#World_Health
Published 25 February 2026
■ ဒီဂျစ်တယ်ပစ္စည်းတွေ စွဲလမ်းလာခြင်းနဲ့အတူ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ အဖြစ်များလာတယ်လို့ Economics Survey မှာ ဖော်ပြထားပါတယ်။
■ ကျောင်းသားတွေကြား ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်တက်လာကာ နေရာဒေသ လူမျိုးပေါင်းစုံ အခက်အခဲမရှိ ချိတ်ဆက်လာနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အာရုံစူးစိုက်မှု ပြဿနာများ၊ လက်တွေ့လောက အားနည်းခြင်း စတာတွေ စိုးရိမ်စရာဖြစ်လာပါတယ်။
■ ဒါ့အပြင် ကလေးတွေမှာ အိပ်စက်မှု၊ ပညာသင်ကြားမှု၊ မျက်နှာချင်းဆိုင် ဆက်ဆံမှုတွေမှာ လိုအပ်ချက်တွေ ဖြစ်လာစေပါတယ်။
■ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ မြင်နေရတာတွေက လူငယ်တွေရဲ့ ဦးနှောက်လုပ်ဆောင်ချက်အပေါ် စိုးရိမ်မှုမြင့်လာစေပြီး အာရုံစူးစိုက်မှု အားနည်းခြင်း၊ စိုးရိမ်စိတ်မြင့်ခြင်း၊ အပြုအမူပိုင်းပြဿနာများ ဖြစ်လာစေနိုင်ပါတယ်။
■ ကျောင်းတွေမှာ မီဒီယာအချက်အလက်တွေအကြောင်း ဆန်းစစ်နိုင်အောင် လေ့ကျင့်ခြင်းဖြင့် လူငယ်တွေရဲ့ အရေးပေါ်တွေးခေါ်နိုင်စွမ်း အားကောင်းစေပြီး ဆိုရှယ်မီဒီယာကို အားမကိုးဘဲ ဖန်တီးလာနိုင်စေမှာ ဖြစ်ပါတယ်။
■ အင်တာနက်ပေါ်မှ စံပြပုဂ္ဂိုလ်တွေဟာလည်း တာဝန်ယူစိတ်ရှိပြီး လူ့ကျင့်ဝတ်ညီစွာ ပြုမူကြဖို့နဲ့ မှန်ကန်တဲ့ နေထိုင်မှုပုံစံတွေ ပြုမူပြဖို့ လိုအပ်ပါတယ်။
■ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအနေနဲ့ စိတ်ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ပြီး ဘေးကင်းစိတ်ချရတဲ့ ဒီဂျစ်တယ်ဝန်းကျင်ဖြစ်အောင် ဖန်တီးသင့်ပါတယ်။
■ လူငယ်တွေအနေနဲ့ အားကစား၊ ဖန်တီးမှုလိုက်စားခြင်း၊ ပြဿနာ ဖြေရှင်းခြင်း၊ အရေးပေါ်တွေးခေါ်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး လေ့ကျင့်ခြင်းတို့ ကျင့်ကြံသင့်ပါတယ်။
■ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆက်ဆံရေး တည်ဆောက်ခြင်း၊ ဒီဂျစ်တယ်ဖန်သားပြင်ပစ္စည်း အသုံးပြုမှု လျှော့ချခြင်းတို့ဖြင့် စိတ်ဓာတ်ကြံ့ခိုင်စေပြီး စိတ်ကျန်းမာရေး အထောက်အကူ ဖြစ်စေမှာပါ။
Source: Indian Express