ျကာတာ ဖေဖော်ဝါရီ ၁၅၊  - အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် သံချေးတက်နေသော သွပ်မိုးများကို ဖယ်ရှားပြီး ရိုးရာမြေအုတ်ကြွပ်များဖြင့် အစားထိုးရန် "သွပ်မိုးတိုက်ပွဲ" ဟု ကြေညာကာ အင်ဒိုနီးရှား၏ မိုးကုပ်စက်ဝိုင်းအလှကို ပြောင်းလဲမည့် ရည်မှန်းချက်ကြီးမားသော နိုင်ငံလုံးဆိုင်ရာ စီမံကိန်းတစ်ရပ်ကို စတင်လိုက်သည်။

အင်ဒိုနီးရှားလို “ဂန်တန်ငီဆာစီ” ဟုအမည်ပေးထားသည့်  အမိုးအုတ်ကြွပ် ပြောင်းလဲခြင်း ဤအစီအစဉ် သည် ၀င်ငွေနည်း အိမ်ရာများတွင် အတွေ့ရများသည့် ပူပြင်းအိုက်စပ်သော သွပ်မိုးများကို အေးမြပြီး ကြည့်ကောင်းသော မြေအုတ်ကြွပ်များဖြင့် အစားထိုးရန် ရည်ရွယ်သည်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ပြု လုပ်သော နိုင်ငံတော်အဆင့် ညှိနှိုင်းအစည်းအဝေးတွင် သံချေးတက်နေသော သွပ်မိုးများ များပြားနေ ခြင်းသည် "ယိုယွင်းပျက်စီးခြင်း၏ သင်္ကေတ" ဖြစ်ပြီး နိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုကို အဟန့်အတား ဖြစ်စေကြောင်း သမ္မတ ပရာဘိုဝိုက ပြောကြားခဲ့သည်။

ဤအမိုးအစားထိုးလဲလှယ်ရေး အစီအစဉ်သည် သမ္မတ၏ ပိုမိုကျယ်ပြန့်သော ASRI လုပ်ငန်းစဉ် (လုံခြုံခြင်း၊ ကျန်းမာခြင်း၊ သန့်ရှင်းခြင်းနှင့် လှပခြင်းဟု အဓိပ္ပာယ်ရသောအင်ဒိုနီးရှားဘာသာစကား  အတို  ကောက်စကားလုံး) ၏ အဓိက ဦးဆောင်စီမံကိန်းဖြစ်သည်။

"အိမ်တွေကောင်းရင် ပြည်သူတွေ ဂုဏ်ယူကြလိမ့်မယ်" ဟု ပရာဘိုဝိုက ပြောကြားခဲ့ပြီး မိုးပြာရောင်၊ ရေတပ်အပြာရောင်၊ အစိမ်းရောင်၊ မီးခိုးရောင်နှင့် အုတ်နီရောင် အုတ်ကြွပ်များဖြင့် တစ်ပြေးညီ လှပနေ  မည့် လူနေရပ်ကွက်များကို ပုံဖော်မျှော်မှန်းထားသည်။ သမ္မတသည် အလှအပအပြင် အပူဒဏ်သက်သာ  ရေးကိုလည်း အလေးပေးပြောကြားခဲ့ပြီး သွပ်မိုးများသည် ပြင်းထန်သော အပူပိုင်းဒေသအပူချိန်ကို လှောင်ပိတ်ထားတတ်သဖြင့် သဘာဝအလျောက် အေးမြစေသော ဂုဏ်သတ္တိရှိသည့် မြေအုတ်ကြွပ်များ နှင့် ယှဉ်လျှင် နေထိုင်သူများအတွက် သက်တောင့်သက်သာမရှိကြောင်း ထောက်ပြခဲ့သည်။

ကျေးရွာဦးဆောင်သော ထုတ်လုပ်မှု

ကုန်ကျစရိတ် သက်သာစေရန်နှင့် ဒေသတွင်းစီးပွားရေးကို မြှင့်တင်ရန်အတွက် အစိုးရသည် စက်မှုလုပ်ငန်းကြီးများကို ရှောင်လွှဲလုပ်ဆောင်ရန် စီစဉ်ထားသည်။ ထုတ်လုပ်မှုကို Koperasi Merah Putih ဟုခေါ်သော ကျေးရွာသမဝါယမအသင်းများထံ ဖြန့်ခွဲလုပ်ဆောင်သွားမည်ဖြစ်သည်။

ဆန်းသစ်သော ပစ္စည်းနှင့် နည်းပညာများ

Fly Ash (ကျောက်မီးသွေးပြာ) နည်းပညာ - ရိုးရာမြေအုတ်ကြွပ်၏ အလေးချိန်နှင့် ခိုင်ခံ့မှုဆိုင်ရာ ကိစ္စရပ်   များကို ဖြေရှင်းရန် အုတ်ကြွပ်အသစ်များကို မြေစေးနှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး  စက်ရုံများမှ ထွက်သော စွန့်ပစ်ပစ္စည်းဖြစ်သည့် Fly Ash တို့ ရောစပ်ထုတ်လုပ်ဖွယ်ရှိသည်။

ကုန်ကျစရိတ် နည်းပါးခြင်း - ဤစီမံကိန်းသည် ရူပီး ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉ သန်း) အောက်သာ ကုန်ကျမည်ဟု အစိုးရက ခန့်မှန်းထားပြီး နိုင်ငံတော်ဘဏ္ဍာငွေ၊ ပုဂ္ဂလိကကဏ္ဍမှ ထည့်ဝင်ငွေနှင့် လူထုပါဝင်မှုတို့ကို ပေါင်းစပ်အသုံးပြုသွားမည်ဖြစ်သည်။

အဆောက်အအုံကြံ့ခိုင်မှုနှင့် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများ

အလှအပနှင့် အပူဒဏ်သက်သာစေသော အကျိုးကျေးဇူးများမှာ ထင်ရှားသော်လည်း ကျွမ်းကျင်သူများက လက်ရှိအိမ်များ၏ အဆောက်အအုံဆိုင်ရာ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကို ကြီးကြီးမားမား ထောက်ပြနေကြသည်။

မြေအုတ်ကြွပ်များသည် သွပ်ပြားများထက် သိသိသာသာ ပိုလေးသည်။ တန်ဖိုးနည်းအိမ်ရာအများစုသည် ဤမျှလေးလံသော ဝန်ကို ထမ်းထားနိုင်ရန် ဆောက်လုပ်ထားခြင်း မဟုတ်သဖြင့် အိမ်ပြိုကျခြင်းမှ ကာကွယ်ရန် တန်းများနှင့် အုတ်မြစ်များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းကဲ့သို့သော ကုန်ကျစရိတ်ကြီးသည့် ပြုပြင်မွမ်းမံမှုများ လိုအပ်နိုင်ကြောင်း အင်ဂျင်နီယာလေ့လာသုံးသပ်သူများက သတိပေးထားသည်။

ထို့အပြင် အာချေးကဲ့သို့ ငလျင်ဒဏ်သင့်လွယ်သော ဒေသများတွင် လေးလံသော အမိုးများသို့ ပြောင်းလဲ ခြင်းသည် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်။ ပေါ့ပါးသော သွပ်မိုးများသည် အဆောက်အအုံ ပြိုကျပါက သေစေနိုင်လောက်သည့် ဒဏ်ရာရရှိနိုင်ခြေ နည်းပါးသောကြောင့် ငလျင်လှုပ်ရှားမှုများအတွင်း ပိုမိုဘေး ကင်းကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကျွမ်းကျင်သူများက ငြင်းခုံဆွေးနွေးကြသည်။

လှပသော အမိုးများကို လိုလားဖွယ်ကောင်းသော်လည်း မြေယာအသုံးချမှု ပြုပြင်ပြောင်းလဲရေးနှင့် အခြေခံအိမ်ရာ လိုအပ်ချက်များကို ဦးစားပေးသင့်ကြောင်း ထောက်ပြလျက် အခြားသော အရေးတကြီး အိမ်ရာပြဿနာများ ရှိနေချိန်တွင် "gentengisasi" စီမံကိန်း၏ အရေးပါမှုကို ဝေဖန်သူများက မေးခွန်းထုတ်နေကြသည်။

Source CNA