#World_Health
Published 27 September 2022
ဆံပင်ကျွတ်ခြင်းဟာ ယာယီခံစားရတာရှိသလို တသက်လုံးခံစားရတာလည်း ရှိနိုင်ပါတယ်။
ကျား/မ မရွေးဖြစ်ပေါ်တတ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။
လူတွေဟာ တစ်နေ့ကို ဆံခြည်မျှင် ၅၀ မှ ၁၀၀ လောက် ကျွတ်တတ်ပါတယ်။
ဆံပင်ညှပ်လိုက်ရင် ဆံပင်ပြန်ပေါက်ခြင်းကို အားမပေးဘူးဆိုတာ သိထားရပါမယ်။
အသက်ကြီးလာတာနဲ့အမျှ ဆံပင်ကျွတ်လာတတ်ပေမယ့် ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။
ဒါ့အပြင် နေမကောင်းဖြစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ရောဂါကူးစက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး အမျိုးသမီးများ ကလေးမွေးပြီးတဲ့အချိန်မှာလည်း ဆံပင်ကျွတ်တတ်ပါတယ်။
လက္ခဏာတွေကတော့ ဦးခေါင်းထိပ်မှာ အကွက်လိုက်ဖြစ်နေတာမျိုး၊ ဆံပင်ပါးလာတာမျိုး၊ ခေါင်းဖြီးတဲ့အခါနဲ့ ခေါင်းလျှော်တဲ့အချိန်မှာ ဆံပင်ကျွတ်တာမျိုးတွေ ဖြစ်ပါတယ်။
ဆံပင်ကျွတ်ခြင်းအဓိကအကြောင်းအရင်းက မျိုးရိုးကြောင့်ဖြစ်ပြီး အသက်အရွယ်၊ ကိုယ်အလေးချိန်၊ စိတ်ဖိစီးမှု၊ အဟာရချို့တဲ့ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းကာကွယ်ဖို့ မိမိဆံပင်ကို သိမ်မွေ့စွာထိန်းသိမ်းသင့်ကြောင်း Mayo Clinic က အကြံပြုထားပါတယ်။
ခေါင်းရေဆိုနေစဉ် ဆံပင်မဆွဲမိဖို့ သတိပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုနည်းအောင် သတိပြုခြင်း၊ ကျန်းမာမျှတတဲ့ အစားအစာစားသုံးခြင်း၊ ဆံပင်ကျွတ်ခြင်းမဖြစ်စေတဲ့ ဆေးကုသနည်းတို့ ရှာဖွေရန်ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ ဦးထုပ်တွေ၊ ဘီးတွေ မျှဝေမသုံးစွဲဖို့ ဖြစ်ပါတယ်။
ဆံပင်အရောင်ချွတ်ခြင်းကလည်း ဦးခေါင်းကိုထိခိုက်စေကာ ထိပ်ပြောင်တဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။
နေရောင်ထိတွေ့ခြင်းကိုကာကွယ်ဖို့နဲ့ ဆေးလိပ်မသောက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်းကို သက်သာအောင် ပြုလုပ်လိုရတဲ့နည်းလမ်းတွေရှိပါတယ်။
Minoxidil - ခေါင်းလျှော်ရည်အဖြစ်နဲ့ အသုံးပြုနိုင်ပြီး အနည်းဆုံးနှစ်ဝက်အတွင်း ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
Finasteride (Propecia) - အမျိုးသားတွေမှာ သောက်ဆေးအနေနဲ့ အသုံးပြုနိုင်ပြီး အကျိုးအာနိသင်ရဖို့ လအနည်းငယ်ကြာနိုင်ပါတယ်။
အခြားနည်းလမ်းတွေကတော့ ဆံပင်စိုက်ခြင်း၊ လေဆာကုသနည်းတို့ဖြင့် ကုသနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
Published 27 Sept 2022
သမ္မတဗလက်ဒီမာ ပူတင်က တနင်္လာနေ့ စက်တင်ဘာ ၂၆ ရက်က ယခင်အမေရိကန်ထောက်လှမ်းရေးဟောင်း အက်ဒ်ဝပ်စနိုဒင်ကို ရုရှားနိုင်ငံသား ပေးအပ်လိုက်ပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ လျို့ဝှက် ထောက်လှမ်းရေးစစ်ဆင်ရေးတွေကို သူက ထုတ်ဖော်ပြောကြားခဲ့ပြီး ကိုးနှစ်အကြာမှာ ရုရှားက သူ့ကို နိုင်ငံသား ပေးလိုက်တာြဖစ်ပါတယ်။
၂၀၁၃ခုနှစ်မှာ သူအလုပ်လုပ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ပြည်တွင်းနှင့်နိုင်ငံတကာ ထောက်လှမ်းရေး စစ်ဆင်ရေးတွေကို ဖွင့်ချပြီးနောက် အသက် ၃၉နှစ်အရွယ် စနိုဒင်ဟာ အမေရိကန်ပြည်ထောင်စုကနေ ထွက်ပြေးခဲ့ပြီး ရုရှားက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တာပါ။
သူလျှိုထောက်လှမ်းရေးအမှုတွေနှင့် ရာဇဝတ်မှုနှင့်တရားစွဲတာကို ရင်ဆိုင်ဖို့ အမေရိကန်အာဏာပိုင်တွေက နှစ်ပေါင်များစွာ သူ့ကို အမေရိကန်ပြန်ပို့စေချင်ခဲ့ပါတယ်။
နိုင်ငံခြားမှာမွေးဖွားသူ (၇၂)ဦးကို ရုရှားနိုင်ငံသားအဆင့်ပေးအပ်တဲ့ ပူတင်ရဲ့ အမိန့်မှာ ကရင်မလင်ရဲ့ မှတ်ချက်တစ်စုံတစ်ရာမပါဘဲ စနိုဒင်နာမည်ပါလာတာဖြစ်ပါတယ်။
စနိုဒင်က သူမိသားစုကို အတူတကွ သူနှင့်အတူရှိနေစေချင်ပြီး ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် တောင်းတဲ့ မက်ဆေ့ကို တင်ခဲ့ပါတယ်။
“ကျွန်တော်တို့မိသားစုတွေနှင့် နှစ်ပေါင်းများစွာခွဲနေကြရပြီးနောက် ကျွန်တော့်ဇနီးနှင့် ကျွန်တော်ဟာ ကျွန်တော်တို့ သားတွေနှင့် ခွဲနေဖို့ဆန္ဒမရှိကြပါဘူး”လို့ စနိုဒင်ကတွစ်တာမှာရေးခဲ့ပါတယ်။
“ (၂)နှစ်စောင့်ဆိုင်းပြီး ၁၀နှစ်နီးပါး ပြည်ပြေးအဖြစ်နေခဲ့ရပြီးနောက် အနည်းငယ်တည်ငြိမ်မှုကပဲ ကျွန်တော့်မိသားစု အတွက် ခြားနားမှုဖြစ်စေခဲ့ပါတယ်။ သူတို့နှင့် ကျွန်တော်တို့အားလုံးအတွက် ကိုယ်ရေးလွတ်လပ်ခွင့်အတွက် ကျွန်တော်ဆုတောင်းပါတယ်” လို့သူကရေးပါတယ်။
တွစ်အသစ်ဟာ ကရင်မလင်ခေါင်းဆောင်ရဲ့ အမိန့်ကိုတော့ရည်ညွှန်းခြင်းမရှိပါဘူး။ သူက ၂၀၂၀တုန်းကတွစ်တာက သူနှင့်သူ့မိသားစုဟာ အမေရိန်-ရုရှား ပူးတွဲနိုင်ငံသားအဖြစ် လျှောက်ထားတယ်” ဆိုတဲ့ သူ့မက်ဆေ့ချ်ကိုတော့ တွဲ တင်ထားတာဖြစ်ပါတယ်။
Source Reuters
#Putin
#Snowden
#Russia Citizenship
#World_Innovation
Published 26 September 2022
တောင်အာဖရိကမြို့နယ်တစ်ခုမှ ကျောင်းသားများဟာ သူတို့ရဲ့မိဘတွေ နေ့စဉ်လှုပ်ရှားသွားလာရေးအတွက် ရထားအသုံးပြုရာမှာ အခက်အခဲတွေရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။
#Yangon_Media_Group
Published 26 Sept 2022
ကံပန်းရောင် Fortune Pink လို့ အမည်ပေးထားတဲ့ အင်မတန်မှာရှားပါးလှတဲ့ ကျောက်မျက်ကြီးတစ်လုံးကို နိဝင်ဘာလကျရင် ဂျနီဗာမြို့မှာ လေလံတင်ရောင်းချပါတော့မယ်။ အဲဒီ ရှားပါး ပန်းရောင်စိန်ပွင့်ကြီးကို ဒေါ်လာ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ လေလံတင်သူတွေက မျှော်လင့်ထားကြတယ်လို့ ပြောပါတယ်။
၁၈ ကာရက်ရှိတဲ့ အရောင်စိုနေတဲ့ အဲဒီကျောက်မျက်ရတနာကြီးဟာ လေလံတင်ရောင်းချသမျှ ပန်းရောင်စိန်တွေထဲမှာ အရည်အသွေးအရရော အရွယ်အစားအရပါ အကောင်းဆုံးနှင့် အကြီးဆုံးဖြစ်ပါတယ်လို့ ခရစ်စတီး လေလံအိမ်က ပြောပါတယ်၊
နိုဝင်ဘာ ၈ရက်မှာ ဈေးပြိုင်စနစ်နှင့်လေလံတင်မယ့် စိန်ကြီးကို ဒေါ်လာ ၂၅သန်းကနေ ၃၅ သန်းအထိ ရရှိလိမ့်မယ်လို့ ခရစ်စတီးလေံလံအိမ်က မျှော်လင့်ထားပါတယ်။
တောက်ပြောင်နေတဲ့ ပန်းရောင် မျက်ရည်စက်ပုံစံ စိန်ကြီးဟာ အလေးချိန်အတိအကျပြောရရင် ၁၈.၁၈ ကာရက်ရှိပါတယ်။
ဒီနံပါတ်ဟာ အာရှအတွက် ကံကောင်းတဲ့ နံပါတ်ဖြစ်တယ်။ ဒီစိန်ပွင့်ကြီးကို ကမ္ဘာအနှံ့ကစုဆောင်းသူတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ခရစ်စတီးရဲ့ အကြီးတန်း လက်ဝတ်ရတနာ ကျွမ်းကျင်သူ အိန်ဂျယ်လာ ဘာဒန်က ပြောပါတယ်။ နံပါတ်က မင်္ဂလာရှိတဲ့ ၁၈.၁၈ကာရက်ဖြစ်လို့ ဒီအလေးချိန်ဟာ ပိုင်ရှင်အသစ်အတွက် ကံကောင်းခြင်တွေကို ယူဆောင်လာပေးလိမ့်မယ်လို့လည်း သူမကပြောပါတယ်။
“သိပ်လှတဲ့ကျောက်တစ်ပွင့်ပဲ။ ဒီအရွယ်အစားနှင့် စိုတောက်နေတဲ့ ပန်းရောင်ရှိတဲ့ ပန်းရောင်စိန်တစ်ပွင့်ဆိုတော အတော်ရှားရှားပါးပါး ရှာတွေ့တာမျိုးပါ” လို့လည်း သူကပြောပါတယ်။
ဒီကျောက်ရဲ့ အရောင်ပြည့်ဝမှုဟာ သဘာဝအတိုင်း အတော်ရှာတွေ့ဖို့ခက်ပါတယ်။ ဒီလို အရွယ်အစား ဒီလို အရောင်မျိုးနှင့် ဒီလို အရည်အသွေးသန့်မှုနှင့်ဆိုတာ ရှားပါး ကျောက်ပဲဖြစ်တယ်” လို့ သူမကပြောပါတယ်။
၂၀၁၈ခုနှစ်တုန်းက ခရစ်စတီးဟာ Winston Pink Legacy ဆိုတဲ့ အလေးချိန် ၁၈.၉၆ ရှိ စိန်ပွင့်ကြီးကို ဒေါ်လာ သန်း၅၀ကျော်နှင့် ရောင်းခဲ့ပါတယ်။အဲဒီတုန်းက ဒီလိုကျောက်အမျိုးအစားတွေထဲမှာ တစ်ကာရက်မှာ ဈေးအများဆုံးရခဲ့တာပါ။ မနှစ်တုန်းက ၃၇.၃ ကာရက်ရှိတဲ့ Raj Pink ရာ့ချ်ပင့် စိန်ပွင့်ကြီးကို ဆောက်သဘီလေလံကုမ္ပဏီက လေလံတင်ရောင်းချခဲ့ပေမယ့် ရောင်းမထွက်ခဲ့ပါဘူး။ အဲဒီတုန်းက အဲဒီစိန်ကြီးကို ဒေါ်လာ သန်း၃၀အထိရလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#The_Fortune_Pink
#Rare_pink_diamond
#Christie's_auction
#DailyNews
Published _ 26 September 2022
၁။ အကယ်ဒမီမီးလင်းရွှေဈေး တစ်ကျပ်သားလျှင် ၂၉သိန်းကျော်ဖြင့် ဈေးငြိမ်နေပြီး ပြင်ပဈေးကွက်တွင် ဈေးကစားမှုများရှိနေ
၂။ စက်ဘီးဖြင့် ရုံးသွားရုံးပြန်လုပ်မည့်သူများတိုးလာနိုင်၊ ဘေးကင်းစွာစီးနင်းရန်လိုဟုဆို
၃။ တရုတ်နိုင်ငံသို့ သကြားတင်ပို့နိုင်ရန် နှစ်နိုင်ငံအစိုးရအကြား G to G သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် တင်ပြထား
၄။ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ရထားဖြင့် သွားလာရခက်ခဲနေသူတွေအတွက် ဆိုလာစွမ်းအင်သုံးရထားအား တောင်အာဖရိကဆယ်ကျော်သက်များ တီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 26 Sept 2022
အက်ပဲလ်ကုမ္ပဏီက ယင်းတို့ရဲ့ နောက်ဆုံးထုတ် iPhone 14 ကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါဟာ နည်းပညာကုမ္ပဏီကြီးရဲ့ သူ့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေကို တရုတ်ကနေ အချို့ ဖယ်ခွာလာတာဖြစ်ပါတယ်။
ကုမ္ပဏီဟာ အထင်ကရ အိုင်ဖုန်းဖြစ်တဲ့ iPhone 14 စတင်ဖြန့်ချိမှုအခမ်းအနားကို ဒီလစောစောပိုင်းမှာာကျင်းပခဲ့ပါတယ်။ အဲဒီမှာ သူတို့ဟာ မျက်စေ့နောက်စရာကောင်းလှတဲ့ နည်းပညာအသစ်တွေထက် လုံခြုံရေးတိုးမြှင့်တာကို အာရုံစိုက်ထားပါတယ်။
“ iPhone 14 lineup အသစ်ဟာ အမိုက်စား နည်းပညာအသစ်တွေနှင့်အတူ အရေးကြီးလှတဲ့ လုံခြုံရေးစွမ်းဆောင်ရည် တွေပါ ထည့်သွင်းထားပါတယ်။ အဲဒီ iPhone 14 ကို အိန္ဒိယမှာ ကျွန်တော်တို့ထုတ်လုပ်ရတာ စိတ်လှုပ်ရှားပါတယ်” လို့ အက်ပဲလ်က သတင်းထုတ်ပြန်ပါတယ်။
ဂျေပီ-မော်ဂန်ရဲ့သုံးသပ်မှုမှာတော့ အက်ပဲလ်ဟာ ၂၀၂၂နှစ်ကုန်ပိုင်းလောက်မှာ iPhone 14 ထုတ်လုပ်မှုအားလုံးရဲ့ ၅ ရာခိုင်နှုန်းခန့် အိန္ဒိယကိုရွှေ့နိုင်တယ်လို့ဆိုပါတယ်။ အိန္ဒိယဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အကြီးဆုံးစမတ်ဖုန်း ဈေးကွက်ဖြစ်ပါတယ်။
၂၀၂၅ အရောက်မှာ အက်ပဲလ်ဟာ အိုင်ဖုန်း လေးလုံးတိုင်းမှာ တစ်လုံးကို အိန္ဒိယမှာ ထုတ်လုပ်သွားနိုင်တယ်လို့ ဂျေပီမော်ဂန်ကပြောပါတယ်၊
Source Reuters
#iphone14
#India_iPhone_producer
#Apple
#World_Politics
Published 26 September 2022
၂၀၁၉ ခုနှစ်တုန်းက 'ဂျော်ဂျီယာမယ်လိုနီ'ဟာ မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။
"ကျွန်မနာမည် ဂျော်ဂျီယာပါ၊ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အပြင် ကလေးအမေတစ်ယောက်လည်းဖြစ်ပါတယ်၊ အီတလီလူမျိုးဖြစ်ပြီးတော့ ခရစ်ယာန်ဘာသာဝင်တစ်ဦးပါ၊ ကျွန်မနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဘယ်သူကမှ ယူဆောင်သွားလို့ မရပါဘူး" လို့ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။
အခုနောက် ၃ နှစ်အကြာမှာတော့ အဆိုပါအမျိုးသားရေးဝါဒီခေါင်းဆောင်ဟာ အီတလီနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာရန်အသင့်ဖြစ်နေပါပြီ။
တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲ ယာယီရလာဒ်များအရ မယ်လိုနီရဲ့ အီတလီသွေးချင်းညီအစ်ကိုများအဖွဲ့(FdI)က မဲ ၂၆ ရာခိုင်နှုန်းနီးပါးဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ပါလီမန်နှစ်ဖွဲ့စလုံးက လက်ယာနိုင်ငံရေးပါတီအဖွဲ့ရဲ့ လူများစုနေရာတွေကို ဖယ်ရှားခိုင်းဖို့ တွန်းအားပေးလာပါတယ်။
နောက်ဆုံး အထွေထွေရွေးကောက်ပွဲ ၂၀၁၈ ခုနှစ်တုန်းက FdI အဖွဲ့ဟာ မဲဆန္ဒ ၄.၃ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။
ပါတီအဖွဲ့ကြီးရဲ့ ခေါင်းဆောင်အနေနဲ့ 'မယ်လိုနီ'ဟာ အစိုးရအသစ်ဖွဲ့ရန် နိုင်ငံ့အကြီးအကဲက ခွင့်ပြုဖို့သေချာသလောက်ရှိနေပြီး လောင်စာစွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ယူကရိန်းစစ်ပွဲစတဲ့ ပြဿနာများနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။
"ဒီညကျော်သွားရင် ကျွန်မတို့မှတ်ထားရမှာက အဆုံးသတ်သွားတာမဟုတ်ပါဘူး၊ အခုမှစမှာပါ၊ မနက်ဖြန်ကစပြီး ကျွန်မတို့ရဲ့အရည်အချင်းကို သက်သေပြရမှာပါ" လို့ အသက် ၄၅ နှစ်ရှိ 'မယ်လိုနီ'က တနင်္လာနေ့မနက်အစောပိုင်းမှာ ပြောကြားသွားပါတယ်။
'မယ်လိုနီ'ဟာ ဖက်ဆစ်ရှေးရိုးစွဲများကို အငြင်းအခုံမလုပ်ဘဲ ဆန်းသစ်ခွဲထွက်လာကာ အီတလီသွေးချင်းညီအစ်ကိုများ အဖွဲ့အသွင်အနေဖြင့် ကူးပြောင်းလာပြီးနောက် အဓိကလမ်းကြောင်းပေါ် တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူအောင်မြင်ကျော်ကြားလာတဲ့ အခြေအနေနဲ့ ဆက်စပ်နေပါတယ်။
'မယ်လိုနီ'အခုလို ထောက်ခံမှုတွေရလာတာဟာ သူ့ရဲ့ခိုင်မာပြတ်သားတဲ့ သန္နိဌာန်ကြောင့်ဖြစ်တယ်လို့ မိတ်ဆွေများနဲ့ ဝေဖန်သူများကသုံးသပ်ကြပါတယ်။
'မယ်လိုနီ'ဟာ အသက် ၂၁ နှစ်မှာ ဒေသတွင်းရွေးကောက်ပွဲမှာ ပထမဆုံးအနိုင်ရခဲ့ပြီး အသက် ၃၁ နှစ်မှာ အီတလီရဲ့အငယ်ဆုံးဝန်ကြီးဖြစ်လာကာ ၂၀၀၈ ခုနှစ် 'ဘာလူစကိုနီ'အစိုးရအဖွဲ့ရဲ့ လူငယ်အဖွဲ့ဝင်ဖြစ်လာပါတယ်။
Source: Reuters
#Yangon_Media_Group
Page 720 of 956