#World_Science
Published 26 February 2025
▪️ ဂရင်းလန်းရေခဲပြင်လွှာကြီးမှာ ရိုက်ခတ်သွားတဲ့ ထောင်ပေါင်းများစွာသော ရေခဲငလျင်ငယ်များကို ပထမဆုံးအနေနဲ့ သိပ္ပံပညာရှင်များ ဖမ်းယူနိုင်ခဲ့ကြပါတယ်။
▪️ အဆိုပါ အားနည်းငလျင်တွေက ရေခဲစီးဆင်းကြောများအတွင်း နက်ရှိုင်းတဲ့နေရာတွေမှာ လှုပ်ခတ်နေကာ မီတာရာနဲ့ချီ အကွာအဝေးအထိ ပျံ့နှံ့သွားတယ်လို့ ဖော်ပြထားပါတယ်။
▪️ ရေခဲတွေ ကွဲအက်သွားပြီး တစ်ခုနဲ့တစ်ခု ဖိတိုက်မိတဲ့အခါ ရေခဲငလျင်တွေ ဖြစ်ပျက်ကြပါတယ်။
▪️ အဆိုပါ ရေခဲငလျင်တွေကနေ ဂရင်းလန်းကျွန်းကြီးရဲ့ အေးခဲနေတဲ့မြစ်တွေ ပင်လယ်ဆီသို့ နိမ့်ရာစီးဆင်းသွားတဲ့ ပုံစံကို ပိုမိုသိရှိစေနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များ ဆိုပါတယ်။
▪️ ဒီဖြစ်ရပ်ကနေ ရေခဲအရည်ပျော်ခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းတို့အကြောင်း မှတ်တမ်းတင်ပုံများ ပြောင်းလဲလာနိုင်ပြီး ရာသီဥတုဖောက်ပြန်ခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာမှုတို့အကြောင်း သိရှိလာဖို့ အရေးပါနိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ဂရင်းလန်းရေခဲပြင်ကြီးက ကမ္ဘာပေါ်မှာ ဒုတိယမြောက် ရေခဲထုအကြီးမားဆုံးဖြစ်ပြီး ကျွန်းမျက်နှာပြင်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ဖုံးအုပ်ထားပါတယ်။
▪️ ရေခဲထုအထူဆုံးအချိန်မှာ ၃ ကီလိုလောက်အထိ ရှိတတ်ပြီး သက်တမ်းနှစ်ပေါင်း ၁၈ သန်းခန့် ရှိပါတယ်။
▪️ သုတေသီတွေက ဂရင်းလန်းရေခဲကြော အရှေ့မြောက်ဘက် ၁.၇ မိုင်အနက်အထိ ဖိုင်ဘာအော့ပ်တစ်ကြိုး နေရာချပြီး လေ့လာခဲ့ပါတယ်။
▪️ ရေခဲအောက် ၂၉၅၀ ပေလောက်မှာ မီးတောင်မှုန်အလွှာက ပိတ်ဆို့ထားတာကြောင့် ဂရင်းလန်းမှာ ရေခဲငလျင်တွေကို မသိခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ အဆိုပါ ရေခဲငလျင်တွေ တွေ့ရှိခြင်းဖြင့် ရေခဲကြောတွေ နည်းနည်းချင်း ပျက်ယွင်းလာပုံကို ပိုမိုနားလည်လာစေဖို့ အဓိကခြေလှမ်း ဖြစ်လာတယ်ဆိုတာကို သိရှိလာကြောင်း ဂျာမနီ အယ်လ်ဖရက်ဝက်ဂနာအဖွဲ့အစည်းမှ ရေခဲဗေဒပညာရှင် အိုလက်ဖ်အိုင်ဆင်က ပြောသွားပါတယ်။
#Source: WION