#World_Health
Published 28 November 2024
▪️ ကိုယ်အလေးချိန်ချဖို့က အလွန်ခက်ခဲသလို ဝိတ်ကျပြီးနောက်မှာတောင် အဆီဆဲလ်တွေက အဝလွန်ခြင်းကို မှတ်မိနေနိုင်တယ်လို့ သုတေသီများ တွေ့ရှိလာပါတယ်။
▪️ ဒါဟာ ကိုယ်အလေးချိန်များစွာ ကျဆင်းတာတောင်မှ ပြန်ပြီးဝလာနိုင်ခြေများတဲ့ သဘောဖြစ်ပါတယ်။
▪️ အဝလွန်ခြင်းက မျိုးဗီဇတွေ အလုပ်လုပ်ပုံကို ပြောင်းလဲစေကာ အဆီဆဲလ်များ ပုံမှန်လုပ်ဆောင်ချက်ကို ပြောင်းလဲနိုင်ပါတယ်။
▪️ ကိုယ်အလေးချိန်ကျအောင် ခွဲစိတ်မှု ပြုလုပ်ပြီးနောက်မှာပါ ထိုမျိုးဗီဇကြောင့် အလွယ်တကူ ပြန်ဝလာနိုင်ပါတယ်။
▪️ ဒါဟာ ခန္ဓာကိုယ်ကနေ အဝလွန်ခြင်းကို မှတ်မိနေတာကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ခက်ခဲနေတာဖြစ်တယ်လို့ ETH ဇူးရစ်မှ ဒေါက်တာလော်ရာဟင့်က ပြောပါတယ်။
▪️ အဝလွန်သူတွေနဲ့ မဝဖူးသူတို့ရဲ့ အဆီတစ်ရှူးများကို သုတေသန ပြုလုပ်ခဲ့ပါတယ်။
▪️ ထိုအခါမှ မျိုးဗီဇလှုပ်ရှားမှုပုံစံများ သိသိသာသာ ကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ အချို့မျိုးဗီဇတွေက အဝလွန်သူတွေမှာ ရောင်ရမ်းခြင်းပိုမိုဖြစ်ပွားပြီး အချို့ကတော့ အဆီဆဲလ်များကို ပုံမှန်အလုပ်လုပ်စေပါတယ်။
▪️ ခွဲစိတ်မှုတွေ ပြုလုပ်ပြီး ကိုယ်အလေးချိန်များစွာ ကျဆင်းသွားတာတောင် ထိုပုံစံက မပြောင်းလဲပါဘူး။
▪️ ကြွက်တွေနဲ့ စမ်းသပ်ရာမှာ ဝတဲ့ကြွက်တွေက အချိုဓာတ်နဲ့ အဆီတို့ကို ပိုမိုစုပ်ယူကာ ကိုယ်အလေးချိန် အတက်မြန်စေပါတယ်။
▪️ ဒါကြောင့်မို့လို့ အဝလွန်ခြင်းမဖြစ်အောင် အစတည်းက ကြိုတင်ကာကွယ်ဖို့က အရေးကြီးပါတယ်။
▪️ အဆီဆဲလ်တွေက အဝလွန်ခြင်းကို မှတ်မိနေတာကို သိရှိခြင်းဖြင့် အဝလွန်သူတွေမှာ ကိုယ်အလေးချိန် ထိရောက်စွာ ထိန်းချုပ်နိုင်ဖို့ကို အကူအညီဖြစ်စေနိုင်ပါတယ်။
#Source: India Today
ကမ္ဘာပေါ်မှာ အမြင့်ဆုံးနဲ့ အကြီးကျယ်ဆုံး အမြင့်တက်ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၂၄ ရှန်ဟိုင်းတာဝါတက်မာရသွန် ပြိုင်ပွဲကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပြီး နိုင်ငံဒေသပေါင်း ၂၀ ကျော်မှ အားကစားသမားပေါင်း ၂ ထောင်ကျော် ပါဝင်ခဲ့ပါတယ်။
#World_Event
Published 27 November 2024
#ဒေါင်လိုက်မာရသွန်ပြိုင်ပွဲ #ရှန်ဟိုင်းတာဝါ
#YMG #Yangon_Times #Yangon_Media_Group
Naypyidaw, Myanmar, 27 November – Myanmar's ruling body, the State Administration Council (SAC), has officially dismissed reports claiming that the Chief Prosecutor of the International Criminal Court (ICC) has sought an arrest warrant for Senior General Min Aung Hlaing, the Chairman of the SAC.
"Myanmar is not a member of the ICC and, therefore, does not recognize any statements or actions made by the court," stated the SAC's Information Team.
The statement further emphasized that Myanmar adheres to an independent, active, and non-aligned foreign policy in its relations with regional and international communities. It also promotes peaceful coexistence among nations.
International news outlets reported on 27 November that ICC Chief Prosecutor Karim A. A. Khan had submitted a request to the court seeking an arrest warrant for Senior General Min Aung Hlaing in connection with alleged crimes committed against the Bengali community in 2017.
@ymg/knl
#Daily_News
Published 27 November 2024
၁။ သက်ကြီးအားကစား ကလောင်ရှင်ကြီးများကို ဂါဝရပြုကန်တော့ငွေများပေးပို့နေ
၂။ ခရစ္စမတ်အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကျင်းပမည်
၃။ ပုဂံ၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်
၄။ ကမ္ဘာအမြင့်ဆုံး ဒေါင်လိုက်မာရသွန်ပြိုင်ပွဲကြီးအား ရှန်ဟိုင်းတာဝါမျှော်စင်၌ ကျင်းပ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 November 2024
▪️ အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့တို့မှ လက်ခံလိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့မှစတင်ကာ အကောင်အထည် ဖော်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
▪️ ယမန်နှစ် ဂါဇာစစ်ပွဲကြောင့် အစပျိုးခဲ့တဲ့ အစ္စရေးလ်-လက်ဘနွန် နယ်စပ်ကြား ပဋိပက္ခကတော့ အဆုံးသတ်ဖို့အခြေအနေ မြင်လာရပါတယ်။
▪️ အစ္စရေးလ်လုံခြုံရေး ဝန်ကြီးများအဖွဲ့က သဘောတူညီချက်ကို အသိအမှတ်ပြုပြီးနောက် ဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ လက်ဘနွန် ယာယီဝန်ကြီးချုပ် နာဂျစ်မီကာတီတို့ကို ပြောပြခဲ့ကာ နံနက် ၄ နာရီအချိန်မှာ တိုက်ခိုက်မှုတွေ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ဒါဟာ အပြီးတိုင် ရပ်စဲရေးကို ပုံဖော်ထားတာဖြစ်ပြီး အခြားအကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် အစ္စရေးလ်လုံခြုံရေးကို ထပ်မံခြိမ်းခြောက်ခြင်း မရှိစေရဘူးလို့ ဘိုင်ဒင်က ပြောပါတယ်။
▪️ နယ်စပ်အနီးမှာ ဟက်ဇ်ဘိုလာတို့ စစ်ရေးအဆောက်အအုံများ ပြန်မတည်ဆောက်ရန်အတွက် အစ္စရေးလ်တပ်များက ရက် ၆၀ ကျော်အတွင်း တပ်များကို ဖြည်းဖြည်းချင်း ဆုတ်ခွာမှာ ဖြစ်ပါတယ်။
▪️ လက်ဘနွန်ဝန်ကြီးချုပ်က သဘောတူညီချက်ကို ကြိုဆိုကြောင်း ကြေညာလိုက်ပါတယ်။
▪️ နေတန်ညာဟူက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း လိုက်နာရန် အဆင်သင့်ဖြစ်နေကာ ဟက်ဇ်ဘိုလာဘက်က ချိုးဖောက်လာပါက အင်ပြည့်အားပြည့် တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။
▪️ ဒီသဘောတူညီချက်ကြောင့် အစ္စရေးလ်အနေနဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကိုပဲ အာရုံစိုက်လာနိုင်မှာ ဖြစ်ပြီး လျောပါးလာတဲ့ လက်နက်တွေ ဖြည့်တင်းကာ စစ်သားများ အနားရနိုင်ပြီး ဟားမတ်စ်တို့ သီးခြားဖြစ်လာစေနိုင်တယ်လို့ နေတန်ညာဟူက ပြောပါတယ်။
▪️ ဟားမတ်စ်တို့နဲ့ မဟာမိတ်ဖြစ်နေတဲ့ ဟက်ဇ်ဘိုလာတို့က ပဋိပက္ခအစပိုင်းကထက် အင်အားယုတ်လျော့လာပြီလို့လည်း ပြောပါတယ်။
▪️ အောက်တိုဘာ နှောင်းပိုင်းမှာ အစ္စရေးလ်ရော ဟက်ဇ်ဘိုလာတို့ပါ သဘောထား ပြောင်းလဲလာပြီးနောက် အပစ်အခတ်ရပ်စဲရေး ရရှိလာတာဖြစ်ပါတယ်။
▪️ ဇန်နဝါရီလမှာ ရာထူးကထွက်ခွာရတော့မယ့် ဘိုင်ဒင်က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေးတို့ကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောသွားပါတယ်။
▪️ သံတမန်ရေးအရ ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ပေမယ့် အင်္ဂါနေ့အထိတော့ အစ္စရေးလ်တို့က လက်ဘနွန် ဘေရုမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာမှာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
#Source: Reuters
#World_Health
Published 27 November 2024
▪️ ဇင့်သတ္တုဓာတ်က ခန္ဓာကိုယ်ကျန်းမာစေရန် လိုအပ်ပြီး ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်စေပါတယ်။
▪️ ဒါပေမဲ့ ဇင့်များလွန်းရင်တော့ ဓမ္မတာလာခြင်းနဲ့ ကလေးရနိုင်ခြေတို့ကို ထိခိုက်နိုင်ပါတယ်။
▪️ ဇင့်ဖြည့်စွက်ဆေးများ အသုံးပြုရင်းနဲ့ များလွန်းသွားရင် မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်တယ်လို့ ရူဘီဟောလ်ဆေးရုံမှ သားဖွားမီးယပ်အကြီးအကဲ ဒေါက်တာ ဆူနီတာတန်ဒါလ်ဝက်ကာက ပြောပါတယ်။
▪️ ဇင့်များလွန်းခြင်းက ခန္ဓာကိုယ်ထဲက အခြားသတ္တုဓာတ်တွေဖြစ်တဲ့ ကြေးနီ၊ သံဓာတ်တို့ ညီမျှမှုကို ပြဿနာဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။
▪️ ဇင့်များလွန်းတဲ့အခါ အဆိုပါသတ္တုဓာတ်များ စုပ်ယူမှုကို ပိတ်ပင်ပြီး ဓာတ်တိုးဖိစီးခြင်းများ ဖြစ်ပေါ်ကာ မျိုးပွားပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါမျိုးက သားအိမ်နံရံနဲ့ဆင်တူတဲ့ တစ်ရှူးတွေက အပြင်ဘက်မှာ ဖြစ်ပေါ်တတ်တဲ့ အမျိုးသမီးတွေအတွက် ပိုပြီးစိုးရိမ်စရာဖြစ်ပြီး တင်ပါးနေရာမှာ နာကျင်ရောင်ရမ်းခြင်း နာတာရှည် ဖြစ်ပေါ်နိုင်ကာ သားအိမ်အပြင်ဘက် တစ်ရှူးဖြစ်ပေါ်ခြင်း ပိုမိုဆိုးရွားနိုင်တယ်လို့ ဒေါက်တာတန်ဒါလ်ဝက်ကာက ဆိုပါတယ်။
▪️ တရုတ်ပြည်ရှိ ဆေးရုံတွေမှာ စမ်းသပ်ထားတာတွေအရ ဇင့်ဖြည့်စွက်ဆေး ၁၄ မီလီဂရမ်ထက် ပိုမိုအသုံးပြုခြင်းနဲ့ အစားအစာတို့ကြောင့် အဆိုပါပြဿနာဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများပါတယ်။
▪️ ဒါ့အပြင် သားဥကြွေခြင်း၊ ဓမ္မတာစက်ဝန်းတို့နဲ့ ပတ်သက်နေတဲ့ ဟော်မုန်းတွေကိုလည်း နှောင့်ယှက်ကာ ဓမ္မတာမမှန်တော့ဘဲ ကိုယ်ဝန်ရရန် ခက်ခဲလာပါတယ်။
▪️ ဒါကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဇင့်ဖြည့်စွက်ဆေး အလွန်အကျွံ သုံးခြင်းမှရှောင်ရှားပြီး မျှတကျန်းမာစွာ စားသောက်ဖို့ အကြံပြုသွားပါတယ်။
▪️ ဒါကြောင့် ဓမ္မတာနဲ့ မျိုးပွားပြဿနာများ မဖြစ်ဖို့အတွက် ဇင့်ကို သင့်တင့်ရုံသာ သုံးစွဲဖို့ အကြံပြုလိုက်ပါတယ်။
▪️ အရွယ်ရောက် အမျိုးသမီးတစ်ယောက်အတွက် သင့်တင့်တဲ့ ဇင့်ပမာဏက ၈-၁၂ မီလီဂရမ် ဖြစ်ပါတယ်။
#Source: India Today
#World_Health
Published 27 November 2024
▪️ တစ်နေ့ကို ခြေလှမ်း ၃၈၆၇ လှမ်း လျှောက်ခြင်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် အသက်သေဆုံးနိုင်ခြေ လျှော့ချနိုင်ရန် လုံလောက်တယ်လို့ နှလုံးကာကွယ်ရေး ဥရောပဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ လေ့လာချက် ၁၇ ခုဖြင့် လူပေါင်း ၂၂၆၀၀၀ ကျော်ထံမှ အချက်အလက်များ ဆန်းစစ်ခဲ့ပါတယ်။
▪️ ထိုအခါမှာ တစ်နေ့ကို အနည်းဆုံးခြေလှမ်း ၃၉၀၀ လျှောက်လှမ်းခြင်းဖြင့် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ပိုလန် လော့ဒ်ဆေးတက္ကသိုလ်နဲ့ ဂျွန်စ်ဟော့ပ်ကင်းစ်တက္ကသိုလ်မှ နှလုံးကျွမ်းကျင်ပညာရှင် မာဆက်ဂျ်ဘာနက်ချ်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ လူအများယူဆထားတာက တစ်နေ့ကို ခြေလှမ်း ၁ သောင်း လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးလို့ ယူဆထားပါတယ်။
▪️ ယခုလေ့လာချက်ကတော့ ခြေလှမ်း ၁သောင်း လမ်းလျှောက်ခြင်းက လူတွေအတွက် အုံဖွနည်းလမ်းမဟုတ်ဘူးဆိုတဲ့ သဘောဖြစ်နေပါတယ်။
▪️ ၁၉၆၀ ဝန်းကျင်လောက်က ခြေလှမ်းတိုင်းကိရိယာများဖြင့် ခြေလှမ်း ၁သောင်း လမ်းလျှောက်ခြင်းကို အားပေးအားမြှောက် ပြုလုပ်ခဲ့ကြပါတယ်။
▪️ ယခုလေ့လာချက်မှာတော့ ခြေလှမ်း ၁ထောင်ဝန်းကျင်ခဲ့ လျှောက်လှမ်းခြင်းဖြင့်ပင် နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးနိုင်ခြေကို လျှော့ချနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ အသက် ၆၀ နဲ့အထက် လူကြီးတွေမှာ တစ်နေ့ကို ခြေလှမ်း ၆ထောင်မှ ၁သောင်းကြား လမ်းလျှောက်ခြင်းဖြင့် အသက်သေဆုံးနိုင်ခြေ ၄၂ ရာခိုင်နှုန်းလျော့ကျနိုင်ပြီး ခြေလှမ်း ၁သောင်းကျော်ရင်တော့ အကျိုးကျေးဇူး လျော့ပါးလာပါတယ်။
▪️ ဒီထက် အသက်ငယ်သူတွေမှာ တစ်နေ့ကို ခြေလှမ်း ၇ထောင်မှ ၁၃၀၀၀ ကြား လမ်းလျှောက်သူတွေက အသက်အန္တရာယ် ဖြစ်နိုင်ခြေမှ ၄၉ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး ခြေလှမ်း ၂သောင်းကျော်လျှင်ပင် ကျန်းမာရေးအကျိုးကျေးဇူး တိုးတက်နိုင်ပါတယ်။
▪️ ဆန့်ကျင်ဘက်အနေနဲ့ အထိုင်များပြီး အလှုပ်အရှားနေတဲ့သူတွေမှာတော့ ကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ တစ်နေ့ကို ခြေလှမ်း ၁သောင်း လျှောက်လှမ်းဖို့က တစ်နာရီမှ နှစ်နာရီကြား ကြာမြင့်နိုင်ပြီး ကယ်လိုရီ ၃၀၀ မှ ၈၀၀ အထိ လောင်ကျွမ်းနိုင်ပါတယ်။
#Source: The Jerusalem Post
Page 149 of 973