#World_News
Published 16 February 2026

■ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်သားတွေနဲ့အတူ တိုက်ခိုက်ရင်း ကျဆုံးသွားတဲ့ မြောက်ကိုရီးယားစစ်သည်များရဲ့ မိသားစုတွေအတွက် ပြုံယမ်းမှာ အိုးအိမ်နေရာဒေသတစ်ခု ဆောက်လုပ်ပြီးစီးသွားပြီလို့ မြောက်ကိုရီးယားက တနင်္လာနေ့မှာ ပြောပါတယ်။

■ စစ်ပွဲမှာကျဆုံးသူတွေအတွက် ခေါင်းဆောင်ကင်မ်ဂျုံအန်းမှ ဂုဏ်ပြုပေးတဲ့သဘော ဖြစ်ပါတယ်။

■ ကင်မ်ဂျုံအန်းက သမီးဖြစ်သူနဲ့အတူ တပ်မတော်သားအချို့ရဲ့ နေအိမ်တွေထံ သွားရောက်လည်ပတ်ခဲ့ပြီး အသက်ပေးခဲ့တဲ့ အာဇာနည်များအတွက် ကျေးဇူးဆပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

■ မြောက်ကိုရီးယားက ရုရှားစစ်ပွဲမှာ တိုက်ခိုက်ပေးသူတွေအတွက် ဂုဏ်ပြုပေးမယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ လုပ်ဆောင်နေကာ မော်ကွန်းတိုက်၊ ပြတိုက် ဆောက်လုပ်ပေးခြင်းတို့ ပါဝင်ပါတယ်။

■ ဒါတွေဟာ နိုင်ငံတွင်းစည်းလုံးညီညွတ်မှု မြှင့်တင်ရေးနဲ့ လူအများမကျေမနပ်မှု ထိန်းချုပ်ရေးတို့အတွက် ကြိုးပမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

■ ကင်မ်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် လက်နက်ခဲယမ်းများအပါအဝင် တပ်သားအများအပြား စေလွှတ်ထားပါတယ်။

■ တောင်ကိုရီးယား ထောက်လှမ်းရေးများ ထုတ်ပြန်ချက်အရ စစ်ပွဲအတွင်း မြောက်ကိုရီးယားတပ်သား ၆,၀၀၀ ခန့် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

■ မနှစ်က ခန့်မှန်းခြေ ၆၀၀ ခန့် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

■ မြောက်ကိုရီးယားတို့က ရုရှားနဲ့အတူ တိုက်ခိုက်ရင်းကနေ အကျိုးကျေးဇူးရထားပြီး ခေတ်မီတိုက်ခိုက်ပုံများ၊ ရုရှားနည်းပညာအကူအညီများ ရရှိထားတယ်လို့ ယုံကြည်ရပါတယ်။

■ ယခုလအတွင်း အာဏာရပါတီကွန်ဂရက်ကြီးတစ်ခု ဖွင့်လှစ်ဖို့ ပြင်ဆင်နေရာ လမ်းအသစ်လည်း ဖောက်လုပ်ထားပါတယ်။

■ ကင်မ်ဂျုံအန်းက လာမယ့် ၅ နှစ်အတွင်း ပြည်တွင်းနဲ့ ပြည်ပပေါ်လစီများနဲ့ ပတ်သက်ပြီး ရည်မှန်းချက်ကြီးတွေကို ကြေညာသွားဖို့နဲ့ ဒီထက်ပိုပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Source: AP News