April 4, 2025 – Bangkok
Myanmar and India have agreed to step up joint efforts to combat insurgency, cross-border crime, and human trafficking along their shared border, following high-level talks held on the sidelines of the BIMSTEC Summit in New Delhi.
The agreement came during a bilateral meeting this morning between Myanmar’s State Administration Council (SAC) Chairman and Prime Minister, Senior General Min Aung Hlaing, and Indian Prime Minister Shri Narendra Modi. Both leaders emphasized the importance of maintaining peace and stability along the border and enhancing cooperation on security matters.
Senior General Min Aung Hlaing expressed appreciation for India’s support in the aftermath of the recent major earthquake in Myanmar. Prime Minister Modi reaffirmed India’s solidarity with the people of Myanmar during times of crisis and pledged continued humanitarian aid and assistance, according to a statement released by India’s Ministry of External Affairs.
The two sides discussed strengthening overall bilateral ties, with particular emphasis on Myanmar’s stability, sovereignty, and prosperity. They agreed to intensify collaboration to counter illegal activities along the border, including the trafficking of people, arms, and narcotics.
In addition to security concerns, the leaders also exchanged views on Myanmar’s political roadmap, including the country’s transition to a multiparty democracy. Discussions included preparations for the general elections scheduled for December 2025, which both sides described as an important milestone.
Senior General Min Aung Hlaing was accompanied by SAC Joint Secretary General Lt. Gen. Ye Win Oo, Union Ministers U Than Swe and Lt. Gen. Moe Aung, along with other senior officials. Prime Minister Modi was joined by key members of the Indian government.
The meeting underscored both countries’ commitment to deepening strategic and developmental cooperation within the broader framework of regional stability and BIMSTEC partnership.
#ymg/knl

အမေရိကန်အစိုးရက တင်သွင်းယာဉ်များအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းသတ်မှတ်ခြင်းကို ဗုဒ္ဓဟူးနေ့က စတင်ဖို့ စီစဉ်ထားရာ ကမ္ဘာ့မော်တော်ယာဉ်ထုတ်လုပ်မှု အများဆုံးဂျပန်ရဲ့ စီးပွားရေးရှုမြင်ချက်နဲ့ ကမ္ဘာ့အခွန်ကင်းလွတ်ကုန်သွယ်ရေးတို့ကို လျော့ကျသွားစေမယ်လို့ ဂျပန်စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_Industry
Published 04 Apirl 2025
#မော်တော်ကားတင်သွင်းမှု #အခွန်စည်းကြပ်ခြင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 04 Apirl 2025
၁။ ဧပြီ ၅ ရက်မှစ၍ အမြန်လမ်းတွင် ရန်ကုန်မှနေပြည်တော်ထိ ယာဉ်ငယ်များ သွားလာနိုင်မည်
၂။ ဂျပန်က အရေးပေါ်ကူညီထောက်ပံ့ငွေ ဒေါ်လာ (၆) သန်းခန့်ကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်
၃။ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ အမြန်ရထားများ မနက်ဖန်မှစ၍ ပြန်လည်ပြေးဆွဲမည်
၄။ အမေရိကန်အစိုးရ၏ မော်တော်ကားတင်သွင်းမှုအခွန်စည်းကြပ်ခြင်းသည် ဂျပန်စီးပွားရေးထိခိုက်လာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၄ ဧပြီ၂၀၂၅
ရုရှား အကော်ဒီယံပညာရှင် အလက်ဇန်းဒါး ဇာဇူလင် ကို ရှင်းကျန်းမှာ တွေ့ဆုံလိုက်ကြရအောင်။
၁၉၉၁ ခုနှစ်ကတည်းက သူ၏ အကော်ဒီယံပြင်ဆိုင်သည် ကျော်ကြားလာခဲ့ပါတယ်။
နှစ် ၄၀ အတွင်း၊ နိုင်ငံ ၂၀ ကျော်မှ အကော်ဒီံယံ ၈၀၀ ကျော် ကိုသူ စုဆောင်းနိုင်ခဲ့ပြီး သူ၏ ၁,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းသော ပြတိုက်သည် သမိုင်းဝင် အကော်ဒီယံများဖြင့် ပြည့်နှက်နေကာ၊ တစ်ခုချင်းစီတွင် ထူးခြားသော ဇာတ်လမ်းတစ်ပုဒ် ရှိနေကြပါတယ်။
၂၀၁၃ ခုနှစ်တွင်၊ ရုရှားလူမျိုးစု၏ ဘာရန်အနုပညာ ကို ထိန်းသိမ်းခဲ့သည့်အတွက် နိုင်ငံတော်က ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်သူပညာရှင်အဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။
သမိုင်းကို ထင်ဟပ်နေသည့် သူ၏ သံစဉ်တိုင်းကို ခံစားကြည့်ဖို့ သူ့့ရဲ့ကမ္ဘာထဲ ဝင်ရောက်ကြည့်ရှုကြပါစို့ လား။
Source CGTN
၄ ဧပြီ ၂၀၂၅
ဆဋ္ဌမအကြိမ်မြောက် ဘင်မ်စတက်BIMSTEC အဖွဲ့ (ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်း ပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် ) ထိပ်သီးအစည်းအဝေးကို ယနေ့ ဧပြီလ ၄ရက်မနက်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် စတင်ကျင်းပနေ ပါတယ်။
ထိပ်သီးအစည်းအဝေးကို မြန်မာနစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ဘင်စတက်နိုင်ငံ များရဲ့ နိုင်ငံခေါင်းဆောင်များ စုပေါင်းဓါတ်ပုံရိုက်ပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘင်စတက်ထိပ်သီးအစည်းအဝေးကို ကမကထကျင်းပတဲ့ အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝါတရာက အခြားခေါင်းဆောင်တွေနှင့်ကိုယ်စားလှယ်အဖွဲ့တွေကို နှုတ်ဆက်ခဲ့ပါတယ်။
အဆိုပါထိပ်သီးအစည်းအဝေးမှာအဖွဲ့ဝင်နိုင်ငံ့ခေါင်းဆောင်တွေမိန့်ခွန်းတွေပြောကြားပြီးတဲ့နောက်ဘင်မ်စတက် ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် တစ်ရပ် ကို လက်မှတ်ရေးထိုးကြဖို့ရှိနေပါတယ်။
#ymg/knl
#World_News
Published 04 April 2025
▪️ ကုလသမဂ္ဂ ကူညီထောက်ပံ့ရေးဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ငလျင်ဒဏ်ကြောင့် ပျက်စီးမှုဘေးကြုံနေရတဲ့ မြန်မာနိုင်ငံသို့ သောကြာနေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောခဲ့ပြီး နိုင်ငံတကာ ရန်ပုံငွေပိုမိုရရှိရေးနဲ့ နိုင်ငံအတွင်း အကူအညီများ အတားအဆီးမရှိ လျင်မြန်စွာ ရောက်ရှိရေးအတွက် တောင်းဆိုလိုက်ပါတယ်။
▪️ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ဟာလည်း ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးမှု ကတိကဝတ်အတိုင်း လာမယ့်ရက်ပိုင်းအတွင်း သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ "မြေငလျင်ကြောင့် ဒုက္ခခံစားရမှုများကို ပိုမိုဆိုးရွားစေပြီး မုတ်သုံရာသီကလည်း နီးကပ်နေပါတယ်။ ဒီလိုဝမ်းနည်းပူဆွေးဖွယ် အခိုက်အတန့်ကနေ မြန်မာပြည်သူများအတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းအားထုတ်ကြရန် ပန်ကြားလိုက်ပါတယ်" လို့ ဂူတာရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
▪️ ပြီးခဲ့တဲ့သောကြာနေ့က ရာစုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ အပြင်းထန်ဆုံးငလျင် လှုပ်ခတ်ခဲ့ရာမှာ လူဦးရေ ၂၈ သန်းနေထိုင်တဲ့ဒေသ ထိခိုက်ခဲ့ပြီး ဆေးရုံလိုမျိုး အဆောက်အအုံတွေ လှုပ်ခတ်၊ လူနေအိမ်တွေ ပြိုကျကာ စားစရာ၊ ရေ၊ ခိုလှုံနေရာမရရှိသူ အများအပြား ရှိနေပါတယ်။
▪️ ကြာသပတေးနေ့အထိ သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရသူ ၄,၇၁၅ ဦး၊ ပျောက်ဆုံးသူ ၃၄၁ ဦးရှိထားတယ်လို့ နစက ဥက္ကဋ္ဌက ပြောထားပါတယ်။
#Source: Reuters
#World_Health
Published 04 April 2025
▪️ Himsနဲ့ Keeps တို့လို အွန်လိုင်းကျန်းမာရေးကုမ္ပဏီတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာ ကုသနည်းနဲ့ပတ်သက်ပြီး ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။
▪️ ဆိုရှယ်မီဒီယာမှာ သူတို့ရဲ့ မားကက်တင်းတွေက ဆံပင်ကျဲခြင်း ခံစားနေရတဲ့ လူငယ်တစ်ဦးကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
▪️ အမေရိကန်တပ်ကြပ်ဟောင်းဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် မာ့ခ်မီလစ်ချ်ဟာ Hims.comမှာ မေးခွန်းများဖြေဆိုပြီးနောက် finasterideဆေးတစ်ပုလင်း မှာယူခဲ့ပါတယ်။
▪️ သိပ်မကြာခင်မှာ သောကစိတ်ဖြစ်ခြင်း၊ မူးဝေခြင်း၊ စကားမပီခြင်းတို့ စဖြစ်လာပြီး ပိုဆိုးရွားလာပါတယ်။
▪️ သူ့ရဲ့ လိင်စိတ်ဆန္ဒကျဆင်းလာကာ ကျားအင်္ဂါများကျုံ့လာပြီး ပုံသဏ္ဍာန် ပြောင်းလဲလာပါတယ်။
▪️ Propeciaအမှတ်တံဆိပ်ဖြင့် ရောင်းချတဲ့ finasterideဟာ ၁၉၉၇တည်းက အမျိုးသားများ ဆံပင်ကွက်ခြင်းအတွက် ဆေးညွှန်းပေးခဲ့ကြပါတယ်။
▪️ ဆံပင်ပြန်ပေါက်ခြင်းကို ထိရောက်စွာ ပေးစွမ်းသလို လိင်မှုကိစ္စစွမ်းရည်ချို့ယွင်းခြင်း၊ စိတ်ဓာတ်ကျခြင်းလိုမျိုး ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။
▪️ ဒီလိုဆိုးကျိုးတွေအကြောင်း ဆေးမှာဖော်ပြထားဖို့ FDAက ပြောထားပါတယ်။
▪️ ဒါပေမဲ့ အွန်လိုင်းကျန်းမာရေး ဝန်ဆောင်မှုတွေကတော့ ကြော်ငြာတွေမှာ ဘေးထွက်ဆိုးကျိုးတွေအကြောင်း ဖော်ပြဖို့ သိပ်ပြီးတာဝန်ရှိမနေပါဘူး။
▪️ လော့စ်အိန်ဂျလိစ် Cedars-Sinai ဆေးခန်းမှ ဆီးလမ်းကြောင်းဆရာဝန် ဒေါက်တာ ဂျပ်စတင်ဟော်မန်းက finasterideအသုံးပြုပြီး လိင်မှုကိစ္စပြဿနာကြောင့် လာပြတဲ့လူငယ်တွေ များလာပြီး လူငယ်တွေ သောက်သုံးရန်မသင့်ဘူးလို့ ပြောသွားပါတယ်။
▪️ မီလစ်ချ်နဲ့ အချို့လူတွေဟာ ဒီဆေးက ဒီလိုဘေးအန္တရာယ်တွေ ရှိတဲ့အကြောင်းကို သေချာမသိခဲ့ကြဘူးလို့ ယူဆရပါတယ်။
▪️ Himsမှာ ၂ နှစ်အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ ဂျိုနသန်ဒေလီက ကုမ္ပဏီဟာ ဆေးမှာယူမယ့်လူတွေ များနိုင်သမျှများအောင်သာ ညွှန်းကြတယ်လို့ ပြောသွားပါတယ်။
#Source: New York Post
Page 145 of 1060