#World_Health
Published 26 February 2025


▪️ ကမ္ဘာတဝှမ်းမှာ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းလမ်းတွေ အသုံးပြုနေတဲ့ အမျိုးသမီး သန်း ၂၅၀ ခန့်ရှိမယ်လို့ ယူဆထားရာမှာ ထိုကဲ့သို့ ဟော်မုန်းသန္ဓေတားနည်းလမ်းများ အသုံးပြုခြင်းနဲ့ လေဖြတ်ခြင်း နှလုံးဖောက်ခြင်းတို့ ဖြစ်နိုင်ခြေများခြင်းတို့ကြား ဆက်စပ်နေနိုင်တယ်လို့ သုတေသနတစ်ခုမှာ ယူဆထားပါတယ်။

▪️ ဒိန်းမတ်သိပ္ပံပညာရှင်များက အမျိုးသမီးအင်္ဂါကွင်းများ၊ အရေပြားကပ်ဆေးများ၊ အင်္ဂါထဲထည့်သွင်းပစ္စည်းများ၊ အရေပြားအောက် ပစ္စည်းထည့်ခြင်းများ၊ ဆေးထိုးခြင်း၊ ဆေးသောက်ခြင်းတို့နဲ့ ဆက်စပ်တဲ့ ဘေးအန္တရာယ်များကို လေ့လာခဲ့ကြပါတယ်။

▪️ ဟော်မုန်းသန္ဓေတားဆေးတွေထဲက အီစထရိုဂျင်နဲ့ ပရိုဂျက်စတင်တို့ဆိုရင် အမျိုးသမီးခန္ဓာကိုယ်မှာ သဘာဝအတိုင်း တွေ့ရတဲ့ ဟော်မုန်းမျိုးဖြစ်ပြီး ဓမ္မတာစက်ဝန်း ထိန်းညှိပေးခြင်း၊ သန္ဓေထောက်ကူခြင်းတို့မှာ ပါဝင်ဆောင်ရွက်ပေးကြပါတယ်။

▪️ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိတဲ့ ဒိန်းမတ်အမျိုးသမီး ၂ သန်းကျော်ကို ၂၅ နှစ်အတွင်း ဆေးညွှန်းမှတ်တမ်းများ လေ့လာကြည့်ရှုခဲ့ကြပါတယ်။

▪️ အသက်အရွယ်၊ ပညာရေး၊ သွေးတိုးဆီးချိုစတဲ့ အကြောင်းအရာတွေကို ထည့်သွင်းပြီးနောက် ကိုယ်ဝန်တားသောက်ဆေး အီစထရိုဂျင်-ပရိုဂျက်စတင်ဆေးဟာ ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးဖောက်ခြင်းအန္တရာယ်တို့ကို နှစ်ဆပိုများစေနိုင်တာနဲ့ ဆက်စပ်တွေ့ရှိခဲ့ကြပါတယ်။

▪️ သောက်ဆေးတွေတင်မကဘဲ အမျိုးသမီးအင်္ဂါကွင်းနဲ့ အရေပြားကပ်ဆေးတို့ဟာလည်း ဘေးအန္တရာယ်များစေပါတယ်။

▪️ ပရိုဂျက်စတင်သာပါဝင်တဲ့ အင်္ဂါထဲထည့်သွင်းပစ္စည်း (IUD)ကတော့ ဘေးအန္တရာယ်မများစေတဲ့ တစ်ခုတည်းသော သန္ဓေတားနည်းလမ်း ဖြစ်နေပါတယ်။

▪️ ဖြစ်ရတဲ့အကြောင်းအရင်းတွေ၊ သက်ရောက်ပုံတွေအကြောင်း ခိုင်မာတဲ့ကောက်နုတ်ချက်တွေ မရှိသေးပါဘူး။

▪️ ဘေးအန္တရာယ် ဖြစ်နိုင်ခြေတွေက နည်းပါးပေမယ့် အကျိုးကျေးဇူးတွေနဲ့ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။

▪️ သန္ဓေတားနည်းလမ်းတွေက ဘေးထွက်ဆိုးကျိုးတွေ ရှိပေမယ့် ကမ္ဘာတဝှမ်း အသုံးများနေကြဆဲ ဖြစ်ပါတယ်။

#Source: New York Post