#World_News
Published 23 April 2025

▪️ ဒိန်းမတ်နဲ့ ဂျာမနီကြား ဘောလ်တစ်ပင်လယ်အောက်မှာ စံချိန်တင်မယ့် လိုဏ်ခေါင်းတစ်ခုတည်ဆောက်နေပြီး စကန်ဒီနေးဗီးယားနဲ့ ဥရောပကြား ဆက်သွယ်မှုတွေ တိုးတက်စေမှာဖြစ်ကာ သွားလာချိန် သက်သာစေမှာဖြစ်ပါတယ်။

▪️ ဖယ်မန်ဘဲ့လ်လိုဏ်ခေါင်းဟာ ၁၈ ကီလိုမီတာ (၁၁မိုင်)ရှိပြီး ကမ္ဘာ့အရှည်ဆုံး ကြိုတင်ပြင်ဆင်လမ်းမကြီးနဲ့ ရထားလိုဏ်ခေါင်း ဖြစ်လာမှာပါ။

▪️ ထူးခြားတဲ့ အင်ဂျင်နီယာပညာ အသုံးပြုထားပြီး ပင်လယ်ကြမ်းပြင်ပေါ်မှာ လိုဏ်ခေါင်းအပိုင်းလိုက်တွေကို ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။

▪️ ဒီစီမံကိန်းရဲ့ အဓိကဆောက်လုပ်ရေးနေရာဟာ ဒိန်းမတ်အရှေ့တောင်ဘက် လိုလန်ကျွန်းကမ်းရိုးတန်းမှ မြောက်ဘက်လိုဏ်ခေါင်းအဝင်ဝနေရာမှာ တည်ရှိပါတယ်။

▪️ ဒီဆောက်လုပ်ရေးလုပ်ငန်းကြီးက ဟက်တာ ၅၀၀ ကျော်ကျယ်ဝန်းပြီး ဆိပ်ကမ်းတစ်ခုနဲ့ လိုဏ်ခေါင်းအပိုင်းများ ထုတ်လုပ်နေတဲ့ စက်ရုံတစ်ခုပါဝင်ပါတယ်။

▪️ သံမဏိကို ကွန်ကရစ်လောင်းပြီးတော့ အပိုင်းတစ်ခုစီဟာ ၂၁၇ မီတာရှည်လျားပြီး ၄၂ မီတာအကျယ်ရှိပါတယ်။

▪️ ဒီလိုနဲ့ အပိုင်းပေါင်း ၉၀ ကို တစ်ခုပြီးတစ်ခုချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။

▪️ ဒီစီမံကိန်းဟာ စံချိန်တွေချိုးသွားမှာဖြစ်တယ်လို့ ဒိန်းမတ်ကုမ္ပဏီ ဖယ်မန်းမှ အမှုဆောင်ချုပ် ဟင်းနရစ်ဗင်ဆန့်ဆင်က ပြောပြပါတယ်။

▪️ စီမံကိန်းတန်ဖိုးက ယူရို ၇.၄ ဘီလီယံခန့်ရှိကာ အများစုကို ဒိန်းမတ်ဘက်မှ အကုန်အကျခံထားပြီး ဥရောပကော်မရှင်မှ ယူရို ၁.၃ ဘီလီယံ ထောက်ပံ့ထားပါတယ်။

▪️ လှေသင်္ဘောဖြင့် ၄၅ မိနစ်ခန့်သွားရတဲ့ခရီးဟာ လိုဏ်ခေါင်းပြီးစီးပါက ဒိန်းမတ်တောင်ပိုင်း ရော့ဒ်ဘီဟေဗန်နဲ့ ဂျာမနီမြောက်ပိုင်း ပွတ်ဂါတင်တို့ကြား ကားဖြင့်သွားရင် ၁၀ မိနစ်ခန့်၊ ရထားဖြင့်သွားရင် ၇ မိနစ်ခန့်သာ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။

▪️ ဒိန်းမတ်နဲ့ ဂျာမနီကို ချိတ်ဆက်ရုံမက စကန်ဒီနေးဗီးယားနဲ့ ဥရောပအလယ်ပိုင်းကိုလည်း ချိတ်ဆက်ထားတာကြောင့် အားလုံးအတွက် အကျိုးရှိစေသလို ကီလိုမီတာ ၁၆၀ လောက် လျော့နည်းသွားတာကြောင့် ကာဗွန်ထုတ်လွှတ်မှုနဲ့ ပို့ဆောင်ရေးသက်ရောက်မှုတို့ လျော့နည်းစေမှာဖြစ်ကြောင်း မစ္စတာ ဗင်ဆန့်ဆင်က ဆိုပါတယ်။

▪️ လိုဏ်ခေါင်းထဲမှာ ရထားလမ်း ၂ လမ်း၊ ကားလမ်း အသွားအပြန် ၂ လမ်း၊ ထိန်းသိမ်းပြုပြင်ရေးနဲ့ အရေးပေါ်စင်္ကြံတို့ ပါဝင်ပါတယ်။

▪️ ဆောက်လုပ်ရေးက အလွန်ရှုပ်ထွေးကာ အပိုင်းအပိုင်းတွေကို ရေအောက် ၄၀ မီတာအထိ ပင်လယ်ကြမ်းပြင်ပေါ် ချရမှာဖြစ်ပြီး ရေအောက်ကင်မရာ၊ ဂျီပီအက်စ်လမ်းညွှန်ကိရိယာများ အသုံးပြုထားကာ ၁၅ မီလီမီတာအထိ တိကျမှုရှိပါတယ်။

▪️ ဒီလိုဏ်ခေါင်းတည်ဆောက်ဖို့ ဒိန်းမတ်နဲ့ ဂျာမနီတို့ ၂၀၀၈ တည်းက သဘောတူညီချက်ရထားပေမယ့် ဖယ်ရီလုပ်ငန်းများနဲ့ ဂျာမန် ကွန်ဆာဗေးရှင်းအဖွဲ့တို့က ဂေဟစနစ်ထိခိုက်မှာကို စိုးရိမ်တာကြောင့် နှောင့်နှေးခဲ့ရပါတယ်။

▪️ ၂၀၂၀ မှာတော့ ဂျာမနီ ဖက်ဒရယ်တရားရုံးတစ်ခုကနေ ယင်းတို့ရဲ့ စွပ်စွဲမှုတွေကို ငြင်းပယ်ခဲ့တာကြောင့် ဆောက်လုပ်ဖို့ မီးစိမ်းပြသွားပါတယ်။

▪️ လိုဏ်ခေါင်းကို ၂၀၂၉ မှာ ဖွင့်လှစ်မှာဖြစ်ပြီး နေ့စဉ် ရထား ၁၀၀ ကျော်နဲ့ ကားပေါင်း ၁၂,၀၀၀ ခန့်ဖြတ်သန်းမယ်လို့ ခန့်မှန်းထားပါတယ်။

#Source: BBC