#World_Health
Published 21 February 2026

■ စိုးရိမ်ပူပန်စိတ်ဖြစ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လို့ ထင်နေကြပေမယ့် ယခုအခါ ကျန်းမာရေးပညာရှင်တွေက ဗိုက်တာမင်-ဒီ ချို့တဲ့တာကြောင့်လို့ ထောက်ပြနေပါတယ်။

■ ဗိုက်တာမင်-ဒီ နည်းတဲ့အခါ စိတ်က ဖိစီးမှုခံစားလွယ်ခြင်း၊ စိတ်ပိုင်းကြံ့ခိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်လာတယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ရီတူဂျာအူဂယ်မူဂျယ်က ပြောပါတယ်။

■ ဗိုက်တာမင်-ဒီက စိတ်အခြေအနေ၊ ရောင်ရမ်းခြင်း၊ ဖိစီးမှုဟော်မုန်းတွေမှာ ကူညီပေးတာကြောင့် ဗိုက်တာမင်-ဒီ နည်းသွားရင် နွမ်းနယ်ခြင်း၊ စိတ်ပိုင်းကျဆင်းခြင်းတို့ ခံစားရတာ ဖြစ်ပါတယ်။

■ အရမ်းနည်းသွားရင်တော့ စိတ်ပိုင်းဆိုင်ရာ အောက်ဆုံးအထိရောက်ပြီး အရင်တည်းက စိုးရိမ်ပူပန်တတ်သူတွေအတွက် ပိုဆိုးစေပါတယ်။

■ အိမ်ထဲမှာပဲနေပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်လာတယ်ဆိုရင် နေရောင်ခြည်ထိတွေ့ပေးပြီး ဗိုက်တာမင်-ဒီရရှိဖို့ ဂရုစိုက်သင့်ပါတယ်။

■ အရွယ်ရောက်သူတွေအနေနဲ့ တစ်နေ့ကို ဗိုက်တာမင်-ဒီ ၆၀၀-၈၀၀ IU ခန့် လိုအပ်ပြီး ဖြည့်စွက်အားဆေးဖြင့်လည်း ပုံမှန်ပြန်ဖြစ်အောင် လုပ်နိုင်ပါတယ်။

■ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ကျင့်ကြံပါက အိပ်စက်မှု၊ စိတ်အခြေအနေ၊ ခွန်အားတို့အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ်။

■ ဟော်မုန်းအတက်အကျဖြစ်နေတဲ့ အမျိုးသမီးတွေ၊ အခန်းတွင်း အလုပ်လုပ်သူတွေ၊ အသားအရောင်ညိုသူတွေ၊ ခန္ဓာကိုယ်လုံအောင် ဝတ်စားသူတွေ၊ အသက်ကြီးသူတွေ၊ အဝလွန်သူတွေ၊ မလှုပ်ရှားနိုင်သူတွေမှာ အလိုအလျောက် မဟုတ်ပေမယ့် ဗိုက်တာမင်-ဒီ နည်းသွားရင်တော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကျဆင်းသွားနိုင်ပါတယ်။

■ ဗိုက်တာမင်-ဒီ ပြန်တက်လာအောင် လုပ်ခြင်းဖြင့် ချက်ချင်းကြီး စိုးရိမ်ပူပန်စိတ် ပြန်မကောင်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပိုမိုတည်ငြိမ်လာနိုင်ပါတယ်။

Source: Indian Express