#World_Health
Published 02 September 2025
▪️ သံဓာတ်ဆိုတာက သွေးနီဥဆဲလ်တွေအတွက် အဓိကျရုံသာမက စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေပါတယ်။
▪️ သံဓာတ်ချို့တဲ့ခြင်းနဲ့ စိတ်ဓာတ်ကျလက္ခဏာများကြား ဆက်စပ်မှုရှိနေကြောင်းကို လတ်တလောသုတေသနမှာ ဖော်ပြထားပါတယ်။
▪️ အထူးသဖြင့် ကလေးလွယ်နိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် စိတ်ဓာတ်ကျလက္ခဏာ ခံစားရနိုင်ခြေ ၁ ဆခွဲနီးပါးပိုများပါတယ်။
▪️ ဝင်ငွေနည်းပါးတဲ့အမျိုးသမီးတွေမှာလည်း သံဓာတ်ချို့တဲ့နိုင်ခြေ ပိုများပါတယ်။
▪️ စပီရူလိုင်းနား၊ ပေါက်ပေါက်ဆုပ်တို့လို အစားအစာတွေမှာ သံဓာတ်ကြွယ်ဝပေမယ့် သိပ်ပြီးမသိကြပါဘူး။
▪️ သံဓာတ်ကြွယ်ဝတဲ့ စားစရာတွေကို ဗိုက်တာမင်-စီနဲ့ ပေါင်းစပ်တဲ့အခါ အာဟာရဓာတ်စုပ်ယူမှု ပိုအားကောင်းစေပါတယ်။
▪️ ဒီအတွက် စိတ်ကျန်းမာရေးထိန်းသိမ်းနိုင်ဖို့ အာဟာရဓာတ်ချို့တဲ့မှုတွေကို ဖြေရှင်းနိုင်ဖို့က အရေးပါတဲ့ ကာကွယ်မှုဖြစ်နေပါတယ်။
▪️ အချို့သော ဆေးဖက်ဝင်ပစ္စည်းတွေက သံဓာတ်ချို့တဲ့မှုအတွက် သဘာဝနည်းလမ်းတွေ ပေးစွမ်းနိုင်ပါတယ်။
▪️ သံဓာတ်ချို့တဲ့မှုက တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သက်ရောက်နေကာ သမားရိုးကျကုသနည်းများအပြင် အစားအသောက်များဖြင့် ဖြည့်တင်းဖို့လည်း အရေးကြီးပါတယ်။
Source: NaturalNews
တရုတ်ယူနန်ပြည်နယ်အနောက်တောင်ပိုင်းရှိ ယူနန်တောရိုင်းတိရိစ္ဆာန်ဥယျာဉ်မှာ ဆိုက်ဘေးရီးယားကျားတစ်စုံရဲ့ နှစ် (၂၀) ပြည့်အထိမ်းအမှတ်အတွက် ပြင်ဆင်ခဲ့ကြပါတယ်။
#Asia_Animal
Published 1 Sept 2025
#ဆိုက်ဘေးရီးယားကျားစုံတွဲ #တရုတ်ယူနန်ပြည်နယ်အနောက်တောင်ပိုင်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 01 September 2025
▪️ အိန္ဒိယနဲ့ တရုတ်တို့ဟာ တိုးတက်ဖွံ့ဖြိုးရေးပိုင်းမှာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တနင်္ဂနွေနေ့မှာ သဘောတူညီခဲ့ကြကာ ကုန်သွယ်မှုဆက်ဆံရေးတိုးတက်ဖို့ ဆွေးနွေးနေကြပါတယ်။
▪️ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းရဲ့ ၂ ရက်တာအစည်းအဝေးကို တက်ရောက်ဖို့ မိုဒီက တရုတ်ပြည်ကို ၇ နှစ်အတွင်း ပထမဆုံးရောက်ရှိခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အီရန် ပါကစ္စတန် အာရှအလယ်ပိုင်း ၄ နိုင်ငံတို့မှ ခေါင်းဆောင်များလည်း တွေ့ရပါတယ်။
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှ အိန္ဒိယတင်သွင်းကုန်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်းစည်းကြပ်ဖို့ ဆုံးဖြတ်အပြီးမှာ ရှီကျင့်ဖျင်နဲ့ မိုဒီတို့ လက်တွဲဖို့ကြိုးစားနေကြကြောင်း သုံးသပ်နေကြပါတယ်။
▪️ ထရမ့်ရဲ့ လှုပ်ရှားမှုတွေက ဆယ်စုနှစ်တွေကြာအောင် လက်တွဲလာတဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးထိခိုက်လာပါတယ်။
▪️ အိန္ဒိယဟာ တရုတ်နဲ့ ဆက်ဆံရေးတိုးတက်ဖို့ ကတိပြုထားကာ နယ်စပ်ပဋိပက္ခကိစ္စအတွက် တည်ငြိမ်အေးချမ်းရေးရရှိရန် လိုအပ်ကြောင်း မိုဒီက ရှီကျင့်ဖျင်ကို ပြောပါတယ်။
▪️ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့အပေါ် အခြေခံကာ ဆက်ဆံရေးတိုးတက်လာဖို့ ကတိပြုထားကြောင်း၊ နှစ်နိုင်ငံစလုံး လူဦးရေ ၂.၈ ဘီလီယံရဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောသွားပါတယ်။
▪️ တစ်ဖက်နှင့်တစ်ဖက် မိတ်ဖက်တွေအဖြစ် ရှုမြင်ပါက အိန္ဒိယ-တရုတ်ဆက်ဆံရေးဟာ တည်ငြိမ်မှုရှိပြီး အခွင့်အလမ်းကောင်းတွေ ရှိလာမှာဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောပါတယ်။
▪️ အမေရိကန်အခွန်စည်းကြပ်မှုတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံနားလည်မှုကောင်း တည်ဆောက်ကာ စီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာ ရှေ့ဆက်လုပ်ဆောင်သွားဖို့ ကြိုးစားသွားရမယ်လို့ ပြောသွားပါတယ်။
Source: Reuters.
#World_Science
Published 1 Sept 2025
▪️ လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က အေးခဲထားခဲ့တဲ့ သန္ဓေသားဟာ အိုဟိုင်ယိုမှ စုံတွဲတစ်တွဲထံမှာ မွေးဖွားခဲ့ပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့ပါတယ်။
▪️ ဒါဟာ အချိန်ကာလအကြာရှည်ဆုံး အေးခဲထားတဲ့ သန္ဓေသားကနေ ကလေးတစ်ယောက် မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ သားယောက်ျားလေးကို သဲဒီးယပ်စ်ဒန်နီယယ်ပီယာ့စ်လို့ နာမည်ပေးထားပြီး အသက် ၃၅ နှစ်အရွယ်မိခင် လင်ဆေးနဲ့ အသက် ၃၄ နှစ်အရွယ်ဖခင် တင်မ်ပီယာ့စ်တို့မှ မွေးဖွားခဲ့တာပါ။
▪️ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားထဲကလိုမျိုး ခံစားရတယ်လို့ လင်ဆေးက ပြောပြသွားပါတယ်။
▪️ ဒါဟာ ၁၉၉၂ မှာ အေးခဲထားခဲ့တဲ့ သန္ဓေသားတွေကနေ ၂၀၂၂ မှာ အမွှားမွေးဖွားခဲ့တဲ့စံချိန်ကို ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
▪️ အသက် ၆၂ နှစ်ရှိ လင်ဒါအာချတ်ဒ်နဲ့ ခင်ပွန်းဟောင်းတို့က ၁၉၉၄ မှာ ဖန်ပြွန်သန္ဓေနည်းလမ်းဖြင့် သန္ဓေသား ၄ ခု အေးခဲထားခဲ့ရာမှာ သဲဒီးယပ်စ်က ထိုတစ်ခုထဲကနေ မွေးလာတာဖြစ်ပါတယ်။
▪️ အာချတ်ဒ်က ခရစ်ယာန်သန္ဓေမွေးစားအေဂျင်စီကို သန္ဓေသားတွေပေးခဲ့ပြီး သန္ဓေသားပိုင်ရှင်တွေက လိုချင်သူများကို ရွေးချယ်ခွင့်ပေးထားပါတယ်။
ထိုအခါမှာ အာချတ်ဒ်က လူဖြူလူမျိုး၊ အမေရိကန်မှာနေထိုင်တဲ့ ခရစ်ယာန်စုံတွဲတစ်တွဲကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
Source: The Jerusalem Post.
#World_Health
Published 1 Sept 2025
▪️ အသည်းပြည်တည်နာဆိုတာက အသည်းထဲမှာ ပြည်တွေစုလာတာဖြစ်ပြီး ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။
▪️ အသည်းမှာ ထိခိုက်ဒဏ်ရာဖြစ်ခြင်း၊ သွေးထဲကနေ ရောဂါပိုးဝင်ခြင်းတို့ဖြစ်ပြီးနောက် အနာဖြစ်လာနိုင်ပါတယ်။
▪️ အဖြစ်အများဆုံး အမျိုးအစားက ပိုင်ယိုဂျင်းနစ် ဘက်တီးရီးယားကြောင့်နဲ့ အမီးဘစ်ကပ်ပါးကြောင့်ဖြစ်တဲ့ အသည်းအနာတွေ ဖြစ်ပါတယ်။
▪️ မဏိပေါဆေးရုံမှ အစာအိမ်အူလမ်းကြောင်း ခွဲစိတ်ဆရာဝန်ကြီး ဆန်ဂျီရိုဟတ်ဂီနဲ့ ဆွေးနွေးရာမှာ အသည်းအနာဆိုတာက အသည်းရောင်၊ အသည်းခြောက်ရောဂါတို့လိုပဲ အန္တရာယ်ရှိကြောင်း၊ ရောဂါလက္ခဏာ မသိလိုက်မသိဘာသာ ဖြစ်တတ်ကြောင်း ရှင်းပြပါတယ်။
▪️ ဖြစ်နိုင်ခြေရှားပါးတယ်ဆိုပေမယ့် အသည်းပြည်တည်နာတွေက မကုသဘဲထားရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
▪️ ဆီးချိုဝေဒနာရှင်၊ အမျိုးသားများ၊ အသက် ၄၀ မှ ၆၀ ကြား၊ ကိုယ်ခံအားနည်းလူနာ၊ အသည်းရောဂါရှိသူများမှာ ဖြစ်တတ်ပါတယ်။
▪️ ဖျားနာချမ်းတုန်ခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ် အောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အသားဝါခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ လက္ခဏာပြတတ်ပါတယ်။
▪️ အသည်းပြည်တည်နာဖြစ်လာရင် ပိုက်ပြွန်၊ အပ်တို့ဖြင့် စုပ်ထုတ်ခြင်း၊ ပဋိဇီဝဆေးပေးခြင်း၊ ခွဲစိတ်ခြင်း၊ ကပ်ပါးပိုးကုသဆေးပေးခြင်းတို့ဖြင့် ကုသနိုင်ပါတယ်။
▪️ ကာကွယ်ရေးနည်းလမ်းများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းစွာနေခြင်း၊ သန့်ရှင်းသောရေသောက်သုံးခြင်း၊ ဝမ်းဗိုက်ရောဂါပိုးကူးစက်ခြင်းများကို ချက်ချင်းကုသခြင်း၊ နာတာရှည်ရောဂါများမဖြစ်အောင်နေခြင်း၊ တိရိစ္ဆာန်အညစ်အကြေးများမှ ရှောင်ရှားခြင်း၊ စောစီးစွာ ဆေးကုသမှုခံယူခြင်းတို့ လုပ်နိုင်ပါတယ်။
Source: India Today.
#World_Science
Published 31 August 2025
▪️ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်တို့ကနေပဲ ပြုလုပ်ထားတဲ့ ထောပတ်ကို ဘီလ်ဂိတ်စ်က ထောက်ခံနေပါတယ်။
▪️ ဒီထောပတ်ဟာ နို့ထွက်ပစ္စည်းတစ်ခုမှမပါဘဲ ဓာတ်ခွဲခန်းထဲမှာ သိပ္ပံနည်းကျ ပြုလုပ်တာဖြစ်ပါတယ်။
▪️ အီလီနွိုက်စ်မှာအခြေစိုက်တဲ့ Savor ကုမ္ပဏီက ဒါကို ဖန်တီးနေတာ ဖြစ်ပါတယ်။
▪️ ဒီပစ္စည်းကို စားသောက်ဆိုင်တွေမှာ လက်ရှိစမ်းသပ်နေသလို ၂၀၂၇ မှာ ရောင်းချနိုင်ဖို့ မျှော်လင့်ထားပါတယ်။
▪️ တိရိစ္ဆာန်ထွက်ကုန်၊ စိုက်ပျိုးမြေ၊ မြေဩဇာ၊ ဟော်မုန်း၊ ပဋိဇီဝပစ္စည်းတွေမပါဝင်တဲ့ ထောပတ်ဖြစ်ပြီး တကယ့်အဆီတွေဖြစ်တယ်လို့ Savor က ဖော်ပြထားပါတယ်။
▪️ ဘီလ်ဂိတ်စ်ကတော့ ဒီထောပတ်ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်တာကြောင့် ထောက်ခံအားပေးနေပါတယ်။
▪️ စားအုန်းဆီမပါဝင်သလို တကယ့်ထောပတ်လို ပုံစံ၊ အနံ့၊ အရသာရှိတယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။
▪️ ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်စွမ်းက မြင့်မားလွန်းတယ်လို့ ဘီလ်ဂိတ်စ်က ဆိုပါတယ်။
▪️ အခြားပြောဆိုချက်တွေမှာတော့ ဘယ်သူမှ ဝယ်မယ်မထင်ကြောင်း၊ ထောပတ်ရှိနေလျက်နဲ့ ဘာကြောင့် ဒီလိုထောပတ်ကို ဝယ်ကြကြောင်း၊ ဒါဟာ စားသောက်ကုန်လုပ်ငန်းကို လက်ဝါးကြီးအုပ်စေမယ့် အခြေအနေဖြစ်ကြောင်း ပြောထားကြပါတယ်။
▪️ တခြားတစ်ဖက်မှာတော့ ဒီလိုမျိုးဖန်တီးထုတ်လုပ်တဲ့ ထောပတ်များဖြင့် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ ဝယ်ယူနိုင်စေမှာဖြစ်ပေမယ့် ထုတ်လုပ်ဖန်တီးတဲ့ စားစရာဆိုတာက ကျန်းမာရေးဆိုးကျိုးများ ရှိနိုင်ပါတယ်။
Source: WION.
#World_Health
Published 31 August 2025
▪️ ကင်ဆာကာကွယ်ဆေးတစ်မျိုးက ပန်ကရိယကင်ဆာနဲ့ အူမကြီးကင်ဆာ လူနာအချို့ကို အသက်ဆွဲဆန့်စေနိုင်တယ်လို့ အစောပိုင်းလေ့လာချက်မှာ တွေ့ရှိထားပါတယ်။
▪️ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပြီးတာတောင် ဒီလိုကင်ဆာတွေ မကြာခဏပြန်ဖြစ်တတ်ပါတယ်။
▪️ ဒီလိုကင်ဆာဆဲလ်တွေကို တိုက်ခိုက်ဖို့အတွက် သိပ္ပံပညာရှင်တွေက ကင်ဆာဆဲလ်တွေကို မှတ်မိပြီး တိုက်ထုတ်နိုင်မယ့် ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့ ကင်ဆာကာကွယ်ဆေးကို စမ်းသပ်ခဲ့ကြပါတယ်။
▪️ ကင်ဆာအကျိတ်တွေ ကြီးထွားစေတဲ့ KRAS မျိုးဗီဇပစ္စည်းမှာ ဗီဇပြောင်းလဲရင် အထက်ပါကင်ဆာတွေ ဖြစ်နိုင်တာကြောင့် သုတေသီတွေက ဒါကိုပစ်မှတ်ထားကြပါတယ်။
▪️ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ လေ့လာချက်တွေနဲ့ အတည်ပြုနိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။
▪️ အစောပိုင်းအဆင့် စမ်းသပ်ချက်မှာတော့ ပန်ကရိယကင်ဆာလူနာ ၂၀ ဦးနဲ့ အူမကြီးကင်ဆာလူနာ ၅ ဦးသာ ပါဝင်ထားကာ သွေးထဲမှာ ကင်ဆာလက္ခဏာတွေ ကျန်နေဆဲဖြစ်ပါတယ်။
▪️ ကာကွယ်ဆေးပေးပြီး လပေါင်း ၂၀ နီးပါးကြာတဲ့အခါ အကျိတ်တွေကို ဆန့်ကျင်တဲ့ ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်လာပါတယ်။
▪️ ကိုယ်ခံအားတုံ့ပြန်မှု အများဆုံးလူနာတွေက အသက်ပိုရှည်ပြီး ကင်ဆာမရှိဘဲ ပိုမိုကြာရှည်စွာ နေထိုင်နိုင်ပါတယ်။
▪️ စမ်းသပ်မှုမှာ မပါဝင်တဲ့ ဗြိတိန်ပြည်ထောင်စု ကင်ဆာသုတေသနမှ ဒေါက်တာ မက်ဂ်နပ်စ်ဒီလွန်က ရလဒ်တွေကိုကြည့်ပြီး အလွန်စိတ်ချရတဲ့ အနေအထားလို့ ဆိုပါတယ်။
▪️ ဒါပေမဲ့ ပိုမိုကျယ်ပြန့်တဲ့ လေ့လာချက်တွေဖြင့် အတည်ပြုဖို့အရေးကြီးကြောင်းကိုလည်း ပညာရှင်များ ပြောနေကြပါတယ်။
Source: EuroNews.
Page 100 of 1121