️ ယခုဖွင့်လှစ်သည့် မြက်ခင်းတု လေ့ကျင့်ရေးကွင်း (၃)နှင့် (၄)တို့အား ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်မှစတင်၍ Futsal Chitthu Sports Floor Co.,Ltd ဖြင့်အသစ်ပြန်လည်၍ လုပ်ငန်းအပ်နှံတည်ဆောက်ခဲ့ရာ ကျပ်သိန်းပေါင်း တစ်သောင်းတစ်ထောင် ကုန်ကျခဲ့ပြီး ဧရာ၀တီဖောင်ဒေးရှင်းမှ စိုက်ထုတ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကွင်းများတွင် လူငယ်အသင်းများ လေ့ကျင့်မှုပြုလုပ်ခြင်း၊ အကယ်ဒမီ သင်ကြားမှုများပြုလုပ်ခြင်း၊ ခြေစမ်းပွဲများ ကစားခြင်း စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
		#Local_News
Published 23 August 2025
▪️ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းတွေ့ရှိ ၍ ကူညီသယ်ထုတ်ပြီး ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ သိရသည်။
▪️ ယမာန်နေ့က မန္တလေးမြို့မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် ၄၃×၄၄ လမ်း၊ ၈၁×၈၂ လမ်းကြားရှိ နေအိမ်တစ်လုံးတွင် အပုပ်နံ့ရရှိကြောင်း ရပ်ကွက်နေပြည်သူများ၏ အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)အဖွဲ့ဝင်များသွားရောက်ခဲ့ကြောင်းသိရသည်။
▪️ ထိုသို့သွားရောက်စဉ် နေအိမ်အတွင်း တစ်ဦးတည်းနေထိုင်သည့် အသက် ၆၈ နှစ်အရွယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးသက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ သေဆုံးရုပ်အလောင်းအား ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
		#Local_News
Published 23 August 2025
▪️ နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောသည်။
▪️ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေတို့သည် တာဝန်ရှိသူများနှင့်အတူ ယမာန်နေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်ကြသော မင်းထက်မင်းဆိပ်ကမ်း၊ အေးရှားဝေါလ်ဆိပ်ကမ်းတို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ မင်းထက်မင်းဆိပ်ကမ်းသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
▪️ အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အကောက်ခွန်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ နိုင်ငံတော်၏ ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နယ်စပ်ကုန်သွယ်ရေးတွင် လိုင်စင်မဲ့ တင်သွင်းမှုများ၊ အပိုကုန်ပစ္စည်းတင်သွင်းမှုများကို စနစ်တကျစစ်ဆေးမှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
▪️ ထို့နောက် မင်းထက်မင်းဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ခေတ်မီသိုလှောင်မှုစနစ် (SILO) တည်ဆောက်ရေးလုပ်ငန်းခွင်ကိုလည်းကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် ကုန်သေတ္တာများအား ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
▪️ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးချုပ် ဇေယျာသီဟခန်းမ၌ အကောက်ခွန်ဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအပေါ် တိတိကျကျလိုက်နာ ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ လိုက်နာသွား ရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး ဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းကြရန်ပြောကြားသည်။
▪️ ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးအစည်းအဝေး ခန်းမ၌ ဝန်ကြီးဌာနအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံပြီး နိုင်ငံတော်က ချမှတ်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိ၏အလုပ်အပေါ် အဂတိတရားကင်းကင်းဖြင့် မေတ္တာထားဆောင်ရွက်ပေးရန် မှာကြားသည်။
▪️ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရွာသာကြီး Dry Port သို့ ရောက်ရှိကြပြီး KM နှင့် RG ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးကာ အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse) ၌ လျှပ်စစ်မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းသိုလှောင်ထားရှိမှုများနှင့် အကောက်ခွန်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
#YMG/NN #Yangon_Times
		#World_Health
Published 23 August 2025
▪️ ဟင်းရွက်သုတ်တွေက လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်သလို ဗိုက်တာမင်များလည်း ပြည့်ဝပါတယ်။
▪️ ဒါပေမဲ့ ဟင်းရွက်တွေကို ရေမဆေးတဲ့အခါမျိုး၊ ဆေးတဲ့ရေ မသန့်တာမျိုး၊ မသန့်ရှင်းတဲ့ မျက်နှာပြင်ပေါ် ထားမိတာမျိုးဆိုရင် ရောဂါပိုးမွှားတွေ ရောက်ရှိစေနိုင်ပါတယ်။
▪️ လူကို နေမကောင်းဖြစ်စေနိုင်တဲ့ အဖြစ်အများဆုံး ရောဂါပိုးတွေကို ဖော်ပြထားပါတယ်။
▪️ (၁) ဆယ်မွန်နဲလား - ဟင်းရွက်တွေ သေချာမဆေးတဲ့အခါ ကူးစက်နိုင်ပြီး ၆ နာရီမှ ၇၂ နာရီအတွင်း ဝမ်းပျက်ခြင်း၊ ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းခြင်းတို့ ခံစားရနိုင်ပါတယ်။
▪️ (၂) လစ္စတီရီယာမိုနိုဆိုင်တိုဂျင်းစ် - တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေမှာ ရှင်သန်တာကြောင့် ထိုအရာတွေနဲ့ ထိတွေ့မိရာကနေ ကူးစက်နိုင်ပြီး ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်ပျက်ခြင်း၊ မွေးလာတဲ့ကလေးမှာ မွေးရာပါရောဂါတွေ ဖြစ်တတ်ပါတယ်။
▪️ (၃) ရှီဂဲလား - သန့်စင်ခန်းဝင်ပြီးနောက် လက်သေချာမဆေးဘဲ ဟင်းရွက်တွေကို ကိုင်မိတဲ့အခါ ကူးစက်တတ်ပြီး ကလေးငယ်တွေမှာ ကျောက်ကပ်တွေထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
▪️ (၄) အီးကိုလိုင် - ပြင်းထန်တဲ့ အီးကိုလိုင်အမျိုးအစားတွေဟာ သေချာမဆေးကြောရင် သုတ်ပြီးတဲ့ ရှင်သန်နိုင်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကျောက်ကပ်ပျက်စီးခြင်းနဲ့ အခြားအန္တရာယ်တွေ ဖြစ်နိုင်ပါတယ်။
▪️ (၅) ကမ်ပိုင်လိုဘက်တာ - အသားတွေကို လှီးဖြတ်တဲ့ဓားကနေ ကမ်ပိုင်လိုဘက်တာ ကူးစက်နိုင်ကာ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ၁၁ ရက်အထိ ခံစားရတတ်ပါတယ်။
▪️ (၆) ကလော့စ်ထရီဒီယံပါဖရင်ဂန်စ် - အူထဲမှာ အဆိပ်အတောက် ထုတ်နိုင်ကာ စားပြီး ၈ နာရီမှ ၂၂ နာရီအတွင်း ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်းတို့ ခံစားရနိုင်ကာ အလိုလျောက် သက်သာသွားတတ်ပါတယ်။
▪️ (၇) ကလော့စ်ထရီဒီယံဘိုကျူလီနမ် - အဖုံးပိတ်သိမ်းထားတဲ့ အရွက်တွေထဲမှာ ပေါက်ဖွားနိုင်ပြီး အမြင်ဝါးခြင်း၊ မျိုချရခက်ခဲခြင်း၊ မျက်နှာလေဖြတ်ခြင်း၊ အသက်ရှူပြဿနာဖြစ်ခြင်းတို့ ၂ ပတ်အထိ ခံစားရနိုင်ပါတယ်။
▪️ (၈) ဗစ်ဘရီယိုဗာနီဖီကပ်စ် - ပင်လယ်စာတွေ၊ မကျက်တဲ့အစာတွေမှာ ပါတတ်ပေမယ့် သိမ်းထားရာကနေ ဟင်းရွက်တွေဆီ ကူးစက်လာနိုင်ကာ အသည်းရောဂါ၊ ကိုယ်ခံအားနည်းသူတွေမှာ အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။
▪️ (၉) တောက်ဆိုပလတ်စ်မာဂွန်ဒီ - ကြောင်အညစ်အကြေးတွေကနေ ဟင်းရွက်တွေဆီ ကူးစက်နိုင်ပြီး ကိုယ်ဝန်ပျက်ခြင်း၊ မွေးဖွားပြဿနာများ၊ သန္ဓေသားဦးနှောက် ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ (၁၀) ဘက်ဆီလပ်စ်ဆရီယပ်စ် - မဆေးကြောမိတဲ့ ဟင်းရွက်တွေမှာ ပုန်းခိုနိုင်ကာ အခန်းအပူချိန်မှာ လျင်မြန်စွာပျံ့ပွားနိုင်ပြီး ရေဓာတ်ဆိုးဆိုးရွားရွား ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။
Source: The Jerusalem Post
Page 68 of 1815