#Daily_News
Published_ 4 July 2023
၁။ ပြည်ပကုန်သွယ်မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ (၇) ဘီလီယံကျော်ရရှိထား
၂။ အခုရက်ပိုင်းအတွင်းဖျားနာသူနှင့်တုပ်ကွေးလူနာပိုများလာ
၃။ ကျပ်သိန်း ၅၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၂၀၀ ကျော်ကို လာမထုတ်ပါက နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
၄။ ထရီနီဒတ်တွင် သစ်သားပန်ကာများက ရွာ၏သမိုင်းကြောင်းကို ထင်ဟပ်ဖော်ပြလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#World_Politics
Published 4 July 2023
ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဆယ်စုနှစ်တွေကြာအောင် ရှိနေဦးမှာဖြစ်ပြီး ယူကရိန်းနဲ့ ပဋိပက္ခဖြစ်နေတာကလည်း အမြဲတမ်းဆက်ရှိနေဦးမယ်လို့ ရုရှားသမ္မတဟောင်း'ဒမစ်ထရီမက်ဗီဒက်ဗ်'က သတိပေးလိုက်ပါတယ်။
တစ်ချိန်တုန်းက မက်ဗီဒက်ဗ်ကို အနောက်တိုင်းမှာ လစ်ဘရယ်ခေတ်ဆန်သူအဖြစ် သတ်မှတ်ခဲ့ကြပြီး ယမန်နှစ် ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး ဆင်နွှဲခဲ့ပြီးနောက်မှာတော့ ရုရှားဘက်မှ ထုတ်ဖော်ပြောဆိုမှု အများဆုံးပြုလုပ်သူ ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာ လုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်နေပြီး သူ့ရဲ့ရှုမြင်ပုံတွေက ရုရှားထိပ်သီးအဆင့်မှ အတွေးအခေါ်အချို့အတိုင်း ဖော်ပြနေတယ်လို့ ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာကိစ္စဖြစ်စဉ်အတွင်း ကမ္ဘာကြီးက နျူကလီးယားစစ်ပွဲအသွင် ပြောင်းလဲလာခါနီး အချိန်တုန်းကထက် ရုရှားနဲ့ အနောက်နိုင်ငံတို့ရဲ့ တင်းမာမှုက များစွာပိုမိုဆိုးရွားနေကြောင်း အစိုးရပိုင်သတင်းစာမှာ ဆောင်းပါးဖော်ပြထားပါတယ်။
နျူကလီးယားစစ်ပွဲက ဖြစ်လာနိုင်ချေရှိပေမယ့် အနိုင်ရမယ့်သူ ရှိလာမှာမဟုတ်ကြောင်း၊ ယူကရိန်းကို အနောက်နိုင်ငံမှ ထောက်ပံ့ကူညီနေခြင်းက နျူကလီးယားပဋိပက္ခ ဖြစ်လာနိုင်ချေများစေကြောင်း မက်ဗီဒက်ဗ်က အကြိမ်ကြိမ်ဆိုခဲ့ပါတယ်။
အသီးသီးသော နိုင်ငံရေးသမားတွေ ဝန်မခံချင်တာတစ်ခုကတော့ ဒီလိုစစ်ဘေးကြီး ဖြစ်နိုင်ချေရှိရုံတင်မဟုတ်ဘဲ အတော်လေး ဖြစ်နိုင်ချေရှိတယ်ဆိုတာပါပဲလို့ ဖော်ပြထားပါတယ်။
မက်ဗီဒက်ဗ်ရဲ့ နျူကလီးယားခြိမ်းခြောက်မှု ရည်ရွယ်ချက်က အနောက်နိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးထောက်ပံ့ကူညီရာမှာ လျှော့ချစေဖို့နဲ့ ထိုအစား ရုရှားဘက်ယိမ်းပြီး ငြိမ်းချမ်းရေးစတင်ဆွေးနွေးရန် ဖြစ်တယ်လို့ အနောက်တိုင်းသုံးသပ်သူများက ဖော်ပြခဲ့ပါတယ်။
အနောက်တိုင်းနိုင်ငံအများအပြားက ယူကရိန်းအနေနဲ့ ကိုယ်တိုင်ကာကွယ်နိုင်အောင် ကူညီလျက်ရှိပြီး ဘယ်လောက်ကြာမြင့်သည်ဖြစ်စေ ယူကရိန်းဘက်ကရှိနေမယ်လို့ ကတိပြုထားပါတယ်။
ယူကရိန်းကို ဘဏ္ဍာရေးနဲ့ စစ်ရေးအရ အများဆုံးကူညီထောက်ပံ့နေတဲ့ အမေရိကန်ကတော့ နျူကလီးယားစစ်ပွဲအန္တရာယ်ကို ရှောင်ရှားချင်တာကြောင့် ရုရှားနဲ့ တိုက်ရိုက်ရင်ဆိုင်လိုခြင်းမရှိကြောင်း ပြောကြားထားပါတယ်။
ယူကရိန်းဘက်ကတော့ သူတို့နယ်မြေကနေ ရုရှားစစ်သားတွေ မထွက်ခွာသေးရင် ငြိမ်းချမ်းရေးဆွေးနွေးမှာမဟုတ်ကြောင်း ဆိုထားပါတယ်။
နေတိုး(NATO)အဖွဲ့အစည်းထဲ ယူကရိန်းဝင်ရောက်ဖို့ကို ရုရှားကရပ်တန့်ဖို့ ကြိုးစားနေဆဲလည်းဖြစ်ကြောင်း မက်ဗီဒက်ဗ်က ဆိုပါတယ်။
ရုရှားနဲ့ အနောက်နိုင်ငံကြား တင်းမာမှုလျှော့ချနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ခက်ခက်ခဲခဲဖြင့် ညှိနှိုင်းဆွေးနွေးရန်ဖြစ်ကြောင်း ပြောပြသွားပါတယ်။
Source: CNA #World_Politics #ယူကရိန်းပဋိပက္ခကလည်းအမြဲဆက်ရှိနေဦးမည်
#Yangon_Time #YMG
#World_Science
Published 4 July 2023
အိမ်မွေးကြောင်တွေရဲ့ ထူးခြားတဲ့အနံ့ခံနိုင်စွမ်းကို သိရဖို့အတွက် ရှုပ်ထွေးတဲ့ နှာခေါင်းလေပြွန်တည်ဆောက်ပုံကို လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။
ကြောင်ရဲ့နှာခေါင်းကို 3D သုံးဖက်မြင်ပုံစံ ပုံဖော်ပြီး အစာအနံ့အမျိုးမျိုးကို လေစီးကြောင်းကနေ သယ်ဆောင်ပုံကို ပုံဖော်ဖန်တီးခဲ့ကြပါတယ်။
ကြောင်နှာခေါင်းလမ်းကြောင်းရှိ လေဟာ စီးကြောင်း ၂ ခုအဖြစ် ကွဲပြားသွားကြောင်း ဖော်ပြခဲ့ပါတယ်။
စီးကြောင်းတစ်ခုက သန့်စင်ခြင်းနဲ့ စိုစွတ်ခြင်းကို ဖြတ်သန်းကာ နောက်တစ်ခုကတော့ အနံ့ကို အနံ့ခံနေရာသို့ ပို့ဆောင်ပေးပါတယ်။
ကြောင်နှာခေါင်းရဲ့ လုပ်ဆောင်ချက်တွေက ဓာတ်ခွဲခန်းတွေမှာ အသုံးပြုပြီး အလွန်ထိရောက်မှုရှိကာ နှစ်မျိုးသုံးဓာတ်ငွေ့ပုံဖော်တဲ့ ကိရိယာလိုမျိုး လုပ်ဆောင်နိုင်ပါတယ်။
ကြောင်ရဲ့ဦးခေါင်းနဲ့ မိကျောင်းကဲ့သို့ ရှည်လျားတဲ့နှာတံကြောင့် ရှုပ်ထွေးတဲ့ လေဝင်လေထွက်လမ်းကြောင်း အဖြစ် ပြောင်းလဲလာတာ ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုးဖွဲ့စည်းပုံကြောင့် ကြောင်တွေဟာ မတူကွဲပြားတဲ့ ပတ်ဝန်းကျင်နဲ့ ပိုမိုထိရောက်စွာ လိုက်လျောညီထွေ နေနိုင်တာဖြစ်ပါတယ်။
နှာခေါင်းဖွဲ့စည်းပုံက နှေးကွေးတဲ့ အသက်ရှူလမ်းကြောင်းကို ကျော်သွားကာ အလျင်မြန်ဆုံးလမ်းကြောင်းကို ဖြတ်သန်းစေပြီး အနံ့ခံမှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
ရှုသွင်းလိုက်တဲ့လေက အနံ့ခွဲခြမ်းစိတ်ဖြာဖို့ အချိန်ကြာရှည်စွာ လှည့်ပတ်ပြီး အခြားကုန်းနေရေနေသတ္တဝါတွေရဲ့ နှာခေါင်းတွေနဲ့ နှိုင်းယှဉ်ရင် အနံ့ခံအာရုံက အဆ ၁၀၀ ကျော်ပိုပြီးထိရောက်ပါတယ်။
သုတေသနပြုလုပ်ချက်က နှာခေါင်းဖွဲ့စည်းပုံ ကွဲပြားပြောင်းလဲလာပုံနဲ့ လုပ်ဆောင်ချက်များအပေါ် ဦးတည်ခဲ့ပါတယ်။
အကြားအာရုံနဲ့ အမြင်အာရုံအကြောင်း အများအပြားသိပြီးသားဖြစ်ပေမယ့် ဒီလေ့လာချက်ကတော့ နှာခေါင်းအကြောင်းနဲ့ အနံ့ခံအာရုံမှာ အရေးပါပုံကို ပိုပြီးနားလည်လာစေပါတယ်။
နို့တိုက်သတ္တဝါများဟာ သားကောင်လိုက်ခြင်း၊ အန္တရာယ်အာရုံခံခြင်း၊ အစာရင်းမြစ်ရှာဖွေခြင်း၊ ပတ်ဝန်းကျင်စူးစမ်းခြင်းတို့အတွက် အနံ့ခံခြင်းက အလွန်အရေးပါနေကြောင်း လေ့လာချက်စာတမ်းပြုစုသူ 'ကိုင်ကျောင်'က ပြောကြားသွားပါတယ်။
ဒီလေ့လာချက်ကို ၂၀၂၃ ဇွန်လ ၂၉ ရက်နေ့မှာ PLOS Computational Biology မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Source: WION #World_Science #ကြောင်များ၏ အနံ့ခံအာရုံထူးခြား
#Yangon_Time #YMG
#World_Health
Published 4 July 2023
ကလေးတွေရော လူကြီးတွေအပါအဝင် ကမ္ဘာ့လူဦးရေအများစုမှာ သွားပိုးစားခြင်း၊ သွားပေါက်ခြင်းတို့ကို ကြုံဖူးကြသလို ဘဝတစ်သက်တာ တစ်ချိန်ချိန်မှာ ကြုံလာရနိုင်ပါတယ်။
ဒီလိုမဖြစ်အောင် သွားတိုက်ဆေးများ၊ ခံတွင်းသန့်ဆေးများ၊ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နိုင်သလို သွားပိုးစားခြင်း၊ သွားဖုံးရောဂါ၊ သွားဆုံးရှုံးခြင်းတို့မှ ကာကွယ်ရန် ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ပါတယ်။
ဘီစင်ဒိုးလ်လို့ခေါ်ပြီး သဘာဝအတိုင်းတွေ့ရတဲ့ DIM မော်လီကျူးဟာ အညစ်အကြေးနဲ့ သွားပေါက်များဖြစ်စေတဲ့ ဇီဝအလွှာများကို ၉၀ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း ဘင်ဂူရီယန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ၊ စီချွမ်တက္ကသိုလ်နဲ့ စင်္ကာပူအမျိုးသားတက္ကသိုလ်တို့မှ ပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။
ထိုမော်လီကျူးမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိများရှိနေပါတယ်။
ခံတွင်းရောဂါပိုးဝင်ခြင်းအများစုက အဏုဇီဝပိုးမွှားများ မညီမျှခြင်းကြောင့်ဖြစ်ရပြီး လူတွေမှာ အဓိကကျန်းမာရေး ပြဿနာကြီးအဖြစ် ယူဆထားပါတယ်။
ပါးစပ်က S.mutans လိုမျိုး ဘက်တီးရီးယားများ ပေါက်ဖွားနေထိုင်ရာ နေရာဖြစ်ပြီး သွားအပေါက်ဖြစ်ရခြင်း အဓိကအကြောင်းအရင်း တစ်ခုဖြစ်တယ်လို့ ယူဆထားပါတယ်။
အစာစားပြီးနောက် သွားကိုဖုံးအုပ်ထားတဲ့ အလွှာမှာ စိုစွတ်ပြီး အချိုဓာတ်ရှိတဲ့အခြေအနေမှာ ပေါက်ဖွားတတ်ပြီး ကြွေလွှာတွေကို ဖျက်ဆီးကာ သွားအပေါက်များ ဖြစ်စေနိုင်ပါတယ်။
သွားပိုးစားခြင်းကို ဖြစ်စေတဲ့ အခြေအနေကို ကုသဖို့အသုံးအများဆုံးနည်းလမ်းက ကလိုဟက်ဆီဒင်း၊ ဖလိုရိုက်၊ ဆီတိုင်းလ်ပိုင်ရီဒီနီယမ်ကလိုရိုက်တို့လို ပိုးသတ်ဆေးများပါဝင်တဲ့ သွားတိုက်ဆေးများ၊ ခံတွင်းသန့်စင်ဆေးများဖြင့် အသုံးပြုခြင်းတို့ ပါဝင်ပါတယ်။
DIM မော်လီကျူးက ဘက်တီးရီးယားများ ပျံ့ပွားခြင်းကို ၉၀ ရာခိုင်နှုန်းကာကွယ်ပေးတယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။
ခံတွင်းသန့်ရှင်းရေး သိသိသာသာတိုးတက်ရန်အတွက် သွားတိုက်ဆေးတွေနဲ့ ခံတွင်းသန့်စင်ဆေးတို့မှာ ထိုမော်လီကျူးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဒီစမ်းသပ်မှုကို ကုရှ်မယ်ရိုမှ ကျောင်းသား'ယီဖက်ဘာရုချ်'၊ ဒေါက်တာ'ကာရီနာဂိုလ်ဘာ့ဂ်'၊ စီချွမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ'ရောဘတ်မာ့ခ်စ်'၊ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ 'ကာရီနာယူဟောင်ဂျင်'တို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source: The Jerusalem Post
ဒိန်းမတ်ရဲများ အွန်လိုင်းဂိမ်းကစားရင်း အင်တာနက်ပေါ်တွင် ကင်းလှည့်စောင့်ကြည့်လျက်ရှိ
ဒိန်းမတ်ရဲဌာနချုပ်မှာ ရဲအရာရှိတွေက ကွန်ပျူတာရှေ့မှာထိုင်ပြီး လူကြိုက်များတဲ့ Counter-Strike ဂိမ်းကို ဆော့နေကြပေမယ့် ဒါဟာ အနားယူနေတာမဟုတ်ဘဲ အင်တာနက်ပေါ်က ရာဇဝတ်မှုတွေကို ခြေရာခံစောင့်ကြည့်နေတာ ဖြစ်ပါတယ်။
#World_News #အွန်လိုင်းဂိမ်းကစားရင်းအင်တာနက်ပေါ်တွင်ကင်းလှည့်စောင့်ကြည့်
#Yangon_Time #YMG
#World_News
Published 3 July 2023
BRICS အဖွဲ့အစည်းရဲ့ လက်ရှိဥက္ကဌတာဝန်ယူထားတဲ့ တောင်အာဖရိကက အဖွဲ့အစည်းတိုးချဲ့ခြင်း အဓိကအစီအစဉ်အဖြစ် အစည်းအဝေးပွဲကြီးတစ်ခုကို ယခုရက်သတ္တပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပါတယ်။
BRICS Sherpa အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဒါဘန်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးများနဲ့ ခေါင်းဆောင်များ တင်ပြတဲ့ တိုးချဲ့စာတမ်းအပြီးသတ်ရန် အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများဟာ BRICS တိုးချဲ့ရေးအတွက် လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများချမှတ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အဖွဲ့ထဲဝင်ရောက်ရန် တရားဝင်တောင်းဆိုထားတဲ့ နိုင်ငံ ၁၃ နိုင်ငံ၊ တရားမဝင်တောင်းဆိုထားတဲ့ ၆ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက BRICS ဖိုရမ်ရဲ့ အဖွဲ့ဝင်ဖြစ်လာရန် စိတ်ဝင်စားကြောင်း BRICS ခေါင်းဆောင်များထံ ဖော်ပြခဲ့ကြပါတယ်။
ဆော်ဒီအာရေဗီးယား၊ ယူအေအီး၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနား၊ မက္ကဆီကို၊ နိုင်ဂျီးရီးယားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားက BRICS ထံ ပါဝင်ဖို့ စိတ်အားထက်သန်နေကြကြောင်း ထုတ်ဖော်ပြထားတယ်လို့ တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး 'နာလေဒီပန်ဒေါ်'က WION နဲ့အင်တာဗျူးမှာ ထုတ်ဖော်သွားပါတယ်။
ပန်ဒေါ်က အဖွဲ့ဝင်ဖြစ်လာရန် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားမှုကို ဖော်ပြလိုက်ပြီး သင့်လျော်တဲ့စံနှုန်းများ ပုံဖော်ပြီးနောက် အဖွဲ့ဝင်အသစ်များအပေါ် ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ကိပ်တောင်းမှာ မကြာသေးမီက BRICS နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုမှာ အာဖရိကနိုင်ငံများ၊ အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီးတို့ တက်ရောက်ခဲ့ကြပါတယ်။
BRICS ရဲ့ လက်လှမ်းမီမှု၊ ဩဇာလွှမ်းမိုးမှု ကျယ်ပြန့်လာစေရန် ဒီအစည်းအဝေးက ဖော်ပြနေပါတယ်။
၂၀၂၂ တရုတ် BRICS ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံများက တိုးချဲ့လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။
Sherpas ချန်နယ်မှတဆင့် လုပ်ငန်းစဉ်ချဲ့ထွင်မှုအတွက် လမ်းညွှန်မှုများ၊ စံနှုန်းများ၊ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများ အပြည့်အစုံ တိုင်ပင်ဆွေးနွေးပြီး အများသဘောဆန္ဒအခြေခံကာ ရှင်းလင်းရန် လိုအပ်ကြောင်း အလေးပေးဖော်ပြကြောင်း ပူးတွဲထုတ်ပြန်ချက် ၇၃ မှာ ထုတ်ပြန်ထားပါတယ်။
၂၀၀၀ ခုနှစ်အစောပိုင်းများမှာ BRICS က ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကတို့ရဲ့ တက်သစ်စစီးပွားရေးနိုင်ငံများကို စုစည်းခဲ့ပါတယ်။
ထိုနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေ ၄၁ ရာခိုင်နှုန်းခန့် ပတ်သက်နေပြီး ကမ္ဘာ့ GDP ရဲ့ ၂၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှုမှာ ရှယ်ယာ ၁၆ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။
နှစ်တွေတလျှောက် BRICS နိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု မောင်းနှင်အားများအဖြစ် အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
Source: WION #World_News #အဖွဲ့ဝင်တိုးချဲ့ရေးကိစ္စဆွေးနွေး #BRICS
#Yangon_Time #YMG
#World_Health
Published 3 July 2023
ခြေသည်းညှပ်ရာမှာ နောက်ဆက်တွဲနာကျင်ခြင်းကို ဖြစ်စေတဲ့ လူသုံးများတဲ့ ညှပ်ပုံညှပ်နည်းကို ခြေထောက်အထူးကုပညာရှင်တစ်ယောက်က သတိပေးပြောကြားလိုက်ပါတယ်။
စင်္ကာပူရှိ ပညာရှင်က သူ့ရဲ့အကြံပြုချက်ကို တစ်တော့မှာ ဖော်ပြသွားတာဖြစ်ပါတယ်။
ခြေသည်းကို နည်းလမ်းအမှားကြီးနဲ့ ညှပ်နေတယ်ဆိုရင် ဒီလိုမျိုးဆက်မလုပ်ပါနဲ့တော့လို့ ခေါင်းစဉ်တပ်ထားပါတယ်။
ဒါကြောင့် အချိန်၊ အကုန်အကျသက်သာပြီး နာကျင်မှုမရှိအောင် နည်းလမ်းမှန်ကန်စွာ ညှပ်ကြပါလို့ အကြံပြုလိုက်ပါတယ်။
ဘယ်လိုမညှပ်ရဘူးလဲဆိုတာနဲ့ ဘယ်လိုမျိုး မိမိကိုယ်ကို ပြုလုပ်သင့်လဲဆိုတာကို အသေးစိတ်ရှင်းပြလာပါတယ်။
ခြေသည်းလုံးဝိုင်းတဲ့ပုံကိုပြထားပြီး ထိုကဲ့သို့မညှပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီနောက်မှာတော့ ကျန်းမာသန်စွမ်းခြေသည်းတွေရရှိဖို့ နည်းလမ်းအမှန်ကို ပြသလိုက်ပါတယ်။
ကက်ကြေးအစား လက်သည်းညှပ်ကိုသာ အသုံးပြုဖို့ဦးစွာ ပြသပါတယ်။
ခြေသည်းတစ်ဖက်ကနေ တောက်လျှောက်ကို ဖြည်းဖြည်းနည်းနည်းချင်းစီ ညှပ်သွားဖို့နဲ့ ထောင့်နေရာတွေကိုတော့ စူးရှတာမျိုးမဖြစ်အောင် တံစည်းဖြင့် အောက်ဘက်သို့ ပွတ်တိုက်ရမယ်လို့ အကြံပြုသွားပါတယ်။
သူ့ဗီဒီယိုကို ကြည့်ရှုသူ ၃ သိန်းကျော်ရှိထားကာ ခြေသည်းညှပ်ပုံညှပ်နည်း ပြောင်းလဲဖို့စိတ်ဝင်စားတဲ့သူ များစွာရှိနေပါတယ်။
ကြည့်ရှုသူထဲကတစ်ယောက်က လက်သည်းရော ခြေသည်းရော ထိုကဲ့သို့ညှပ်ရာမှာ အတော်လေးသက်တောင့်သက်သာရှိကြောင်း သဘောတူခဲ့ပါတယ်။
အချို့တွေကတော့ ပထမဆုံးပြောင်းလဲရာမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်မှာစိုးတဲ့အတွက် စမ်းကြည့်ဖို့ တွန့်ဆုတ်နေကြပါတယ်။
ဗြိတိန်လူမျိုး ခြေထောက်အထူးကုပညာရှင်က ခြေထောက်ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းများကို အကြံပြုမျှဝေနေတာဖြစ်ပါတယ်။
Source: Daily Mail
#Yangon_Time
Page 370 of 828