#World_Health
Published 09 February 2026
■ ခန္ဓာကိုယ်အလေးချိန် အများစုက ရေဓာတ်တွေဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ထိန်းညှိခြင်း၊ အဆစ်အမြစ် ချောမွေ့စေခြင်း၊ အာဟာရများ သယ်ဆောင်ခြင်း၊ တစ်ရှူးများ အိစက်စေခြင်း၊ အညစ်အကြေးစွန့်ခြင်း စတာတွေကို ကူညီပေးပါတယ်။
■ နေ့စဉ် ရေ ၃ လီတာသောက်ပေးပါက အထူးသဖြင့် ရာသီဥတုပူတဲ့နေရာတွေမှာ အကျိုးကျေးဇူးတွေ ပေးနိုင်တယ်လို့ FISICO အစားအသောက်နှင့် အလှအပဆေးခန်း တည်ထောင်သူ ဗီဒီချော်လာက ပြောပါတယ်။
■ ရေဓာတ်လုံလောက်တဲ့အခါ အသားအရေ စိုစွတ်စေပြီး အစာကြေလွယ်ခြင်း၊ ဝမ်းပုံမှန်သွားခြင်းတို့ ရရှိစေနိုင်ပါတယ်။
■ ဒါ့အပြင် ကျောက်တည်နိုင်ခြေ လျော့နည်းပြီး အခြားသော အညစ်အကြေးများလည်း စွန့်ပစ်ပေးပါတယ်။
■ တစ်နေ့ကို ၃ လီတာဆိုရာမှာ အခြေအနေတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
■ ရာသီဥတုအတန်အသင့်ရှိပြီး အထိုင်များတဲ့သူအတွက်ဆိုရင် ၃ လီတာက များနိုင်ပါတယ်။
■ ရေဓာတ်များလွန်းရင်လည်း သွေးထဲမှာ ဆိုဒီယံနဲ့ အီလက်ထရိုလိုက်တွေ နည်းသွားနိုင်ပြီး ဆဲလ်တွေ ဖောင်းတင်းလာကာ ဖိအားများလာသဖြင့် စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားတက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
■ ချွေးထွက်နည်းသူတွေ၊ ကျောက်ကပ်ပြဿနာရှိသူတွေမှာလည်း ရေများများသောက်ပါက အတွင်းအင်္ဂါတွေကို ဖိအားများစေပါတယ်။
■ ခန္ဓာကိုယ်ကသာ တကယ်လိုအပ်တယ်ဆိုရင် တစ်လလောက် နေ့တိုင်း ရေ ၃ လီတာသောက်ခြင်းက စွမ်းအင်ပိုရစေကာ အစာခြေခြင်း ကျောက်ကပ်ကျန်းမာရေးတို့ကို ထောက်ကူပေးပြီး အသားအရေနဲ့ စိတ်အခြေအနေတို့ကို တိုးတက်စေပါတယ်။
■ ဒါကြောင့် ခန္ဓာကိုယ်လိုအပ်ချက်အတိုင်း ထိန်းညှိသောက်သုံးပေးဖို့က အရေးကြီးပါတယ်။
Source: Indian Express