စက်ဖြင့်ပြုလုပ်တဲ့ မာဂျောင်အတုံးတွေဟာ ဈေးနှုန်းသက်သာသလို လက်ဖြင့်ပုံဖော်သူ နောက်ဆုံးမျိုးဆက်တွေဟာလည်း အသက်အရွယ်ကြီးလာသဖြင့် လက်လုပ်မာဂျောင်တွေနေရာမှာ အစားထိုးဝင်ရောက်လာကြကာ ဟောင်ကောင်မှာ မာဂျောင်လက်ထွင်းလက်မှုပညာ တိမ်ပါးလာပါတယ်။
#World_Culture
Published 14 May 2025
#မာဂျောင်လက်ထွင်းလက်မှုပညာ #တိမ်ကောပပျောက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 May 2025
၁။ ဝယ်လိုအားမြင့်လာ၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာ
၂။ လုပ်သားစေလွှတ်ခြင်းမရှိသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများလည်း စေလွှတ်လချုပ်စာရင်းပေးပို့ရမည်
၃။ ဒေသအချို့တွင်မိုးကြီး၍ ရေကြီးခြင်းနှင့်မြေပြိုခြင်းများ သတိပြုရန် မိုးဇလ အကြံပြု
၄။ ဟောင်ကောင်တွင် မာဂျောင်လက်ထွင်းလက်မှုပညာ တိမ်ကောပပျောက်ရန်နီးစပ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 14 May 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အင်္ဂါနေ့က ပါရှန်းပင်လယ်ကွေ့ခရီးစဉ် စတင်သွားရောက်ခဲ့ကာ ဆီးရီးယားအပေါ် အချိန်ကာလကြာမြင့်စွာ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်ဖယ်ရှားပေးသွားဖို့နဲ့ ဆော်ဒီအာရေဗျဘက်မှ အမေရိကန်သို့ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံရေး ကတိကဝတ်တို့အကြောင်း အံ့အားသင့်ဖွယ် ကြေညာလိုက်ပါတယ်။
▪️ အမေရိကန်က ဆော်ဒီအာရေဗျထံ ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ကြေးရှိတဲ့ လက်နက်ပစ္စည်းများ ရောင်းချရန် သဘောတူညီခဲ့ကာ အိမ်ဖြူတော်ကတော့ ဒါကို အကြီးမားဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လို့ သတ်မှတ်လိုက်ပါတယ်။
▪️ ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ရပ်တန့်တဲ့အခါ ဆယ်စုနှစ်တစ်ခုကျော်အထိ ပြည်တွင်းစစ်ဒဏ်သင့်ခဲ့ရာကနေ ထောက်ပံ့မှုကြီးရလာနိုင်ပါတယ်။
▪️ ဆော်ဒီမြို့တော် ရီယတ်မှာပြုလုပ်တဲ့ ဖိုရမ်မှာ သံတမန်ရေးကိစ္စများလည်း ပါဝင်ခဲ့ပြီး ဆော်ဒီအာရေဗျရဲ့ အရှင်သခင် မင်းသားမိုဟာမက်ဘင်ဆယ်မန်မှ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် တောင်းဆိုတဲ့အတိုင်း ထရမ့်က လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။
▪️ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အရေးပါတဲ့လုပ်ဆောင်ချက်အဖြစ် ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ဆီးရီးယားအနေနဲ့ ရှေ့သို့လှမ်းရမယ့်အချိန်ရောက်ပြီလို့ ပြောပါတယ်။
▪️ ဒီလုပ်ရပ်ဟာ အမေရိကန်ရဲ့ မူဝါဒပြောင်းလဲရေးသဘောကို မြင်ရပါတယ်။
▪️ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်ရှီဘာနီက ဒီလိုဖယ်ရှားပေးခြင်းဖြင့် တိုင်းပြည်ရဲ့ ပြန်လည်တည်ဆောက်ရေးလမ်းကြောင်းအတွက် အခန်းကဏ္ဍသစ် ဖြစ်လာတယ်လို့ X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
▪️ ထရမ့်နဲ့ ဆော်ဒီအိမ်ရှေ့စံမင်းသားတို့က စွမ်းအင်၊ ကာကွယ်ရေး၊ သတ္တုတူးဖော်ရေးနဲ့ အခြားကဏ္ဍတွေပါဝင်တဲ့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
▪️ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရီယတ်ကနေ ကာတာသို့သွားပြီး ကြာသပတေးနေ့မှာ ယူအေအီးသို့ ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
▪️ ခရီးစဉ်အတွင်း အမေရိကန်ရဲ့ အနီးစပ်ဆုံးမဟာမိတ် အစ္စရေးလ်သို့ သွားရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။
#Source: Reuters
#World_Health
Published 14 May 2025
▪️ ကျန်းမာရေးအတွက် စားတဲ့အစားအစာအပြင် စားတဲ့ကြာချိန်ကလည်း အရေးကြီးပါတယ်။
အရမ်းမြန်မြန်ကြီး စားလိုက်ရင် အစာတွေ ပြည့်ကြပ်သွားပြီး ဦးနှောက်ကနေ မစားတော့ဖို့ အချက်မပြခင်မှာပဲ အလွန်အကျွံ စားမိနိုင်ပါတယ်။
▪️ စားတဲ့အခါ မိနစ် ၂၀-၃၀ တောင်မကြာဘူးဆိုရင် စားတာမြန်လွန်းတယ်လို့ ဆိုရမှာပါ။
▪️ အစာအိမ်မှာ ဗိုက်ပြည့်ပြီဆိုတဲ့ ဟော်မုန်းအချက်ပြစနစ်ကနေ ဦးနှောက်သို့ ဆက်သွယ်ရာမှာ မိနစ် ၂၀ ခန့်ကြာမြင့်တာကြောင့် မြန်မြန်စားလိုက်ရင် အချက်ပြမှုတွေကို လွတ်သွားပြီး ဗိုက်ပြည့်တာထက် ပိုစားမိစေနိုင်တယ်လို့ ကလိဗ်လန်းဆေးခန်းမှ လက်စ်လီဟိုင်းဘတ်က ပြောပါတယ်။
▪️ မြန်မြန်စားတဲ့သူတွေဟာ လေတွေကိုမျိုချမိနိုင်ကာ လေပွခြင်း အစာမကြေခြင်းတို့ ဖြစ်နိုင်ပါတယ်။
▪️ ဒါကြောင့် မြန်မြန်စားတဲ့သူတွေဟာ အဝလွန်နိုင်ခြေအများဆုံး ဖြစ်တယ်လို့ လေ့လာချက်တွေမှာ ယူဆထားပါတယ်။
▪️ စားတဲ့အမြန်နှုန်း လျှော့ချဖို့အတွက်ဆိုရင် တီဗီပိတ် ဖုန်းကိုချထားသင့်ပါတယ်။
▪️ တစ်ခုခုကြည့်ရင်း စားတယ်ဆိုရင် အစီအစဉ်တစ်ခုမပြီးမချင်း စားချင်နေတာကြောင့်ပါ။
▪️ အစားအစာကိုသာ အာရုံစိုက်ပြီးစားတယ်ဆိုရင် အရသာရှိစွာဖြင့် နည်းပါးစွာစားကြပါတယ်။
▪️ မိမိမသန်တဲ့လက်ဖြင့်စားခြင်း၊ သုံးနေကျမဟုတ်တဲ့ တူဖြင့်စားခြင်း၊ ထမင်းကုန်ခါနီးမှာ ရေထသောက်ခြင်းတို့ ပြုလုပ်နိုင်တယ်လို့ ဟိန်းဘတ်က ပြောပါတယ်။
▪️ ရုံးတွေမှာ အလုပ်များရင် စားမိရင်လည်း သတိမထားမိဘဲ အများကြီးစားမိနိုင်ပါတယ်။
▪️ အစာကို ပါးစပ်ထဲမှာ ကြေညက်အောင် သေချာဝါးပေးရင် စားတာနှေးစေပြီး ဗိုက်ထဲမှာလည်း လျင်မြန်စွာ ချေဖျက်နိုင်စေပါတယ်။
Source: Toronto Sun.
#World_Science
Published 14 May 2025
▪️ ဘိုနိုဘော့စ်လို့ခေါ်တဲ့ မျောက်မတွေဟာ တောထဲမှာ မျောက်ထီးတွေရန်မှ ကာကွယ်ဖို့အတွက် အရေအတွက်များများဖြင့် စုဖွဲ့နေထိုင်ကြတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
ချင်ပန်ဇီတွေလိုပဲ ဘိုနိုဘော့စ်တွေဟာ လူသားတွေနဲ့ အနီးစပ်ဆုံးမျိုးနွယ်တွေထဲ ပါဝင်ပါတယ်။
▪️ မျောက်ထီးတွေက ကိုယ်လုံးကိုယ်ထည် ပိုမိုကြီးမားပြီး သန်မာကြရာ ဘိုနိုဘော့အမတွေက အစုအဖွဲ့ဖြင့် နေထိုင်ကြတဲ့အကြောင်းအရင်းကို သိပ္ပံပညာရှင်များ သိချင်နေခဲ့တာ ကြာပါပြီ။
မျိုးသုဉ်းအန္တရာယ်ရှိနေတဲ့ ဘိုနိုဘော့စ်များနေထိုင်ရာ တစ်ခုတည်းသော ကွန်ဂိုနိုင်ငံမှာ ဆယ်စုနှစ်သုံးခုကြာအောင် စောင့်ကြည့်လေ့လာခဲ့ရာမှာ ဘိုနိုဘော့စ်အမတွေ အတူတကွ စုစည်းနေထိုင်ကြတဲ့စိတ်ကူးကို သဘောပေါက်ဖို့ အကူအညီဖြစ်စေပါတယ်။
▪️ မျောက်မအဖွဲ့တွေက မျောက်ထီးတွေကို သစ်ပင်ပေါ်တွေကနေ မောင်းချကာ အစားအစာတွေ ကာကွယ်ကြပြီး မျောက်မပိုများတဲ့အဖွဲ့တွေက အဆင့်အတန်းပိုမြင့်မားတဲ့သဘော ရှိတယ်လို့ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ မျောက်ထီးရဲ့ ခွန်အားကို တွန်းလှန်ဖို့အတွက် မျောက်မတွေက စုစည်းနေထိုင်တဲ့ပုံစံဖြစ်တယ်လို့ ဟားဗတ်တက္ကသိုလ်မှ မာတင်ဆာဘက်က ပြောပါတယ်။
▪️ ဘိုနိုဘော့စ်အမတွေက သိပ်ပြီးမရင်းနှီးရင်တောင် အထီးတွေနဲ့ရင်ဆိုင်ရာမှာ တစ်ကောင်နဲ့တစ်ကောင် ကူညီကြပြီး ခိုင်ခိုင်မာမာ ရပ်တည်ကြပါတယ်။
▪️ ဒီတွေ့ရှိချက်အရ လူသားတွေနဲ့ ရှေးအစဉ်အဆက်မျိုးရိုးတွေဟာ ခွန်အားစုစည်းခိုင်မြဲဖို့အတွက် စည်းလုံးနေထိုင်လာကြတာ နှစ်သန်းနဲ့ချီရှိနေပြီလို့ သိရှိလာရပါတယ်။
Source: New York Post
မေလ ၄ ရက်နေ့ကဆိုရင် ထရမ့်က နိုင်ငံရပ်ခြားမှာထုတ်လုပ်တဲ့ ဇာတ်ကားအားလုံးကို ၁၀၀ ရာခိုင်နှုန်းအခွန်စည်းကြပ်ဖို ကြေညာခဲ့ရာ ဘာကြောင့်ဒီလိုသတ်မှတ်ရလဲဆိုတဲ့အပေါ် မေးခွန်းထုတ်လာကြပါတယ်။
#Asia_Agriculture
#ဒေါ်နယ်ထရမ့် #နိုင်ငံခြားထုတ်ရုပ်ရှင်များအပေါ်(၁၀၀)ရာခိုင်နှုန်းအခွန်စည်းကြပ်
Published 13 May 2025
#YMG #Yangon_Times #Yangon_Media_Group
1️⃣ No Dialogue with Terror
🗣️ “Terror and talks cannot go together. Terror and trade cannot go together. Blood and water cannot flow together.”
2️⃣ Operation Sindoor – India’s New Policy
🔺 In response to the Pahalgam terror attack, Operation Sindoor marks a decisive shift in India’s anti-terror strategy.
3️⃣ Three Clear Principles
4️⃣ Pakistan Exposed
📸 Pakistan’s military officers seen bidding farewell to slain terrorists—clear proof of state-sponsored terrorism.
5️⃣ Made-in-India Defence Success
🛡️ Indian-made weapons proved their capability during Operation Sindoor. New Age Warfare needs Made in India.
6️⃣ No Peace Without Dismantling Terror Infrastructure
🇮🇳 “If Pakistan wants peace and survival, it must destroy its terror infrastructure.”
7️⃣ Talks Only on Terror & PoK
📌 India’s official line: Any talks with Pakistan will only focus on terrorism and vacating Pakistan-occupied Kashmir.
8️⃣ India’s Strength – Unity Against Terror
🤝 “This is not the era of terrorism. Zero tolerance is the guarantee for a better world.”
9️⃣ Tribute to Armed Forces
🎖️ PM Modi saluted soldiers, intelligence, and scientists for their valour and success in Operation Sindoor.
Source: Modi' address on 12 May 2025
Page 143 of 1090