#World_Health
Published 21 December 2025
■ လူအများစုဟာ တစ်ညကို အိပ်ချိန် ၆ နာရီအောက်သာ အိပ်စက်ကြရပြီး အလုပ်ဖိအား၊ ဖုန်းကွန်ပျူတာစွဲလမ်းခြင်းတို့ကို အကြောင်းပြနေကြပေမယ့် ခန္ဓာကိုယ်ကတော့ ကြီးကြီးမားမား ပေးဆပ်နေရတယ်လို့ ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။
■ ရေရှည်အိပ်ရေးပျက်တဲ့အခါ ဦးနှောက်၊ နှလုံး၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ရေရှည်ကျန်းမာရေးတို့ကို ဘာတွေဖြစ်စေလဲဆိုတာ မဏိပေါဆေးရုံမှ ဒေါက်တာ ဂါဂျီဆင်းထာကာက ပြောပြပါတယ်။
■ အိပ်စက်နေတဲ့အခါ ဦးနှောက်ပြန်လည်အားဖြည့်ခြင်း၊ ဟော်မုန်းတွေ ထိန်းညှိခြင်း၊ တစ်ရှူးများပြုပြင်ခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ခြင်းတို့ ပြုလုပ်စေတာကြောင့် အိပ်ရေးပျက်တဲ့အခါ အကုန်လုံးနှောင့်နှေးကုန်တယ်လို့ ရှင်းပြပါတယ်။
■ ပထမဆုံးထိခိုက်တာက ဦးနှောက်ဖြစ်ပြီး အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ ကျဆင်းလာကာ အာရုံထွေပြားခြင်း၊ မေ့လျော့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှောင့်နှေးခြင်းတို့ ခံစားရတတ်ပါတယ်။
■ ဒါ့အပြင် စိတ်ခံစားချက် ထိန်းညှိနိုင်စွမ်း နှောင့်ယှက်ခံရကာ စိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ရုတ်တရက် စိတ်အပြောင်းအလဲ ဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါသေးတယ်။
■ ဟော်မုန်းတွေ မညီမမျှဖြစ်ကုန်ပြီး ဆာလောင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေ လွတ်ထွက်ကုန်ကာ ပိုမိုဗိုက်ဆာလာပြီး ကယ်လိုရီနဲ့ အချိုများတဲ့အစာတွေ စားမိကာ အဝလွန်စေနိုင်ပါတယ်။
■ ဖိစီးမှုဟော်မုန်းတွေ များလာသဖြင့် ကြာရှည်လာတဲ့အခါ သွေးဖိအားတက်စေကာ နှလုံးရောဂါအန္တရာယ် ရှိနိုင်ပါတယ်။
■ ကိုယ်ခံအားလျော့နည်းစေပြီး ရောဂါဘယတွေကနေ ပြန်လည်သက်သာမှုနှုန်း နှေးစေပါတယ်။
■ သွေးတွင်းသကြားဓာတ် မထိန်းချုပ်နိုင်တော့ဘဲ ဆီးချိုနဲ့ ဇီဝဖြစ်စဉ်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားကာ ဖုန်းကွန်ပျူတာကြည့်ချိန် ကန့်သတ်ခြင်း၊ ဖိစီးမှုထိန်းချုပ်ခြင်းတို့ပြုလုပ်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားပါတယ်။
Source: India Today
#World_Health
Published 21 December 2025
■ ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေခြင်း၊ အစာကြေစေခြင်း စသဖြင့် အမျိုးမျိုးပါဝင်ပါတယ်။
■ နံနက်ခင်းမှာ ကြက်သွန်ဖြူအစိမ်းလိုက်စားခြင်းဖြင့် ကိုလက်စထရောကျဆင်းစေနိုင်တယ်လို့ ယူဆထားကြပါတယ်။
■ သူ့ရဲ့ သတ္တိကြွဒြပ်ပေါင်းတွေက သွေးဖိအားများခြင်းကို သဘာဝအတိုင်း ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ယူဆချက်လည်းရှိပါတယ်။
■ ဒီအကြောင်းကို သိပ္ပံနည်းအရ လေ့လာမယ်ဆိုရင် ကြက်သွန်ဖြူကို ချေခြင်း၊ လှီးခြင်း၊ ဝါးခြင်းတို့ ပြုလုပ်တဲ့အခါ အယ်လီဆင်ဒြပ်ပေါင်း ထွက်လာပြီး သွေးလမ်းကြောင်းထဲ ရောက်စေပါတယ်။
■ သွေးကြောထဲမှာ နိုက်ထရစ်အောက်ဆိုဒ်တွေ ထွက်လာအောင် လှုံ့ဆော်ပေးပြီး သွေးကြောတွေကို ကျယ်စေပါတယ်။
■ ထိုအခါ သွေးကြောထဲက ဖိအားတွေလျော့ကျသွားပြီး သွေးပေါင်ချိန်ကို တိုက်ရိုက်ကျဆင်းစေပါတယ်။
■ လေ့လာချက်အများအပြားထဲမှာ သွေးတိုးလူနာတွေကို ကြက်သွန်ဖြူဖြည့်စွက်ဆေး ပေးခဲ့ရာ ပျမ်းမျှအားဖြင့် အပေါ်သွေး ၈.၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၅.၅ မီလီမီတာမာကျူရီ ကျဆင်းစေတာ တွေ့ခဲ့ပါတယ်။
■ အစာမရှိတဲ့အချိန် ကြက်သွန်ဖြူအစိမ်းလိုက်စားပေးပါက အယ်လီဆင်စုပ်ယူမှုကို မြှင့်တင်ပေးပြီး သွေးတိုးထိန်းချုပ်ရာမှာ ထိရောက်မှုမြင့်မားစေနိုင်ပါတယ်။
■ တစ်နေ့ကို ထုချေထားတဲ့ ကြက်သွန်ဖြူအစိမ်းလိုက်ကို တစ်မွှာနှစ်မွှာခန့် စားသုံးဖို့အကြံပြုထားပြီး များသွားရင်တော့ အက်ဆစ်ဓာတ်များခြင်း၊ အစာခြေမကောင်းခြင်းတို့ ဖြစ်တတ်ပါတယ်။
■ ကြက်သွန်ဖြူကို ကျန်းမာရေးအတွက် အထောက်အပံ့ပေးတဲ့ နည်းလမ်းအဖြစ် မှီဝဲသင့်ပါတယ်။
Source: The Guardian.
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တည်ရှိတဲ့ ပွိင်ပက်မြို့လေးဟာ ပဋိပက္ခဖြစ်ပြီးတည်းက မရှိမဖြစ်လိုအပ်ချက်ပစ္စည်းများ ကွင်းဆက်ပြတ်တောက်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ မရေမရာဖြစ်နေပါတယ်။
#Asia_Crisis
Published 20 December 2025
#ထိုင်း_ကမ္ဘောဒီးယား
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့အပတ်က ကျဆင်းခဲ့တဲ့စက်သုံးဆီဈေးအားလုံးဟာ အခုတစ်ပတ်မှာတော့ အတက်အကျအနည်းငယ်ရှိနေတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
#Local_News
Published 20 December 2025
#စက်သုံးဆီ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ပြည်ကြီးချမ်းသာ မဟာစေတီတော် (မြို့ဦးစေတီတော်ကြီး) ပရိဝဏ်အတွင်းမှာတည်ဆောက်သွားမယ့်
" ဗုဒ္ဓသာသနာ့ ဗိမ္မာန်တော်ကြီး"ကို ကျပ်သိန်းပေါင်းသုံးသောင်းခွဲ ခန့်အကုန်အကျခံ၍တည်ဆောက်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 20 December 2025
#ဗုဒ္ဓသာသနာ့ဗိမ္မာန်တော်ကြီး #ပြည်ကြီးချမ်းသာ
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)မှာ တည်ဆောက်နေတဲ့ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းဟာစက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မယ့် ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောပါတယ်။
#Local_News
Published 20 December 2025
#သန်လျင်ရေနံချက်စက်ရုံ #သန်လျင်မြို့
#YMG/SW #Yangon_Times
#Daily_News
Published 20 December 2025
၁။ သန်လျင်ရေနံချက်စက်ရုံစီမံကိန်းသည်စက်သုံးဆီကို ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မည့် ပထမဆုံးခြေလှမ်းဖြစ်
၂။ ဗုဒ္ဓသာသနာ့ဗိမ္မာန်တော်ကြီးကို ကျပ်သိန်းပေါင်းသုံးသောင်းခွဲခန့် အကုန်အကျခံ၍ တည်ဆောက်သွားမည်
၃။ စက်သုံးဆီဈေး အတက်အကျအနည်းငယ်ရှိ
၄။ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခကြောင့် နယ်စပ်မြိုများမှစီးပွားရေးလုပ်ငန်းများရပ်တန့်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 20 December 2025
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပန်းပွဲတော်ကို ကလောမြို့၊ မောမြေဦးပန်းခြံ၌၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင်ဒေသ ထွက်ပန်းမျိုးစိတ်များပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြားတို့ဖြင့် ပြသသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် စာအုပ်စာစောင်များအနား ယူဖတ်ရှုလေ့လာ နိုင်မည့် စာကြည့်တိုက်နှင့် အလှဓာတ်ပုံများရိုက်ကူးရန် နေရာများစွာပါဝင်ကြောင်း၊ အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန်အား ကစားကွင်းနှင့်ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာအေရာင်းဆိုင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 20 December 2025
▪️ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပပြု နေသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ မြန်မာအသင်း အနေဖြင့် ရိုးရာလှေလှော်နှင့် လက်ဝှေ့အားကစားနည်းမှ ငွေ၊ ကြေး ဆုတံဆိပ် ခုနစ်ခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
▪️ မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာ လှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယမာန်နေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် ခရစ်ကတ်အားကစားနည်း အမျိုးသမီး T20i တတိယလုပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ သေနတ်ပစ်အားကစားနည်း ၅၀ မီတာ ရိုင်ဖယ် အနေအထားသုံးမျိုး အမျိုးသားတစ်ဦးချင်း လက်ရည်စစ်ပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဘော်လီဘောပြိုင်ပွဲ အဆင့်(၅)လုပွဲတွင် မြန်မာအသင်းနှင့် စင်ကာပူအသင်း၊ အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်း အမျိုးသား၊ အမျိုးသမီး ကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ နဂါးလှေအမျိုးသား(၁၀)တက်လှော် ၅၀၀ မီတာပြိုင်ပွဲ ဗိုလ်လုပွဲများနှင့် အမျိုးသား+ အမျိုးသမီး ပေါင်းစပ်လှော် (၂၀)တက် ၅၀၀ မီတာပြိုင်ပွဲ ဗိုလ်လုပွဲ၊ နပန်းအားကစားနည်း Men’s Freestyle – 57kg အုပ်စုပတ်လည် ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ Men’s Freestyle – 65kg အုပ်စုပတ်လည် ပြိုင်ပွဲနှင့် ဗိုလ်လုပွဲ၊ မြင်းစီးအားကစားနည်း တစ်ဦးချင်းလူရွေးပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
▪️ ရိုးရာလှေလှော် အားကစားနည်း နဂါးလှေလှော် အမျိုးသား(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ စောနိုင်လင်းကျော်၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု၊ အမျိုးသမီး(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်၊ ချိုချိုလွင်နှင့် နွယ်နီဝင်းတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု စုစုပေါင်းကြေးတံဆိပ်ဆုနှစ်ခု ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
▪️ အဆိုပါပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုသုံးခုဆွတ်ခူးရရှိခဲ့သည့် နဂါးလှေလှော်အားကစားနည်း အမျိုးသား၊ အမျိုးသမီးအသင်းမှ အားကစားသမားများနှင့် ယမန်နေ့ ပြိုင်ပွဲပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့် ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တစ်ခုရရှိခဲ့သည့် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲကို ဒုတိယဝန်ကြီး ဦးထိန်လင်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
▪️ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း အမျိုးသားကမ်းရိုးတန်း၊ ကမ်းခြေတစ်ယောက် လှော်(၂) တက်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ ဝေယံမိုးနှင့် ထိုင်းအသင်းမှ အားကစားသမားတို့ ယှဉ်ပြိုင်လှော်ခတ်ခဲ့ရာ မြန်မာအသင်းမှ ဝေယံမိုးက ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့ပြီး ယမန်နေ့ ပြိုင်ပွဲပွဲစဉ်များဖြစ်သည့် လက်ဝှေ့အားကစား နည်း ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ထားထားနွယ်က ကြေးတံဆိပ်ဆုတစ်ခု၊ ၆၆ ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်းက ကြေးတံဆိပ်ဆု တစ်ခု၊ ၅၀ ကီလိုတန်းပြိုင်ပွဲတွင် မြမိုးသူက ကြေးတံဆိပ်ဆု တစ်ခု ၅၇ ကီလိုတန်းပြိုင်ပွဲတွင် ဆုမြတ်နိုးက ကြေးတံဆိပ်ဆု တစ်ခု စုစုပေါင်း ကြေးတံဆိပ်ဆုလေးခုတို့ကို အသီးသီးထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
▪️ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၉ ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် ၂၁ ခု၊ ကြေးတံဆိပ် ၄၆ ခု စုစုပေါင်း ဆုတံဆိပ် ၇၀ ခုတို့ဖြင့် နိုင်ငံအလိုက်အဆင့် ၇ တွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 20 December 2025
■ တရုတ်(တိုင်ပေ) မြို့တော်မှာ သောကြာနေ့ညနေက လူတစ်ဦးက ဓားနဲ့ မီးခိုးဗုံးများ ကိုင်ဆောင်ပြီး လူအုပ်တွေထဲ တိုက်ခိုက်ခဲ့ပါတယ်။
■ ဒီအတွက် အနည်းဆုံး ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ပြီး တရားခံဟာလည်း ကုန်တိုက်တစ်ခုပေါ်ကနေ ခုန်ချအဆုံးသတ်သွားတယ်လို့ သတင်းဌာနတွေနဲ့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
■ အဆောက်အဦ ၆ လွှာပေါ်ကနေ ခုန်ပြီးနောက် ဆေးရုံတစ်ခုမှာ သေဆုံးကြောင်း ကြေညာခဲ့ကြပါတယ်။
■ အသက် ၂၇ နှစ်အရွယ် ချန်ဝမ်ဟာ တိုင်ပေဘူတာကြီး မြေအောက်ထွက်ပေါက်အနီးမှာ မီးခိုးဗုံးများ ပစ်ခဲ့ပြီး ချွန်ထက်တဲ့အရာနဲ့ လူတွေကို ကြုံရာလိုက်ထိုးနေခဲ့ကြောင်း မီဒီယာတွေ ဖော်ပြထားပါတယ်။
■ Eslite Spectrum Nanxi ကုန်တိုက် ပထမထပ်နဲ့ စတုတ္ထထပ်တို့မှာလည်း မီးခိုးဗုံးတွေသုံးပြီး လူတွေကို ဓားနဲ့လိုက်ထိုးခဲ့တယ်လို့ သိရပါတယ်။
■ ပြစ်မှုကျူးလွန်ရာ နေရာ ၂ ခုကြား မြေအောက်လမ်းကြောင်းထဲမှာ လက်နက်ပစ္စည်းတွေကို ဝင်ယူခဲ့ဟန်ရှိတယ်လို့ ဖော်ပြထားပါတယ်။
■ ကြံရာပါတွေ ပါဝင်လားဆိုတာနဲ့ ကျူးလွန်ရတဲ့ အကြောင်းအရင်းတွေကို ရဲတွေစုံစမ်းစစ်ဆေးနေပါတယ်။
■ ဘူတာရုံအပေါက်ဝမှာ တရားခံကို ရပ်တန့်ဖို့ကြိုးစားတဲ့ အသက် ၅၇ နှစ်အရွယ် လူတစ်ဦးကတော့ အန္တရာယ်များလောက်တဲ့ ဒဏ်ရာရခဲ့ပါတယ်။
■ ချန်ဝမ်ဟာ ၂၀၂၄ နိုဝင်ဘာလမှာ မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကို ချိုးဖောက်တဲ့အတွက် အစိုးရမှ အလိုရှိနေသူဖြစ်ပါတယ်။
Source: AP News
#World_Health
Published 20 December 2025
■ ကားထဲက လေလှည့်လည်စနစ်ခလုတ်ကို အချိန်ကြာရှည်စွာ ဖွင့်ထားပါက နာရီပိုင်းအတွင်းမှာပင် အိပ်ငိုက်လာနိုင်တယ်လို့ ဆရာဝန်တွေ သတိပေးလာပါတယ်။
■ အဓိကပြဿနာက အောက်ဆီဂျင်ကုန်ခမ်းသွားတာ မဟုတ်ဘဲ ကားအတွင်းက လေတွေ မလတ်ဆတ်တော့တာ ဖြစ်တယ်လို့ အက်စ်တာဝှိုက်ဖီးလ်ဆေးရုံမှ အဆုတ်အထူးကု ဒေါက်တာအန်နီကာပါရီကာက ပြောပါတယ်။
■ ပြတင်းပေါက်တွေ ပိတ်ထားတဲ့အတွက် ဒီလေကိုပဲ အကြိမ်ကြိမ်ရှူမိနေကာ အသက်ရှူထုတ်လိုက်တိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ တဖြည်းဖြည်းများလာပါတယ်။
■ အဝင်အထွက်မကောင်းတဲ့လေက စိတ်ထဲမှာ နောက်ကျိစေပြီး မူးမိုက်ငိုက်မျဉ်းလာစေနိုင်တယ်လို့ ရှင်းပြထားပါတယ်။
■ ကာဗွန်ဒိုင်အောက်ဆိုဒ် အနည်းငယ်မျှ မြင့်တက်လာရုံဖြင့် ဦးနှောက်လှုပ်ရှားမှုနဲ့ နိုးကြားမှု လျော့ကျစေပါတယ်။
■ ဦးနှောက်ထဲသို့ အောက်ဆီဂျင်ရောက်ရှိနိုင်စွမ်း ကျဆင်းလာပြီး လေးလံထိုင်းမှိုင်းခြင်း၊ စဉ်းစားနိုင်စွမ်း နှေးကွေးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ နိုးကြားမှုပုံမှန်မဟုတ်တဲ့အခါ ကားမောင်းသူတွေအတွက် မတော်တဆဖြစ်နိုင်ခြေ များစေပါတယ်။
■ လေလှည့်ပတ်စနစ်က ကားကို အလျင်အမြန် အေးဖို့အတွက် ခဏတာသာ ဖွင့်သင့်ပြီး မိနစ် ၃၀ ကြာတိုင်း လတ်ဆတ်သောလေစနစ်ကို ပြောင်းလဲပေးသင့်တယ်လို့ အကြံပြုထားပါတယ်။
■ ရုတ်တရက် ငိုက်မျဉ်းခြင်း၊ ဦးခေါင်းလေးလံခြင်း၊ မူးဝေခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းတို့ ဖြစ်လာတဲ့အခါ ချက်ချင်းလတ်ဆတ်တဲ့လေ လိုအပ်ပါတယ်။
■ ဒါကြောင့် လေလှည့်ပတ်စနစ်၊ လတ်ဆတ်သောလေစနစ်နဲ့ ပြတင်းပေါက်မှန်ဖွင့်ခြင်းတို့ကို အလှည့်ကျပြောင်းလဲဖို့ အကြံပြုသွားပါတယ်။
Source: Indian Express
#World_Health
Published 20 December 2025
■ လူသားဦးနှောက် ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ကာလအပိုင်းအခြားကြီး ၅ ခုကို သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
■ အသက် ၁ နှစ်မှ ၉၀ နှစ်ကြား လူပေါင်း ၄ ထောင်နီးပါးရဲ့ ဦးနှောက်ဓာတ်မှန်တွေဖြင့် အာရုံကြောချိတ်ဆက်မှုတွေနဲ့ ဘဝတလျှောက် ဆင့်ကဲပြောင်းလဲပုံကိုလေ့လာခဲ့ကြပါတယ်။
■ ဦးနှောက်ဖွဲ့စည်းမှုက အသက် ၉ နှစ်၊ ၃၂ နှစ်၊ ၆၆ နှစ်၊ ၈၃ နှစ်တို့မှာ လမ်းကြောင်းပြောင်းလဲတတ်ပြီး ကာလ ၅ ခု ကွဲသွားပါတယ်။
■ ဦးနှောက်ဟာ ထိုကာလအပိုင်းအခြား ၅ ခုကို ဖြတ်သန်းကြတယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒွန်ကန်အက်စ်တယ်က ပြောပါတယ်။
■ ဒါဟာ အလှည့်အပြောင်းတွေထဲက တစ်ခုဖြစ်ပြီး ချိတ်ဆက်မှုတွေအကြောင်း သိလာစေမယ်လို့ ဆိုပါတယ်။
■ ကလေးဘဝဖွံ့ဖြိုးမှုက မွေးရာကနေ အသက် ၉ နှစ်အထိဖြစ်ပြီး ဒီနောက်ဆယ်ကျော်သက်ကာလသို့ ကူးပြောင်းတဲ့အခါ ၃၂ နှစ်အထိ ကြာမြင့်တတ်ပါတယ်။
■ ၃၀ အစောပိုင်းမှာ ဦးနှောက်အာရုံကြောတွေက အရွယ်ရောက်တဲ့ကာလသို့ ရောက်ရှိပြီး နှစ် ၃၀ ကျော်လောက် ကြာမြင့်သွားပါတယ်။
■ ၆၆ နှစ်အပိုင်းအခြားမှာ အစောပိုင်းအိုမင်းလာတဲ့ ကာလရောက်လာပြီး နောက်ဆုံးကတော့ ၈၃ နှစ်မှာ ပြောင်းလဲပါတယ်။
■ ဆယ်ကျော်သက်ဦးနှောက်ကာလက ဦးနှောက်ဆက်သွယ်မှုတွေ ကောင်းမွန်မြန်ဆန်ပြီး အရွယ်ရောက်ကာလမှာတော့ ဦးနှောက်တည်ဆောက်ပုံ တည်ငြိမ်သွားပါတယ်။
■ ဒီလေ့လာချက်တွေကနေ စိတ်ကျန်းမာရေးအန္တရာယ်တွေအကြောင်း သိလာနိုင်ပြီး ဦးနှောက်ပြောင်းလဲမှုတွေနဲ့အတူ ဘဝအခြေအနေ သက်ရောက်ပုံတွေကို သိလာစေမှာဖြစ်ပါတယ်။
Source: The Guardian.
Page 63 of 1915