#World_Science
Published 21 February 2026

■ ကမ္ဘာမြေဂြိုဟ်နဲ့ အတော်လေးဆင်တူပြီး ကမ္ဘာကနေ ၁၄၆ အလင်းနှစ်ကွာဝေးတဲ့ စကြဝဠာပြင်ပဂြိုဟ်တစ်ခုကို နက္ခတ္တပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

■ ကမ္ဘာဂြိုဟ်နဲ့ ပတ်လမ်းကြောင်း ဆင်တူနီးပါးဖြစ်ကာ နေနဲ့ဆင်တူတဲ့ ကြယ်တစ်လုံးလည်း ရှိပါတယ်။

■ သိထားသမျှ ပြင်ပဂြိုဟ် ၆ ထောင်တွေထဲကမှ ဒီဂြိုဟ်က ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ပါတယ်။

■ Planet Hunters ပရောဂျက်မှ သုတေသီများ တွေ့ရှိထားတာ ဖြစ်ပါတယ်။

■ ၂၀၀၉ မှ ၂၀၁၈ ကြား ကြယ်ပေါင်း ၅ ထောင်ကျော်ရဲ့ တောက်ပမှုကို စောင့်ကြည့်ခဲ့ကြကာ အချက်အလက်တွေ ဆန်းစစ်ခဲ့ကြပါတယ်။

■ သုတေသီတွေက ဂြိုဟ်ရဲ့ အရွယ်အစား၊ လည်ပတ်ချိန်တို့နဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိနေပါတယ်။

■ HD 137010 b လို့အမည်ပေးထားကာ ကမ္ဘာ့ပတ်လမ်းကြောင်းထက် ၆ ရာခိုင်နှုန်းမျှသာ ပိုကြီးပြီး တစ်ပတ်အပြည့်လည်ဖို့ ၃၅၅ ရက်ကြာပါတယ်။

■ နေကနေ ကမ္ဘာရရှိတဲ့ စွမ်းအင်ရဲ့ သုံးပုံတစ်ပုံအောက်သာ ရရှိပါတယ်။

■ မျက်နှာပြင်အပူချိန်ကတော့ အနုတ် ၆၈ မှ ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိပြီး မားစ်ဂြိုဟ်နဲ့ ပိုတူနေပါတယ်။

■ ဒီပြင်ပဂြိုဟ်က နေထိုင်အသက်ရှင်နိုင်တဲ့ နေရာရဲ့ အပြင်ဘက်စွန်းမှာ ရှိပါတယ်။

■ သူ့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ များများဖြင့် လေထုသိပ်သည်းပါက ဖန်လုံအိမ်သက်ရောက်မှုကနေ မျက်နှာပြင်ပူနွေးလာနိုင်ပါတယ်။

■ သူ့ရဲ့ကြယ်နဲ့ နီးကပ်တာကြောင့် အနာဂတ်မှာ လေထုဆန်းစစ်ဖို့အတွက် အလားအလာကောင်း ရှိနိုင်ပါတယ်။

■ ဒါပေမဲ့ ကမ္ဘာနဲ့ များစွာကွာဝေးတာကြောင့် လက်ရှိနည်းပညာတွေနဲ့ ရောက်ရှိဖို့ နှစ်သိန်းနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

Source: WION.