#World_Health
Published 20 February 2026
■ အိပ်ရာမဝင်ခင် သွားမတိုက်ပါက နှလုံးကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တယ်လို့ ဒေါက်တာ ကူနယ်ဆုဒ်က အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။
■ ခံတွင်းသန့်ရှင်းရေးက မရှိမဖြစ်အရေးကြီးပြီး နှလုံးသွေးကြော ကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်ပါတယ်။
■ ညဘက် သွားမတိုက်ပါက သွားပိုးစားခြင်း အန္တရာယ်များအပြင် နှလုံးရောဂါ၊ နှလုံးအားနည်းခြင်းတို့ပါ ဖြစ်နိုင်ခြေများစေတယ်လို့ သတိပေးထားပါတယ်။
■ ဖြစ်ပုံကတော့ ဘက်တီးရီးယားတွေဟာ ပါးစပ်ကနေ သွေးလမ်းကြောင်းထဲ ရောက်သွားပြီး ရောင်ရမ်းခြင်းတွေဖြစ်ကာ ကြာလာရင် နှလုံးထိခိုက်စေတာ ဖြစ်ပါတယ်။
■ တစ်နေ့သုံးကြိမ်သွားတိုက်ခြင်း၊ ပုံမှန်ခံတွင်းသန့်ရှင်းခြင်းတို့ဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေသလို သွားဖုံးရောဂါ၊ သွားကျိုးခြင်းတို့ အဖြစ်နည်းစေပါတယ်။
■ ညဘက် သွားမတိုက်တဲ့အခါ အညစ်အကြေးတွေ စုပြုံလာပြီး အဆိပ်အတောက်တွေ ထွက်စေကာ သွေးကြောထဲ ရောက်ရှိသွားစေပါတယ်။
■ ကြာရှည်ရောင်ရမ်းလာတဲ့အခါ သွေးကြောနံရံတွေ သက်ရောက်စေပြီး နှလုံးသွေးကြောပြဿနာတွေ ဖြစ်လာစေပါတယ်။
■ ခံတွင်းကျန်းမာရေး ထိန်းသိမ်းခြင်းအပြင် သွေးပေါင်ချိန်၊ ကိုလက်စထရော၊ နေထိုင်စားသောက်မှုပုံစံတို့ဖြင့်လည်း နှလုံးကို ကျန်းမာစေပါတယ်။
■ တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၊ ညမအိပ်ခင် သွားကြားသန့်ရှင်းခြင်း၊ သွားတိုက်ပစ္စည်းများ သန့်ရှင်းစွာထားခြင်းတို့ဖြင့် အလေ့အကျင့် ပြုလုပ်သွားသင့်ပါတယ်။
Source: Indian Express.