#World_News
Published 26 February 2025
▪️ အမေရိကန်က ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၈ ယောက်ကို အထူးလေကြောင်းဖြင့် နေရပ်ပြန်ပို့မှာဖြစ်ပြီး ၂၆ ရက်နေ့က ထွက်ခွာကာ ပါကစ္စတန်သို့ ၂၇ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။
▪️ ဒါဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်ကနေ ပါကစ္စတန်သို့ ပထမဆုံး တိုက်ရိုက်နှင်ထုတ်ပို့ဆောင်တဲ့ ခရီးစဉ်ဖြစ်လာပါတယ်။
▪️ လက်ရှိ အမေရိကန် ထိန်းသိမ်းမှုအောက်မှာ ရှိနေတဲ့ တရားမဝင် ပါကစ္စတန်ရွှေ့ပြောင်းသူများ ပါဝင်ပြီး ရာဝယ်ပင်ဒီမှ နာရ်ခန်လေတပ်စခန်းကို ကြာသပတေးနေ့မှာ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
▪️ အမေရိကန် စီမံအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံသားအတည်ပြုစစ်ဆေးပေးဖို့ အမည် ၁၀ ခုကို ပါကစ္စတန်အာဏာပိုင်များထံ ပေးပို့ခဲ့ရာမှာ ၈ ယောက်အတည်ပြုနိုင်ခဲ့ပြီး အမေရိကန်မှ နှင်ထုတ်ပို့ဆောင်ရေးလေယာဉ် စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
▪️ အမေရိကန်မှာရှိနေတဲ့ ပါကစ္စတန်လူမျိုးက နည်းပါးပြီး အရေအတွက်အားဖြင့် နိုင်ငံသား ၆၈၀,၀၀၀ ခန့် ပါဝင်ပါတယ်။
▪️ ပါကစ္စတန်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကတော့ ထိုအရေအတွက်ရဲ့ တစ်စိတ်တစ်ပိုင်းမျှပင် မရှိဘူးလို့ ဆိုပါတယ်။
▪️ အမေရိကန်မှာရှိတဲ့ စာရင်းမရှိ ပါကစ္စတန်လူမျိုး အရေအတွက် အတိအကျကတော့ အငြင်းပွားစရာဖြစ်နေပြီး ၂၀၂၂ ခုနှစ်မှာ ခန့်မှန်းခြေအားဖြင့် ၇,၀၀၀ ကနေ ၁၅,၀၀၀ အတွင်းရှိနိုင်တယ်လို့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနရဲ့ အချက်အလက်အရ သိရပါတယ်။
▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နေရပ်ပြန်ပို့ခရီးစဉ်တွေက တရားမဝင် ရွှေ့ပြောင်းလာသူတွေ ဝင်ရောက်လာခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
▪️ ဒါ့အပြင် ဒီလိုနေရပ်ပြန်ပို့ခြင်းတွေက တရားမဝင်ရွှေ့ပြောင်းဖို့ ကြံရွယ်နေသူတွေအတွက်လည်း အဟန့်အတားဖြစ်စေမယ်လို့ နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။
#Source: WION