၂၀၂၄ တရုတ်ပြည်ရဲ့ အလိုအလျောက်မောင်း အနာဂတ်မော်တော်ယာဉ်ပြိုင်ပွဲ (IVFC)ကို စနေနေ့က တရုတ်အရှေ့ပိုင်း ကျန်ဆုပြည်နယ်ရှိ ချန်ရှုမြို့မှာ ကျင်းပခဲ့ပါတယ်။
#World_Development
Published 26 November 2024
#မောင်းသူမဲ့မော်တော်ယာဉ်ပြိုင်ပွဲ #တရုတ်တွင်ကျင်းပ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 November 2024
၁။ ရန်ကုန်တိုင်းတွင် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆောင်းသီးနှံဧက(၄)သိန်းကျော်စိုက်ပျိုးရန်လျာထား
၂။ ယခုတစ်ပတ်စားအုန်းဆီရည်ညွှန်းဈေးအနည်းငယ်တက်၊ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူနိုင်
၃။ CMP ချုပ်ပြီး အထည်များကို အရှေ့အလယ်ပိုင်းနှင့်ဥရောပနိုင်ငံများသို့တင်ပို့နေ
၄။ မောင်းသူမဲ့ အနာဂတ်မော်တော်ယာဉ်ပြိုင်ပွဲ တရုတ်နိုင်ငံတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 November 2024
▪️ လက်ဘနွန်မှာ လက်နက်ကိုင်တပ်ဖွဲ့ ဟက်ဇ်ဘိုလာနဲ့ အစ္စရေးလ်တို့ကြား အပစ်အခတ်ရပ်စဲရေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်တို့ ကြေညာသွားဖွယ်ရှိတယ်လို့ လက်ဘနွန် အကြီးတန်းသတင်းရင်းမြစ် ၄ ဦးက တနင်္လာနေ့မှာ ပြောကြားသွားပါတယ်။
▪️ အပြီးသတ်ရန် နီးစပ်နေပေမယ့် အားလုံးတော့ မပြီးသေးဘူးလို့ အိမ်ဖြူတော် လုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသွားပါတယ်။
▪️ သံတမန်ရေး တိုးတက်မှုလက္ခဏာတွေ မြင်လာရပေမယ့် အစ္စရေးလ်က ဖိအားပေးတိုက်ခိုက်နေပြီး ဟက်ဇ်ဘိုလာတို့ ထိန်းချုပ်ထားတဲ့ ဘေရုမြို့ တောင်ပိုင်းဆင်ခြေဖုံးအရပ်တွေမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေပါသေးတယ်။
▪️ အစ္စရေးလ်နဲ့ လက်ဘနွန်တို့ အပစ်အခတ်ရပ်စဲရေး အကြောင်းအရာတွေကို သဘောတူညီလိုက်ပြီဆိုတာကို အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အစိုးရအဖွဲ့က မဖြေကြားသေးပါဘူး။
▪️ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာတော့ ဒီအကြောင်းအရာကို အသိအမှတ်ပြုဖွယ် ရှိတယ်လို့ အစ္စရေးလ်အကြီးတန်းအရာရှိက ရိုက်တာသတင်းဌာနကို ပြောပြပါတယ်။
▪️ ဘယ်လိုသဘောတူညီချက်ပဲဖြစ်စေ အစ္စရေးလ်က လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်ခွင့်ရှိဦးမယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးလ်သံအမတ် ဒန်နီဒါနွန်က ပြောပါတယ်။
▪️ နှစ်ဖက်အဖွဲ့က ကွဲလွဲချက်များကို အတော်လေး လျှော့ချနိုင်လာပေမယ့် သဘောတူညီချက် ရရှိဖို့တော့ အနည်းငယ်လိုအပ်သေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။
▪️ တစ်ခါတလေမှာ သဘောတူညီချက်တစ်ခုရဲ့ နောက်ဆုံးအဆင့်တွေက အခက်ခဲဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။
▪️ လက်ဘနွန် လွှတ်တော်ဒုဥက္ကဌက အမေရိကန် တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးဟာ နေတန်ညာဟူသာ စိတ်မပြောင်းပါက စတင်အကော်အထည်ဖော်လို့ ရနေပြီလို့ ပြောသွားပါတယ်။
▪️ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ထဲမှာ ရက် ၆၀ အတွင်း လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးလ်စစ်တပ် ဆုတ်ခွာရန်နဲ့ နယ်စပ်ဒေသမှာ လက်ဘနွန်တပ်များ ပုံမှန်နေရာချထားရန်တို့ ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
#Source: Reuters
#World_Health
Published 26 November 2024
▪️ အသက်အရွယ်တစ်ခု မတိုင်မီအထိ မျက်နှာမှာ အရေးကြောင်းတွေ မရှိပေမယ့် ရုတ်တရက် ပေါ်လာတဲ့အချိန် ရှိတတ်ပါတယ်။
▪️ ဒါဟာ အသက်အရွယ် ရလာပြီလို့ သိပ္ပံနည်းကျ ရှင်းပြချက်ရှိပါတယ်။
▪️ လူသားတွေ မျက်နှာသွင်ပြင် သိသိသာသာ ပြောင်းလဲသွားတဲ့ အသက်အရွယ် ၂ချိန်ရှိပြီး ၄၄ နှစ်နဲ့ အသက် ၆၀ အရွယ်တို့မှာ ဖြစ်တယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုအပြောင်းအလဲက ဖြည်းဖြည်းချင်းပြောင်းတာ မဟုတ်ဘဲနဲ့ သိသိသာသာ ဖြစ်ပါတယ်။
▪️ အသက်အရွယ် ကြီးလာတာနဲ့အမျှ ရောဂါကူးစက်နိုင်ခြေလည်း များလာတာကြောင့် စတန်းဖို့ဒ်တက္ကသိုလ်မှ မိုက်ကယ်ဆင်ဒါနဲ့အဖွဲ့က အိုမင်းရင့်ရော်ခြင်း ဇီဝဖြစ်စဉ်များကို နားလည်ရန် ကြိုးစားခဲ့ကြပါတယ်။
▪️ ဇီဝဖြစ်စဉ်နမူနာများ လှူဒါန်းထားတဲ့ အရွယ်ရောက်သူ ၁၀၈ ဦးကို သုတေသီများ နှစ်ပေါင်းများစွာကြာအောင် ကြည့်ရှုခဲ့ကြပါတယ်။
▪️ ထိုထဲမှာ မော်လီကျူးနမူနာ အမျိုးမျိုးကို စောင့်ကြည့်ခဲ့ကြပြီး ဇီဝဖြစ်စဉ် ၁၃၅၂၃၉ မျိုးရှိခဲ့ပါတယ်။
▪️ အဆိုပါ အသက်အရွယ် အဆင့်တွေမှာ မော်လီကျူး ၈၁ ရာခိုင်နှုန်းခန့် အပြောင်းအလဲရှိတာကို သိလာပါတယ်။
▪️ ဒါတွေက အသက် ၄၀ ဝန်းကျင်နဲ့ ၆၀ အစောပိုင်းမှာ ဖြစ်နိုင်ခြေအများဆုံး ရှိပါတယ်။
▪️ အသက် ၄၀ ဝန်းကျင်အရွယ်မှာ အဆီ၊ ကဖင်း၊ အယ်လ်ကိုဟော ဇီဝဖြစ်ပျက်မှုတွေအပြင် နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သားလုပ်ဆောင်ချက်တွေမှာ အပြောင်းအလဲ ဖြစ်ပျက်ခဲ့တာကို တွေ့ရပါတယ်။
▪️ အသက် ၆၀ ဝန်းကျင်မှာတော့ ကာဗိုဟိုက်ဒရိတ်၊ ကဖင်းဖြစ်စဉ်များ၊ နှလုံးသွေးကြောရောဂါ၊ အရေပြားနဲ့ ကြွက်သား၊ ကိုယ်ခံအားထိန်းညှိခြင်း၊ ကျောက်ကပ်လုပ်ဆောင်ချက်တို့နဲ့ သက်ဆိုင်နေပါတယ်။
▪️ အမျိုးသမီးတွေမှာ ဓမ္မတာသွေးဆုံးခြင်းကတော့ အိုမင်းရင့်ရော်ခြင်းနဲ့ မဆိုင်ဘူးလို့ နန်ယန်နည်းပညာတက္ကသိုလ် စင်္ကာပူမှ သုတေသနပြုစုသူ ရှောက်တောင်ရှန်က ပြောသွားပါတယ်။
#Source: WION
#World_Health
Published 26 November 2024
▪️ မှိုခေါင်းဖြူမှထုတ်ယူရရှိတဲ့ ပစ္စည်းဟာ အကျိတ်ကြီးထွားမှုကို တားဆီးပေးပြီး ကင်ဆာဆန့်ကျင်တဲ့ ကိုယ်ခံအားဆဲလ်တွေကို ထောက်ပံ့ပေးကာ ဆီးကျိတ်ကင်ဆာ ဆိုးရွားလာခြင်းကို နှောင့်နှေးစေနိုင်တယ်လို့ စီးတီးအော့ဖ်ဟုပ် ကင်ဆာကုသရေးဌာနက သုတေသန တွေ့ရှိထားပါတယ်။
▪️ စီးတီးအော့ဖ်ဟုပ်မှ သုတေသီများက ခေါင်းဖြူမှို၊ စပျစ်စေ့အရည်၊ သလဲသီး၊ ဘလူးဘယ်ရီ၊ ခရမ်းဘယ်ရီးမှည့်တို့ကို ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်နေတယ်လို့ ကင်ဆာဇီဝဗေဒနဲ့ မော်လီကျူးဆေးပညာဌာနမှ ပရော်ဖက်ဆာ ရှီယွမ်ချင်က ပြောပါတယ်။
▪️ အပင်မှရလာတဲ့ ပစ္စည်းတွေက သမားရိုးကျ ကင်ဆာကုသမှုနဲ့ ကာကွယ်ရေးတို့မှာ အသုံးဝင်လာနိုင်တယ်ဆိုတာကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
▪️ agaricus bisporus လို့ခေါ်တဲ့ ခေါင်းဖြူမှိုတွေက အမေရိကန်မှာ အစားအများဆုံးမှိုတစ်မျိုး ဖြစ်ပါတယ်။
▪️ ပထမအဆင့် စမ်းသပ်မှုမှာ ပါဝင်စမ်းသပ်သူ ၃၆ ရာခိုင်နှုန်းက မှိုခေါင်းဖြူဆေးပြားများ အသုံးပြုပြီး ၃လအကြာမှာ ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ ဆဲလ်(PSA)ပမာဏ ကျဆင်းသွားတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ စမ်းသပ်မှုအတွင်း ဆေးတွေကနေ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မတွေ့ရှိရပါဘူး။
▪️ ဒုတိယအဆင့် စမ်းသပ်မှုမှာ မှိုဖြင့် MDSC ဆဲလ်တွေကို ပစ်မှတ်ထားကာ ဆီးကျိတ်ကင်ဆာ ဆိုးရွားလာခြင်းကို လျှော့ချနိုင်တယ်လို့ စမ်းသပ်ရရှိပါတယ်။
▪️ မှိုခေါင်းဖြူမှရရှိတဲ့ ပစ္စည်းကို စားသုံးစေခဲ့ပြီး ၃လအကြာမှာ ဆီးကျိတ်ကင်ဆာလူနာ ၈ ဦးရဲ့သွေးထဲမှဦ MDSCနည်းပါးသွားပြီး အကျိတ်ဖယ်ရှားပေးတဲ့ ဆဲလ်များ လှုပ်ရှားလာပါတယ်။
▪️ ကြွက်တွေမှာ မှိုကုသခြင်းနဲ့ ကိုယ်ခံအားကုထုံးတို့က ၈ရက်ကြာအောင် ရှိနေခဲ့ပါတယ်။
▪️ ဆီးကျိတ်ကင်ဆာဟာ အမေရိကန်မှ အမျိုးသားတွေမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ်အရှိဆုံး ကင်ဆာတစ်မျိုးဖြစ်ပြီး ဆီးကျိတ်ဂလင်း ဖြတ်တောက်ခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း၊ ဟော်မုန်းကုသခြင်း၊ ဓာတုကုထုံး၊ ကိုယ်ခံအားကုသနည်းတို့ဖြင့် ကုသကြပါတယ်။
▪️ အဆိုပါမှိုတွေနဲ့ ထုတ်ယူရရှိတဲ့ပစ္စည်းတွေကို အွန်လိုင်းကနေ ဝယ်ယူကြတာဟာ FDAအသိအမှတ်ပြု မဟုတ်တာကြောင့် သတိထားဖို့ ဒေါက်တာ ရှောက်ကျင်ဝမ်က ပြောသွားပါတယ်။
#Source: New York Post
ဂျပန်အတွင်းရှိ အမေရိကန်စစ်စခန်းများအနီး ရေထုညစ်ညမ်းမှုပြဿနာအားဖြေရှင်းပေးရန် ဂျပန်ပြည်သူများဆန္ဒပြ
ဂျပန်ပြည်သူတွေဟာ ကြာသပတေးနေ့က တိုကျိုအခြေစိုက် ဂျပန်-အမေရိကန် လုံခြုံရေးအတိုင်ပင်ခံကော်မတီရှေ့မှာ ဆန္ဒပြထုတ်ဖော်ခဲ့ကြပါတယ်။
#Asia_News
Published 25 November 2024
#အမေရိကန်စစ်စခန်း #ဂျပန်ပြည်သူများဆန္ဒပြ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 November 2024
၁။ အကယ်ဒမီပေးပွဲအတွက် ရွှေကြိုများခေါ်ယူနေ
၂။ ကမ္ဘာ့ရွှေဈေး အဖွင့်ဈေးတက်၍ မြန်မာ့ရွှေဈေး အနည်းငယ်တက်
၃။ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်ဖြစ်နိုင်၊ဒေသ(၈)ခုမိုးရွာမည်
၄။ ဂျပန်အတွင်းရှိ အမေရိကန်စစ်စခန်းများအနီး ရေထုညစ်ညမ်းမှုပြဿနာအားဖြေရှင်းပေးရန် ဂျပန်ပြည်သူများဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 108 of 931