စစ်တောင်းမြစ်ရေနဲ့မယ်ဆိုင်ချောင်းရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို အနည်းငယ်စီ ကျော်လွန်ရောက်ရှိနေသလို တာချီလိတ်မြိုမှာလည်း ဒီကနေ့ မနက်ပိုင်းမှာ မိုးဆက်ရွာနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
#Local_News
Published 28 August 2025
#စစ်တောင်းမြစ်ရေ #မယ်ဆိုင်ချောင်းရေ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရှိ ကလေးသူငယ်၊ မိသားစုနဲ့အသိုက်အဝန်းများအတွက် ပိုမိုဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေးနိုင်ဖိုအတွက် ယူနီဆက် နဲ့ ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) တို လက်တွဲဆောင်ရွက်သွားမယ်လို သိရပါတယ်။
#Local_News
Published 28 August 2025
#ယူနီဆက် #KOICA
#YMG/SW #Yangon_Times
ပြည်တွင်းလုပ်သား ၅,ဝဝ၂ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုကို ခွင့်ပြုလိုက်တယ်လို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကသိရပါတယ်။
#Local_News
Published 28 August 2025 
#ပြည်တွင်းလုပ်သား #ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ
#YMG/NN #Yangon_Times
		#Local_News
Published 28 August 2025
▪️ ရာသီဥတုဆိုးရွားချိန်တွင် ငါးဖမ်းရေယာဉ်များ ခိုလှုံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ 
ယနေ့တွင် အသိပေးချက်ထုတ်ပြန်ထားသည်။
▪️ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင်ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါတည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို ယခုနှစ် မေလ ၁၄ ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၂၅ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ကြောင်းသိရသည်။
▪️ ထိုသို့ ရာသီဥတုခိုလှုံရာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းဂံချောင်းအတွင်း မြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၂၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၅၈ မိနစ်၊ ပေါက်တောမြို့နယ်၊ ဖရုံဂါကျွန်းမြောက်လတ္တီတွဒ် ၂၀ ဒီဂရီ ၀၀ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၀၀ မိနစ်၊ ကျောက်ဖြူမြို့နယ်၊ ငလပွေ့ချောင်းမြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၃ မိနစ်၊သံတွဲမြို့နယ်၊ ဆင်ခေါင်းဆိပ်ကမ်းမြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊
 ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သဗြုချိုင် (ANDREW BAY) မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊
 တောင်ကုတ်မြို့နယ်၊ သင်္ဘောဆိပ်မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၃ မိနစ်၊ ဂွမြို့နယ်၊ တင်းတောကျေးရွာအုပ်စု၊ အမော်ချိုင်မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၄ မိနစ် တို့တွင် ဝင်ရောက်ခိုလှုံနိုင်ကြောင်းသိရသည်။
▪️ ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း (HAINGYI ISLAND) မြောက် လတ္တီတွဒ် ၁၅ ဒီဂရီ ၅၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၀ မိနစ်၊ငပုတောမြို့နယ်၊ ပြင်ခရိုင်၊ ချောင်းဝကျေးရွာ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၂၄.၄၀ မိနစ်၊ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ် နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝါးကျွန်း မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၁၁.၃၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၄ မိနစ်၊ (ဌ) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ဘုတ်ကျွန်း (MIDDLE MOSCOS) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၈ မိနစ်၊ လောင်းလုံမြို့နယ်၊ လောင်းလုံဘုတ်ကျွန်း (SOUTH MOSCOS) မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၄၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၄ မိနစ်၊ မြိတ်မြို့နယ်၊ တနင်္သာရီကျွန်း (TANINTHARYI ISLAND) မြောက်လတ္တီတွဒ် ၁၂ ဒီဂရီ ၃၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၂ မိနစ်၊ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်း (PYIN SA BU ISLAND) အရှေ့ဘက် ရေပြင်မြောက်လတ္တီတွဒ် ၁၁ ဒီဂရီ ၄၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ ၀၅ မိနစ် တို့ဖြစ်ကြောင်းသိရသည်။
▪️ နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအား ရာသီဥတုခိုလှုံခွင့်ပြု ရာနေရာသတ်မှတ်ပေးထားခြင်းမှာ မုတ်သုံရာသီရာသီဥတုဆိုးရွားချိန်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ရေလုပ်သားများအန္တရာယ်ကင်းရှင်းလုံခြုံစွာ ကျွန်းခိုရပ်နားနိုင်ရန်အတွက် သတ်မှတ်ပေးထားခြင်းဖြစ်ပြီး ရာသီဥတုခိုလှုံသည်ကိုအကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါး/ပုစွန်ဖမ်းဆီးနေသည်ကို စစ်ဆေးတွေ့ရှိရပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
		#Local_News
Published 28 August 2025
▪️ မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို အောက်တိုဘာ (၄) ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်သည့်
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
▪️ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အားအနှစ်သာရ ပြည့်ဝစွာဖြင့် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် တာဝန်ရှိသူအားလုံးအနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသည့် လုပ်ငန်းစဉ် (၂၅) ချက်ဖြင့် အောင်မြင်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရှိရကြောင်း၊ ယခင်အစည်းအဝေးဆွေးနွေးချက်များအပေါ် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း ကဏ္ဍများအလိုက် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေးစုပေါင်းညီညွတ်မှုအားဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
▪️ အဆိုပါမန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကို နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်း မြှင့်တင်ရန်၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အထောက်အကူပြုစေမည့်ပညာရပ်များ ဆက်လက်မြှင့်တင်ဖြည့်ဆည်းပေးရန်၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန် နှင့်ပြည့်စုံသည့် ဘွဲ့ကြို၊ဘွဲ့လွန်လူငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များပြသရန်၊ တက္ကသိုလ်၏ ရှေ့နှစ် ၁၀၀ မျှော်မှန်းချက်ချမှတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
		#Local_News
Published 28 August 2025
▪️ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ SCO ထိပ်သီးအစည်းအဝေးတက်ရောက်ရန်အပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်မကြာမီရက်ပိုင်းအတွင်းသွားရောက်မည်ဖြစ်ကြောင်းသိရသည်။
▪️ ထိုအလုပ်သဘောခရီးစဉ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထျန်းကျင်းမြို့၌ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation - SCO SUMMIT 2025) သို့တက်ရောက်ခြင်း၊ ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်နိုင်ငံရှိအထင်ကရ နေရာများအားကြည့်ရှုလေ့လာခြင်း၊ ပညာရေးကဏ္ဍ၊ စက်မှု ကုန်ထုတ်လုပ်ကဏ္ဍ၊ စီးပွားရေးကဏ္ဍ စသည်တို့အား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ ထို့အပြင် ခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုး တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
		#World_News
Published 28 August 2025
▪️ ထရမ့်ရဲ့ အမေရိကန်အစိုးရက နိုင်ငံခြားကျောင်းသားများ၊ တာဝန်ကျ နိုင်ငံခြားဧည့်သည်များ၊ မီဒီယာအဖွဲ့ဝင်များရဲ့ ဗီဇာကာလကို တင်းကြပ်ရန် ရည်ရွယ်နေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစိုးရဥပဒေကြမ်းအဆိုအရ သိရပါတယ်။
▪️ သမ္မတဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးပြန်လည်ရရှိပြီးနောက် လူဝင်မှုနှိမ်နင်းရေးတွေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
▪️ ယခုနောက်ဆုံးထုတ်ပြန်ချက်ကြောင့် အမေရိကန်မှာ သက်တမ်းတိုးနေထိုင်လိုတဲ့ နိုင်ငံခြားကျောင်းသားတွေ၊ တာဝန်ကျလုပ်သားတွေ၊ နိုင်ငံခြားသတင်းထောက်တွေအတွက် အခက်အခဲ ဖြစ်လာစေဦးမှာပါ။
▪️ အဆိုပြုဥပဒေကြမ်းအရ နိုင်ငံခြားကျောင်းသားများအတွက် F ဗီဇာ၊ အမေရိကန်မှာ တာဝန်ကျအလုပ်လုပ်ခွင့်ပြုတဲ့ J ဗီဇာ၊ မီဒီယာများအတွက် I ဗီဇာများကို အချိန်ကာလအတိအကျ သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။
▪️ ကျောင်းသားတွေနဲ့ တာဝန်ကျလုပ်သား ဗီဇာကာလတွေက ၄ နှစ်ထက်မပိုနိုင်ဘဲ သတင်းထောက်တွေအတွက် ဗီဇာကတော့ ရက်ပေါင်း ၂၄၀ အထိ ဖြစ်နိုင်ကာ တရုတ်မီဒီယာတွေဆိုရင်တော့ ရက် ၉၀ အထိသာ ဖြစ်နိုင်ပါတယ်။
▪️ ဒါဟာ ဗီဇာကိုင်ဆောင်ထားသူတွေ အမေရိကန်မှာ ရှိနေစဉ် သေချာစောင့်ကြည့်ကြီးကြပ်သွားဖို့ ဖြစ်တယ်လို့ အစိုးရကပြောပါတယ်။
▪️ ၂၀၂၀ တုန်းက အလားတူဆောင်ရွက်ချက်မျိုး အဆိုပြုစဉ်က နိုင်ငံရပ်ခြားပညာသင်များကို ကိုယ်စားပြုတဲ့ NAFSA အဖွဲ့အစည်းက ကန့်ကွက်ခဲ့ပါသေးတယ်။
▪️ ထရမ့်အစိုးရက တရားဝင်ရွှေ့ပြောင်းနေထိုင်မှုအပေါ် စိစစ်မှုကို တိုးမြှင့်ထားကာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဂရင်းကတ်တွေနဲ့ ကျောင်းသားဗီဇာများကို ရုပ်သိမ်းလိုက်ပါတယ်။
Source: Reuters
		#Local_News
Published 28 August 2025
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ကူမင်းမြို့တွင် စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ကို ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ပါဝင်တက်ရောက်ကြမည့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သြဂုတ်လ ၂၇ ရက် က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးရှေ့ ယာယီခန်းမ၌ တွေ့ဆုံ၍ ယင်းခရီးစဉ်သည် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ဖြစ်၍ အရေးကြီးကြောင်း ပြောကြားသည်။
▪️ ထို့အတူ ယခင်ရှိပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးစဉ်တွင်လိုက်ပါကြမည့် ကိုယ်စားလှယ်များအနေဖြင့် တစ်ဦးချင်း၊ အဖွဲ့လိုက်ကျရာတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။
▪️ ထို့ပြင် ယခုခရီးစဉ်တွင် မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအပြင် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝနှင့် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာအကအလှနှင့် ရုပ်သေးအက၊ မြန်မာ့လက်မှုပညာများကို မိတ်ဆက်ပြသသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အောင်မြင်သော ခရီးစဉ်တစ်ခုဖြစ်စေရေးအတွက် အားလုံးပူပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
▪️ ယင်းနောက် ကမ္ဘာလုံးဆိုင်ရာတောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ တောင်ပိုင်းဒေသ ညချမ်းနှင့်ချည် Show ပိုးဖဲ အနီးအနားတဖွဲဖွဲ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေမည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ဝတ်စုံပြည့်သရုပ်ပြကပြခြင်း၊ ရုပ်သေးအကများ ကပြခြင်းဆောင်ရွက်ကြသည်။
▪️ ထို့နောက် ခရီးစဉ်တွင် လိုက်ပါမည့်ကိုယ်စားလှယ်များက ဖိုရမ်တွင် ဆွေးနွေးပြောကြားမည့်အချက်များ၊ ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များနှင့် ခင်းကျင်းပြသမည့်အခြေအနေတို့ကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
▪️ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တောင်ပိုင်းဒေသ ညချမ်းနှင့် ချည် Show ပိုးဖဲ အနီးအနားတဖွဲဖွဲ ဈေးရောင်းပွဲတော်အခမ်းအနားတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ခင်းကျင်းပြသမည့် မြန်မာ့ရိုးရာလက်မှုအနုပညာပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
		၂၈ ဩဂုတ် ၂၀၂၅- သမ္မတ ထရမ့်က Truth Social ပေါ်တွင် တစ်နိုင်ငံလုံးဆန္ဒပြပွဲများကို ထောက်ပံ့မှုအတွက် ဘီလျံနာ ဂျော့ဂ်ျဆိုရော့စ်နှင့် ၎င်း၏သားအား ဖက်ဒရယ် Racketeer Influenced and Corrupt Organizations (RICO) အယောင်ဆောင်လိမ်လည်အကျင့်ပျက်ခြာစား အဖွဲ့အစည်းများ အက်ဥပဒေဖြင့် တရားစွဲဆိုရန် ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့သည်။
ဘာကြောင့် အရေးကြီးသလဲ- ဤစွပ်စွဲချက်များသည် သမ္မတထရမ့်၏ နိုင်ငံရေးဆန့်ကျင်သူများကို အပြစ်ပေးရန် သို့မဟုတ် ထောင်ချရန် တိုက်တွန်းတောင်းဆိုမှုကို ထင်ဟပ်လျက်ရှိပြီး၊ စည်းရုံးဦးဆောင် သူများသည် သမ္မတ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများနှင့် အမေရိကန်မြို့များသို့ ဖက်ဒရယ်တပ်ဖွဲ့များ စေလွှတ်ရန် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ကာ တစ်နိုင်ငံလုံးတွင် လှုပ်ရှားလျက်ရှိသည်။
သူတို့ဘာတွေပြောနေကြသလဲ- "ဂျော့ဂ်ျဆိုရော့စ်နှင့် အံ့အားသင့်စရာ အစွန်းရောက် လက်ဝဲသမား ဖြစ်သည့် သူ့သားတို့သည် အကြမ်းဖက်ဆန္ဒပြပွဲများနှင့် အခြားများစွာကို ထောက်ပံ့နေမှုကြောင့် RICO ဖြင့် တရားစွဲဆို ခံရသင့်သည်။" ဟု ထရမ့်က ရေးသားခဲ့သည်။
"ဆိုရော့စ်နှင့် ၎င်း၏ စိတ်ဝေနာရှင်အုပ်စုသည် ကျွန်တော်တို့နိုင်ငံအား ကြီးမားသောထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ယင်းတွင် အနောက်ကမ်းရိုးတန်းရှိ သူ၏ရူးသွပ်မိုက်မဲနေသည့်မိတ်ဆွေများလည်း ပါဝင်သည်။ သတိထားနေပါ၊ ကျွန်တော်တို့ ခင်ဗျားတို့ကို စောင့်ကြည့်နေသည်။ ဤကိစ္စအတွက် အာရုံ စိုက်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။" ဟုထရမ့်ကရေးခဲ့သည်။
တစ်ဖက်၏အမြင်- "ဤစွပ်စွဲချက်များသည် တရားလွန်ဖြစ်ပြီး မမှန်ကန်ပါ" ဟု Open Society Foundations ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Axiosမီဒီယာ သို့ ပြောကြားခဲ့ပြီး၊ ထိုအဖွဲ့အစည်းသည် "အကြမ်းဖက်ဆန္ဒပြပွဲများကို ထောက်ပံ့ခြင်း သို့မဟုတ် ရန်ပုံငွေထောက်ပံ့ခြင်း မပြုပါ" ဟု ရှင်း လင်းခဲ့သည်။
"ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံထားသော အခြေခံလွတ်လပ်ခွင့်များကို ထောက်ခံပြီး၊ မည်သည့်တက်ကြွသောဒီမိုကရေစီတွင်မဆို အဓိကအချက်ဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်များကို ထောက်ခံသည်။"ဟုသူကပြောသည်။
နောက်ခံအချက်အလက်- ဖက်ဒရယ် RICO ဥပဒေသည် စည်းရုံးဂိုဏ်းဖွဲ့ထားသော ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်များကို ပစ်မှတ်ထားပြီး၊ စည်းရုံးဂိုဏ်းဖွဲ့ထားသော ရာဇဝတ်လုပ်ငန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း အဖြစ် လုပ်ဆောင်သည့် လုပ်ရပ်များအတွက် ပြစ်ဒဏ်များကို တိုးမြှင့်၍ချနိုင်သည်။
RICO သည် သမိုင်းအရ မာဖီးယားအဖွဲ့ဝင်များကို ပစ်မှတ်ထားရန် အသုံးပြုခဲ့သော်လည်း၊ မကြာသေးမီက ရာဇဝတ်လုပ်ငန်းမျိုးစုံကို တရားစွဲဆိုရန် အသုံးပြုလျက်ရှိသည်။
အကျဉ်းချုပ်- ရှေးရိုးသမားများသည် ဆိုရော့စ်ကို နှစ်ပေါင်းများစွာ သရဲသဘက်သဖွယ် ပြောဆိုခဲ့ကြပြီး ၎င်း၏ လက်ဝဲ ယိမ်းယိုင်သော အကြောင်းကိစ္စအမျိုးမျိုးကို ထောက်ပံ့မှုကြောင့် ၎င်း၏အမည်သည် လက်ယာစွန်း ပူးပေါင်းကြံစည်မှုသီအိုရီများတွင် မကြာခဏ ထည့်သွင်းဖော်ပြခံရသည်။
Open Society Foundations သည် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး၊ နိုင်ငံသားပါဝင်ပတ်သက်မှုနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့များအပါအဝင် လှုပ်ရှားမှုအဖွဲ့မျိုးစုံကို ထောက်ပံ့ပေးသည်။
ချဲ့ကားကြည့်ရန်- သမ္မတသည် ရာထူးပြန်လည်ရယူပြီးကတည်းက သူ၏နိုင်ငံရေးကို ဆန့်ကျင်သူများကို စုံစမ်းစစ်ဆေးမှုများစွာ စတင်ခဲ့ပြီး၊ ရာဇဝတ်မှုဆိုင်ရာ လွှဲပြောင်းမှုများအတွက် အိမ်ခြံမြေလိမ်လည်မှုကို ကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့သည်။
သူသည် "လက်ဝဲအစွန်းရောက်ရူးသွပ်သူများ" ကို ဆန့်ကျင်ရေးအတွက် စစ်တပ်ကို စစ်စည်းရုံးရန်လည်း အဆိုပြုခဲ့ပြီး၊ အစိုးရအတွင်းရှိ "အတွင်းရန်သူများ" ကို ဖယ်ရှားရန် ကတိပြုခဲ့သည်။
Source Axios
		#World_Science
Published 28 August 2025
▪️ ကြယ်တံခွန်လို့ သတ်မှတ်ထားတဲ့ 3I/Atlas အာကာသပစ္စည်းဟာ ကမ္ဘာဂြိုဟ်နဲ့ နီးကပ်လာသဖြင့် စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
▪️ ဟားဗတ်ရူပဗေဒပညာရှင်ကြီး အေဗီလော့ဘ်ကတော့ ဒါဟာ သာမန်ကြယ်တံခွန်တစ်ခုထက် ပိုနိုင်တယ်ဆိုပြီး ထင်ကြေးပေးလာပါတယ်။
▪️ မန်ဟက်တန်လောက် အရွယ်အစားရှိတဲ့ အရာဝတ္ထုကြီးဟာ ထောက်လှမ်းရေးပြုလုပ်နေတဲ့ ဂြိုဟ်သားယာဉ်ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။
▪️ ဒီအရာဟာ ဖန်တီးပြုလုပ်ထားတာ ဖြစ်နိုင်ပြီး ထောက်လှမ်းရေးတာဝန် လုပ်နေတာမှန်တယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။
▪️ အချက်အလက်များအရ ဒီအရာဟာ ၁၂ မိုင်ကျယ်ပြီး တစ်စက္ကန့်ကို ၃၇ မိုင်နှုန်းဖြင့် ရွေ့နေကာ အောက်တိုဘာ ၃၀ ရက်နေ့မှာ ကမ္ဘာဂြိုဟ်နဲ့ မိုင်ပေါင်းသန်း ၁၃၀ အတွင်းရောက်ရှိနိုင်တယ်လို့ နာဆာက ဖော်ပြထားပါတယ်။
▪️ ဒီအရာရဲ့ရှေ့မှာ မထင်ထားတဲ့ အလင်းလေးလင်းနေတာဟာ အံ့အားသင့်စရာဖြစ်တယ်လို့ လော့ဘ်က ပြောပါတယ်။
▪️ သာမန်ဆိုရင် ကြယ်တံခွန်တွေက အနောက်မှာ အမြီးတန်းကျန်ခဲ့ပေမယ့် ဒီအရာကတော့ အရှေ့မှာ လင်းနေတယ်လို့ ဆိုပါတယ်။
▪️ 3I/Atlas က မားစ်ဂြိုဟ်၊ ဗီးနပ်စ်ဂြိုဟ်၊ ဂျူပီတာဂြိုဟ်တို့အနီးကနေ ဖြတ်သန်းသွားနိုင်ပြီး ဦးတည်ချက်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။
▪️ ဒါကြီးက နည်းပညာပိုင်းဆိုင်ရာပစ္စည်းသာဖြစ်ရင် အနာဂတ်လူသားမျိုးနွယ်အတွက် သက်ရောက်မှုကြီးမားလိမ့်မယ်လို့ လော့ဘ်က ပြောသွားပါတယ်။
Source: Hindustan Times
		#World_Health
Published 28 August 2025
▪️ ဆီးချိုဒုတိယအမျိုးအစားရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးထိခိုက်နေတာကို မသိရှိတဲ့အခြေအနေ နှစ်ဆနီးပါးပိုများတယ်လို့ လက်စတာသုတေသီများ တွေ့ရှိထားပါတယ်။
▪️ နှလုံးသွေးကြောငယ်ပျက်ယွင်းခြင်း(CMD)အကြောင်း အသေးစိတ်အကျဆုံး စူးစမ်းလေ့လာထားကြတာ ဖြစ်ပါတယ်။
▪️ CMD က နှလုံးရဲ့ အသေးငယ်ဆုံးသွေးကြောတွေဆီ သွေးစီးဆင်းမှုချို့ယွင်းရာကနေ စောစီးစွာ အသံတိတ်နှလုံးထိခိုက်တဲ့အခြေအနေ ဖြစ်ပါတယ်။
▪️ NIHR လက်စတာဇီဝဆေးသုတေသနစင်တာမှာ လေ့လာချက် ၄ ခုပြုလုပ်ခဲ့ပြီး ဆီးချိုရှိသူ အမျိုးသမီး ၄၆ ရာခိုင်နှုန်းမှာ CMD လက္ခဏာတွေ့ခဲ့ပြီး အမျိုးသားတွေကတော့ ၂၆ ရာခိုင်နှုန်းဖြစ်ပါတယ်။
▪️ ပုံမှန်စစ်ဆေးရုံဖြင့် မတွေ့နိုင်တဲ့ နှလုံးရောဂါ အစောပိုင်းလက္ခဏာတွေကို တွေ့နေရပြီး အမျိုးသမီးတွေ အဖြစ်အများဆုံးလို့ လက်စတာတက္ကသိုလ်မှ NIHR သုတေသနပရော်ဖက်ဆာ ဂယ်ရီမက်ကန်းက ပြောပါတယ်။
▪️ စမ်းသပ်ခံသူအားလုံးမှာ ရောဂါလက္ခဏာမပြခြင်းက ဒီလေ့လာချက်မှာ အထင်ရှားဆုံးဖြစ်နေပါတယ်။
▪️ CMD ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အမျိုးသမီးတွေမှာဆိုရင် BMI များခြင်းနဲ့ အသက်ဆိုင်ဆုံးဖြစ်ပြီး အမျိုးသားတွေမှာတော့ သွေးပေါင်ချိန်များခြင်းက ပိုမိုသက်ဆိုင်ပါတယ်။
▪️ ယခုလိုတွေ့ရှိချက်က အနာဂတ်မှာ ရောဂါကာကွယ်ရေးနည်းလမ်းများအတွက် အရေးကြီးလာနိုင်ပြီး အမျိုးသမီးတွေမှာ ကိုယ်အလေးချိန်ချခြင်း၊ အမျိုးသားတွေမှာ သွေးပေါင်ချိန်ချခြင်းတို့က စောစီးစွာ နှလုံးထိခိုက်ခြင်းမှ ကာကွယ်စေနိုင်မယ်လို့ NIHR မှ ညွှန်ကြားရေးမှူး မယ်လာနီဒေးဗီးစ်က ပြောသွားပါတယ်။
Source: ANI News.
ဂျာမနီ နှစ် (၈၀) ပြည့် သမိုင်းဝင်မှုခင်းအဖြစ်အပျက်များနေ့မှာ နူရမ်ဘတ်အထိမ်းအမှတ် တရားစီရင်ရေးပြခန်းသို ဧည့်ခရီးသွားအများအပြား လာရောက်ကာ အတိတ်အကြောင်းကို အမှတ်ရစေပြီး ပညာရေးကိုပုံဖော်ခဲ့တဲ့အကြောင်း သိရှိလိုကြတာဖြစ်ပါတယ်။
#World_History
Published 27 August 2025 
#ဂျာမနီတရားစီရင်ရေးပြခန်း #နာဇီခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
Page 63 of 1815