#World_Health
Published 20 January 2026
■ သွေးပေါင်ချိန်တိုးခြင်းဟာ ခန္ဓာကိုယ်ကို တိတ်တဆိတ် ဒုက္ခပေးနေပြီး နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်၊ မျက်လုံးတို့ကို ဘေးဖြစ်စေပါတယ်။
■ သွေးတိုးနေသူ အများစုဟာ ကြံ့ခိုင်တယ်လို့ မြင်ရပေမယ့် အတွင်းအင်္ဂါတွေကတော့ တဖြည်းဖြည်း ထိခိုက်ပျက်စီးလာကာ မကုသဘဲထားပါက နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ စတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
■ ဒါကြောင့် အသက် ၃၀ နောက်ပိုင်းမှာ ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ အကြံပြုထားကြပါတယ်။
■ သွေးတိုးခြင်းကို မထိန်းချုပ်နိုင်ပါက ခန္ဓာကိုယ်ထဲက စနစ်တိုင်းနီးပါးမှာ ဖိအားများစေပြီး နှလုံးဆိုရင် အားနည်းလာနိုင်ပါတယ်။
■ ဦးနှောက်ဆိုရင် သွေးကြောတွေ ထိခိုက်လာပြီး လေဖြတ်နိုင်ခြေ များလာပါတယ်။
■ ရေရှည်မှာ မှတ်ဉာဏ်နဲ့ အသိဉာဏ်လုပ်ဆောင်ချက်များပါ ထိခိုက်လာနိုင်ပါတယ်။
■ သွေးတိုးခြင်းကြောင့်ဖြစ်တဲ့ ကျောက်ကပ်ထိခိုက်ခြင်းကလည်း အသံတိတ်ဖြစ်နေပြီး လုပ်ဆောင်ချက်တွေ ယိုယွင်းလာသလို မျက်လုံးထဲက နူးညံ့တဲ့သွေးကြောတွေလည်း ထိခိုက်တာကြောင့် ကြာလာတာနဲ့အမျှ အမြင်အာရုံပျက်ယွင်းလာနိုင်ပါတယ်။
■ အနည်းငယ်မျှ သွေးတိုးရင်တောင် ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်တို့ ထိခိုက်နိုင်ပြီး ပုံမှန်ဆေးကုသခြင်း၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ဘေးအန္တရာယ်တွေ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
■ အတွင်းအင်္ဂါတွေပါ ထိခိုက်လာပြီဆိုရင် နေထိုင်စားသောက်မှုပုံစံ တစ်ခုတည်းနဲ့ မလုံလောက်ဘဲ ဆေးကုသခြင်း၊ ပုံမှန်စစ်ဆေးခြင်းတို့ပါ လိုအပ်လာပါတယ်။
■ အသက် ၃၀ ကျော်တဲ့အခါ သွေးပေါင်ချိန်ကို စောင့်ကြည့်တိုင်းတာပေးပြီး အချိန်မီ ဆေးကုသမှုခံယူဖို့က အရေးကြီးပါတယ်။
Source: Indian Express.
#World_Health
Published 20 January 2026
■ ညဘက်ကောင်းစွာ အိပ်စက်နိုင်ဖို့က ထင်ထားတာထက် ပိုအရေးကြီးကာ အိပ်ရေးမဝခြင်းက အသက်တိုခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ အော်ရီဂွန်ကျန်းမာရေးနဲ့ သိပ္ပံတက္ကသိုလ်က သုတေသနလုပ်ထားပါတယ်။
■ သုတေသီတွေက ၂၀၁၉ မှ ၂၀၂၅ အထိ ရောဂါထိန်းချုပ်ရေးစင်တာများမှ စစ်တပ်များကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
■ ထိုအခါမှာ အိပ်စက်ခြင်းက အစားအသောက်၊ လှုပ်ရှားမှု၊ လူမှုရေး စတဲ့အချက်တွေထက် ပိုပြီး လူ့သက်တမ်းအပေါ် သက်ရောက်နေပါတယ်။
■ အိပ်ချိန် ၇ နာရီမှ ၉ နာရီကြား ရရှိဖို့က ထင်ထားတာထက် များစွာပိုပြီးအရေးကြီးကြောင်း အော်ရီဂွန်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ အန်ဒရူးမက်ဟေးလ်က ပြောပါတယ်။
■ အိပ်ချိန်လုံလောက်ခြင်းက ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကဏ္ဍအရပ်ရပ်မှာ ထောက်ပံ့ပေးတယ်လို့ သုတေသီတွေ အသိအမှတ်ပြုထားပါတယ်။
■ အိပ်ချိန်နဲ့ လူ့သက်တမ်းတို့ကြား ဆက်စပ်မှုအခြေအနေက သာမန်ထက်ပိုပြီး ပြင်းထန်နေတာ ဖြစ်ပါတယ်။
■ အိပ်စက်ခြင်းက နှလုံးသွေးကြော ကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ဦးနှောက်ကျန်းမာရေးတို့ကို သက်ရောက်နေတာကြောင့် အိပ်စက်ခြင်းကို အရေးပေးဖို့ လိုအပ်ကြောင်း သုတေသီတွေ သတိပေးထားပါတယ်။
■ တစ်ခါတရံမှာ လူတွေက အိပ်စက်ခြင်းကို သိပ်ပြီးအလေးမထားတတ်ကြဘဲ အလုပ်နားတဲ့ရက်မှ စုပေါင်းအိပ်မယ်ဆိုပြီး စဉ်းစားတတ်ကြကြောင်း၊ ညဘက်ကောင်းစွာ အိပ်စက်ခြင်းက အသက်ဘယ်လောက်ရှည်လဲဆိုတာကိုပါ သက်ရောက်နေကြောင်း မက်ဟေးလ်က ပြောသွားပါတယ်။
Source: SciTechDaily
ကြာသပတေးနေ့က ကနေဒါနိုင်ငံ တိုရွန်တိုမြို့နဲ့ အနီးတဝိုက်မှာ အင်အားကြီး ဆောင်မုန်တိုင်းတိုက်ခတ်ပြီး ဆီးနှင်းသည်းထန်တာကြောင့် မြင်ကွင်းကျဆင်းပြီး သွားလာပို့ဆောင်ရေးတွေထိခိုက်ကာ ကျောင်းတွေပိတ်ထားရသလို ခရီးသွားလာမှုတွေနှောင့်နှေးရပါတယ်။
#World_Climate
Published 19 January 2025
#တိုရွန်တိုမြို့ #ကနေဒါနိုင်ငံ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 January 2026
■ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာပြီး သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကိစ္စနဲ့ ပတ်သက်လို့ ဥရောပအပေါ် အခွန်စည်းကြပ်ရန် ခြိမ်းခြောက်တာတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုနည်းသွားကာ ခိုင်မာစိတ်ချရတဲ့ ဂျပန်ယန်းငွေနဲ့ ဆွစ်ဖရန့်ငွေတို့ကို မြှုပ်နှံလာကြပါတယ်။
■ အမေရိကန်သာ ဂရင်းလန်းကို ဝယ်ခွင့်မရပါက ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဖင်လန်တို့မှ ကုန်ပစ္စည်းများအပေါ် တင်သွင်းခွန် နောက်ထပ် ၁၀ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။
■ ဥရောပသမဂ္ဂနိုင်ငံကြီးတွေက အဆိုပါ အခွန်စည်းကြပ်မှုတွေကို ရှုတ်ချလိုက်ကာ ပြင်သစ်ဆိုရင် ယခင်က မကျင့်သုံးဖူးတဲ့ တန်ပြန်ဆောင်ရွက်ချက်များ ပြုလုပ်ဖို့ အကြံပြုနေပါတယ်။
■ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်မှာ အာရှကုန်သွယ်ရေးအတွင်း ယူရိုငွေနဲ့ စတာလင် ရောင်းချဖို့ ဖြစ်ပါတယ်။
■ ရင်းနှီးမြှုပ်နှံသူတွေက ရေရှည်အကျိုးကို အကဲဖြတ်နေကြကာ ဒေါ်လာလည်း ဖိအားအောက် ရောက်ရှိလာပါတယ်။
■ ဒါကြောင့် ယူရိုနဲ့ စတာလင်ပေါင်တို့ ဆုံးရှုံးခဲ့တာတွေ ပြန်လည်သက်သာလာခဲ့ပါတယ်။
■ ကမ္ဘာတဝှမ်းကို ထရမ့်က အခွန်စည်းကြပ်မယ့် အစီအစဉ်ပြောလာပြီးနောက် အမေရိကန် ပိုင်ဆိုင်မှု တန်ဖိုးတွေအပေါ် ယုံကြည်မှုလျော့နည်းလာပါတယ်။
■ ဥရောပကို အခွန်စည်းကြပ်ဖို့ ခြိမ်းခြောက်နေပေမယ့် ဒေါ်လာကသာ ထိပါးနေတယ်လို့ ANZ မှ အာရှသုတေသနအကြီးအကဲ ခွန်ဂိုက ပြောသွားပါတယ်။
Source: Reuters
#World_Health
Published 19 January 2026
■ ဆေးဝါးတွေမတိုးတော့တဲ့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားနိုင်မယ့်နည်းလမ်းကို နိုင်ငံတကာသုတေသီအဖွဲ့ တွေ့ရှိထားပါတယ်။
■ ဒီတွေ့ရှိချက်တွေကို အစ္စရေးလ် ဝစ်ဇ်မန်းသိပ္ပံတက္ကသိုလ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
■ ကင်ဆာအများအပြားမှာ ယခင်က ကုထုံးအမျိုးမျိုးနဲ့ အလုပ်ဖြစ်ခဲ့တာတွေက ကုထုံးမတိုးတော့တဲ့ပြဿနာက အလွန်ကြီးမားနေပါတယ်။
■ ကြာလာတာနဲ့အမျှ ကင်ဆာဆဲလ်တွေ ဆင့်ကဲပြောင်းလဲလာပြီး ဒီကုသမှုတွေကို ရှောင်ရှားတတ်လာတာကြောင့် ဆေးဝါးတွေ အလုပ်မဖြစ်တော့တာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ကင်ဆာအကျိတ်တွေ ကုသမှုယဉ်ပါးလာတဲ့အခါ ဖြစ်လာတဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲခြင်းကို လေ့လာထားကြပါတယ်။
■ ဒီပြောင်းလဲမှုတွေကနေ ကင်ဆာဆဲလ်တွေမှာ မော်လီကျူးအရာတွေ ကျန်ခဲ့ပါတယ်။
■ ဒီအရာတွေကို SpotNeoMet လို့ခေါ်တဲ့ စွမ်းအားမြင့်ကွန်ပျူတာကိရိယာဖြင့် ရှာဖွေပါတယ်။
■ ဒီနောက် ကုသမှုယဉ်ပါးတဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာတွေ့နိုင်မယ့် အချက်အလက်တွေ ရှာဖွေပါတယ်။
■ ထိုအခါမှာ နီယိုအန်တီဂျင်လို့ခေါ်တဲ့ ပရိုတိန်း အပိုင်းအစတွေကို ထုတ်လုပ်ပေးကာ ဒီပစ္စည်းတွေက ကင်ဆာဆဲလ်တွေမှာပါ တွေ့ရပါတယ်။
■ ထိုနီယိုအန်တီဂျင်တွေကို ကိုယ်ခံအားကုသမှုအသစ်ပုံစံတွေ ဖြစ်လာအောင် လေ့ကျင့်ပေးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေပါတယ်။
■ နောက်ထပ်လေ့လာစမ်းသပ်ချက်တွေ ပြုလုပ်ဖို့ လိုအပ်နေသေးကာ အခြားသော ကုထုံးယဉ်ပါးကင်ဆာတွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source: India Today
#World_Health
Published 19 January 2026
■ သစ်သီးဝလံတိုင်း သွေးတွင်းသကြားဓာတ် တက်စေနိုင်တာ မဟုတ်ဘဲ သဘာဝအချိုဓာတ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်များ၊ သတ္တုဓာတ်များ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မျှတစွာ ပါဝင်ကြတယ်လို့ မွမ်ဘိုင်း ဝေါ့ခ်ဟဒ်ဆေးရုံမှ ဒေါက်တာ ပရာနက်ဗ်ဂိုဒီက ပြောပါတယ်။
■ စားသုံးတဲ့ပမာဏနဲ့ မှန်ကန်တဲ့အသီးမျိုး စားသုံးခြင်းဖြင့် သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်ပြီး အင်ဆူလင်ယဉ်ပါးခြင်းကို ထိန်းချုပ်နိုင်မယ့် အသီးတွေကို ဖော်ပြထားပါတယ်။
■ ပန်းသီး - အထူးသဖြင့် အခွံက အမျှင်ဓာတ်နဲ့ ပိုလီဖီနောကြွယ်ဝကာ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းစေပါတယ်။
■ ထောပတ်သီး - ကောင်းကျိုးပြုအဆီနဲ့ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဂလူးကို့စ်ကို ထိန်းသိမ်းပေးပါတယ်။
■ ဘလူးဘယ်ရီ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ဆဲလ်တွေက အင်ဆူလင်ကို တုံ့ပြန်စေပါတယ်။
■ ဂရိတ်ဖရုသီး - နာရင်ဂျီနင် သဘာဝဒြပ်ပေါင်းက အင်ဆူလင်အလုပ်လုပ်စေပါတယ်။
■ လိမ္မော်သီး - အမျှင်ဓာတ်နဲ့ ဗိုက်တာမင်-စီ ပါဝင်ကာ သွေးတွင်းသကြားဓာတ်ပမာဏ နည်းစေပါတယ်။
■ ပန်းသီးစိမ်း - အချိုနည်းပြီး ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
■ ဆီးချိုသမားတွေကတော့ အသီးဖျော်ရည်တွေ အသီးခြောက်တွေကို ရှောင်ရှားသင့်ပါတယ်။
အလုံးလိုက်ဆိုရင်တော့ သင့်တင့်တဲ့ပမာဏ စားခြင်းဖြင့် အမျှင်ဓာတ်ရရှိစေပြီး သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းစေပါတယ်။
■ ဒါကြောင့် အသီးတွေကို ဂရုတစိုက်ရွေးချယ် စားသုံးပါက အာဟာရဓာတ်ကို အထောက်အကူ ဖြစ်စေပါတယ်။
Source: Indian Express
#World_Health
Published 18 January 2026
■ လူတွေရဲ့ စားပုံ၊ သွားလာပုံ၊ အိပ်စက်ပုံ၊ အနားယူပုံတို့နဲ့ ပတ်သက်ပြီး ဆရာဝန်တွေ စိုးရိမ်နေကြပါတယ်။
■ ဒီအတွက် ၂၀၂၅ ခုနှစ်မှာ ဆရာဝန်တွေ သတိပေးထားတဲ့ အလေ့အကျင့် ၅ မျိုးကို ဖော်ပြထားပါတယ်။
■ (၁) ညမအိပ်ခင် ဖုန်းသုံးခြင်း
ညဘက် နောက်ကျမှ အစားစားခြင်း၊ ဖုန်းအသုံးပြုခြင်းတို့ကြောင့် ဦးနှောက်ဟာ နေ့ခင်းဘက်ပဲရှိသေးတယ်လို့ သိမြင်သွားပြီး အိပ်စက်မှုဟော်မုန်း ထုတ်လွှတ်မှုကို နှောင့်ယှက်စေကာ ကောင်းစွာမအိပ်နိုင်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
■ (၂) ညစာနောက်ကျလွန်းမှစားခြင်း
ညအချိန်နောက်ကျမှ များများစားမိခြင်းဟာ အစာအိမ်ကောင်းစွာ မရှင်းလင်းနိုင်ခြင်း၊ အက်ဆစ်လျှံတက်ခြင်း၊ ခန္ဓာကိုယ်တွင်း ပြုပြင်ဖြစ်စဉ်များနှောင့်ယှက်ခြင်းတို့ ဖြစ်နိုင်ကာ အစာခြေခြင်းကို ထိခိုက်တာကြောင့် အဝလွန်ခြင်းလည်း ဖြစ်လာနိုင်ပါတယ်။
■ (၃) အထိုင်များလွန်းခြင်းနှင့် လှုပ်ရှားမှုမရှိခြင်း
အထိုင်များခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ် နှောင့်နှေးခြင်း၊ သွေးလှည့်ပတ်မှုနည်းခြင်း၊ အဆစ်တောင့်တင်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ကာ သွေးကြောတွေထဲ အဆီတွေအနည်ထိုင်ပြီး သွေးကြောကျဉ်းစေနိုင်ပါတယ်။
■ (၄) အိပ်ချိန်မမှန်ခြင်း
ဘယ်လောက်ကြာအောင် အိပ်တယ်ဆိုတာထက် ဘယ်အချိန်အိပ်လဲဆိုတာက ပိုအရေးကြီးပြီး အိပ်ချိန်မှာ မအိပ်ပါက ကိုယ်ခံအားနည်းခြင်း၊ တုံ့ပြန်မှုနှုန်းနှေးခြင်းတို့ ဖြစ်တတ်ပါတယ်။
■ (၅) အဆင့်ဆင့်ထုပ်ပိုးစားစရာများ စားလွန်းခြင်း
အသင့်စား စားစရာများနဲ့ အဆင့်ဆင့်ထုတ်လုပ်စားစရာများ စားလွန်းခြင်းကိုလည်း ဆရာဝန်တွေ စိုးရိမ်နေကြကာ အဆိပ်အတောက်များ ဝင်ရောက်ခြင်း၊ ရောင်ရမ်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြင်းတို့ မြင့်မားစေပါတယ်။
Source: Indian Express.
Page 138 of 1238