#World_News
Published 25 August 2022
Apple ကုမ္ပဏီက မီဒီယာများကို စက်တင်ဘာ ၇ ရက်နေ့ပွဲသို့တက်ရောက်ရန် ဩဂုတ် ၂၄ ရက်နေ့မှာ ဖိတ်ကြားလိုက်ပြီး ထိုပွဲမှာ iPhone မော်ဒယ်လ်အသစ်ကို မိတ်ဆက်ပြသလိမ့်မယ်လို ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
ဒါဟာ မူလကျင်းပနေကျဆောင်းဦးရာသီပွဲထက် တစ်ပတ်စောပြီး ပြုလုပ်တဲ့အခြေအနေ ဖြစ်ပါတယ်။
Apple က ထုံးစံအတိုင်း မော်ဒယ်လ်အသစ်ကို ထုတ်ဖော်ပြသပြီး တစ်ပတ်ခွဲအကြာမှာ ပစ္စည်းတွေကိုရောင်းချမယ်ဆိုရင် ကုမ္ပဏီဘဏ္ဍာရေးစတုတ္ထအပတ်မှာ iPhone ရောင်းချခြင်း သီတင်းပတ် ၂ ပတ်ပါဝင်လာမှာ ဖြစ်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ Apple ဟာ iPhone 14 မော်ဒယ်လ်အသစ်ကို မိတ်ဆက်သွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
Apple က ယခင် iPhone များထက် ပိုမိုသာလွန်တဲ့ မော်ဒယ်လ်အသစ်များကို ထုတ်လုပ်နိုင်ဖို့မျှော်လင့်ထားကြောင်း ပစ္စည်းအစိတ်အပိုင်းရောင်းချသူများထံ အကြောင်းကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနမှ ဖော်ပြထားပါတယ်။
စက်တင်ဘာပွဲအတွင်း Apple လက်ပတ်နာရီ၊ iPad ၊ Mac ကွန်ပျူတာ မော်ဒယ်လ်အသစ်များကိုလည်း မိတ်ဆက်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
Apple ကုမ္ပဏီက iPhone ထုတ်လုပ်ရာမှာ ကုန်ပစ္စည်းရောင်းဝယ်ရေးကွင်းဆက်ပြဿနာများနဲ့ မကြုံတွေ့ရအောင် စီမံထားပြီး ပစ္စည်းအစိတ်အပိုင်းများ ပြတ်တောက်ပါက Apple ထုတ်ကုန်ရောင်းချခြင်းကို ထိခိုက်စေလိမ့်မယ်လို့ ပြီးခဲ့တဲ့လက သတိပေးခဲ့ပါတယ်။
ဒီပွဲကို ကယ်လီဖိုးနီးယား ကူပါတီနာရှိ စတိဗ်ဂျော့ဘ်စ်ရုံအဆောက်အဦဌာနချုပ်မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
ဒီပွဲဟာ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ပထမဦးဆုံးလူကိုယ်တိုင်တက်ရောက်နိုင်တဲ့ပွဲလည်း ဖြစ်ပါတယ်။
ယခုနှစ်အစောပိုင်းက Apple ဟာ ဆော့ဖ်ဝဲရေးသားသူများအတွက် ပွဲတစ်ပွဲကျင်းပပေးခဲ့ရာ ဌာနချုပ်ရုံးအပြင်ဘက်မှာသာ ပြုလုပ်ခဲ့ပါတယ်။
ဖိတ်စာဒီဇိုင်းမှာ ညကောင်းကင်ယံကြယ်များ စီတန်းဝန်းရံထားတဲ့ Apple လိုဂိုအမှတ်တံဆိပ်နဲ့ "far out" ဆိုတဲ့ စာတန်းပါရှိပါတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 25 August 2022
တီဗီကြည့်ခြင်းက ဦးနှောက်ထိခိုက်ရောဂါဖြစ်နိုင်ချေများပြားပေမယ့် ကွန်ပျူတာအသုံးပြုခြင်းကတော့ ထိုဝေဒနာမျိုးဖြစ်နိုင်ချေကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
သုတေသီများက ယူကေမှ အသက် ၆၀ နဲ့အထက် လူပေါင်း ၁ သိန်းခွဲကို ၁၂ နှစ်တိုင်အောင် စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
အဲဒီမှာတော့ ဦးနှောက်ထိခိုက်ရောဂါဖြစ်လာတဲ့သူတွေက တစ်နေ့ကို တီဗီ ၃ နာရီ ၂၄ မိနစ်ခန့်ကြည့်ရှုတတ်ကြပါတယ်။
ဝေဒနာမဖြစ်သူတွေကတော့ တစ်နေ့ကို ၃ နာရီတီဗီကြည့်ပေမယ့် ကွန်ပျူတာကိုလည်း ၃ နာရီကျော် သုံးစွဲကြပါတယ်။
တီဗီ ၂ နာရီကြည့်တာထက်စာရင် ၄ နာရီလောက်ကြည့်ရှုခြင်းဖြင့် ဦးနှောက်ထိခိုက်ဝေဒနာဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းပိုများကြောင်း ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ ပရော်ဖက်ဆာ'ဒေးဗစ်ရေ့ချ်လန်'က ရှင်းပြထားပါတယ်။
တီဗီနဲ့ ကွန်ပျူတာကြည့်ခြင်းလို အထိုင်များတဲ့အလေ့အထက လူကြီးတွေ စိတ်အပန်းဖြေတဲ့အခါ ပြုလုပ်လေ့ရှိပြီး နာတာရှည်ရောဂါများနဲ့ အသက်အန္တရာယ်ဖြစ်နိုင်ချေများနဲ့ ဆက်စပ်နေပါတယ်။
အထိုင်များခြင်းက ဦးနှောက်ထိခိုက်ရောဂါနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို သုတေသီများလေ့လာနေကြပါတယ်။
ဦးနှောက်ထိခိုက်ရောဂါဖြစ်နိုင်ချေက တီဗီရှေ့ အထိုင်များခြင်း/မများခြင်းဆိုတာထက် ကြည့်ရှုတဲ့အကြောင်းအရာပေါ် ပိုပြီးမူတည်နေပါတယ်။
တီဗီကြည့်တဲ့အခါ ဦးနှောက်သိပ်ပြီးအသုံးမပြုရတဲ့ အကြောင်းအရာတွေကြည့်ရှုခြင်းကို လျှော့ချပြီး ဦးနှောက်အသုံးပြုရတဲ့အကြောင်းအရာတွေကို တီဗီပိုကြည့်ခြင်းက ဦးနှောက်စွမ်းဆောင်ရည်လျော့နည်းလာတဲ့ ရောဂါများမဖြစ်နိုင်အောင် ကူညီကာကွယ်ပေးနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#World_Health
Published 25 August 2022
မျိုးမအောင်ခြင်းက အမျိုးသမီးတွေရော အမျိုးသားများမှာပါ တွေ့ကြုံရတတ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် ကိုယ်ဝန်ရနိုင်စွမ်း တဖြည်းဖြည်းလျော့နည်းလာပါတယ်။
တစ်နှစ်ခန့်ကြိုးစားပြီးနောက် ကိုယ်ဝန်မရခဲ့တဲ့ အမျိုးသမီးတွေမှာ အိုင်အိုဒင်းဖြည့်စွက်စာပေးခြင်းဖြင့် စမ်းသပ်ခဲ့ကြပါတယ်။
အိုင်အိုဒင်းပမာဏနည်းနေတဲ့ အမျိုးသမီးတွေက ပုံမှန်အမျိုးသမီးတွေထက် ကိုယ်ဝန်ရနိုင်ချေ ၄၆ ရာခိုင်နှုန်းနည်းပါးတဲ့အပြင် ကိုယ်ဝန်ရခဲ့ရင်လည်း အချိန်ကြာမြင့်ပြီးမှ ရတတ်တာကို တွေ့ရှိခဲ့ကြပါတယ်။
ထို့နောက် အိုင်အိုဒင်းဖြည့်စွက်စာပေးတဲ့ အမျိုးသမီးတွေတစ်ဖွဲ့နဲ့ ဘာမှမပေးတဲ့ အမျိုးသမီးတွေတစ်ဖွဲ့ကို လေ့လာခဲ့ကြပါတယ်။
အိုင်အိုဒင်းဖြည့်စွက်စာသုံးစွဲခဲ့တဲ့ အမျိုးသမီးတွေထဲက ၈၇.၅ ရာခိုင်နှုန်းက ၁၂ လကြာပြီးနောက် ကိုယ်ဝန်ဆောင်နိုင်ခဲ့ကြပါတယ်။
အိုင်အိုဒင်းမသုံးစွဲတဲ့ အမျိုးသမီးတွေထဲကတော့ ၇၂ ရာခိုင်နှုန်း ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် အိုင်အိုဒင်းချို့တဲ့ခြင်းက ကိုယ်ဝန်ရနိုင်ချေရှိ/မရှိနဲ့ သက်ဆိုင်နေပါတယ်။
အိုင်အိုဒင်းက ရေထဲမှာပါဝင်ကာ အချို့ဒေသတွေမှာ ဆားမပါတဲ့ရေသာ ရရှိနေကြပါတယ်။
အိုင်အိုဒင်းချို့တဲ့တဲ့အခါ ကလေးတွေမှာ ဦးနှောက်ကိုဆိုးဆိုးရွားရွားထိခိုက်စေပြီး သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုကို ဆိုးရွားစွာသက်ရောက်စေပါတယ်။
ကိုယ်ဝန်ဆောင်ကာလပထမအပိုင်းအခြားဟာ သိုင်းရွိုက်ဟော်မုန်းရရှိရန် အိုင်အိုဒင်းက အလွန်အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်နဲ့ နို့တိုက်ကာလအတွင်း အိုင်အိုဒင်းဖြည့်စွက်စာများအသုံးပြုဖို့ အစ္စရေးလ်မိခင်နှင့် ကလေးဆေးပညာဌာနက မှာကြားထားပါတယ်။
လူအသီးသီးအတွက်လည်း ပုံမှန်ကိုယ်အလေးချိန်ရရှိစေရန်နဲ့ ခန္ဓာကိုယ်မှလိုအပ်တဲ့ စွမ်းအင်များရရှိစေရန် အိုင်အိုဒင်းက ကူညီပေးပါတယ်။
အိုင်အိုဒင်းချို့တဲ့ရင် ရောဂါခုခံအားစနစ်ထိခိုက်စေပြီး ကင်ဆာရောဂါအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။
နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတွေမှာ အိုင်အိုဒင်းပါဝင်ပေမယ့် ကြက်တွေ၊ နွားတွေစားတဲ့ အစာတွေထဲက အိုင်အိုဒင်းပါဝင်မှု ပမာဏအပေါ် မူတည်နေပါတယ်။
အိုင်အိုဒင်းကို ပင်လယ်ရေမှ အဓိကရရှိတာကြောင့် ရေချိုငါးများထက် ရေငံငါးများ စားသုံးခြင်းဖြင့် အိုင်အိုဒင်းပိုမိုရရှိစေပါတယ်။
သက်သက်လွတ်သမားများအတွက်တော့ အပင်စိုက်ပျိုးရာမြေကြီးထဲမှာ အိုင်အိုဒင်းဘယ်လောက်ပါဝင်လဲဆိုတဲ့အပေါ် များစွာမူတည်နေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 25 Aug 2022
ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကို တာဝန်ထမ်းဆောင်ခြင်းမှ ဆိုင်းငံ့ထားလိုက်ပါတယ်။ တပ်ဦးစီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ သူဟာ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ (၈)နှစ် ကာလထက် ကျော်လွန်ပြီး တာဝန်ထမ်းဆောင်နေပါတယ်လို့ အတိုက်အခံပါတီတွေက တရားရုံးကို လျှောက်ထားတဲ့အတွက် ယခုလို တာဝန်မှ ဆိုင်းငံ့ထားခြင်းဖြစ်ပြီး ဆိုင်းငံ့ခြင်းဟာ တရားရုံးက အမိန့်ချမှတ်တဲ့အချိန်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
ပရာရွတ်ဟာ တပ်အာဏာသိမ်းပြီးနောက် သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တာပါ။
“ တရားရုံးက ဗိုလ်လျုပ်ပြီး ပရာရွတ်အား ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခြင်းကို ဩဂုတ် ၂၄ ရက်မှစတင်ကာ တရားရုံးက အမိန့်ချမှတ်သည်အထိ ဆိုင်းငံ့ထားရန် ၅မဲ၄မဲနှင့် ဆုံးဖြတ်ခဲ့ပါတယ်” လို့ ဩဂုတ် (၂၄)ရက်က တရားရုံးရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပရာရွတ်ဟာ တာဝန်မှ ဆိုင်းငံ့ခံထားရတဲ့ကာလများအတွင်း ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆုဝန်က အိမ်စောင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ အစိုးရရဲ့ ဥပဒေပညာရှင်လည်းဖြစ် ဒုတိယဝန်ကြီးချုပ်နောက်တစ်ဦးလည်း ဖြစ်တဲ့ ဝီဆန်နု ကရီနာ နမ်က ပြောပါတယ်။ ပရာဝတ်ဟာဒုတိယဝန်ကြီးချုပ်တွေအထဲမှာ ဝါအရင့်ဆုံးဖြစ်ပါတယ်။
“ ဒီ့အတွက် နိုင်ငံအုပ်ချုပ်ရေး၊ ရုံးလုပ်ငန်းဆောင်ရွက်မှုတွေနှင့် အစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်ရေးတွေ မှာ ဘာမှအကျိုးသက်ရောက်မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးချုပ်ရုံး ဒုတိယအတွင်းရေးမှူးချုပ်နှင့် အစိုးရရဲ့ယာယီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အန်နူချာ ဘူရာပက်ချိုင်းဆရီက ပြောပါတယ်။
ဝန်ကြီးချုပ် ပရာရွတ်ဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုလေးစားလိုက်နာတယ်လို့လည်း အန်နူချာက ပြောပါတယ်။
“ ပြည်သူတွေကို တရားရဲ့ရဲ့ အဆုံးအဖြတ်လေးစားကြပြီး တရားရုံးကို ဝေဖန်ပြစ်တင်ခြင်း ရှောင်ရှားကြပါလို့ ပရာရွတ်က တိုက်တွန်းပါတယ်။ ပြည်သူတွေအနေနှင့် နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် သော့ချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ယုံကြည်မှုရှိကြဖို့လည်း သူကပြောပါတယ်” လို့ အန်နူချာကပြောပါတယ်။
လက်ရှိမှာ ကာကွယ်ရေးဝန်ကြီး ရာထူးလည်းရယူထားတဲ့ ပရာရွတ်ဟာ ဝန်ကြီးအဖွဲ့အစည်းအဝေးတွေကို ကာကွယ်ရေးဝန်ကြီး အဖြစ်တော့ ဆက်လက်တက်ရောက်မှာဖြစ်ပါတယ်။
တပ်ကရေးဆွဲပြီး ဆန္ဒခံယူပွဲနှင့် ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၇ အခြေခံဥပဒေအရ ဝန်ကြီးချုပ်ရဲ့ သက်တမ်းကို (၈)နှစ် သတ်မှတ်ခဲ့ပါတယ်။ ပရာရွတ်ဟာ ၂၀၁၄ခုနှစ် ဩဂုတ်(၂၄)ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ် ဘုရင်ဘူမိဘော အက်ဘ်ဒူယာဒက်ချ်က လက်မှတ်ရေးထို့းခန့်အပ်ခဲ့တာဖြစ်တယ်လို့ အတိုက်အခံတွေက စောဒကတက်ထားပါတယ်။
ဒါပေမယ့် အာဏာရပါတီကတော့ သူ့ရဲ့သက်တမ်းဟာ ၂၀၁၉ခုနှစ်ကမှ အခြေခံဥပဒေနှင့်အညီ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရပြီး စတင်တာဖြစ်တယ်လို့ ပြန်လည်ငြင်းဆိုထားပါတယ်။
Source: Reuters
#Thailand_Politics
#Prayuth_Chan-ocha
#Thailand_prime_minister
#World_Pets
Published 24 August 2022
ဆိုက်ပရပ်စ်တွင် ကိုဗစ်ကာလအတွင်း မွေးစားထားတဲ့ခွေးများကို အများအပြား စွန့်ပစ်လာကြတဲ့အပြင် ဥရောပသမဂ္ဂမှ ယူကေခွဲထွက်လာတဲ့ အကျိုးဆက်များကြောင့် ဆိုက်ပရပ်စ်ရှိ ခွေးစောင့်ရှောက်ရေးဂေဟာများမှာ ပြည့်လျှံလာတဲ့ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ စေတနာ့ဝန်ထမ်းအချို့က ဖွင့်ဟလာကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 24 August 2022
၁။ ပြည်တွင်းကူးစက်မှုရှိသော်လည်း ကန့်သတ်ချက်ထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ မြန်မာနိုင်ငံကလက်ခံပေးရမည့် ရွှေ့ပြောင်းဘင်္ဂါလီ ငါးသိန်းခန့်ရှိဟုဆို
၃။ ရွှေအသင်းမှ ရည်ညွှန်းဈေး သိန်းနှစ်ဆယ် သုံးသောင်းကျော် သတ်မှတ်သော်လည်း ဈေးကွက်တွင် (၇) သိန်းခန့်ကွာဟမြင့်တက်နေ
၄။ ဆိုက်ပရပ်စ်တွင် အိမ်မွေးခွေးစွန့်ပစ်မှုများပြားလာ၍ ခွေးစောင့်ရှောက်ရေးဂေဟာများ ပြည့်လျှံလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Tips
Published 24 August 2022
ကိုယ်ခန္ဓာအလေးချိန်ထိန်းသိမ်းစောင့်ရှောက်ခြင်းက အလွန်အရေးပါတဲ့ အလေ့အထဖြစ်ပြီး ကျန်းမာရေးအတွက်သာမက မိမိကိုယ်ကိုယုံကြည်မှုအတွက်လည်း အရေးပါပါတယ်။
အစားအစာထိန်းသိမ်းစားသောက်ခြင်းထက် လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပြီး ကယ်လိုရီလျှော့ချတာကို အလေးပေးလာကြပါတယ်။
ကိုယ်ကာယသင်တန်းဆရာနဲ့ အဟာရကျွမ်းကျင်ပညာရှင်'ပေါလ်ခရော့ချ်'က ရှင်းပြရာမှာ ကိုယ်အလေးချိန်လျှော့ချတဲ့အခါ အစားအသောက်က ၈၀ ရာခိုင်နှုန်းပတ်သက်နေပြီး လေ့ကျင့်ခန်းက ၂၀ ရာခိုင်နှုန်းသက်ဆိုင်နေပါတယ်။
ဒါဟာ အချိန်အကြာကြီး လေ့ကျင့်ခန်း မလုပ်ချင်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါပဲ။
စားသောက်တဲ့အခါ ပရိုတိန်းများများနဲ့ ပြည့်ဝအဆီလျှော့စားဖို့ အကြံပြုထားကြကြောင်း 'ပေါလ်ခရော့ချ်'က The Sun ကို ပြောကြားခဲ့ပါတယ်။
(၁) ကြက်ဥအကာ
ကြက်ဥအနှစ်မှာ အဆီဓာတ်တွေပါဝင်ပေမယ့် ကြက်ဥအကာမှာတော့ ပရိုတိန်းဓာတ်များပါဝင်ပါတယ်။
(၂) အဆီထုတ်ထားသောနို့
အဆီစစ်ထုတ်ထားတဲ့နို့တွေမှာ အဆီဓာတ်များစွာနည်းပါးပြီး ပရိုတိန်းကြွယ်ဝစွာ ပါဝင်ပါတယ်။
ဒါ့အပြင် ကယ်လ်စီယမ်၊ ဗိုက်တာမင်-ဘီ၊ ပိုတက်ဆီယမ်များနဲ့ အဟာရဓာတ်များလည်း ပါဝင်ပါတယ်။
(၃) ပဲ
သက်သက်လွတ်စားသုံးသူတွေက ပရိုတိန်းဓာတ်ရရှိဖို့ ခက်ခဲပါတယ်။
ဒါကြောင့် ပဲကတော့ ပရိုတိန်းဓာတ်ပါဝင်ပြီး သံဓာတ်လည်းပါဝင်ကာ ပင်ပန်းနွမ်းနယ်ခြင်းကို ကာကွယ်ပေးပါတယ်။
(၄) အဖြူရောင်ငါးများ
ဆော်လ်မွန်လိုငါးမျိုးထက်စာရင် အဖြူရောင်ငါးတွေက အဆီဓာတ်နည်းပါးပြီး ပရိုတိန်းများများပါဝင်ပါတယ်။
(၅) ပဲနှပ်
အဆီနည်းပြီး ပရိုတိန်းဓာတ်လိုချင်တယ်ဆိုရင် ပဲနှပ်က သင့်တော်ပါတယ်။
အမျှင်ဓာတ်ပြည့်ဝစွာပါဝင်ပြီး အဟာရပြည့်ဝနေစေပါတယ်။
(၆) ဝက်မိုးခိုသား
ဝက်မိုးခိုသားမှာ ပြည့်ဝဆီမပါဘဲ ပရိုတိန်းသက်သက်သာ ပါဝင်ပါတယ်။
ချက်စားတာထက် ကင်စားဖို့အကြံပြုပြီး ချက်စားမယ်ဆိုရင်လည်း အဆီတွေထွက်သွားအောင် ချက်ပြုတ်သင့်ပါတယ်။
(၇) ပဲပြား
သက်သက်လွတ်သမားများအတွက် ပဲပြားစားခြင်းဖြင့် ပရိုတိန်းဓာတ်ရရှိစေပါတယ်။
သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ကြွက်သားဖွဲ့စည်းစေပြီး ဖျားနာခြင်းကို ကာကွယ်ပေးပါတယ်။
(၈) Skyr ဒိန်ချဉ်
အိုက်စ်လန်ထုတ် Skyr ဒိန်ချဉ်မှာ ကယ်လိုရီနည်းပါးပြီး ပရိုတိန်းကြွယ်ဝစွာပါဝင်ပါတယ်။
(၉) ပုဇွန်ဆိတ်
ပုဇွန်ဆိတ်က အဆီဓာတ်နည်းပါးပြီး ပရိုတိန်းများစွာပါဝင်ပါတယ်။
ဗိုက်တာမင်-ဘီ၁၂ ကြောင့် မောပန်းနွမ်းနယ်ခြင်းကို အထောက်အကူပြုပါတယ်။
(၁၀) ဟင်းနုနွယ်
အစိမ်းလိုက်ပဲစားစား ချက်ပဲစားစား စွမ်းအင်ပြည့်ဝစေပြီး အရိုးအဆစ်သန်စွမ်းစေပါတယ်။
Source: The Sun
#Yangon_Media_Group
Page 972 of 1176