စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဝင်ရောက်လာမှာကို ကြိုတင်ကာကွယ်ဖို့ ကာကွယ်ရေး အတိုင်းအတာများ တိုးမြှင့်လုပ်ဆောင်လာကာ အဓိကလေဆိပ်ကြီး ၂ ခုမှာ အပူချိန်စစ်ဆေးခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခြင်းတို့ ပြုလုပ်လာပါတယ်။
#World_News
Published 30 August 2024
#စင်ကာပူနိုင်ငံ #မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 August 2024
၁။ ရွှေအခွန်အကောက်ဥပဒေပြင်ဆင်မှုကြောင့် ဈေးကွက်အတွင်းအစပိုင်းခက်ခဲလာနိုင်သော်လည်း နောက်ပိုင်းတွင်ရွှေစျေးများ တည်ငြိမ်သွားနိုင်
၂။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းငယ်၏သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင် မြန်မာပြည်အနှံ့မိုးသည်းထန်မည်
၃။ ကမ္ဘာ့ရွှေဈေးတက်သလို မြန်မာ့ရွှေဈေး YGEA ဈေးလည်း သိန်း(၅၀)ကျော်လာ
၄။ စင်္ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး မြှင့်တင်ဆောင်ရွက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_Politics
Published 30 August 2024
▪️ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက ရာထူးမှဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာနဲ့ ဆွေမျိုးတွေ အခွင့်ထူးခံရရှိထားတဲ့ လုံခြုံရေးအကာအကွယ်ကို ကြာသပတေးနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။
▪️ ဒီမတိုင်ခင်ရက်တွေကလည်း ယင်းတို့ရဲ့ သံတမန်ရေးရာ နိုင်ငံကူးလက်မှတ်တွေကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။
▪️ အကြံပေးအတိုင်ပင်ခံ အကြီးအကဲ မူဟာမက်ယူနက်စ်နဲ့အတူ အကြံပေးကောင်စီက ၂၀၂၁ အထူးလုံခြုံရေးတပ်ဖွဲ့ အက်ဥပဒေကို ပြောင်းလဲပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ကာ ရှိတ်ခ်ဟာဆီနာနဲ့ နီးစပ်ရာဆွေမျိုးတွေရဲ့ အထူးလုံခြုံရေးခံစားခွင့်ကို ဖယ်ရှားလိုက်တယ်လို့ BSS သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ ဩဂုတ် ၅ ရက်နေ့က ရှိတ်ခ်ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးပြီးနောက် ဘင်္ဂလားဒေ့ရှ်သမ္မတ မိုဟာမက်ရှာဟာဘူဒင်က ပါလီမန်ကို ဖျက်သိမ်းလိုက်ပါတယ်။
▪️ ဟာဆီနာက လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ အမှုကိစ္စပေါင်း ၇၅ မှုကျော် ရင်ဆိုင်နေရပြီး တဝက်နီးပါးလောက်က လူသတ်မှုတွေ ဖြစ်ပါတယ်။
▪️ ကျောင်းသားလူထု ဆူပူအုံကြွမှုကြီး အကြောင်းပြုပြီး ၂၀၂၄ ဩဂုတ် ၈ ရက်နေ့မှာ ကြားဖြတ်အစိုးရ ပေါ်ပေါက်လာကာ အတိုင်ပင်ခံအကြီးအကဲနဲ့ အခြားအကြံပေးအရာရှိတွေဖြင့် ဖွဲ့စည်းဖြစ်ခဲ့တယ်လို့ အတိုင်ပင်ခံ အကြီးအကဲရုံးက ကောင်စီအစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့ပါတယ်။
▪️ ယခင်အစိုးရလက်ထက်မှာ ထိုအက်ဥပဒေကို ပြဌာန်းကျင့်သုံးခဲ့ပြီး ၂၀၁၅ မေလ ၁၅ ရက်နေ့မှာ ထိုဥပဒေအရ ရှိတ်ခ်ဟာဆီနာနဲ့ ဆွေမျိုးရင်းချာများအတွက် အထူးလုံခြုံရေးနဲ့ အကျိုးခံစားခွင့်များ ပေးအပ်တဲ့အကြောင်းကို သတင်းစာမှာ ကြေညာခဲ့ပါတယ်။
▪️ ဒီဥပဒေဟာ မိသားစုဝင်တစ်ခုတည်းအတွက်သာ အထူးခံစားခွင့် ပေးထားတာကြောင့် ခွဲခြားဆက်ဆံတဲ့ သဘော ရှင်းရှင်းလင်းလင်း မြင်ရကြောင်း၊ ကြားဖြတ်အစိုးရက ခွဲခြားဆက်ဆံမှုအားလုံးကို ဖယ်ရှားရန် အသေအချာ ကတိပြုထားကြောင်း ပြောပါတယ်။
▪️ အကြံပေးကောင်စီအဖွဲ့ဝင် ဆိုင်ယက်ဒါရစ်ဇ်ဝါနာဟာဆန်က ခွဲခြားဆက်ဆံရေး ဆန့်ကျင်လှုပ်ရှားမှုကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာရတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
▪️ လက်ရှိမှာ ပြည်ထဲရေးဝန်ကြီးဌာနက ရှိတ်ခ်ဟာဆီနာနဲ့ အကြံပေးအရာရှိများ၊ ဝန်ကြီးချုပ်အဖွဲ့ဝင်ဟောင်းများ၊ ပါလီမန်အဖွဲ့ဝင်အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို ပယ်ဖျက်လိုက်သလို ယင်းတို့ရဲ့ ဇနီးမယား၊ ကလေးတွေရဲ့ လက်မှတ်တွေကိုလည်း ချက်ချင်းရုပ်သိမ်းစေပါတယ်။
▪️ ယခင် အဓမ္မဖမ်းခေါ်သွားခံရတဲ့ ကိစ္စတိုင်းကိုလည်း စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ထိုကိစ္စတွေကြောင့် လူ ၇၀၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
#Source: NDTV
#World_Health
Published 30 August 2024
▪️ ရှေးဟောင်းစာအုပ်တွေမှာ အဆိပ်သင့်ပစ္စည်းတွေ ပါဝင်နေတယ်လို့ သိပ္ပံပညာရှင်များ သတိပေးလိုက်ပါတယ်။
▪️ သက်တမ်းနှစ် ၁၀၀ ကျော်ရှိတဲ့ စာအုပ်ဟောင်းတွေမှာ အဆိပ်ရှိဆိုးဆေးတွေ တွေ့ရှိခဲ့ကြပါတယ်။
▪️ သူတို့မှာပါဝင်တဲ့ ခဲနဲ့ ခရိုမီယမ်က လက်ခံနိုင်တဲ့ တရားဝင်ပမာဏထက် ၆ ဆလောက် ပိုများနေတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
▪️ ထိုကဲ့သို့စာအုပ်တွေကို ကိုင်တွယ်ရာမှာ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းနေကြပါတယ်။
▪️ စာအုပ်တွေမှ စာလုံးထူထူတွေမှာ အသုံးပြုထားတဲ့ ဆိုးဆေးတွေမှာ စာဖတ်သူများ၊ စာအုပ်စုဆောင်းသူများ၊ စာကြည့်တိုက်မှူးများကို ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ဆိုပါတယ်။
▪️ ခဲထိတွေ့မှုများပါက ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိခိုက်စေကာ ကိုမာဝင်ခြင်းနဲ့ အသက်သေဆုံးခြင်းတို့ပင် ဖြစ်စေနိုင်ပါတယ်။
▪️ စာကြည့်တိုက်မှ အချို့စာအုပ်တွေကို ဖယ်ရှားထားပြီးဖြစ်သလို မစမ်းသပ်ရသေးတဲ့ ၁၉ ရာစုနှစ်လောက်က စာအုပ်တွေကိုတော့ ပလတ်စတစ်ဇစ်အိတ်ဖြင့် ထုတ်ပိုးသိမ်းဆည်းထားပါတယ်။
▪️ ဒီလိုစာအုပ်တွေဟာ တက္ကသိုလ်တွေ၊ အများသုံးစာကြည့်တိုက်တွေ၊ ပုဂ္ဂလိက စုဆောင်းသူတွေမှာ ရှိနေကြပါတယ်။
▪️ စာအုပ်တွေကို ဘေးကင်းစိတ်ချစွာ ထိတွေ့ကိုင်တွယ် သိမ်းဆည်းဖို့ကို နည်းလမ်းရှာနေကြပါတယ်။
▪️ နမူနာစာအုပ်တွေယူပြီး စစ်ဆေးခဲ့ကြရာမှာ ခဲပါဝင်မှုက CDC မှသတ်မှတ်ထားတဲ့ ပမာဏထက် ၂ ဆကျော်ပိုများနေပြီး ခရိုမီယမ်ပါဝင်မှုကတော့ ၆ ဆကျော် ပိုများနေပါတယ်။
▪️ ခဲနဲ့ ခရိုမီယမ်ကို ကြာမြင့်စွာ ထိတွေ့ရှူသွင်းမိပါက ကင်ဆာ၊ အဆုတ်ပျက်စီးခြင်း၊ မျိုးပွားပြဿနာများ အပါအဝင် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်ပါတယ်။
#Source: Metro
#World_Health
Published 30 August 2024
▪️ ယောက်ျားလေးတွေဟာ ချစ်တင်းနှောဖို့ကိစ္စတစ်ခုခု ပေါ်လာတဲ့အခါ အရေးပေါ်အသုံးပြုနိုင်ရန် ကွန်ဒုံးတစ်ခု ဆောင်ထားတတ်ကြပါတယ်။
▪️ ဒါပေမဲ့ ချစ်တင်းနှောရာမှာ ကြာတတ်တဲ့သူတွေကတော့ ကွန်ဒုံးတစ်ခုထက်မက လိုအပ်လာနိုင်ပါတယ်။
▪️ ကွန်ဒုံးရဲ့ထိရောက်မှု လျော့ကျမသွားစေရန် ပုံမှန်လေး လဲလှယ်အသုံးပြုသင့်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။
▪️ ချစ်တင်းနှောစဉ် ကြာရှည်စွာ ပွတ်တိုက်ခြင်းကြောင့် အလွန်ပါးလွှာတဲ့ ကွန်ဒုံးမှာလည်း ထိခိုက်ပျက်စီးမှု ဖြစ်လာနိုင်ကာ မိနစ် ၃၀ ကြာတိုင်း တစ်ခုလဲလှယ်သင့်တယ်လို့ ဒေါက်တာ နီးလ်ပေတယ်လ်က ပြောပါတယ်။
▪️ ဒါဟာ တရားသေ လိုက်နာရမှာမျိုး မဟုတ်ပေမယ့် ဘယ်လောက်အထိ ကြမ်းတမ်းစွာ ဆက်ဆံလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ပြောပါတယ်။
▪️ အမျိုးသားများအနေဖြင့် ယောနိ၊ ပါးစပ်၊ စအိုတို့မှာ ဆက်ဆံမှုမပြုခင် ကွန်ဒုံးအသုံးပြုသင့်ပြီး နေရာတစ်မျိုးကနေ နောက်တစ်မျိုး ပြောင်းလဲမယ်ဆိုရင်လည်း ဘက်တီးရီးယားတွေ ရောဂါပိုးမွှားတွေ မကူးစက်အောင် ကွန်ဒုံးလဲလှယ်သင့်တယ်လို့ အကြံပေးသွားပါတယ်။
▪️ ဒါ့အပြင် ကွန်ဒုံးတပ်ထားစဉ် မထောင်မတ်တော့ဘဲ နောက်တစ်ခါ ပြန်မတ်လာတဲ့အခါ ဆက်ဆံမယ်ဆိုရင်လည်း ကွန်ဒုံးလဲလှယ်သင့်တယ်လို့ Happy V မှ သူနာပြု လျာနာဘိုင်ရှုလီက ပြောပါတယ်။
▪️ ကာကွယ်မှုအပြည့် ရနေဖို့အတွက် ချစ်တင်းနှောတဲ့ အခါတိုင်း ကွန်ဒုံးအသစ်အသုံးပြုရပါမယ်။
ကွန်ဒုံးအသုံးပြုခြင်းဟာ ကိုယ်ဝန်မရအောင် ၉၈ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သလို လိင်မှတဆင့် ကူးစက်တဲ့ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
▪️ ကွန်ဒုံးတွေကများသောအားဖြင့် သက်တမ်းကုန်ဆုံးရက် ကြာမြင့်ကြပေမယ့် ရေးထားတဲ့ရက်စွဲထက် ကျော်လွန်သွားရင် အသုံးမပြုသင့်တော့ပါဘူး။
#Source: New York Post
ယူကရိန်းနယ်စပ်ရှိ ရုရှားမြို့ရှိ နျူကလီးယားဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရပါက နောက်ဆက်တွဲအန္တရာယ်များရှိလာနိုင်
ရုရှား-ယူကရိန်းပဋိပက္ခ မြင့်တက်နေချိန်မှာ ခါ့စ်ဒေသမှ နျူကလီးယား ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရပါက နောက်ဆက်တွဲ အန္တရာယ်များ ဖြစ်လာနိုင်တယ်လို ရုရှားမြို ခါချာတော့ဗ်မှ မြိုတော်ဝန်က သတိပေးလိုက်ပါတယ်။
#World_News
Published 29 August 2024
#နျူကလီးယားဓာတ်အားပေးစက်ရုံ #နောက်ဆက်တွဲအန္တရာယ်များရှိလာနိုင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 29 August 2024
၁။ ရွှေစည်းခုံစေတီရင်ပြင်ရှိ အင်္ဂတေလွှာအချို့ဖယ်ရှားပြီး မူလသဲကျောက်ပြားလက်ရာများကိုဖော်ထုတ်ပြသနေ
၂။ အိန္ဒိယနိုင်ငံတွင်ပြုလုပ်မည့် မြင်းစီးတန်းခုန်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား ဝင်ရောက်ယှဉ်ပြိုင်မည်
၃။ ပြည်ပတက္ကသိုလ်များတွင် Scholar ရလိုသူများနှင့် ပညာသွားသင်လိုသူများအတွက် နိုင်ငံတကာပညာရေးပြပွဲကျင်းပမည်
၄။ ယူကရိန်းနယ်စပ်ရှိ ရုရှားမြို့ရှိနျူကလီးယားဓာတ်အားပေးစက်ရုံတိုက်ခိုက်ခံရပါက နောက်ဆက်တွဲအန္တရာယ်များရှိလာနိုင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 330 of 1092