#Daily_News
Published_ 8 June 2023
၁။ စစ်တွေတွင် အိမ်ဆောက်ပစ္စည်းတချို့စျေးအနည်းငယ်ပြန်ကျ
၂။ မူးယစ်ဆေးဖြတ်ချင်လို အွန်လိုင်းကနေအကူအညီတောင်းခံသူများ နေ့စဥ်ရှိနေ
၃။ ဒေါ်လာစျေး အမြင့်ပိုင်းမှာရှိနေသည့်အတွက် ပြည်ပရွှေစျေး မြင့်တက်နေတာဖြစ်
၄။ (၃,၅၀၀)ဒေါ်လာတန်ဖိုးရှိ Vision Pro နားကြပ်ကို Apple ထုတ်ဖော်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 8 June 2023
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ယနေ့ ဇွန်လ(၈)ရက်နေ့တွင်ကျရောက်သည့် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၃)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံအကြား နယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှု စာချုပ်များလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ အဲဒီအခမ်းအနားကို မြန်မာနိုင်ငံ နစက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai တက်ရောက်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့်ပံ့ပိုးသည့် မြန်မာနိုင်ငံစီမံကိန်းများ၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်း လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အစိုးရနည်းပညာကောလိပ် (မန္တလေး) အား လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းနှင့် အွန်လိုင်းလေ့ကျင့်ပေးမှုများ ပေးအပ်ခြင်း၊ တရုတ်နိုင်ငံ၏အကူအညီဖြင့် အောင်ဆန်းအားကစားကွင်း ပြန်လည်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေလေ့လာမှုအစရှတဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များ လက်မှတ်ရေးထိုးခြင်းနှင့် လဲလှယ် ခြင်းတွေပြုလုပ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် ရဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အမြဲတစေကျင့်သုံး၍ အပြန်အလှန်လေးစားကာ တန်းတူညီမျှဆက်ဆံကြောင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ်နက်ရှိုင်းလာစေပြီး နိုင်ငံတကာ စင်မြင့်ထက်တွင် အပြန်အလှန် ထောက်ခံအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြီးနောက် သဒ္ဓါတရားထက်သန်စွာလှူဒါန်းပေးအပ်မှုကို ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပါတယ်။
ဝန်ကြီးဦးသန်းဆွေက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ အခက်အခဲများ အတူကျော်ဖြတ်သည့် အေးအတူပူအမျှ အသိုက် အဝန်းစိတ်ဓာတ်ကိုထင်ဟပ်စေကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးလဲလှယ်သည့် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ သည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ကောင်းမွန်သောရလဒ်များကို ပေါ်လွင်စေကာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့်ယဉ်ကျေးမှု အဆိုပြုချက်များကို ပြတ်သားစွာထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ ၎င်းအဆိုပြုချက်များအား အကောင်အထည်ဖော်ဆောင်ကာ ပိုမိုငြိမ်းချမ်း၊ လုံခြုံ၍စည်ပင်ဝပြောသောကမ္ဘာကြီးကို အတူတည်ဆောက်သွားလိုကြောင်းလည်းဆက်လက် ပြောကြားခဲ့ ပါ တယ်။
သံအမတ်ကြီး Mr. Chen Hai ကလည်း တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်လာကတည်းက ချစ်ကြည်ရင်းနှီးစွာကူးလူးဆက်ဆံသည့် သမိုင်းကိုပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီနောက်သူက “ယနေ့ ပူးပေါင်းဆောင်ရွက်မှုစာချုပ်များအား လက်မှတ်ရေးထိုးလဲလှယ်ခြင်းသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၃) နှစ်ပြည့်အား လက်တွေ့လှုပ်ရှားမှုဖြင့် ဂုဏ်ပြုဆိုကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို လက်ဆင့်ကမ်းပြန့်ပွားရန် ဆောင်ရွက်၍ တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုများ ရလဒ်အသစ်များ ရရှိရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးသည့်မူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နိုင်ငံအကူ အညီ ဖြင့် မြန်မာနိုင်ငံ၌ဆောင်ရွက်သည့်စီမံကိန်းများသည်လည်း အေးအတူပူအမျှ၊ အတူလက်တွဲရှေ့သို့ချီတက်သည့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်းပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရေးတို့အား လက်တွေ့ကျကူညီပေးမယ်လို့လည်း တရုတ်သံအမတ်ကြီးကပြောပါတယ်။
မြန်မာနိုင်ငံအားကူညီသည့် အသစ်တစ်သုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ရေ (Doses) ၃ သန်းသည် ဇွန်လ ၇ ရက်နေ့ညတွင် ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ထံ လှူဒါန်းပေးအပ်သည့် ပထမအသုတ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများသည်လည်း ဇွန်လ ၁၂ ရက်နေ့တွင်ပို့ဆောင်ရောက်ရှိ၍လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် တတ်စွမ်းသမျှကူညီမှုများ ဆက်လက်ပေးအပ်သွားပြီး မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများ ပိုများသည့်လက်တွေ့ကျကျရလဒ်များရရှိရေးဖော်ဆောင်ကာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားလိုတယ်လို့ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားပြီးတဲ့ နောက် သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်-မြန်မာကဏ္ဍပေါင်းစုံတွင် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့သိရပါတယ်။
-ymg/knl
#တရုတ်-မြန်မာသံတမန်ဆက်ဆံရေး (၇၃)နှစ်ပြည့်
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
#World_Economy
Published 8 June 2023
အမေရိကန်မှာ တင်သွင်းကုန်များ ပြန်လည်ဦးမော့လာပေမယ့် စွမ်းအင်ထုတ်ကုန်များ တင်ပို့မှုကျဆင်းနေကာ ကုန်သွယ်ရေးလိုငွေပြမှုက ဧပြီလမှာ ၈ နှစ်အတွင်း အကျဆင်းဆုံးဖြစ်နေပြီး ထိုအတိုင်းဆက်သွားနေပါက ကုန်သွယ်မှုပိုင်းမှာ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။
ကူးသန်းရောင်းဝယ်ရေးဌာနက ဗုဒ္ဓဟူးနေ့မှာ အစီရင်ခံခဲ့ရာ ဧပြီ ၂၀၁၅ နောက်ပိုင်း ဒါဟာအမြင့်မားဆုံးဖြစ်နေပြီး ၆ လအတွင်း ကုန်သွယ်ရေးကွာဟချက်ကို အမြင့်ဆုံးရောက်ရှိစေခဲ့ပါတယ်။
ဒေါ်လာဈေးအားကောင်းလာခြင်းနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား နှောင့်နှေးခြင်းတို့ကြောင့် ပို့ကုန်များအတွက် အဟန့်အတားဖြစ်လာနိုင်ပါတယ်။
ကုန်သွယ်ရေးသတ်မှတ်ချက်တွေ ပိုမိုတင်းကြပ်လာကာ နှစ်ဝက်အမှန်တကယ်ခန့်မှန်းချက်က GDP တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းနားကပ်လာပြီး စီးပွားရေးလုံးဝကျဆင်းသွားနိုင်ကြောင်း နယူးယော့ခ်ရှိ စီးပွားရေးပညာရှင်အကြီးအကဲ 'ခရစ္စတိုဖာရပ်ကီး'က ပြောကြားခဲ့ပါတယ်။
ကုန်သွယ်ရေးလိုငွေပြမှုက ၂၃ ရာခိုင်နှုန်းကနေ ဒေါ်လာ ၇၄.၆ ဘီလီယံသို့ ခုန်တက်သွားပါတယ်။
ကုန်သွယ်မှုကွာဟချက်ကျဉ်းမြောင်းမှုကို ပြသရန် မတ်လအတွက်အချက်အလက်ကို အရင်ကတင်ပြထားတဲ့ ဒေါ်လာ ၆၄.၂ ဘီလီယံအစား ဒေါ်လာ ၆၀.၆ ဘီလီယံအထိ ကျဉ်းမြောင်းသွားကြောင်း ပြသရန်ပြင်ဆင်လိုက်ပါတယ်။
ကုန်သွယ်ရေးဝန်ဆောင်မှုကိန်းဂဏန်းများကို ၂၀၁၇ ခုနှစ်က ပြန်လည်ပြင်ဆင်ခဲ့ပြီး အစိုးရက ၂၀၁၈ ခုနှစ်က ကုန်သွယ်ရေးအချက်အလက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ထိုပြန်လည်ပြင်ဆင်မှုတွေမှာ ကုန်သွယ်မှုလိုငွေက အစပိုင်းလပိုင်းအတွင်း အရင်ထင်ထားသလောက် မကြီးမားခဲ့ပါဘူး။
ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆောက်လုပ်ရေးအသုံးစရိတ်ခိုင်မာပြီးနောက် ကုန်သွယ်မှုအချက်အလက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ငွေကြေးဖောင်းပွမှုအတွက် ချိန်ညှိကာ ကုန်စည်ကုန်သွယ်မှုလိုငွေပြမှုမှာ ဧပြီလက ၁၆.၅ ရာခိုင်နှုန်းမှ ဒေါ်လာ ၉၅.၈ ဘီလီယံအထိ တက်လာပါတယ်။
ဝေါလ်စထရိ စတော့ရှယ်ယာများက အများအားဖြင့် အရောင်းအဝယ်နည်းပါးနေပါတယ်။
ဒေါ်လာဈေးအနည်းငယ်လျော့ကျသွားကာ အမေရိကန်ဘဏ္ဍာရေးဈေးနှုန်းကျဆင်းသွားပါတယ်။
Source: Reuters #World_Economy #ကုန်သွယ်ရေးလိုငွေပြမှု(၆)လအတွင်း အမြင့်မားဆုံးဖြစ် #YMG #Yangon_Media_Group
#World_Science
Published 8 June 2023
သိပ္ပံပညာရှင်များဟာ အစတုန်းက ကင်ဆာပျံ့ပွားမှုကို ဟန့်တားပေးတဲ့ ပရိုဂရမ်ဆဲလ်သေအစောပိုင်းအဆင့်တွေမှာ ပါဝင်တဲ့ အဓိကလုပ်ငန်းစဉ်အကြောင်း အချက်အလက်အသစ်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဆဲလ်သေခြင်းပရိုဂရမ်ကို အသက်သွင်းခြင်းဖြင့် ဆဲလ်များ ကိုယ်တိုင်ဖျက်ဆီးရန်မလိုတော့တဲ့ မော်လီကျူးဖြစ်စဉ်ကို သုတေသီများရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ လူ့ဘဝအတွက် အရေးကြီးပြီး ကိုယ်ခံအားစနစ်ထိန်းညှိခြင်းလိုမျိုး ဇီဝဖြစ်စဉ်များမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။
ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ဆဲလ်တွေကို ဖယ်ရှားပေးနိုင်သလို ဒီဖြစ်စဉ်ကိုဟန့်တားလိုက်ပါက ကင်ဆာဆဲလ်များကြီးထွားလာစေနိုင်ပါတယ်။
ကျန်းမာတဲ့ဆဲလ်တွေမှာ ဆဲလ်သေဆုံးခြင်းဖြစ်စဉ်ကို Bax နဲ့ Bcl-2 ပရိုတိန်းနှစ်မျိုးက ထိန်းချုပ်ထားပါတယ်။
Bax က ပျော်ဝင်နိုင်တဲ့ပရိုတိန်းတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်မှဆဲလ်ဟောင်း ဒါမှမဟုတ် ရောဂါရှိတဲ့ဆဲလ်များကိုဖယ်ရှားရန် တာဝန်ရှိပါတယ်။
Bcl-2 က မိုင်တိုကွန်ဒရီယယ်အမြှေးပါးအတွင်းရှိ Bax ပရိုတိန်းများကို ဖမ်းယူဆစုဆောင်းကာ ဆဲလ်သေများကာကွယ်ရန် လုပ်ငန်းစဉ်များကို ပြုလုပ်ပေးပါတယ်။
ကင်ဆာဆဲလ်တွေမှာ Bcl-2 အလွန်အကျွံထုတ်လုပ်ပြီး တားမြစ်ထားတဲ့ဆဲလ်များ ကြီးထွားစေကာ ပုံမှန်ဆဲလ်များကွဲထွက်မှုရပ်တန့်သွားတဲ့အခါ ကင်ဆာဆဲလ်များ ဆက်လက်ကြီးထွားလာပြီး အကျိတ်များ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
အခုထက်ထိကတော့ Bax က ဆဲလ်သေခြင်း စလုပ်တဲ့ဖြစ်စဉ်ကို အရင်က မမြင်ခဲ့ပါဘူး။
Bax နဲ့ Bcl-2 ကြား အပြန်အလှန်ဆက်စပ်မှုအကြောင်းနဲ့ ဖြစ်စဉ်နဲ့ဘယ်လိုဆက်စပ်ကြောင်း ပိုမိုသိရှိလာတာနဲ့အလျောက် လူသားဘဝအတွက် အခြေခံကျတဲ့ လုပ်ငန်းစဉ်တစ်ခု ရရှိလာပါလိမ့်မယ်။
ယခုထူးခြားတဲ့တွေ့ရှိချက်က ဆဲလ်သေခြင်းဖြစ်စဉ် သုတေသနနယ်ပယ်မှာ အကျိုးသက်ရောက်မှုထင်ရှားရုံမက Bax နဲ့ ပက်သက်တဲ့အရာများကို ကင်ဆာကုထုံးမှာ စိတ်ဝင်စားဖွယ်ပစ်မှတ်များအဖြစ် စူးစမ်းရှာဖွေရန် အခွင့်အလမ်းများ ရလာမှာဖြစ်ပါတယ်။
Source: WION #World_Science #ကင်ဆာပျံ့ပွားမှုကို ရပ်တန့်နိုင်
#YMG #Yangon_Media_Group
#World_Science
Published 8 June 2023
ဂါလ်ဗွန်းဆိုတဲ့အရာဝတ္ထုက သံမဏိထက်မာကျော၊ အလူမီနီယံထက်ပေါ့ပါးကာ ကြေးနီလိုမျိုးလျှပ်ကူးနိုင်စွမ်းရှိကြောင်း LinkedIn က ဆောင်းပါးတစ်ခုမှာ ဖော်ပြထားပါတယ်။
ပစ်လွှတ်လိုက်တဲ့ကျည်ဆံထက် ပိုမြန်သလားဆိုတာကိုတော့ စဉ်းစားနေကြဆဲဖြစ်ပေမယ့် ဒီပစ္စည်းဟာ သန့်စင်နည်းပညာပိုင်းမှာ အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ဟူစတန်အခြေစိုက်ဒက်စ်မတ်မှ ပညာရှင်များကဆိုပါတယ်။
အီလက်ထရွန်နစ်ပစ္စည်းတွေမှာ အရေးကြီးသတ္တုတစ်မျိုးဖြစ်တဲ့ ရှားပါးပြီးဈေးကြီးတဲ့ကြေးနီနေရာမှာ ဂါလ်ဗွန်းနဲ့ အစားထိုးလာနိုင်တယ်လို့ GreenBiz က တင်ပြထားပါတယ်။
တီထွင်သူတွေက ညစ်ညမ်းတဲ့ပစ္စည်းတွေနေရာမှာ အစားထိုးကာ အဆင့်မြင့်သန့်စင်နည်းပညာနဲ့ လေထုကိုပိုမိုသန့်ရှင်းအောင် ပြုလုပ်နိုင်ရန် စီစဉ်နေကြပါတယ်။
အမေရိကန်လေတပ်သုတေသီအေဂျင်စီ ၂ ခုက ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံမှုဖြင့် ဂါလ်ဗွန်းကိုတွေ့ရှိထားတာဖြစ်ပါတယ်။
ဂါလ်ဗွန်းကို တိပ်၊ ချည်၊ အကွက်၊ အခြားပုံစံများဖြင့် ပြုလုပ်ပါတယ်။
ဟိုက်ဒရိုကာဗွန်တွေကို ခွဲထုတ်ပစ်တဲ့နည်းလမ်းဖြင့် ဂါလ်ဗွန်းကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဂါလ်ဗွန်းရဲ့အားသာချက်များဖြင့် ပေါ့ပါးမြန်ဆန်တဲ့ယာဉ်တွေ၊ လေတာဘိုင်ဒလက်တွေ၊ လျှပ်ကူးမြင့်မားဘတ်ထရီတွေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သိုလှောင်မှု ကောင်းမွန်စေမှာဖြစ်ပါတယ်။
ဂါလ်ဗွန်းအမျှင်တွေကို ကွန်ကရစ်၊ အခြားပစ္စည်းတွေမှာ ထည့်သုံးခြင်းဖြင့် အဆောက်အဦများ ပိုမိုခိုင်ခံ့သက်တမ်းရှည်စေမှာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲမှု၊ သန့်စင်စွမ်းအင်ကူးပြောင်းခြင်း စတာတွေက စက်မှုလုပ်ငန်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အအုံများ ကြီးကြီးမားမားပြောင်းလဲရဖို့ တွန်းအားဖြစ်နေပါတယ်။
ထိတွေ့သမျှအရာအားလုံးမှာ ဒီပစ္စည်းသက်ရောက်နိုင်စွမ်းအများစုရှိနေတယ်လို့ GreenBiz ကိုပြောကြားခဲ့ပါတယ်။
Source: thecooldown #World_Science #အလူမီနီယံထက်ပေါ့ပါးသောသတ္တုပစ္စည်းအားသိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ
#YMG #Yangon_Media_Group
#World_Event
Published 7 June 2023
ပဲရစ်မြိုရဲ့အကျော်ကြားဆုံးလမ်း 'ချမ့်စ်အယ်လီဆီ'မှာ တနင်္ဂနွေနေ့က စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကြီးကျင်းပခဲ့ကာ ပြင်သစ်နိုင်ငံမှ အထက်မြက်ဆုံးစာပေမြတ်နိုးသူထောင်ပေါင်းများစွာ ပါဝင်ခဲ့ပါတယ်။
#World_Event #စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကြီးပဲရစ်တွင်ကျင်းပ
#YMG #Yangon_Media_Group
#Daily_News
Published_ 7 June 2023
၁။ ပုဂံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ဗူးဘုရားမိုးကြိုးခ
၂။ ပြည်တွင်းရွှေစျေးနှုန်းများ မြင့်တက်နေမှုကြောင့် ပြည်ပရွှေတင်ပို့မှုရပ်နားထား
၃။ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်နေ
၄။ လူထောင်ပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်သည့် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကြီး ပဲရစ်တွင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 427 of 867