#World_Health
Published 10 May 2023
အမှန်ကန်ဆုံးလက်ဆေးခြင်းနည်းလမ်းက လက်ချောင်းထိပ်တွေကို မမေ့မလျော့သန့်ရှင်းရန်ဖြစ်ကြောင်း လေ့လာမှုအသစ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်ကိုပိုးသန့်စင်စေရန် အသုံးပြုလေ့ရှိတဲ့လက်သန့်ဆေးတွေမှာပါဝင်တဲ့ အယ်လ်ကိုဟောပမာဏကလည်း လုံလောက်မှုမရှိဘူးလို့ဆိုပါတယ်။
ဆေးရုံများမှ ရောဂါပိုးကူးစက်ခြင်းများကြောင့် ကမ္ဘာတဝှမ်းမှာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးနေရပြီး နိုင်ငံတကာလမ်းညွှန်ချက်များက လုံလောက်ခြင်းမရှိဘူးလို့ ဘူဒါပက်စ်ဆမ်မယ်ဝစ္စတက္ကသိုလ်နဲ့ အိုဘူဒါတက္ကသိုလ်တို့မှ သုတေသီတို့က သတိပေးထားပါတယ်။
လေ့လာမှုအရ လက်သန့်ဆေး ၁.၅ မီလီလီတာဟာ လက်တစ်ခုလုံးစင်ကြယ်စေဖို့ မလုံလောက်ပါဘူး။
ဆေးကျောင်းသား ၃၄၀ ကျော်ကို အယ်လ်ကိုဟောပါဝင်လက်သန့်ဆေး ၁.၅ သို့မဟုတ် ၃ မီလီလီတာဖြင့် လက်သန့်စင်စေခဲ့ပါတယ်။
ဂျယ်လ်တွေက လက်နေရာ ၇ ရာခိုင်နှုန်းကို မသန့်စင်နိုင်ဘဲရှိခဲ့ကာ အရည်ကတော့ ၅.၈ ရာခိုင်နှုန်းကျန်ရစ်ခဲ့ကာ ဒီအချက်က ဆေးရုံဆေးခန်းတွေရဲ့ လူနာဘေးကင်းရေးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ချို့ယွင်းချက် ဖြစ်နေကြောင်း ဆမ်မယ်ဝစ္စတက္ကသိုလ်မှ ခွဲစိတ်ဆရာဝန်ဒေါက်တာ'ကွန်စတန်တီနိုစ်ဗိုနီယာတစ်'က ပြောပြခဲ့ပါတယ်။
များသောအားဖြင့် သန်တဲ့လက်ရဲ့ လက်ချောင်းထိပ်တွေနဲ့ လက်နောက်ဘက်တွေဟာ လက်သန့်စင်နေစဉ် ကျန်ရစ်ခဲ့တတ်ပါတယ်။
လက်ရှိ WHO လမ်းညွှန်ချက်များက တိကျခြင်းမရှိဘဲ လက်သန့်ဆေးဖြင့် စက္ကန့် ၂၀ - ၃၀ ပွတ်တိုက်ဖို့သာ အိုဘူဒါတက္ကသိုလ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ'တေမတ်စ်ဟိုင်ဒက်ဂါ'က ဖော်ပြထားပါတယ်။
အကြံပြုချက်တွေက ပိုမိုတိကျပြီး သက်သေရှိဖို့လိုအပ်ကြောင်း၊ အခုနောက်ဆုံးကပ်ရောဂါကာလအတွင်း လက်သန့်စင်ခြင်းက အဓိကကျကြောင်းသိရှိလာရပြီး စံချိန်စံညွှန်းတွေကို ပြုပြင်ရန်လိုအပ်တယ်လို့ သက်သေပြလာကြောင်း ပြောကြားခဲ့ပါတယ်။
ဆေးရုံဆေးခန်းမှာ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ရောဂါကူးစက်မှု ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး အဓိကကတော့ လုံလောက်စွာလက်မသန့်စင်တာကြောင့်ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်က သေဆုံးနိုင်ပါတယ်။
သာမန်လက်အရွယ်အစားရှိသူတွေအတွက် လက်ဆေးရည် ၃ မီလီလီတာက လုံလောက်ပြီး လက်ပိုကြီးသူတွေကတော့ ပိုမိုလိုအပ်နိုင်ပါတယ်။
၃ မီလီလီတာလက်ဆေးရည်ကို စက္ကန့် ၄၀ - ၄၂ အတွင်းပွတ်တိုက်ခြင်းက ကြာလွန်းပြီး စက္ကန့် ၃၀ - ၃၂ အတွင်းက အနေတော်ပဲဖြစ်ကြောင်း ဒေါက်တာကပြောကြားခဲ့ပါတယ်။
Source: India Today #World_Health #လက်သန့်စင်ခြင်း
#YMG #Yangon_Media_Group
#World_Development
Published 9 May 2023
တရုတ်နိုင်ငံကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ 'ချင်ကန်'က မဟာဗျူဟာမြောက်လွတ်လပ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့ကို ထဲထဲဝင်ဝင်မြှင့်တင်ဆောင်ရွက်ရန် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)အဖွဲ့ဝင်နိုင်ငံများကို သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။
#World_Development #မဟာဗျူဟာမြောက်လွတ်လပ်မှု #တရုတ်နိုင်ငံခြားရေးဝန်ကြီး
#YMG #Yangon_Media_Group
#Daily_News
Published_ 9 May 2023
၁။ မုန်တိုင်းကြောင့် ကောက်ပဲသီးနှံများ ပျက်စီးထိခိုက်မှုမရှိရေး ကြိုတင်ပြင်ဆင်ထားဖို့ ကုန်သည်စက်မှုအသင်းချုပ် ထပ်ဆင့်အသိပေး
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၉၂၀ ကျပ်အထိ ပြန်ဈေးတက်နေ
၃။ ကမ္ဘာ့ရွှေဈေး ၂၀၂၁၃ ဒေါ်လာပေါက်ဈေးရှိနေပြီး ပြင်ပရွှေပေါက်ဈေးသိန်း ၃၀ ကျော်ရှိနေ
၄။ မဟာဗျူဟာမြောက်လွတ်လပ်မှုနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုရန် SCO အစည်းအဝေး၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#World_Health
Published 9 May 2023
လူ့ကျန်းမာရေးအတွက် အဆီနဲ့သကြား ဘယ်အရာက ပိုမိုထိခိုက်စေသလဲဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားနေခဲ့တာကြာပါပြီ။
နှစ်ပေါင်းများစွာ သုတေသနပြုလုပ်ပြီးနောက် အဆီနည်းတဲ့အစားအစာက အကောင်းဆုံးဖြစ်ကြောင်း လတ်တလောလေ့လာချက်မှ ကောက်ချက်ချနိုင်ပါတယ်။
၂၀ ရာစုနဲ့ ၂၁ ရာစုအစောပိုင်းတို့မှာ အဆီဓာတ်က နှလုံးရောဂါ၊ ကိုလက်စ်ထရောလ်မြင့်မားခြင်းတို့နဲ့ ဆက်စပ်နေခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ်ပြောင်းလဲသွားတဲ့ ကာဗိုဟိုက်ဒရိတ်ဟာလည်း ကျန်းမာရေးကို ထိခိုက်စေကြောင်း တွေ့ရှိထားပါတယ်။
အဆီနည်းတဲ့အစားအစာတွေက နှစ်စဉ်သေဆုံးနိုင်ချေကို ၃၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာများက သေဆုံးနိုင်ချေ ၃၈ ရာခိုင်နှုန်းမြင့်မားစေနိုင်ကြောင်း အတည်ပြုခဲ့ပါတယ်။
အထူးသဖြင့် သက်လတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေမှာ သေဆုံးခြင်းကိုကာကွယ်နိုင်ဖို့ ပြည့်ဝဆီနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ထိန်းသိမ်းစားသောက်ရန်အရေးကြီးကြောင်း လေ့လာမှုက ဖော်ပြနေပါတယ်။
အဆီနည်းတဲ့အစားအသောက်တွေက အသက်သေဆုံးနိုင်ချေလျှော့ချခြင်းနဲ့ ဆက်စပ်နေပြီး အစားအသောက်ထဲမှာ အဆီလျှော့ချခြင်းရဲ့ အကျိုးကျေးဇူးတွေကို အကြံပြုထားပါတယ်။
လူဝီစီယာနာ နယူးအော်လင်းစ် ကျူလိန်းတက္ကသိုလ်၊ မာဆာချူဆက် ကိမ်းဘရစ်ချ် ဟားဗတ်တက္ကသိုလ်မှ သုတေသီများက တရုတ်သိပ္ပံပညာရှင်များနဲ့အတူ ၁၉၉၀ ခုနှစ်များမှစတင်ကာ အသက် ၅၀ မှ ၇၁ နှစ်အတွင်းရှိ အမေရိကန်လူမျိုး ၃၇၁,၁၅၉ ဦးရဲ့ အချက်အလက်များကို စုဆောင်းခဲ့ပါတယ်။
၁၉၉၅ စစ်တမ်းအရ သက်ကြီးရွယ်အိုများအကြား အစားအသောက်နဲ့ နာတာရှည်ရောဂါဆက်စပ်ပုံများကို လေ့လာကာ အစားအသောက်နဲ့ သက်ရှည်ကျန်းမာခြင်းတို့ကြား ဆက်စပ်မှုများကို ရှာဖွေခဲ့ကြပါတယ်။
စစ်တမ်းထဲမှာ ပါဝင်သူများကို မတူညီတဲ့အစားအစာ ၁၂၄ မျိုးကို ဘယ်လောက်အထိ စားသုံးသလဲဆိုတာမေးမြန်းခဲ့ကြပြီး လူတစ်ယောက်က ကာဗိုဟိုက်ဒရိတ်နဲ့အဆီ ဘယ်လောက်စားသုံးလေ့ရှိလဲဆိုတာ တွက်ချက်ခဲ့ကြပါတယ်။
အဆီနည်းတဲ့အစားအစာ၊ အသားသေးငါးသေးနဲ့ ဟင်းသီးဟင်းရွက်အများအပြားစားသုံးခြင်းကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာအဖြစ် သတ်မှတ်ပြီး သန့်စင်ပြီးသကြား၊ အဆင့်ဆင့်ထုပ်ပိုးပြီးအစားအစာများ စားသုံးခြင်းကိုတော့ ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ ယူဆထားပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ အဆီနည်းတဲ့အစားအစာများ စားသုံးသူများဟာ အဆီများတဲ့အစားအစာ စားသုံးသူတွေနဲ့နှိုင်းယှဉ်ရင် အရွယ်မတိုင်ခင်သေဆုံးနိုင်ချေ သိသိသာသာနည်းပါးသွားကြောင်း တွေ့ရှိထားပါတယ်။
အဆီနည်းတဲ့အစားအစာတွေ စားသုံးသူတွေဟာ သေဆုံးနိုင်ချေ ၂၁ ရာခိုင်နှုန်းလျော့နည်းသွားပြီး အဆီများတဲ့အစားအစာ စားသုံးသူတွေထက် သေဆုံးနိုင်ချေ ၈ ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
Source: The Jerusalem Post #World_Health #အဆီနှင့်သကြားဓာတ် #ကျန်းမာရေး
#YMG #Yangon_Media_Group
#Asia_Politics
Published 9 May 2023
ထိုင်းနိုင်ငံရွေးကောက်ပွဲ အစောပိုင်းမဲပေးမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုအများအပြားရှိနေတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့မှ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့မှာ အရေးတကြီးစိစစ်မှုများ ပြုလုပ်ခဲ့ရကာ ကော်မရှင်ရဲ့ အရည်အချင်းနဲ့ပတ်သက်ပြီး လူမှုမီဒီယာတွေမှာ စိုးရိမ်မှုများမြင့်တက်လာရပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းမဲပေးမှုအတွင်း တိုင်ကြားချက်ပေါင်း ၃၀၀ ခန့်လက်ခံရရှိခဲ့ကာ အမည်လွဲမှားခြင်း၊ လူမှားယွင်းစွာမဲပေးခြင်း၊ မဲစာရင်းမှားယွင်းမှုများ၊ မဲရုံများတွင် ကိုယ်စားလှယ်လောင်းစာရင်းမပြည့်စုံခြင်းစတဲ့ အမှားအယွင်းများပါဝင်နေကြောင်း အစိုးရမဟုတ်အဖွဲ့အစည်းများရဲ့ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေးပြည်သူ့ကွန်ရက်က ပြောကြားလိုက်ပါတယ်။
မေလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲပြုလုပ်မယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကော်မရှင်(ECT)က တိုင်ကြားချက် ၉၂ ချက်လက်ခံရရှိခဲ့ကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲနေ့မှာတော့ အလားတူအမှားမျိုးမဖြစ်စေရဘူးလို့ ကတိပေးခဲ့ပါတယ်။
ယခုရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း ရွေးကောက်ပွဲတိုင်းမှာအနိုင်ရပြီး ၃ ကြိမ်တိုင်ဖယ်ရှားခံခဲ့ရတဲ့ အတိုက်အခံပါတီတွေနဲ့ စစ်တပ်၊ တော်ဝင်ဝါဒီထူထောင်ရေးဆက်စပ်နေတဲ့ အာဏာရညွန့်ပေါင်းပါတီတို့ကို ယှဉ်ပြိုင်စေမယ့်ပွဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ် စစ်တမ်းများအရ အတိုက်အခံပါတီ ၂ ခုဟာ ပြတ်ပြတ်သားသား ဦးဆောင်နေပါတယ်။
စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ NGO iLaw မှ အမှုဆောင်ဒါရိုက်တာ'ယင်ချိအတ်ချာနွန့်'က ထိုအမှားတွေဟာ ကြီးကြီးမားမားမဟုတ်ပေမယ့် ရွေးကောက်ပွဲဝန်ထမ်းအချို့ရဲ့ နားလည်မှု လေ့ကျင့်မှုအားနည်းခြင်းတို့ကို ပြသရာရောက်တယ်လို့ ဆိုပါတယ်။
သူတို့က အမှားတွေကို ရိုးရိုးသားသားပြုလုပ်ခဲ့တယ်ထင်ကြောင်း ပြောပြခဲ့ပါတယ်။
'ဘာလို့များရွေးကောက်ပွဲကော်မရှင်' ဖွဲ့ထားတာလဲဆိုတဲ့ အကြောင်းအရာက ထိုင်းနိုင်ငံမှာပျံ့နှံ့နေပြီး မျှတပြီးတိကျတဲ့ရလဒ်ကို ကော်မရှင်အနေနဲ့ စွမ်းဆောင်နိုင်မလားဆိုတာ လူထောင်ပေါင်းများစွာက မေးခွန်းထုတ်လာကြပါတယ်။
၂၀၁၄ ခုနှစ် ဗိုလ်ချူပ်ကြီး'ပရာယွတ်ချန်အိုချာ' အာဏာသိမ်းပြီးနောက် စစ်အစိုးရကခန့်အပ်ထားတဲ့ ကော်မရှင်အဖွဲ့ဝင်များကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
မဲရွေးကောက်အဖွဲ့ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်း ခြယ်လှယ်ခြင်းများ၊ ပေါ့ဆခြင်းများကြောင့် ပြင်းထန်စွာဝေဖန်ခံခဲ့ရကာ တရားဝင်ရလဒ်များကို တစ်လကျော်နှောင့်နှေးခဲ့ရပြီး ပါတီစာရင်းဝင်နေရာများသတ်မှတ်ခြင်းအတွက် ပုံသေနည်းပြောင်းလဲခဲ့ရပါတယ်။
ထိုအချိန်မှာ ကော်မရှင်က မှားယွင်းမှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး ပြန်လည်ရေတွက်ခြင်း၊ အရည်အချင်းမပြည့်မီခြင်းများကြောင့် ကြားဖြတ်ရွေးကောက်ပွဲများပြုလုပ်ရန် အချိန်လိုအပ်ကြောင်းပြောကြားခဲ့ပါတယ်။
Source: Reuters
#YMG #Yangon_Media_Group
#World_Science
Published 9 May 2023
EPFL မှ Laboratory of Statistical Biophysics ဓာတ်ခွဲခန်းရဲ့ လတ်တလောသုတေသနအရ နောက်နှစ်ပေါင်း ၆၀ အတွင်း ဂြိုဟ်သားများနဲ့ ဆက်သွယ်မိနိုင်ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်တွေအနေနဲ့ အခုအချိန်ထိ ဘာကြောင့် ဂြိုဟ်သားတွေကို ရှာမတွေ့နိုင်လဲဆိုတာကို ရှင်းလင်းပေးနိုင်မယ့်အကြောင်းအရာကိုလည်း တွေ့ရှိခဲ့ပါတယ်။
"လူသားတွေက ဒါကိုရှာဖွေနေတာ နှစ် ၆၀ ပဲရှိပါသေးတယ်။ ကမ္ဘာကြီးဟာ ပြင်ပသက်ရှိတွေကနေ ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်းတွေမရှိတဲ့ နေရာတစ်ခုမှာပဲ ရှိနေနိုင်ပါတယ်" လို့ ဇီဝရူပဗေဒပညာရှင် 'ကလော်ဒီယိုဂရီမယ်ဒီ'က ပြောကြားခဲ့ပါတယ်။
လေ့လာကြည့်ရှုရန် အာကာသနေရာအများအပြားကျန်နေသေးပြီး ဂြိုဟ်သားဆက်သွယ်ရေးတွေကို သုတေသီတွေမကြုံရသေးတာဖြစ်နိုင်ကြောင်း ဆက်လက်ဖော်ပြထားပါတယ်။
လူတွေအနေနဲ့ စိတ်ရှည်ရန်လိုအပ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
လေ့လာရှာဖွေရန်နဲ့ စကြဝဠာရှိဂြိုဟ်သားတွေနဲ့ ဆက်သွယ်ရေးခြေရာခံမိရန်အတွက် ဒီထက်အချိန်တွေ၊ ငွေကြေးအင်အား၊ ကြိုးပမ်းအားထုတ်မှုများ ပိုမိုလိုအပ်ပါတယ်။
ပြင်ပသက်ရှိတွေရဲ့ ဆက်သွယ်ထောက်လှမ်းရေးကို သုတေသနပြုခြင်းဟာ အချိန်ကုန်ငွေကုန်မှုနဲ့ ထိုက်တန်မှုရှိ/မရှိ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
သုတေသနပုံစံက နဂါးငွေ့တန်းဂလက်ဆီရှိ နည်းပညာဆိုင်ရာဇာစ်မြစ်ရဲ့ လျှပ်စစ်သံလိုက်အချက်ပြမှုအနည်းဆုံးတစ်ခုရှိကြောင်း ယူဆချက်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာကြီးဟာ အနည်းဆုံးဆယ်စုနှစ် ၆ ခုအထိ ငြိမ်သက်နေတဲ့ပူဖောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အခြေအနေကဒီလိုသာဆိုရင် ကိန်းဂဏန်းများအရ ဂလက်ဆီတဝှမ်းလုံးမှာဖြစ်ပွားလေ့ရှိတဲ့ လျှပ်စစ်သံလိုက်ထုတ်လွှင့်မှု ရာစုနှစ်တစ်ခုအတွင်း ၅ ခုအောက်ဖြစ်ပွားလေ့ရှိကြောင်း ဖော်ပြထားပါတယ်။
ဂြိုဟ်သားတွေနဲ့ ဆက်သွယ်မိဖို့ နောက်ထပ်အနည်းဆုံး နှစ် ၆၀ ခန့်အချိန်ယူရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ရှေ့ဆက်ရန်အကောင်းဆုံးနည်းလမ်းက တယ်လီစကုပ်များအသုံးမပြုဘဲ ဂြိုဟ်သားတွေနဲ့ဆက်သွယ်ဖို့ကို လေ့လာသင့်ကြောင်း ဂရီမယ်ဒီက အကြံပြုထားပါတယ်။
အကောင်းဆုံးဗျူဟာကတော့ အခြားသောဂြိုဟ်များ နဂါးငွေ့တန်းများမှ ရေဒီယိုထုတ်လွှတ်မှုများကို ထောက်လှမ်းခြင်းနဲ့ အခြားသောနက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုများမှ အချက်အလက်များကို အသုံးပြုခြင်းဖြင့် အရင်ကချဉ်းကပ်ပုံတွေကို ချမှတ်နိုင်ဖို့ပဲဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
Source: WION #World_Science #နောင်နှစ်ပေါင်း(၆၀)ခန့် #သိပ္ပံပညာရှင်
#YMG #Yangon_Media_Group
#World_Automoblie
Published 8 May 2023
အာဖဂန်နစ္စတန်မှာ စစ်တပ်များ ကျူးကျော်ခြင်း ဆုတ်ခွာခြင်း၊ အစိုးရအတက်အကျတွေနဲ့ အရာရာဟာ မသေချာပေမယ့် တိုယိုတာကိုရိုလာကားတွေကတော့ အားထားရဆဲဖြစ်ပါတယ်။
#World_Automoblie #အာဖဂန်နစ္စတန် #တိုယိုတာကိုရိုလာကား
#YMG #Yangon_Media_Group
Page 718 of 1136