#Daily_News
Published 22 November 2024
၁။ နိုဝင်ဘာလအတွင်းပုဂံရှေးဟောင်းကန်(၄၅)ကန်တူးဖော်မှုပြီးစီးပြီဖြစ်၊ (၄၆)ကန်ဆက်လက်တူးဖော်မည်
၂။ ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များ မှတ်ပုံမတင်ထားပါက လုပ်ကိုင်ခွင့်ပိတ်သိမ်းပြီး အရေးယူတော့မည်
၃။ စက်သုံးဆီ ဈေးအားလုံးကျ၊ သုံးပတ်အတွင်း ဓာတ်ဆီတစ်လီတာ၁၅၀ကျပ်အထိကျဆင်းလာ
၄။ တရုတ်နှင့်စင်ကာပူစစ်တပ်တို့၏ (၆)ကြိမ်မြောက်စစ်ရေးပူးပေါင်းလေ့ကျင့်မှုအစီအစဉ်စတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ နိုဝင်ဘာ ၂၀၂၄
◾️အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းကို ယင်းတို့၏ လက်နက်များဖြင့် ရုရှားအား တိုက်ခိုက်ခွင့်ပြုခဲ့သည့် အတွက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခ တစ်ခုအဖြစ် ဦးတည်၍ အရှိန်မြင့်လာပြီဟု ရုရှား သမ္မတ ဗလက်ဒီမာပူတင်က ကြာသပတေးနေ့က ပြောကြားလိုက်သည်။
◾️ရုရှားအနေဖြင့် အနောက်ကို ပြန်လည် တိုက်ခိုက်ရလိမ့်မည်ဟုလည်း ပူတင်က သတိပေးလိုက်သည်။
◾️အမေရိကန်နှင့်ဗြိတိန်တို့၏ ဒုံးကျည်များအသုံးပြုခဲ့ခြင်းအပေါ် ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ရုရှား သည် ဟိုက်ပါဆိုးနစ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်း၏ စစ်ဘက်အဆောက်အအုံများအား ပြန်လည်တိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်က ပြောသည်။ နောက်ထပ် ထပ်လာဦးမည်ဟုလည်းသူက သတိပေးလိုက်သည်။
◾️ဤကဲ့သို့သောလက်နက်များဖြင့် ထပ်မံတိုက်ခိုက်ရန်ရှိသည့်အတွက် အရပ်သား များ သတိထားနေထိုင်ရန်လည်း ပူတင်က သတိပေးလိုက်သည်။
◾️ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်ဖြင့် အမေရိကန် က ယင်း၏ ATACMS ဒုံးကျည်ခြောက်စီးဖြင့် နိုဝင်ဘာ ၁၉ ရက်တွင်လည်းကောင်း၊ ဗြိတိန်က ယင်း၏ Storm Shadow ဒုံးကျည်နှင့် အမေရိကန်လုပ် HIMARS တို့ဖြင့် နိုဝင်ဘာ ၂၁ရက်တွင် လည်းကောင်း ယူကရိန်းက ရုရှားကိုတိုက်ခိုက်ခဲ့သည်ဟုလည်း ပူတင်ကပြောသည်။
◾️ ကမ္ဘာကြီးကို ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအသွင်သို့ အမေရိကန်က တွန်းပို့နေသည်ဟု ပူတင်ကဝေဖန် သည်။
◾️ATACMS တိုက်ခိုက်မှုက ထိခိုက်ပျက်စီးမှု မပြောပလောက်ဖြစ်ခဲ့သော်လည်း နိုဝင်ဘာ ၂၁ရက်က Storm Shadow ဖြင့် ကတ်စ်ဒေသကို တိုက်ခိုက်ခြင်းက စစ်ဌာနချုပ်တစ်ခုကို တိုက်ရိုက်ထိမှန်၍ သေဆုံး ဒဏ်ရာရမှုတွေရှိခဲ့သည်ဟု ပူတင်ကထုတ်ဖော်ပြောကြားသည်။
Source Reuters
#World_News
Published 22 November 2024
▪️ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး(ICC)က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပြင် ဟားမတ်စ်ခေါင်းဆောင် အီဘရာဟင်အယ်မက်ဆရီတို့ကို ဂါဇာအရေးအတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရာဇဝတ်မှုများနဲ့ လူသားများအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဖြင့် ကြာသပတေးနေ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
▪️ ဂါဇာမှာ အရပ်သားများကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်စဉ်မှာ လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ငတ်မွတ်ခေါင်းပါးမှု အပါအဝင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နေတန်ညာဟူနဲ့ ယိုအက်ဗ်ဂဲလန့်တို့မှာ တာဝန်ရှိတယ်လို့ ICCတရားသူကြီးတွေက အကျိုးသင့် အကြောင်းသင့် ယုံကြည်နေကြပါတယ်။
▪️ ဂါဇာမှာ အစ္စရေးလ်တို့ ပိတ်ဆို့ထားတာတွေကြောင့် အစားအစာ၊ ရေ၊ လျှပ်စစ်မီး၊ လောင်စာနဲ့ ဆေးဝါးပစ္စည်းများ ပြတ်လပ်ကာ ဂါဇာပြည်သူများ အသက်အိုးအိမ် ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပြီး ကလေးများအပါအဝင် အရပ်သားများ အာဟာရချို့တဲ့ ရေဓာတ်ဆုံးရှုံးပြီး သေကြေကြရတယ်လို့ ယူဆနေကြပါတယ်။
▪️ အစ္စရေးလ်အပေါ် ဖမ်းဝရမ်းထုတ်လိုက်တာကို ဟားမတ်စ်တို့က ထောက်ခံလိုက်ပြီး တရားမျှတမှုအတွက် ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့ အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
▪️ ဟားမတ်စ်ခေါင်းဆောင် မက်ဆရီအတွက် ဖမ်းဝရမ်းမှာတော့ ၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့ အစ္စရေးလ်ဘက်ကို လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ဓားစာခံများ ခေါ်ဆောင်သွားခြင်းတို့အတွက် တရားစွဲဆိုထားပါတယ်။
▪️ မိုဟာမက်ဒက်ဖ်လို့လည်း ခေါ်တဲ့ မက်ဆရီကို အစ္စရေးလ်တို့က ဇူလိုင်လ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဉ် သတ်နိုင်ခဲ့တယ်လို့ ဆိုထားပေမယ့် ဟားမတ်စ်တို့က ဘာမှမပြောထားပါဘူး။
▪️ အစ္စရေးလ်ကတော့ ဂါဇာမှာ စစ်ရာဇဝတ်မှုများ ပြုလုပ်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
▪️ အစ္စရေးလ်ကို သံတမန်ရေးအရ အဓိကထောက်ပံ့နေတဲ့ အမေရိကန်က ICCရဲ့ဖမ်းဝရမ်းကို ငြင်းပယ်တဲ့သဘော ထုတ်ပြန်ထားပါတယ်။
▪️ ICC ရှေ့နေ ကာရင်ခန်းက အစ္စရေးလ်မှာ ဟားမတ်စ်တိုက်ခိုက်ခဲ့တာတွေ၊ ဂါဇာမှာ အစ္စရေးလ် စစ်ရေးတုံ့ပြန်မှုများ ပြုလုပ်တာတွေနဲ့ ဆက်စပ်နေတဲ့ ရာဇဝတ်မှုများအတွက် ဖမ်းဝရမ်းရှာဖွေနေတယ်လို့ မေလ ၂၀ ရက်နေ့က ကြေညာခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 22 November 2024
▪️ ခြင်ကိုက်တဲ့အခါ ခြင်ရဲ့တံတွေးကြောင့် ခန္ဓာကိုယ် ခုခံအားစနစ် လှုံ့ဆော်ကာ ယားယံရောင်ရမ်းခြင်းတို့ ဖြစ်စေပါတယ်။
▪️ ဒါ့အပြင် ခြင်ကနေ ငှက်ဖျား၊ တုပ်ကွေး၊ ဇီကာ၊ ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်တို့ သယ်ဆောင်လာနိုင်တာကြောင့် ခြင်ကိုက်မခံရအောင် နေထိုင်သင့်ပါတယ်။
▪️ အောက်ပါနည်းလမ်းများဖြင့် ခြင်ကိုက်ခံရခြင်းကြောင့် ယားယံနီမြန်းတာတွေ သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
▪️ (၁) ရေခဲကပ်ခြင်း
ခြင်ကိုက်ခံရတဲ့နေရာကို ရေခဲအုပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို သက်သာစေကာ သွေးကြောများကျဉ်းစေသဖြင့် ယားယံခြင်းကို မပျံ့နှံ့စေတော့ပါဘူး။
▪️ (၂) ရှားစောင်းလက်ပတ်ဂျယ်လ်
ရှားစောင်းလက်ပတ်မှာ အေးမြပြီး ရောင်ရမ်းဆန့်ကျင် အစွမ်းသတ္တိပါဝင်တာကြောင့် ယားယံခြင်း သက်သာစေရုံမက အနာမြန်မြန် ကျက်စေပါတယ်။
▪️ (၃) ပျားရည်
သဘာဝ ပိုးသေစေတဲ့ အစွမ်းသတ္တိရှိပြီး ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို လျှော့ချပေးကာ ရောဂါပိုးဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
▪️ (၄) မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါက အရေပြား pHကို ထိန်းညှိပေးသဖြင့် ယားယံခြင်းကို သက်သာစေပါတယ်။
▪️ (၅) ပန်းသီးရှာလကာရည်
ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းကို လျှော့ချပေးသဖြင့် ရှာလကာရည်ကို ရေအနည်းငယ်ရောကာ အသုံးပြုနိုင်ပါတယ်။
▪️ (၆) လက်ဖက်ပင်ဆီ
ပိုးသန့်စင်ခြင်းနဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်ရှိကာ လျင်မြန်စွာ သက်သာစေသလို ခြင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
▪️ (၇) သစ်အယ်ပင်
ခြင်ကိုက်နေရာကို ခြောက်သွေ့စေကာ ရောင်ရမ်းခြင်းကို လျှော့ချပေးတဲ့အပြင် အေးမြစေပါတယ်။
▪️ (၈) ငှက်ပျောသီးအခွံ
ငှက်ပျောခွံမှာ ယားယံခြင်းကို သက်သာစေတဲ့ အင်ဇိုင်းများနဲ့ သဘာဝအဆီများ ပါဝင်ပြီး အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။
#Source: DoctorNDTV
#World_Health
Published 22 November 2024
▪️ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် အမြဲသင့်လျော်ကာ ထိုထဲကမှ ကန်စွန်းရွက်က အာဟာရအများဆုံးဖြစ်ပြီး CDC ကသတ်မှတ်တဲ့ ရမှတ် ၁၀၀ ရရှိခဲ့ပါတယ်။
▪️ ဒီနောက် တရုတ်ဂေါ်ဖီထုပ်ကတော့ သူ့နောက်မှာ ၉၁.၉၉ ရမှတ်၊ ဟင်းနနွယ်က ၈၆.၄၃ မှတ်တို့ဖြင့် ရှိနေပါတယ်။
▪️ ထိုဟင်းရွက်တွေထဲမှာ ပိုတက်ဆီယံ၊ အမျှင်ဓာတ်၊ ပရိုတိန်း၊ ကယ်လ်စီယံ၊ သံဓာတ်၊ သိုင်ယာမင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ ဖောလိတ်၊ ဇင့်၊ ဗိုက်တာမင်-အေ ဘီ၆ ဘီ၁၂ စီ ဒီ အီး ကေအပါအဝင် အာဟာရဓာတ် ၁၇ မျိုးပါဝင်ပါတယ်။
▪️ ဟင်းရွက်တွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ကန်စွန်းရွက်က ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရှိတယ်လို့ အာဟာရပညာရှင်များ သဘောတူထားကြပါတယ်။
▪️ (၁) အာဟာရဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးခြင်း
ကန်စွန်းရွက်မှာ ဗိုက်တာမင်-ကေ အေ စီ ဘီ၊ မဂ္ဂနီဆီယံ၊ ကယ်လ်စီယံ၊ ပိုတက်ဆီယံတို့ ပါဝင်တာကြောင့် အာဟာရဓာတ်ကြွယ်ဝပြီး ကယ်လိုရီနည်းပါးစွာဖြင့် အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။
▪️ (၂) နှလုံးကျန်းမာရေး ထောက်ပံ့ခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ထောက်ကူပေးကာ သွေးကြောလုပ်ဆောင်ချက်များကို တိုးတက်စေပါတယ်။
▪️ (၃) ကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးခြင်း
သူ့မှာပါတဲ့ စွမ်းအားမြင့် ဖိုင်တိုဓာတုပစ္စည်းတွေက ကင်ဆာဆဲလ်ကြီးထွားမှုကို တားဆီးပေးကာ နာတာရှည်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
▪️ (၄) ဟော်မုန်းမျှတစေခြင်း
ဗိုက်တာမင်-ဘီ၊ ကယ်လ်စီယံ၊ မဂ္ဂနီဆီယံပမာဏ မြင့်မားခြင်းက ဟော်မုန်းညီမျှမှုကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
▪️ (၅) အဆိပ်အတောက်ဖယ်ရှားခြင်းနဲ့ အသည်းကျန်းမာရေးထောက်ပံ့ခြင်း
ကန်စွန်းရွက်မှာပါတဲ့ ဆာလ်ဖာလို သဘာဝဒြပ်ပေါင်းက ခန္ဓာကိုယ်မှာ သဘာဝအတိုင်း အဆိပ်အတောက် ဖယ်ရှားပေးပြီး အသည်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပါတယ်။
▪️ (၆) အရေပြားကျန်းမာရေး ထောက်ပံ့ပေးခြင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် အသားအရေ တင်းရင်းဝင်းပစေပြီး ကော်လာဂျင် ထုတ်လုပ်မှုအတွက် အရေးပါပါတယ်။
#Source: New York Post
တရုတ်ပြည်အရှေ့ဘက် ကျဲကျန်းပြည်နယ်မှ ခြေအိတ်မြို့တော်လို ခေါ်ကြတဲ့ ကျူကျီမြို့ဟာ အရည်အသွေးမြင့် မူပိုင်ဖန်တီးမှုတွေကနေ တစ်ကမ္ဘာလုံးဆိုင်ရာ ခြေအိတ်လုပ်ငန်းမှာ ပါဝင်လာပြီဖြစ်ပါတယ်။
#Asia_Industry
Published 21 November 2024
#ကျူကျီမြို့ #ခြေအိတ်လုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 November 2024
၁။ မြန်မာကျောင်းသားများ ဥရောပမှပေးမည့် ပညာသင်ဆုပါဝင်လျှောက်ထားနိုင်
၂။ ရွှေတိဂုံစေတီ၏အထိမ်းအမှတ်အလံငယ်မှ ဆုတော်ငွေ(၅)သိန်းကို ဒေးဒရဲဒေသခံတစ်ဦးကံထူး
၃။ ၇ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၂ သန်းကျော် တင်ပို့နိုင်ခဲ့
၄။ ကမ္ဘာပေါ်တွင်ခြေအိတ်အများဆုံး ထုတ်လုပ်ရာလုပ်ငန်းကြီးတည်ရှိသည့် တရုတ်ပြည်မှကျူကျီမြို့... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 153 of 973