#World_News
Published 20 February 2026

■ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့အသစ်ကို ပူးပေါင်းရန် ဖိတ်ကြားချက်ကို လက်ခံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကြာသပတေးနေ့က ဝါရှင်တန်မှာ တွေ့ဆုံနှုတ်ဆက်ခဲ့ကြပြီး အားပေးမှုတွေရော ပုဂ္ဂိုလ်ရေးမြှောက်ပင့်မှုတွေရော ပါဝင်ခဲ့ပါတယ်။

■ အမေရိကန်သမ္မတက အရင်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့သလို ချီးမွမ်းတာတွေ ခြိမ်းခြောက်တာတွေ တလှည့်စီဖြင့် ပြောရဲလုပ်ရဲလမ်းစဉ်ကို ကျင့်သုံးခဲ့တာပါ။

■ ကြာသပတေးနေ့မှာတော့ တက်ရောက်လာသူများက ထရမ့်အပျော်ဆုံးအချိန်တွေ မြင်ခဲ့ကြရပါတယ်။

■ ဘုတ်အဖွဲ့ဖွင့်လှစ်ပွဲကို မတက်ရောက်သူတွေကိုတော့ ထရမ့်က သတိပေးစကား အနည်းငယ်ပေးခဲ့ပါတယ်။

■ အမေရိကန် အဓိကမဟာမိတ်အချို့က စက်တင်ဘာလမှာ ဂါဇာပြန်လည်ထူထောင်ရေးအတွက် ထရမ့်စီစဉ်တဲ့ အစည်းအဝေးကို တက်ရောက်ရန် ငြင်းဆန်ခဲ့ဖူးပါတယ်။

■ တက်ရောက်လာသူ ကမ္ဘာ့ခေါင်းဆောင်တွေအပြင် ဖီဖာဘောလုံးဥက္ကဌ ဂျီယန်နီအင်ဖန်တီနို၊ ပါရာဂွေးသမ္မတ ဆန်တီယေဂိုပီနာတို့ရဲ့ နာမည်တွေကိုလည်း ရွတ်ဖတ်ပြခဲ့ပါသေးတယ်။

■ ဝေဖန်သူတွေကတော့ ဒီဘုတ်အဖွဲ့ရည်ရွယ်ချက်ဟာ ကုလသမဂ္ဂကို အနှောင့်အယှက်ဖြစ်စေမယ်လို့ စိုးရိမ်နေကြပါတယ်။

■ ထရမ့်ကတော့ ဘုတ်အဖွဲ့ဟာ ကုလထက်ပိုပြီး ထင်ရှားအရေးပါလာမယ်လို့ ဆိုနေပါတယ်။

■ ဖွင့်ပွဲမှာ ထရမ့်က အကြောင်းအရာတွေ၊ ဟာသတွေ၊ ချီးကျူးစကားတွေ မိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပြီး အရေးကြီးကိစ္စများထက် တက်ရောက်လာသူများကို အလေးထားပြောဆိုခဲ့တာ တွေ့ရပါတယ်။

■ ဂါဇာပြန်လည်ထူထောင်တည်ဆောက်ရေးက ဘုတ်အဖွဲ့ရဲ့ အဓိကဦးစားပေးဖြစ်ပေမယ့် ဒီတွေ့ဆုံမှုအတွင်း အသေးစိတ် မဆွေးနွေးခဲ့ကြပါဘူး။

Source: Reuters