ကျယ်ပြန့်တဲ့ဒေတာတွေ၊ cloud computingတွေ၊ AIတို့လို အဆင့်မြင့်နည်းပညာများကို တရုတ်မှ စိုက်ပျိုးရေးစက်ပစ္စည်း ထုတ်လုပ်မှုမှာ ပေါင်းစပ်လာပြီး ထိရောက်မှုမြှင့်တင်ဖို့၊ ရောယှက်ပုံစံထုတ်လုပ်ဖို့၊ ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ကျက်တင်ပို့ဖို့ တွန်းအားဖြစ်လာစေပါတယ်။
#World_Development
Published 28 Apirl 2025
#AIနည်းပညာ #ကမ္ဘာ့ဈေးကွက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 28 Apirl 2025
၁။ ငလျင်ထိခိုက်ပျက်စီးမှုအခြေအနေများအတွက် JICA ကျွမ်းကျင်ပညာရှင်များအဖွဲ့လာရောက်
၂။ ပြည်ပသို့ငါးတင်ပို့ရာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် တန်ချိန်ပေါင်း ၄၈,၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့
၃။ မိုးဦးကာလအတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်
၄။ အဆင့်မြင့် AI နည်းပညာများ အသုံးပြုကာ လိုအပ်ချက်အတိုင်းမှာယူနိုင်သည့် စိုက်ပျိုးရေးစက်ပစ္စည်းများအား တရုတ်ကုမ္ပဏီများထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 April 2025
▪️ အိန္ဒိယကက်ရှ်မီးယားဒေသမှာ မကြာသေးမီက အစ္စလာမ်စစ်သွေးကြတိုက်ခိုက်မှု ဖြစ်ပြီးနောက် ပါကစ္စတန်နဲ့ အိန္ဒိယတို့ကြား တင်းမာမှုမြင့်တက်နေရာ အမေရိကန်က ထိုနှစ်နိုင်ငံစလုံးနဲ့ မျက်ခြေမပြတ် ဆက်သွယ်နေပြီး တာဝန်ယူဖြေရှင်းဆုံးဖြတ်ချက်တစ်ခု ရရှိရန် ဦးတည်လုပ်ဆောင်ကြဖို့ တိုက်တွန်းထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
▪️ တိုက်ခိုက်မှုအတွက် အမေရိကန်အစိုးရက အိန္ဒိယကိုထောက်ခံအားပေးကြောင်း လူသိရှင်ကြား ထုတ်ဖော်ထားပေမယ့် ပါကစ္စတန်ကို ပြစ်တင်ဝေဖန်ခြင်း မရှိပါဘူး။
▪️ အိန္ဒိယအုပ်ချုပ်ခွင့်ရ ကက်ရှ်မီးယားမှာ ဧပြီ ၂၂ ရက်နေ့က တိုက်ခိုက်မှုကြောင့် လူတစ်ဒါဇင်ကျော်သေဆုံးခဲ့တဲ့အပေါ် အိန္ဒိယကတော့ ပါကစ္စတန်ကို အပြစ်တင်ထားပါတယ်။
▪️ ပါကစ္စတန်က ယင်းတို့တာဝန်မဟုတ်ဘူးလို့ ငြင်းဆိုထားကာ ကြားနေစုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။
▪️ "အခြေအနေက ပြောင်းလဲနေပြီး တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ အိန္ဒိယရော ပါကစ္စတန်အစိုးရတို့နဲ့ပါ ဌာနအဆင့်ဆင့်အလိုက် ဆက်သွယ်ပြောဆိုနေပါတယ်" လို့ နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကို အီးမေးလ်ဖြင့်ပြောဆိုခဲ့ပါတယ်။
▪️ အမေရိကန်အနေနဲ့ တာဝန်ယူဖြေရှင်းဆုံးဖြတ်ချက်ရရှိဖို့ အတူတကွလုပ်ဆောင်ရန် အဖွဲ့အစည်းအားလုံးကို တိုက်တွန်းအားပေးလိုကြောင်းလည်း ထည့်သွင်းပြောဆိုထားပါတယ်။
▪️ အမေရိကန်ဟာ အိန္ဒိယဘက်မှရပ်တည်ပြီး အကြမ်းဖက်တိုက်ခိုက်မှုကို လျှော့ချကြောင်းလည်း ဆိုပါတယ်။
▪️ အာရှအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာခြင်းကို တုံ့ပြန်ဖို့အတွက် အမေရိကန်က အိန္ဒိယကို အရေးကြီးမိတ်ဖက်အဖြစ် သတ်မှတ်လာသလို ပါကစ္စတန်ကလည်း အမေရိကန်မဟာမိတ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။
▪️ ဝါရှင်တန်အခြေစိုက် တောင်အာရှသုံးသပ်ရေးသားသူ မိုက်ကယ်ကူဂယ်မန်းက အမေရိကန်ဟာ ရုရှားစစ်ပွဲ၊ အစ္စရေးလ်စစ်ပွဲတို့မှာလည်း သံတမန်ရေးအရ ပါဝင်ပတ်သက်နေရတာကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်ကိစ္စကို ဝင်မပါသင့်သေးဘူးလို့ သုံးသပ်ထားပါတယ်။
#Source: Reuters
#World_Science
Published 28 April 2025
▪️ အာကာသမှ ဂြိုဟ်တုတစ်ခု ပြုတ်ကျလာပြီး လူတွေကို ထိမှန်နိုင်ခြေက မရှိသလောက်ပါပဲ။
▪️ ယနေ့ခေတ်မှာ အာကာသထဲက ဂြိုဟ်တုအရေအတွက် သိသိသာသာ များပြားလာပေမယ့် ကမ္ဘာမြေသို့ ပြန်လာတဲ့အခါ များစွာဘေးကင်းစိတ်ချရအောင် စီစဉ်ထားပါတယ်။
▪️ အများစုက ပေါ့ပါးတဲ့ပစ္စည်းများဖြင့် ပြုလုပ်ထားတာကြောင့် ကမ္ဘာ့လေထုထဲ ပြန်ဝင်လာတဲ့အခါ အလွယ်တကူ လောင်ကျွမ်းကုန်ပါတယ်။
▪️ ဒါ့အပြင် ပြုတ်ကျလာတဲ့အခါ သမုဒ္ဒရာနေရာလွတ်တွေ၊ လူသူကင်းမဲ့တဲ့နေရာတွေထံ ဦးတည်သွားအောင် ထိန်းချုပ်ဖို့စီစဉ်ထားပါတယ်။
▪️ အာကာသမှ အပိုင်းအစတွေ မြေပြင်ပေါ်သို့ ပြုတ်ကျလာတဲ့ဖြစ်ရပ် အနည်းငယ်တော့ရှိခဲ့ပြီး ဥပမာ တရုတ်ရဲ့ Long March ဒုံးပျံတွေ မကြာသေးမီက ကမ္ဘာပေါ်သို့ ပြန်လည်ပြုတ်ကျခဲ့ပါသေးတယ်။
▪️ ပြီးခဲ့တဲ့နှစ် ၅၀ အတွင်း ကမ္ဘာပေါ်သို့ တစ်နေ့ကို အပိုင်းအစတစ်ခုနှုန်းဖြင့် ပြုတ်ကျနေပေမယ့် ဘယ်သူမှတော့ ထိခိုက်ခြင်းမရှိသေးဘူးလို့ နာဆာ(NASA)က ဖော်ပြထားပါတယ်။
▪️ လေယာဉ်တွေတောင်မှ ပြုတ်ကျတဲ့အခါ လူတွေကိုထိမှန်တာမျိုးက အတော်လေးရှားပါးပါတယ်။
▪️ အာကာသအပိုင်းအစတွေဆိုရင် သေးငယ်တဲ့ သတ္တု၊ ကာဗွန်အမျှင်များသာဖြစ်ပြီး မြေပြင်သို့မရောက်ခင် လေထုထဲမှာ လောင်ကျွမ်းသွားကြပါတယ်။
▪️ အာကာသထဲကလို အမြင့်ကြီးကနေ ဘယ်လောက်မြန်မြန် ကျဆင်းလာပါစေ၊ မြေပြင်သို့ ထိမှန်ချိန်မှာ ထင်သလောက် မပြင်းထန်ပါဘူး။
▪️ ဒါ့အပြင် ကမ္ဘာပေါ်မှာရှိတဲ့ လူအားလုံးကို ကမ္ဘာ့မြေပြင်ပေါ်မှာ စုစည်းမတ်တပ်ရပ်ခိုင်းလိုက်ရင် ကမ္ဘာ့မြေမျက်နှာပြင်ရဲ့ ၀.၀၀၀၂ ရာခိုင်နှုန်းသာ ဖုံးအုပ်တာကြောင့် နေရာလွတ်တွေအများကြီးရှိနေပါတယ်။
▪️ ဒါကြောင့် အာကာသထဲမှ အပိုင်းအစတွေထိမှန်ရင် အသက်သေဆုံးနိုင်ပေမယ့် လွဲချော်နိုင်ခြေက ၉၉.၉၉၉၈ ရာခိုင်နှုန်း ရှိနေပြီး ဒါဟာ နှစ်ပေါင်း ၁,၃၀၀နေမှ တစ်ဦးထိမှန်သေဆုံးနိုင်တဲ့သဘောပါ။
#Source: WION
#World_Health
Published 28 April 2025
▪️ မိုက်ခရိုပလတ်စတစ်မှုန်တွေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပုံအမျိုးမျိုးကို သိပ္ပံပညာရှင်များ လေ့လာဖော်ထုတ်နေရာ အခုဆိုရင် ပီကေတစ်ခုဝါးလိုက်တိုင်း တံတွေးထဲသို့ မိုက်ခရိုပလတ်စတစ်မှုန်ပေါင်း ရာနဲ့ချီ ထွက်ရှိနိုင်ကာ မျိုချမိနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ မိုက်ခရိုပလတ်စတစ်မှုန်တွေက လူသားတွေကို ဘေးဖြစ်စေလားဆိုတာ စမ်းသပ်ချက်တွေ မလုပ်ရသေးတာကြောင့် မသိရှိထားပေမယ့် နေ့စဉ်နဲ့အမျှ ပလတ်စတစ်တွေနဲ့ ထိတွေ့နေရတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အင်ဂျင်နီယာပရော်ဖက်ဆာ ဆန်ဂျေးမိုဟန်တီက ပြောပါတယ်။
▪️ သုတေသီများက ပီကေအမှတ်တံဆိပ် ၅ မျိုးကို စမ်းသပ်ရာမှာ ပလတ်စတစ်မှုန်တွေ ထွက်ရှိတာကို တွေ့ခဲ့ကြပါတယ်။
▪️ ပျမ်းမျှအားဖြင့် ပီကေ ၁ ဂရမ်လျှင် ပလတ်စတစ်မှုန် ၁၀၀ ခန့်ထွက်ရှိပါတယ်။
▪️ ပီကေတစ်ခုမှာ ၂ ဂရမ်မှ ၆ ဂရမ်လောက်ရှိတာကြောင့် ပလတ်စတစ်မှုန် ၃ ထောင်ခန့်အထိ ထွက်နိုင်ပါတယ်။
▪️ ပီကေကို ပထမဆုံး ၂ မိနစ်အတွင်း ဝါးနေတဲ့အချိန်မှာ ပွတ်တိုက်မှုကြောင့် ပလတ်စတစ်မှုန်အများစု ထွက်လာရတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ၈ မိနစ်ကြာသွားရင်တော့ ပလတ်စတစ်မှုန် ၉၄ ရာခိုင်နှုန်း ထွက်ရှိပြီးသားဖြစ်ပါတယ်။
▪️ ပလတ်စတစ်ထဲမှာ ပါဝင်တဲ့ ပိုလီအော်လ်ဖင်း၊ ပိုလီအီသလင်းတယ်ရက်သလိတ်စ်၊ ပိုလီစတီရင်းတို့ကို ထုပ်ပိုးမှုတွေနဲ့ ရာဘာထုတ်ကုန်တွေမှာ အသုံးများပါတယ်။
▪️ တိရိစ္ဆာန်တွေထဲမှာ လေ့လာတာတော့ မိုက်ခရိုပလတ်စတစ်ဝင်ရောက်ခြင်းက ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။
▪️ လူသားတွေမှာ သက်ရောက်မှုကို အပြည့်အဝ မသိရှိခင်အထိ ပလတ်စတစ်ထိတွေ့မှုလျှော့ချဖို့ သိပ္ပံပညာရှင်များ အကြံပြုထားပါတယ်။
#Source: India Today
#World_Science
Published 27 April 2025
▪️ ကမ္ဘာဂြိုဟ်အပြင် စကြဝဠာထဲက အခြားဂြိုဟ်တွေမှာ သက်ရှိဂြိုဟ်သားတွေ ရှိနေလားဆိုတာကို လေ့လာစူးစမ်းနေကြဆဲဖြစ်ပါတယ်။
▪️ အခုဆိုရင် ဧရာမဂြိုဟ်ကြီးတစ်ခုမှာ ဂြိုဟ်သားသက်ရှိများ ရှင်သန်နေထိုင်နိုင်ဖွယ် ရှိတယ်ဆိုတဲ့ အခိုင်မာဆုံး အထောက်အထား ရရှိလာပါတယ်။
▪️ K2-18b ဆိုတဲ့ ပြင်ပဂြိုဟ်ဟာ ကမ္ဘာဂြိုဟ်ကနေ အလင်းနှစ် ၁၂၄ နှစ်ကွာဝေးပြီး လီယိုကြယ်တာရာအစုအဝေးမှာ တည်ရှိပါတယ်။
▪️ ကျွန်ုပ်တို့ရဲ့ နေစကြဝဠာထဲက မဟုတ်ပေမယ့် သူ့ရဲ့လေထုကို အကြိမ်ကြမ်ဆန်းစစ်အပြီးမှာတော့ ကမ္ဘာပေါ်မှာ သက်ရှိတွေကနေပဲ ထုတ်လုပ်တယ်လို့ သိထားတဲ့ ဒြပ်ပေါင်းများရဲ့ ဓာတုလက္ခဏာများ တွေ့ထားတယ်လို့ သိပ္ပံပညာရှင်များ အခိုင်အမာဆိုထားပါတယ်။
▪️ မီသိန်းနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့က ထိုဂြိုဟ်ရဲ့လေထု ၁ ရာခိုင်နှုန်းစီအထိ တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် ဒိုင်မီသိုင်းဆာလ်ဖိုက်၊ ဒိုင်မီသိုင်းဒိုင်ဆာလ်ဖိုက် ဓာတုပစ္စည်းတွေလည်း တွေ့ရှိလာတာဟာ ဇီဝသက်ရှိလက္ခဏာဖြစ်ပြီး ဂြိုဟ်ပေါ်မှာ သက်ရှိတည်ရှိတယ်လို့ ညွှန်ပြနေပါတယ်။
▪️ ဒါ့အပြင် K2-18bဟာ ပူနွေးတဲ့သမုဒ္ဒရာ ဖုံးအုပ်ထားပြီး ပထမဆုံးအနေနဲ့ ဇီဝသက်ရှိလက္ခဏာတွေ့ရတာ ဖြစ်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ နက္ခတ္တပညာရှင် နစ်ကူမာဒူဆူဒန်က ပြောပါတယ်။
▪️ ကျွန်ုပ်တို့ နေစကြဝဠာအဖွဲ့အစည်း အပြင်ဘက်မှာ သက်ရှိလှုပ်ရှားမှုတွေ့ရတဲ့ အခိုင်မာဆုံး အထောက်အထားဖြစ်နေပြီး ဒီလက္ခဏာတွေက လက်တွေ့မှန်ကန်မှာလားဆိုတာ သတိကြီးကြီးထားရမယ်လို့ ဆိုပါတယ်။
▪️ အထက်ပါဓာတုပစ္စည်းတွေ တွေ့ရတာဟာ ဘူမိဗေဒနဲ့ ဓာတုရင်းမြစ်တွေကြောင့်လည်း ဖြစ်နိုင်ပြီး K2-18bမှာ သက်ရှိလက္ခဏာတွေ ရှိလားဆိုတာကိုသိရဖို့ နောက်ထပ်လေ့လာချက်တွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။
#Source: WION
#World_Science
Published 27 April 2025
▪️ တရုတ်ဘက်ထရီထုတ်လုပ်ရေးတစ်ခုက ဒင်္ဂါးပြားအရွယ်အစားသာရှိတဲ့ ဘက်ထရီတစ်မျိုးကို ဆန်းသစ်တီထွင်လိုက်ပါတယ်။
▪️ ဒီဘက်ထရီကို ရေဒီယိုသတ္တိကြွ နစ်ကယ်အိုင်ဆိုတုပ်ဖြင့် ဓာတ်အားပေးထားပြီး တည်ငြိမ်တဲ့ကြေးနီအဖြစ် တဖြည်းဖြည်းပျက်စီးသွားမှာ ဖြစ်ပါတယ်။
▪️ ဘက်ထရီဆဲလ်က အစပိုင်းမှာ အားနည်းပေမယ့် နှစ် ၅၀ လောက်အထိ စွမ်းအားပေးနိုင်အောင် အသုံးပြုနိုင်ပါတယ်။
▪️ BV100လို့ခေါ်တဲ့ နျူကလီးယားစွမ်းအင်အသေးစား ဘက်ထရီကို အများအပြားထုတ်လုပ်နေပြီဖြစ်ပြီး Beijing Betavolt New Energy Technologyရဲ့ ဆဲလ်ဟာ နှစ် ၅၀ အထိ အားမသွင်းဘဲ စွမ်းအားပေးနိုင်မယ်လို့ သိရပါတယ်။
▪️ ဒီတီထွင်မှုကြောင့် Betavoltဟာ နျူကလီးယားဘက်ထရီများ ထုတ်လုပ်ရောင်းချဖို့ ပြိုင်ဆိုင်မှုမှာ ဦးဆောင်သူဖြစ်လာပါတယ်။
▪️ BV100 ဟာ နစ်ကယ်-၆၃ ပျက်စီးလာတဲ့ ရေဒီယိုသတ္တိကြွထံမှ စွမ်းအင်ကိုအသုံးချထားကာ အိုင်ဆိုတုပ်ပျက်စီးလာမှုကနေ လျှပ်စစ်အဖြစ်သို့ ပြောင်းလဲပေးပါတယ်။
▪️ BV100 ဟာ ဒင်္ဂါးပြားအရွယ်သာရှိပြီး ၃ ဗို့လျှင် ၁၀၀ မိုက်ခရိုဝပ်ထုတ်ပေးနိုင်ပေမယ့် ဖုန်း၊ လက်ပ်တော့လိုမျိုး ပစ္စည်းတွေအတွက်တော့ အားမလုံလောက်ပါဘူး။
▪️ သာမန်ဘက်ထရီတွေနဲ့ မတူတာက လီသီယံဘက်ထရီတွေထက် စွမ်းအင်သိပ်သည်းဆ ၁၀ ဆကျော်ပေးနိုင်ကာ တစ်ဂရမ်လျှင် တစ်နာရီကို ၃,၃၀၀ မီလီဝပ်သိုလှောင်နိုင်သလို ထိခိုက်ကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိပြီး အပူချိန်အနုတ် ၆၀ဒီဂရီမှ အပေါင်း ၁၂၀ဒီဂရီဆဲလ်စီးယပ်စ်အတွင်း မပေါက်မကွဲနိုင်ပါဘူး။
▪️ Betavoltက သူ့နည်းပညာတွေကို လေကြောင်းစနစ်များ၊ ဉာဏ်ရည်တုကိရိယာများ၊ ဆေးပစ္စည်းများ၊ ဒရုန်းငယ်များ၊ မိုက်ခရိုစက်ရုပ်များစတဲ့ နေရာအများအပြားမှာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
▪️ အချိန်ကြာမြင့်စွာ ဓာတ်အားပေးနိုင်ဖို့လိုတဲ့ ဘယ်ပစ္စည်းမဆို ဒီနည်းပညာအတွက် ဈေးကွက်ဖြစ်လာနိုင်ပါတယ်။
#Source: Techspot
Page 156 of 1090