#World_News
Published 01 January 2025
▪️ ၂၀၂၅ ခုနှစ်အရောက်မှာ ပစိဖိတ်ကို ဖြတ်ကျော်ပျံသန်းလာတဲ့ ခရီးသည်တွေဟာ အချိန်ဇုန် ၉ ခုနဲ့ နိုင်ငံတကာ ရက်စွဲမျဉ်းအမှတ်အသားကို ဖြတ်သန်းသွားရတဲ့ လမ်းကြောင်းကြောင့် ၂၀၂၄ ခုနှစ်သို့ ပြန်လည်ဆိုက်ရောက်ခဲ့ပါတယ်။
▪️ ၂၀၂၅ ဇန်နဝါရီ ၁ ရက်နေ့ ဟောင်ကောင်မှာ နှစ်သစ်ကူးသွားပြီးနောက် Cathay Pacific လေကြောင်းလိုင်းရဲ့ Flight 880 ခရီးစဉ်ဟာ ဟောင်ကောင်ကနေ ထွက်ခွာလာပါတယ်။
▪️ ကောင်းကင်မှာ ၁၄ နာရီနီးပါး ပျံသန်းပြီး လော့စ်အိန်ဂျလိစ်သို့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ဆိုက်ရောက်ခဲ့သဖြင့် ခရီးသည်တွေအဖို့ အချိန်နောက်ပြန်ရောက်သွားပါတယ်။
▪️ ပစိဖိတ်သမုဒ္ဒရာပေါ်က နိုင်ငံတကာရက်စွဲမျဉ်း အမှတ်အသားကို ဖြတ်သန်းသွားချိန်မှာ ၂၀၂၄ သို့ ပြန်ရောက်သွားတာ ဖြစ်ပါတယ်။
▪️ အချိန်နောက်ပြန် ပျံသန်းခဲ့တာ Flight 880 တစ်စင်းတည်း မဟုတ်ပါဘူး။
▪️ နှစ်သစ်ကူး အခိုက်အတန့်ကို နှစ်ခါပြန်ဂုဏ်ပြုချင်တဲ့ လူတွေက နှစ်သစ်ကူးအကြိုနေ့မှာ ပစိဖိတ်ဖြတ်သန်းမယ့် ခရီးစဉ်တွေမှာ ဘွတ်ကင်ယူထားကြပါတယ်။
▪️ ဒါပေမဲ့ အချိန်ခရီးသွားခြင်း အန္တရာယ်တွေလည်းရှိပြီး စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတာလည်း ရှိပါတယ်။
▪️ ယမန်နှစ်ကဆိုရင် နှစ်ကူးကို မြေပြင်မှာ နှစ်ခါပြုလုပ်ချင်တဲ့ ခရီးသည်တွေက ဂူအမ်ကနေ ဟာဝိုင်အီသို့ United Airlinesမှ flight 200 ခရီးစဉ်ဖြင့် ပျံသန်းဖို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။
▪️ ဒါပေမဲ့ လေယာဉ်ထွက်ခွာချိန် ၆ နာရီကျော်ကြာ နှောင့်နှေးခဲ့တာကြောင့် ကမောက်ကမတွေ ဖြစ်ကုန်ပြီး နောက်တစ်ခေါက် နှစ်ကူးချိန်မှာ လေထဲရောက်နေတာကြောင့် နှစ်ခါပြန်အခွင့်အရေးနဲ့ လွဲခဲ့ပါတယ်။
▪️ အချို့ကတော့ အချိန်ရှေ့တိုးသွားကာ နှစ်သစ်ကူးလွဲချော်တာလည်း ရှိပါတယ်။
▪️ ၃၁ ရက်နေ့ ညနေပိုင်းက Air New Zealandမှ Flight 27 ဟာ ဆန်ဖရန်ဆစ္စကိုကနေ ထွက်ခွာလာပြီး လေထဲမှာ ၁၂ နာရီကျော်ကြာမြင့်ပြီးနောက် ဇန်နဝါရီ ၂ ရက်နေ့ အစောပိုင်းအချိန်မှာမှ အော့က်လန်သို့ ဆိုက်ရောက်မှာဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 1 January 2025
▪️ တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆေးခန်းသွားစရာမလိုဘူးလို့ ပြောနေကြသလို သိပ္ပံပညာရှင်တွေကလည်း ပန်းသီးစားခြင်းနဲ့ ကျန်းမာရေးတို့ကြား ညီမျှခြေတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
▪️ တရုတ်ပြည် ကျင်ကျိုးရှိ ယန်ဇီဆေးရုံမှ သုတေသီတွေက သွေးတိုးရှိတဲ့ သက်လတ်ပိုင်းလူပေါင်း ၂၁၈၄ ဦးကို ဆယ်စုနှစ်တစ်ခုကြာအောင် စောင့်ကြည့်ခဲ့ကြပါတယ်။
▪️ တစ်ပတ်အတွင်း ပန်းသမီး ၃ လုံးမှ ၄ လုံးစားတဲ့သူတွေဟာ မစားတဲ့သူတွေထက် အသက်သေဆုံးနိုင်ခြေ ၃၉ ရာခိုင်နှုန်း ပိုနည်းနေတာကို တွေ့ခဲ့ကြပါတယ်။
▪️ တစ်ပတ်ကို ကစီပါတဲ့အသီး ၃ ကြိမ်မှ ၆ ကြိမ်စားတဲ့သူတွေက အရွယ်မတိုင်ခင် စောစီးစွာသေဆုံးနိုင်ခြေ ၃၀ ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်ပါတယ်။
▪️ နှစ်မျိုးစလုံးစားရင်တော့ အသက်သေဆုံးနိုင်ခြေကို ၅၀ ရာခိုင်နှုန်းနီးပါးအထိ လျှော့ချနိုင်ပါတယ်။
▪️ ပန်းသီးဟာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး အပင်အခြေပြု ဖိုင်တိုဓာတုဒြပ်ပေါင်းများက နာတာရှည်ရောဂါများမှ ကာကွယ်ပေးတယ်လို့ အစာအိမ်အူလမ်းကြောင်းဆရာဝန် ဝီလ်ဘူလ်ဆွစ်ဇ်က ပြောသွားပါတယ်။
▪️ အရောင်ရင့်တဲ့ ပန်းသီးတွေဆိုရင် အရောင်ဖျော့တဲ့ ပန်းသီးတွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏ ပိုများပါတယ်။
▪️ ဒါ့အပြင် တစ်နေ့ကို ပန်းသီးတစ်လုံးနဲ့အထက် စားတဲ့သူတွေဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း ပိုနည်းပါတယ်။
▪️ ကစီပါတဲ့ ငှက်ပျောသီးဆိုရင် သွေးဖိအားနဲ့ သွေးတိုးတို့ကို လျော့နည်းစေကာ အိုမင်းရင့်ရော်ခြင်း ဖြစ်စေတဲ့ ဓာတ်တိုးခြင်းမှလည်း ကာကွယ်ပေးပါတယ်။
#Source: New York Post
#World_Health
Published 2 January 2025
▪️ ကျွန်ုပ်တို့အများစုက အအေးမိတဲ့အခါ နှာရည်ကို အလိုလိုညှစ်ထုတ်တတ်ကြပြီး ဒါဟာ နှာရည်တွေ ချွဲတွေ ရှင်းလင်းစေကာ အသက်ရှူရလွယ်ကူတယ်လို့ ယူဆထားကြပါတယ်။
▪️ လူသားတွေရဲ့ နှာခေါင်းဟာ နေ့စဉ် ချွဲသလိပ် ၁-၂ လီတာခန့် ထုတ်လုပ်ကြပြီး ဖျားနာတဲ့အချိန်မှာ ဗိုင်းရပ်စ်တွေကို ပိတ်ဆို့ထားဖို့ ထူထဲလာပါတယ်။
▪️ နှာခေါင်းညှစ်ထုတ်တာက ထူထပ်နေတဲ့ နှာရည်တွေကို ရှင်းလင်းစေပြီး ယာယီသက်သာမှု ပေးနိုင်ပါတယ်။
▪️ ဒါပေမဲ့ နှာရည်ညှစ်တဲ့အခါ ပုံစံမမှန်ပါက ရောဂါလက္ခဏာ ပိုဆိုးလာတတ်ပြီး ဘေးထွက်ဆိုးကျိုးတွေပင် ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများ သတိပေးလာပါတယ်။
▪️ နှာရည်ကို ပြင်းပြင်းထန်ထန် ညှစ်ထုတ်တဲ့အခါ နှာခေါင်းထဲက သဘာဝအတိုင်း သန့်စင်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေပြီး နှာရည်သလိပ်တွေဟာ နှာခေါင်းနက်နဲတဲ့နေရာနဲ့ နားအတွင်းပိုင်းအထိပါ ရောက်သွားနိုင်တယ်လို့ Asian Institute of Medical Sciencesမှ နားနှာခေါင်းလည်ချောင်း အကြီးအကဲ ဒေါက်တာ ဆပ်နီလ်ဘရက်ပူရီယာက ရှင်းပြပါတယ်။
▪️ နှာခေါင်းပေါက် ရောဂါပိုးဝင်ခြင်း၊ နားကိုက်ခဲခြင်း၊ ပြင်းထန်တဲ့အခြေအနေမှာ နားစည်ပေါက်ခြင်းတို့ပင် ဖြစ်နိုင်ပါတယ်။
▪️ အားနဲ့ညှစ်ထုတ်လိုက်တဲ့အခါ နှာခေါင်းလမ်းကြောင်းမှာ ဖိအားတင်းစေပြီးတော့ နှာရည်များ လမ်းကြောင်းပြောင်းပြီးတော့ မရောက်သင့်တဲ့ နေရာတွေ ရောက်နိုင်ကာ ဖျားနာချိန် ကြာမြင့်စေနိုင်ပါတယ်။
▪️ နှာရည်ညှစ်တဲ့အခါ ပိုမိုစိတ်ချရအောင် ပြုလုပ်သင့်တဲ့ ပုံစံတွေကတော့..
- နှာခေါင်းပေါက်တစ်ဖက်ကို လက်ချောင်းဖြင့် ညှင်သာစွာဖိပါ။
- တခြားတစ်ဖက်ကို ညင်သာစွာညှစ်ပါ။
- နှာခေါင်းအရမ်းပိတ်နေတယ်လို့ ခံစားရရင် နှာရည်ကျဲသွားစေရန် ဆေလိုင်းရည်ဖျန်းခြင်း၊ ရေနွေးငွေ့ရှူခြင်း ပြုလုပ်ပါ။
▪️ လက်ဖြင့်ညှစ်တဲ့အခါ ရှားစောင်းလတ်ပတ်၊ မန်သောလ်တို့လို ပစ္စည်းများ သုံးပေးပါက အရေပြားခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်ပါတယ်။
▪️ နှာရည်သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းမှာ ပထမဆုံးကာကွယ်ရေးနေရာဖြစ်ပြီး ရောဂါပိုးမွှားတွေ ဝင်မလာနိုင်အောင် ပိတ်ဆို့ထားကြောင်းကို နားလည်သင့်တယ်လို့ ရှင်းပြပါတယ်။
▪️ နှာရည်ညှစ်တဲ့အခါ နည်းလမ်းမမှန်ပါက ကာကွယ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်ကာ နောက်ထပ်ဆိုးကျိုးများပါ ဝင်လာနိုင်ပါတယ်။
#Source: India Today
၂၀၂၄မှာ ဒေဝါလီခံရတဲ့ ဂျပန်လုပ်ငန်းအရေအတွက် ၁ သောင်းကျော်နိုင်တယ်လို့ ခန့်မှန်းလိုက်ကာ ဒါဟာ ၂၀၁၃ နောက်ပိုင်းအမြင့်ဆုံး အခြေအနေဖြစ်တယ်လို့ စစ်တမ်းအချက်အလက်တစ်ခု စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။
#World_Business
Published 31 December 2024
#ဂျပန်စီးပွားရေးလုပ်ငန်းပေါင်း #ဒေဝါလီခံ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 31 December 2024
၁။ စားအုန်းဆီစျေးနှစ်ပတ်ဆက်တိုက် တည်ငြိမ်နေ
၂။ အာလိန်ငါးဆင့်ဘုရား ဈေးပွဲတော်ကျင်းပမည်
၃။ ဝါးနက်ဆင်စခန်း၌ ဒုတိယမြောက်ဆင်ကလေးငယ်မွေးဖွား
၄။ (၂၀၂၄)ပထမ(၁၁)လအတွင်း ဒေဝါလီခံရသည့် ဂျပန်စီးပွားရေးလုပ်ငန်းပေါင်းတစ်သောင်းကျော်နိုင်သည်ဟုခန့်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၃၁ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံမြောက်ပိုင်းက အဓိက ရာဇဝတ်ဂိုဏ်းသား ၃၉ ဦးကို တရုတ်နိုင်ငံက ဒီဇင်ဘာ ၃၀ရက် တနင်္လာနေ့မှာ စတင်တရားစွဲဆိုလိုက်ပါတယ်။သူတို့ဟာ တရုတ်နိုင်ငံအရပ်သားတွေကို ပစ်မှတ်ထားပြီး ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုနှင့် ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြလို့ တရားစွဲဆိုတာလို့CCTV ကသတင်း ထုတ်ပြန်ပါတယ်။
Source CCTV+
#World_News
Published 31 December 2024
▪️ စစ်အုပ်ချုပ်ရေးဥပဒေကို ခဏတာထုတ်ပြန်မိခဲ့လို့ စွပ်စွဲပြစ်တင်ခံနေရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်ကို ဖမ်းဆီးထိန်းသိမ်းရန် တရားဥပဒေစိုးမိုးရေး အာဏာပိုင်များရဲ့ တောင်းဆိုချက်ကို ဆိုးလ်တရားရုံးတစ်ခုက အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။
▪️ ဒါဟာ ဖမ်းဆီးခံရမယ့်အရေး ကြုံနေရတဲ့ တောင်က်ုရီးယားရဲ့ ပထမဆုံးလက်ရှိသမ္မတ ဖြစ်လာရပါတယ်။
▪️ ယွန်ဆော့ယောလ်ကို ဒီဇင်ဘာ ၃ ရက်နေ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို ကြီးကြပ်စီစဉ်ခဲ့ခြင်း၊ တော်လှန်ပုန်ကန်မှုကို ကြိုးကိုင်ခြင်းနဲ့ အာဏာအလွဲသုံးစားလုပ်ခြင်း စွပ်စွဲချက်များဖြင့် ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးမှ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်များမှ သိရပါတယ်။
▪️ စစ်အုပ်ချုပ်ရေး ကြေညာတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး(CIO)က ၃ကြိမ်ဆင့်ခေါ်မှုကို ယွန်ဆော့ယောလ်က လျစ်လျူရှုပြီးနောက် ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။
▪️ သမ္မတကို မေးမြန်းဖို့ ဖမ်းဆီးထိန်းသိမ်းပြီး ဖမ်းဝရမ်းထုတ်ပြန်ဖို့အတွက် CIOအနေနဲ့ ၄၈ နာရီ အချိန်ရမှာ ဖြစ်ပါတယ်။
▪️ သမ္မတလုံခြုံရေးအဖွဲ့က စစ်ဆေးရေးတွေ ရှာဖွေမှုများ ပြုလုပ်ဖို့ သမ္မတရုံးဝင်းနဲ့ သမ္မတနေအိမ်တို့ထံ မဝင်ရောက်နိုင်အောင် ပိတ်ပင်ထားတာကြောင့် CIOအနေနဲ့ ဝရမ်းထုတ်နိုင်ဖို့ မသေချာသေးဘူးလို့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဘက်က ဆိုပါတယ်။
▪️ ယွန်ဆော့ယောလ်ဟာ ရာဇဝတ်မှု တရားစွဲဆိုခြင်းကနေ သမ္မတလွတ်ငြိမ်းခွင့် ရထားပေမယ့် တော်လှန်ပုန်ကန်မှုတွေ နိုင်ငံတော်သစ္စာဖောက်မှုတွေအထိတော့ အကျုံးမဝင်ပါဘူး။
▪️ ယွန်ဆော့ယောလ်ရဲ့ ကာကွယ်ရေးအဖွဲ့ကတော့ CIOမှာ ပုန်ကန်မှုကို စစ်ဆေးရလောက်တဲ့ အာဏာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
▪️ CIOအကြီးအကဲ အိုဒေါင်ဝွန်ကတော့ တရားရုံးမှထုတ်ပြန်တဲ့ ဖမ်းဆီးမှုမျိုး ဖမ်းဝရမ်းမျိုးကို သမ္မတတောင်မှ ပိတ်ပင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
▪️ ယွန်ဆော့ယောလ်ကို လက်ရှိမှာ သမ္မတရာထူးကနေ ဆိုင်းငံ့ထားပြီး အခြေခံဥပဒေတရားရုံးက သူ့ကို ရာထူးမှဖယ်ရှားမလား ပြန်လည်တာဝန်ပေးမလားဆိုတာကို ရက် ၁၈၀ အတွင်း စဉ်းစားဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
#Source: YONHAP NEWS AGENCY
Page 331 of 1182