#World_News
Published 20 November 2025
■ ၂၀၁၈ က ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်တစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျ အိမ်ရှေ့စံမင်းသားအကြောင်း မေးမြန်းခဲ့တဲ့ ABC News သတင်းထောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်ပြီးနောက်တစ်နေ့မှာ အိမ်ဖြူတော်က ABC News ကို အရှိန်မြှင့်တိုက်ခိုက်လိုက်ပါတယ်။
■ ဖက်ဒရယ်လူမှုဆက်သွယ်ရေးကော်မရှင်(FCC)က နိုင်ငံတော်ကွန်ရက်များနဲ့ ပြည်တွင်းရုပ်သံလွှင့်ဌာနများကြား သဘောတူညီမှု ပြန်လည်သုံးသပ်ရေး လမ်းဖွင့်ပေးထားရာမှာ အခုလို ဝေဖန်မှုတွေ ထွက်လာတာ ဖြစ်ပါတယ်။
■ ဒစ္စနေပိုင်ဆိုင်တဲ့ ABC ရုပ်သံဌာနတွေရဲ့ ထုတ်လွှင့်ပြသခွင့်လိုင်စင်တွေကို ကော်မရှင်အနေနဲ့ ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ထရမ့်က အကြံပြုလိုက်ပါတယ်။
■ လွတ်လပ်တဲ့ ဖက်ဒရယ်အေဂျင်စီဖြစ်တဲ့ FCC က ၈ နှစ်သက်တမ်းရှိတဲ့ လိုင်စင်တွေကို ရုပ်သံလွှင့်ဌာနတစ်ခုစီထံ ထုတ်ပေးထားတာ ဖြစ်ပါတယ်။
■ FCC ဥက္ကဌ ဘရန်ဒန်ကားက ပြန်လည်သုံးသပ်ဖို့ ကြေညာထားပြီး ရုပ်သံလွှင့်ဌာနတွေအနေနဲ့ ဒဏ်ကြေးရင်မဆိုင်ရဘဲ အများပြည်သူအကျိုးအတွက် ထုတ်လွှင့်ပြသခွင့်ရှိမရှိကို ဦးတည်သွားမှာ ဖြစ်ပါတယ်။
■ ဘရန်ဒန်ကားက Jimmy Kimmel Live ထုတ်လွှင့်ပြသတာနဲ့ ပတ်သက်ပြီး ပြည်တွင်းရုပ်သံဌာနတွေ ဝေဖန်ပြီးနောက် နှစ်ဖက်ပါတီမှ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
■ ပြည်တွင်းရုပ်သံတွေ အလုပ်မလုပ်နိုင်အောင် လုပ်ငန်းပြိုင်ဆိုင်မှုမရှိဘဲ လက်ဝါးကြီးအုပ်ထုတ်လွှင့်ခြင်းထဲမှာ သတင်းကွန်ရက်ကြီးတွေ ပါဝင်မှုရှိမရှိကို FCC က စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်။
■ ABC News ကတော့ သူတို့ဟာ ထရမ့်အပေါ် တိုက်ခိုက်ခြင်းနဲ့ ဘက်လိုက်ဖော်ပြမှုတွေအကြောင်း စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။
■ FCC က အခြားမီဒီယာကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးထားကာ သတင်းဌာနတွေ ပူးပေါင်းသွားခြင်းကို အတည်ပြုပေးထားခဲ့ပါတယ်။
Source: Reuters
#World_Science
Published 20 November 2025
■ အမေရိကန် ကမ်းစပ်နေရာတွေမှာ ဘာမှန်းမသိရတဲ့အရာများ အတွေ့များလာပြီး သိပ္ပံပညာရှင်တွေနဲ့ စစ်ရေးစောင့်ကြည့်သူများ အာရုံစိုက်လာပါတယ်။
■ ပင်လယ်အောက်ထဲ ငုပ်နေနိုင်တဲ့ UFO စောင့်ကြည့်အက်ပ်ထဲကနေ အမျိုးအမည်မသိ နစ်မြုပ်နေသော အရာဝတ္ထုများ(USO)တွေ ထောင်ပေါင်းများစွာ တွေ့ရတယ်လို့ ဖော်ပြလာပါတယ်။
■ Enigma လို့ခေါ်တဲ့အက်ပ်ဖြင့် ၂၀၂၂ စတင်ထုတ်လုပ်ပြီးတည်းက လေပေါ်နဲ့ ရေအောက် အမျိုးအမည်မသိဖြစ်စဉ် ၃ သောင်းကျော်ရဲ့ အချက်အလက်တွေ ရရှိခဲ့ပါတယ်။
■ ဩဂုတ်လထဲမှာ အမေရိကန် ကမ်းစပ်များရဲ့ ၁၀ မိုင်အတွင်း တွေ့ရှိမှု ၉ ထောင်နဲ့ ၅ မိုင်အတွင်း ၅၀၀ ခန့် တွေ့ရှိခဲ့ပါတယ်။
■ ဒီထဲက ၁၅၀ ခန့်ဆိုရင် ရေပေါ်မှာ မျောနေတာတွေ ရှိပါတယ်။
■ ကယ်လီဖိုးနီးယားနဲ့ ဖလော်ရီဒါတို့မှာ ၃၈၉ ကြိမ်နဲ့ ၃၀၆ ကြိမ်တို့ဖြင့် အများဆုံးဖြစ်နေပြီး သမုဒ္ဒရာမျက်နှာပြင်အောက်မှာ အစိမ်းရောင်အလင်း ရွေ့လျားနေတဲ့ ဗီဒီယိုပင် ပါဝင်ပါတယ်။
■ UFO တွေ့ရှိချက်အများအပြားက အမြင်များ အထင်မှားတယ်လို့ သတ်မှတ်နိုင်ပေမယ့် သမုဒ္ဒရာဆက်စပ်ပြီး အတွေ့များလာခြင်းက အာရုံစိုက်စရာဖြစ်လာတယ်လို့ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး တင်ဂယ်လောဒက်က ပြောပါတယ်။
■ ဒီတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး အစိုးရမှ သတိပေးချက် မထုတ်ပြန်တာဟာ သိရှိထားသမျှကို အကုန်ထုတ်ဖော်ခြင်းမရှိတဲ့သဘော ဖြစ်နေတယ်လို့ ဖော်ပြဖူးပါတယ်။
■ လေထဲနဲ့ ပင်လယ်ထဲမှာ ရွေ့ချင်သလိုရွေ့နေပြီး တိုက်မိခြင်း၊ လွင့်စင်ခြင်းပင် မရှိတဲ့ အရာဝတ္ထုတွေက ကမ္ဘာကြီးအပေါ် ပြောင်းလဲမှုများ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
Source: WION.
#World_Health
Published 20 November 2025
■ မီးဖိုချောင်နေရာနဲ့ ပစ္စည်းတွေပေါ်မှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုတွေ အလွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။
■ မတော်တဆ ရောဂါပိုးကူးစက်မိတဲ့အခါ ကျန်းမာရေးပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ပါတယ်။
■ မီးဖိုချောင်မသန့်ရှင်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာအချို့ကို ဖော်ပြလိုက်ပါတယ်။
■ (၁) ဆီးလမ်းကြောင်းပိုးဝင်ခြင်း - အဖြစ်အများဆုံး ပိုးမွှားကူးစက်ခြင်းဖြစ်ပြီး ရောဂါပိုးပါတဲ့ အသားတွေ၊ သန့်ရှင်းစွာ မကိုင်တွယ်ခြင်းတို့ကနေ ဖြစ်ပွားနိုင်ကာ ဆီးပြွန်၊ ဆီးအိမ်၊ ကျောက်ကပ်တို့ပါ ကူးစက်နိုင်ပါတယ်။
■ (၂) အစာအဆိပ်သင့်ခြင်း - မကျက်တဲ့အသားငါးတို့ကနေ ဆယ်လ်မွန်နဲလား၊ နို့နဲ့ ဟင်းရွက်စိမ်းတို့မှာ တွေ့ရတတ်တဲ့ အီးကိုလိုင်၊ သေချာစွာ မသိုလှောင်ထားတဲ့ အသားငါးတို့မှ လစ္စတီးရီးယားတို့ဟာ အစာအဆိပ်သင့်စေပြီး ပြင်းထန်ပါက ဆေးဘက်ဆိုင်ရာအကူအညီ လိုအပ်နိုင်ပါတယ်။
■ (၃) အရေပြားပိုးဝင်ခြင်း - မီးဖိုချောင်မသန့်ရှင်းတဲ့အခါ ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေထဲကို ဘက်တီးရီးယားတွေ၊ ကပ်ပါးကောင်တွေ၊ မှိုတွေ ကူးစက်နိုင်ပါတယ်။
■ (၄) အစာအိမ်အူလမ်းကြောင်းပြဿနာများ - မီးဖိုချောင်မသန့်တဲ့အခါ တိုက်ရိုက်အထိခိုက်ဆုံးက အစာအိမ်အူလမ်းကြောင်းပြဿနာဖြစ်ပြီး ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်လေ့ရှိပါတယ်။
■ (၅) အသည်းရောင်အသားဝါအေ - ရောဂါပိုးကူးစက်ထားတဲ့ အစားအစာကြောင့် ဒီရောဂါဖြစ်ကာ အသည်းလုပ်ဆောင်ချက်ကို သက်ရောက်စေပြီး များသောအားဖြင့် မသန့်ရှင်းတဲ့ လမ်းဘေးစာတွေကနေ ကူးစက်နိုင်ပါတယ်။
■ (၆) ဒဏ်ရာအနာတရများ - မီးဖိုချောင်မသန့်ရှင်းရင် ထိခိုက်ဒဏ်ရာများ ရနိုင်ခြေပိုများပြီး ဒဏ်ရာတွေကို သေချာမကာကွယ်ပါက ပိုးမွှားများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။
Source: NDTV
တရုတ်နိုင်ငံက 6G နည်းပညာစမ်းသပ်မှုပထမအဆင့်ပြီးစီးခဲ့ပြီး အဓိကနည်းပညာပေါင်း ၃၀၀ ကျော် ဖွံဖြိုးတိုးတက်လာစေကြောင်း စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT)က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
#Asia_Technology
Published 19 November 2025
#မိုဘိုင်း #6G
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 19 November 2025
■ အိပ်ရေးမဝခြင်း၊ မေ့လျော့တတ်ခြင်းတို့က စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကြောင့်လို့ မြင်ကြပေမယ့် ဦးနှောက်ရင့်ရော်မှုနှုန်း မြန်ဆန်လာတဲ့လက္ခဏာဆိုတာကို မသိကြပါဘူး။
■ ဦးနှောက်အိုမင်းလာခြင်းဆိုတာက အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ထဲမှာ ဖွဲ့စည်းပုံ၊ ဓာတုပစ္စည်းနဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
■ ဒါက ရှောင်လွှဲလို့မရဘူးဆိုပေမယ့် ဆိုးဆိုးရွားရွားကြီး မအိုမင်းလာခင်မှာ ပြုပြင်ထိန်းသိမ်းလို့ရတာကြောင့် ဦးနှောက်အိုမင်းခြင်းကို မြန်ဆန်စေတဲ့ အစောပိုင်းလက္ခဏာ ၆ မျိုးကို ဖော်ပြလိုက်ပါတယ်။
■ (၁) သာမန်အလုပ်လုပ်ပြီးနောက် စိတ်ပင်ပန်းခြင်း - သာမန်ကိစ္စလေးတွေ လုပ်ပြီးနောက် အားအင်ကုန်ခမ်း ပင်ပန်းနွမ်းနယ်ခြင်း ခံစားရတာဟာ စွမ်းအင်ဖြစ်စဉ်ချို့ယွင်းတဲ့သဘော ဖြစ်ပါတယ်။
■ (၂) ပါးစပ်ဖျား၌စကားလုံးမေ့ခြင်း - မှတ်ဉာဏ်၊ စကားပြောဆိုခြင်းတို့မှာ ပါဝင်ပတ်သက်တဲ့ ဦးနှောက်အပိုင်းတွေမှာ ရောင်ရမ်းခြင်းကြောင့် မှတ်ဉာဏ်လစ်ဟသွားကာ လျှာဖျားမှာပဲ ပြောမယ့်စကား မေ့နေတတ်ပါတယ်။
■ (၃) ပင်ပန်းသော်လည်း ကောင်းစွာအိပ်မပျော်ြခင်း - အိပ်ချိန်ထချိန် ပုံစံမမှန်တဲ့သူတွေမှာ နေ့ညလည်ပတ်မှုစည်းချက်ပုံစံ ပျက်ယွင်းပြီး အိပ်စက်မှုအလေ့အထ ပုံမှန်မဖြစ်တော့ဘဲ အခြေခံကျတဲ့ ဆဲလ်နဲ့ ဇီဝဖြစ်စဉ်တွေကို သက်ရောက်လာပါတယ်။
■ (၄) စိတ်ဆိုးခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း - အသက်အရွယ်အရ စိတ်ခံစားချက်တွေ ပြောင်းလဲလာတဲ့အခါ ဦးနှောက်အစိတ်အပိုင်းတွေကို သက်ရောက်ပြီး စိတ်အခြေအနေ အတက်အကျ ဖြစ်စေပါတယ်။
■ (၅) ဆူညံသံနဲ့ အလင်းရောင်ကို မခံနိုင်ခြင်း - ဦးနှောက်အိုမင်းလာလို့ အာရုံကြောတွေ အလွန်အထိမခံဖြစ်လာကာ ဆူညံသံတွေ အနှောင့်အယှက်တွေကို သည်းမခံနိုင်တော့ပါဘူး။
■ (၆) စားသောက်ပြီးနှောက် ဦးနှောက်ထိုင်းမှိုင်းခြင်း - စားပြီးသောက်ပြီး လေးလံထိုင်းမှိုင်းလာခြင်းက အစာခြေခြင်းနဲ့တင် မဟုတ်တော့ဘဲ ဦးနှောက်ရဲ့ အဓိကစွမ်းအင်ရင်းမြစ် ယိုယွင်းလာကာ စိတ်အာရုံယာယီ ချို့ယွင်းစေတာ ဖြစ်ပါတယ်။
■ ဦးနှောက်စောစီးစွာအိုမင်းခြင်းမှ ထိန်းသိမ်းဖို့အတွက် ဦးနှောက်လှုံ့ဆော်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးခြင်း၊ အာဟာရပြည့်ဝအောင်စားခြင်း၊ သွေးပေါင်ချိန်ထိန်းသိမ်းခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။
Source: Times Of India
#World_Science
Published 19 November 2025
■ အာဖရိကမှ အဆိပ်ရှိမြွေအားလုံးထံကနေ ကာကွယ်နိုင်မယ့် မြွေဆိပ်ဖြေဆေးတစ်မျိုးကို ဖန်တီးဖို့အတွက် သိပ္ပံပညာရှင်တွေက ကုလားအုတ်မျိုးနွယ်တွေရဲ့ ပဋိဇီဝပစ္စည်းတွေကို အသုံးပြုနေကြပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးက ဓာတ်ခွဲခန်းထဲမှ ကြွက်တွေကို အာဖရိကမှာတွေ့ရတဲ့ အဆိပ်ရှိမြွေ ၁၈ မျိုးထဲက ၁၇ မျိုးထံကနေ ကာကွယ်နိုင်ခဲ့တယ်လို့ သုတေသီများ ဖော်ပြခဲ့ပါတယ်။
■ အသက်ဆုံးပါးခြင်းသာမက မြွေဆိပ်ကြောင့်ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ တစ်ရှူးပုပ်ဆွေးသွားခြင်းတို့ကို သိသိသာသာ လျှော့ချပေးပါတယ်။
■ ဒီမြွေဆိပ်ဖြေဆေးကို ထုတ်ကုန်အဖြစ် ဖြန့်ချနိုင်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်တယ်လို့ ဒိန်းမတ်နည်းပညာတက္ကသိုလ် ဇီဝအင်ဂျင်နီယာအကြီးအကဲ အန်ဒရီယာစ်လော့ဆင်ကီယယ်က ပြောပါတယ်။
■ အာဖရိက၊ အာရှ၊ လက်တင်အမေရိကတို့မှ မြွေကိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်း ၈၁,၀၀၀ နဲ့ ၁၃၈,၀၀၀ ဦး အသက်ဆုံးပါးနေကြကာ ၄ သိန်းလောက်ကတော့ မြွေဆိပ်ဒဏ်ရာကြောင့် ခြေလက်ဖြတ်ပစ်ရခြင်း၊ အမြင်ကွယ်ခြင်း၊ အနာပေါက်ဖြစ်ခြင်းတို့ ခံစားနေရပါတယ်။
■ လက်ရှိအချိန်အထိ မြွေဆိပ်ဖြေဆေးတွေက အသုံးပြုရခက်ခဲသလို ဘေးထွက်ဆိုးကျိုးလည်း ပြင်းထန်နိုင်ကာ အဆိပ်ရှိမြွေမျိုးစိတ်ပေါင်း ၆၅၀ အတွက် ကာကွယ်နိုင်မယ့်ဆေးမျိုး မရှိသေးပါဘူး။
■ အခုတော့ အကြိမ် ၂၀၀ ကျော် မြွေကိုက်ခံရဖူးတဲ့ လူတစ်ယောက်ရဲ့သွေးကနေ ပဋိဇီဝရောစပ်ပစ္စည်းဖြင့် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
■ အသုံးပြုတဲ့ နာနိုပစ္စည်းတွေက ပိုမိုသေးငယ်ပြီး ဈေးသက်သာကာ မြွေဆိပ်အမျိုးမျိုး ကုသရာမှာ သေချာတဲ့နည်းလမ်း ဖြစ်လာနိုင်ပါတယ်။
■ ယခုမြွေဆိပ်ဖြေဆေးအသစ်ကို ဓာတ်ခွဲခန်းတွေထဲမှာ ထပ်ပွားထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
■ နောက်ထပ်လူသားစမ်းသပ်မှုတွေ ပြုလုပ်ဖို့နဲ့ ဆေးပမာဏဆန်းစစ်ဖို့ စတဲ့အခက်အခဲတွေရှိသေးသလို ဈေးကွက်ထဲရောက်ဖို့ အနည်းဆုံး ၅ နှစ်လောက် ကြာမြင့်နိုင်ပါတယ်။
Source: The Telegraph
တရုတ်ပြည် ကွမ်တုံပြည်နယ်တောင်ပိုင်း ကွမ်ကျိုးမှာ ကားယာဉ်ပျံ အမြောက်အများထုတ်လုပ်ရေးအတွက် ကမ္ဘာ့ပထမဆုံး အလိုအလျောက်စက်ရုံဟာ စမ်းသပ်ထုတ်လုပ်မှုအဆင့် စတင်နေပြီဖြစ်ကာ မျိုးဆက်သစ် ပိုဆောင်ရေးကဏ္ဍမှာခြေလှမ်းကြီးတစ်ခု ဖြစ်လာပါတယ်။
#Asia_Technology
Published 18 November 2025
#တရုတ်ပြည် #ကားယာဉ်ပျံ
#YMG #Yangon_Times #Yangon_Media_Group
Page 105 of 1172