#World_News
Published 25 July 2025
▪️ အီလွန်မက်စ်ပိုင်ဆိုင်သော Space X ရဲ့ Starlink ဂြိုဟ်တုအင်တာနက်စနစ်ဟာ ကြာသပတေးနေ့က အတွင်းပိုင်းဆော့ဖ်ဝဲ ချို့ယွင်းမှုကြောင့် ကမ္ဘာနဲ့ချီ ပြတ်တောက်မှုကြီးဖြစ်ခဲ့ပြီး သုံးစွဲသူသောင်းနဲ့ချီ အင်တာနက်ပြတ်သွားခဲ့ပါတယ်။
▪️ အမေရိကန်နဲ့ ဥရောပတို့မှာ မွန်းလွဲ ၃ နာရီခန့်က စတင်ပြတ်တောက်ခဲ့ပြီး သုံးစွဲသူ ၆၁,၀၀၀ ခန့်ထံမှ အကြောင်းကြားလာကြတယ်လို့ Downdetector စောင့်ကြည့်ရေးက ပြောပါတယ်။
▪️ ခဏအကြာမှာ Starlink က အင်တာနက်ပြတ်တောက်တဲ့အကြောင်းကို သိရှိထားပြီး ဖြေရှင်းဆောင်ရွက်နေတယ်လို့ X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
▪️ ပြတ်တောက်ပြီး ၂ နာရီခွဲအကြာမှာ အင်တာနက်ဝန်ဆောင်မှုအများစု ပြန်ရပြီဖြစ်ကြောင်း၊ ဗဟိုကွန်ရက်ကြီးအတွက် လုပ်ဆောင်နေတဲ့ အဓိကအတွင်းပိုင်းဆော့ဖ်ဝဲများ ချို့ယွင်းတာကြောင့် ပြတ်တောက်သွားတာဖြစ်ကြောင်း Starlink အင်ဂျင်နီယာပိုင်းဒုဥက္ကဌ မိုက်ကယ်နီကိုးလ်စ်က X မှာ တောင်းပန်ထားပါတယ်။
▪️ အီလွန်မက်စ်ကလည်း အင်တာနက်ပြတ်တောက်ရတဲ့အတွက် တောင်းပန်စကားဆိုလိုက်ပြီး ပြဿနာအရင်းအမြစ်ကို ဖြေရှင်းသွားမှာဖြစ်ကာ နောက်ထပ်မဖြစ်စေရဘူးလို့ ဖော်ပြထားပါတယ်။
▪️ Space X ရဲ့ Starlink က အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာတဲ့ အရေးကြီးစီးပွားရေးလုပ်ငန်းဖြစ်ပြီး အခုလို အင်တာနက်ပြတ်တောက်ရတာကတော့ ဖြစ်တောင့်ဖြစ်ခဲပါတယ်။
▪️ အင်တာနက်ဝန်ဆောင်မှုကြီး ဖြစ်လာတဲ့ Starlink အနေနဲ့ အကြာရှည်ဆုံး ပြတ်တောက်တာ ဖြစ်တယ်လို့ Kentik အင်တာနက်အကဲဖြတ်ရေးမှ ကျွမ်းကျင်သူ ဒေါက်မဒိုရီက ပြောပါတယ်။
▪️ Space X ဟာ ၂၀၂၀ ခုနှစ်တည်းက Starlink ဂြိုဟ်တုပေါင်း ၈ ထောင်ကျော်ဖြင့် စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံနဲ့ဒေသပေါင်း ၁၄၀ ခန့်မှ သုံးစွဲသူ ၆ သန်းကျော်ရှိပါတယ်။
▪️ ကမ္ဘာ့အနိမ့်ပိုင်းပတ်လမ်းကြောင်းကနေ ကွန်ရက်ကို ထူးထူးခြားခြား တည်ဆောက်ထားကာ စစ်စခန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများနဲ့ အခြားအင်တာနက်ရရှိရန် ခက်ခဲတဲ့ ဝေးလံဒေသများမှ အများအပြား သုံးစွဲကြပါတယ်။
#Source: Reuters
#World_Health
Published 25 July 2025
▪️ တောင်ပိုင်းကယ်ရိုလိုင်းနား ကလေးဆေးရုံမှ လူနာတစ်ဦးဟာ ဦးနှောက်စားသုံးတဲ့ အမီးဘားပိုးကြောင့် အသက်ဆုံးပါးသွားပါတယ်။
▪️ လူနာဟာ အမီးဘားဦးနှောက်အမြှေးရောင်ရောဂါ (PAM)ကြောင့် ဆုံးပါးရတာဖြစ်ပြီး Naegleria fowleri ပိုးကြောင့် ဦးနှောက်ကို ကူးစက်ခဲ့တာဖြစ်တယ်လို့ Prisma Health ကလေးဆေးရုံမစ်ဒ်လန်းက အတည်ပြုခဲ့ပါတယ်။
▪️ လူနာဟာ မာရေးရေကန်မှာ ရောဂါပိုးကူးစက်ခဲ့ဟန်ရှိတယ်လို့ ကျန်းမာရေးဌာနက ပြောထားပေမယ့် သိပ်ပြီးမသေချာသေးပါဘူး။
▪️ ကလေးကူးစက်ရောဂါဆရာဝန် အန်နာကက်သရင်းဘာ့ချ်က အမေရိကန်မှာ ဒီလိုကူးစက်ခြင်းမျိုးက အသက်သေဆုံးသည်အထိ ဖြစ်နေတာကို စိတ်ပျက်နေပါတယ်။
▪️ ၁၉၆၀ နောက်ပိုင်း ရောဂါဖြစ်ပွားသူ ၉၇ ရာခိုင်နှုန်းကျော်က အသက်သေဆုံးထားရပါတယ်။
▪️ ရေရိုက်ချက်က နှာခေါင်းထဲရောက်ပြီး ဦးနှောက်ထဲအထိ ဖြတ်သန်းသွားတဲ့အခါ ရောဂါကူးစက်ကြောင်း ရှင်းပြပါတယ်။
▪️ ရောဂါမကူးစက်စေဖို့အတွက် ရေထဲဒိုက်ပစ်တဲ့အခါ နှာခေါင်းပိတ်ထားသင့်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက အကြံပြုထားပါတယ်။
▪️ ရောဂါကူးစက်ထားတဲ့သူ ဒါမှမဟုတ် ရောဂါပိုးရှိတဲ့ရေကို မျိုချမိခြင်းမှ မကူးစက်နိုင်ပါဘူး။
▪️ ယခုသေဆုံးမှုက ဒီနှစ်အတွင်း အမေရိကန်မှာ ပထမဆုံးမဟုတ်ဘဲ မေလကလည်း တက္ကဆပ်အမျိုးသမီးတစ်ဦး ဦးနှောက်စားသုံးအမီးဘားကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။
#Source: CBS News
#World_Health
Published 25 July 2025
▪️ မိဘတွေအနေနဲ့ ကလေးတွေကို စမတ်ဖုန်းတွေ ဆိုရှယ်မီဒီယာတွေ အသုံးပြုခြင်းမှ တားမြစ်သင့်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အသက် ၁၃ နှစ်မတိုင်ခင် ကလေးတွေ စမတ်ဖုန်းအသုံးပြုခြင်းဖြင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိဖော်ပြထားပါတယ်။
▪️ အသက် ၁၃ နှစ်အောက် ကလေးတွေ စမတ်ဖုန်းအသုံးပြုခြင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်တဲ့ စိတ်တွေ၊ စိတ်ထိန်းချုပ်နိုင်ခြင်းမရှိတာတွေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားရမှန်း မသိတာတွေ၊ လက်တွေ့နဲ့ ကွဲလွဲတာတွေ စတာတွေနဲ့ ဆက်စပ်နေတယ်လို့ Human Development and Capabilities ဂျာနယ်မှာ ဖော်ပြထားပါတယ်။
▪️ နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှ လူပေါင်း ၂ သန်းနီးပါးကို စစ်တမ်းကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဒီအတွက် သုတေသီတွေက တစ်ကမ္ဘာလုံးမှာပါ အသက် ၁၃ နှစ်အောက် ကလေးတွေမှာ စမတ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကို ကန့်သတ်ပေးမယ့် စည်းမျဉ်းစည်းကမ်းတွေ တောင်းဆိုလာပါတယ်။
▪️ အသက် ၁၆ နှစ်မတိုင်ခင်အထိ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကို ထိန်းချုပ်ခြင်းဖြင့် လူနေမှုဘဝ ကျေနပ်ရောင့်ရဲလာစေမှာ ဖြစ်ပါတယ်။
▪️ ဒါတွေနဲ့ပတ်သက်ပြီး မိဘတွေကို တိုက်တွန်းရမှာဖြစ်သလို ကျောင်းတွေမှာလည်း ပိုမိုတင်းကြပ်တဲ့ မူဝါဒလမ်းစဉ်တွေ ချမှတ်ရမှာ ဖြစ်ပါတယ်။
▪️ လက်ရှိမှာ ကလေးတွေ စမတ်ဖုန်းသုံးနေရင်တောင် ဖုန်းတွေထဲမှာ
အုပ်ထိန်းသူထိန်းချုပ်စနစ်များ အသုံးပြုခြင်းဖြင့် ပြောင်းလဲပေးနိုင်ပါတယ်။
▪️ ဒါ့အပြင် သူတို့ရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ စမတ်ဖုန်းသက်ရောက်မှုတွေအကြောင်း ကလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပေးသင့်ပါတယ်။
#Source: CNN Health
ပါကစ္စတန်မုတ်သုံရာသီကြောင့် လယ်သမားများရဲ့ လုပ်ငန်းကိစ္စများ ခြိမ်းခြောက်ခံနေရပြီး အစောပိုင်း စပါးသီးနှံများမှာ ရေကြီးမှုအတွင်း နစ်မြုပ်ကုန်တဲ့အတွက် နိုင်ငံအတွင်း စားနပ်ရိက္ခာ ဘေးအန္တရာယ် ကျရောက်ဖွယ်ရှိနေပါတယ်။
#World_Crisis
Published 24 July 2025
#မုတ်သုံရာသီရေကြီး #စိုက်ပျိုးရေးကဏ္ဍများထိခိုက်ဆုံးရှုံး
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 July 2025
၁။ မတည်ငွေရင်းကျပ်သန်း ၃,၀၀၀ တန်ဖိုးရှိ စက်မှုလုပ်ငန်းတစ်ခုကို လုပ်ကိုင်ခွင့်ပြု
၂။ နောင်လုံထွန့်ပတိုင်မှ ဆဒ္ဒန်ဂူသို့ မိုးရာသီအပျော်စီးလှေ ပြေးဆွဲပေးနိုင်ရေးဆောင်ရွက်နေ
၃။ မိုးလေကြီး၍ ရန်ကုန်၌သစ်ပင်များလဲပြို
၄။ ပါကစ္စတန်၌ မုတ်သုံရာသီရေကြီးခြင်းကြောင့် စိုက်ပျိုးရေးကဏ္ဍများစွာထိခိုက်ဆုံးရှုံး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဆိုးလ်၊ ဇူလိုင် ၂၄ (ရိုက်တာ) - တောင်ကိုရီးယားရဲတပ်ဖွဲ့သည် K-pop အေဂျင်စီ HYBE ၏ ရုံးချုပ်ကို ကြာသပတေးနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ယင်းတို့ သည် ကုမ္ပဏီဥက္ကဋ္ဌနှင့် ပတ်သက်သည့် မမျှတသော ရှယ်ယာရောင်းဝယ်မှု စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန် အတွက် စီးနင်းခဲ့ခြင်း ဖြစ်သည်။
မီဒီယာများ၏ ဖော်ပြချက်အရ တောင်ကိုရီးယားဘဏ္ဍာရေးဌာနက HYBE ၏ ဥက္ကဋ္ဌ ဘန်စီဟွတ် (Bang Si-hyuk) ကို ကုမ္ပဏီ၏ စတော့ရှယ်ယာဈေးကွက်စာရင်းဝင်စဉ်ကာလအတွင်း ၎င်း၏လုပ်ဆောင် မှုများကို စုံစမ်းစစ်ဆေးရန် အစိုးရရှေ့နေများထံ လွှဲပြောင်းပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် IPO (ကနဦးအများပြည်သူသို့ ရှယ်ယာထုတ်ရောင်းချခြင်း) မတိုင်မီတွင် ဘန်နှင့် အခြားအမှုဆောင်အရာရှိသုံးဦးတို့သည် သူတို့ထိန်းချုပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုသို့ ရင်းနှီး မြှုပ်နှံသူများကို ရှယ်ယာများရောင်းချရန် "ဖျားယောင်းခဲ့သည်" ဟု စွပ်စွဲခံနေရသည်။ ထို့နောက် ကုမ္ပဏီစာရင်းဝင်ပြီးနောက် ရှယ်ယာရောင်းချမှုမှ အကျိုးအမြတ်များ ရရှိခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
HYBE သည် ကမ္ဘာကျော် K-pop Boy အဖွဲ့ ဖြစ်သော BTS ကို စီမံခန့်ခွဲသည့် အေဂျင်စီဖြစ်သည်။
ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
HYBE ကမူ ယခင်ထုတ်ပြန်ချက်ကို ကိုးကား၍ ကုမ္ပဏီအနေဖြင့် "အချက်အလက်ရှာဖွေမှုများ" အတွက် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
"IPO ကို ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း အသေအချာ ပြသနိုင်ဖို့အတွက် လိုအပ်တဲ့အချိန်ယူပြီး လုပ်ဆောင်သွားမှာပါ" ဟု HYBE က ပြောကြားခဲ့သည်။
ဘန်သည် HYBE ၏ တည်ထောင်သူနှင့် အကြီးဆုံးရှယ်ယာရှင် ဖြစ်သည်။
#World_News
Published 24 July 2025
▪️ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီ ၂ ခုရဲ့ လွတ်လပ်စွာလုပ်ပိုင်ခွင့်ကို ကန့်သတ်ထိန်းချုပ်လိုက်တဲ့ ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက်မှာတော့ အစိုးရအဖွဲ့ကို အများပြည်သူ ဆန္ဒပြတုံ့ပြန်လာကြပါတယ်။
▪️ အဆိုပါ ဥပဒေအရ အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဗျူရို(Nabu)နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအထူးရှေ့နေရုံး(Sap)တို့ကို သမ္မတမှ ခန့်အပ်ထားတဲ့ အစိုးရရှေ့နေချုပ်ထံ ထိန်းချုပ်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ညက မြို့တော်ကိဗ်မှာ လူထောင်ပေါင်းများစွာက ၂ ညမြောက် ဆန္ဒထုတ်ဖော်ခဲ့ကြကာ အစိုးရကို ဝေဖန်ထားတဲ့ ဆောင်ပုဒ်တွေ ကိုင်ဆောင်လာကြပါတယ်။
▪️ ဒီအတွက် ဇယ်လန်စကီက လူအများမကျေနပ်ချက်ကို သဘောပေါက်နားလည်ပြီး ပါလီမန်ကို ဥပဒေကြမ်းနောက်တစ်ခု တင်သွင်းသွားမယ်လို့ ပြောပါတယ်။
▪️ ယူကရိန်းရဲ့မဟာမိတ်တွေဖြစ်တဲ့ အနောက်နိုင်ငံတွေကလည်း ဒီဥပဒေအပေါ် မကျေနပ်ကြောင်း ပြောလာကြပါတယ်။
▪️ ဥရောပကော်မရှင်အကြီးအကဲ အူဆူလာဗန်ဒါလိုင်ယန်က ယူကရိန်းအစိုးရဆီကနေ ရှင်းပြချက်တောင်းခံထားပါတယ်။
▪️ Nabu နဲ့ Sap တို့က ရာဇဝတ်မှုများကို နှစ်များစွာတိုင်အောင် ပြုလုပ်ခွင့်ပေးနေပြီး ရုရှားလွှမ်းမိုးမှုကနေ ရှင်းလင်းရမယ်လို့ ဇယ်လန်စကီက ခုခံပြောဆိုထားပါတယ်။
▪️ ၂၀၂၂ ယူကရိန်းနှင့်ရုရှားစစ်ဖြစ်ပြီး နောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတာပါ။
▪️ ယူကရိန်းနဲ့ ဥရောပသမဂ္ဂတို့ကြား ဗီဇာကန့်သတ်ခြင်းများ ပြေလျော့ရေးအတွက် ရည်ရွယ်ကာ Nabu နဲ့ Sap တို့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
▪️ နိုင်ငံတကာ အကျင့်ပျက်ခြစားမှု ထုတ်ဖော်ပြညွှန်းကိန်းအရ ယူကရိန်းဟာ အဆင့် ၁၀၅ ရှိနေပေမယ့် ၂၀၁၄ Nabu နဲ့ Sap တို့ ဖွဲ့စည်းပြီးနောက် ၃၉ မှတ် တိုးတက်လာခဲ့ပါတယ်။
#Source: BBC
Page 140 of 1137