#World_Science
Published 23 April 2025

▪️ ဘုရင် တူတန်ခမွန်ရဲ့ အုတ်ဂူထဲကနေ ရှေးခေတ်အီဂျစ်ထုံးတမ်းဓလေ့တစ်ခုရဲ့ လျှို့ဝှက်ချက်ကို ကျွမ်းကျင်သူများ တူးဖော်တွေ့ရှိခဲ့ကြတယ်လို့ ဆိုနေကြပါတယ်။

▪️ ဒဏ္ဍာရီလာ ဖာရိုးဘုရင်ရဲ့ အုတ်ဂူကို ၁၉၂၂ခုနှစ်မှာ တွေ့ရှိခဲ့ကြပြီး အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းဥစ္စာများထောင်နဲ့ချီ ရှိနေကာ အချို့အရာတွေကို မမြင်ဘဲကျော်သွားခဲ့ဟန်ရှိတယ်လို့ ယူဆနေကြပါတယ်။

▪️ ဘုရင်ကြီးခေါင်းချရာနေရာထဲက ရတနာပစ္စည်းအချို့ဟာ ရှေးခေတ်မြှုပ်နှံမှုဓလေ့ထုံးတမ်းများအတွက် သဲလွန်စဖြစ်နိုင်တယ်လို့ ယေးလ်တက္ကသိုလ်မှ အီဂျစ်ရှေးဟောင်းပညာရှင် ဒေါက်တာ နီကိုလတ်စ်ဘရောင်းက ပြောပါတယ်။

▪️ တူတန်ခမွန်ရဲ့အခေါင်းအနီးမှာရှိတဲ့ ရွှံ့စေးလင်ပန်းတွေနဲ့ သစ်သားတောင်ဝှေးတွေက မြေအောက်နတ်ဘုရား အိုဆီရီစ်နဲ့ဆက်စပ်တဲ့ အိုဆီရီယန်ဈာပနအခမ်းအနားရဲ့ အရေးကြီးအစိတ်အပိုင်းတွေ ဖြစ်မယ်လို့ ယူဆနေပါတယ်။

▪️ လင်ပန်းတွေနဲ့ ၃ပေရှည်တဲ့ သစ်သားတောင်ဝှေး ၄ ချောင်းတို့ဟာ အခေါင်းထိပ်ပိုင်းကနေ ၅ ပေလောက်နေရာမှာ ရှိပါတယ်။

▪️ ဒီပစ္စည်းတွေရဲ့ ဘာသာရေးနဲ့ ရှေးဟောင်းသုတေသန အကြောင်းအရာများကို အနီးကပ်လေ့လာတဲ့အခါ နောက်ထပ် အလုပ်လုပ်ပုံတွေကို သဘောပေါက်လာစေတယ်လို့ ဖော်ပြထားပါတယ်။

▪️ ရွှံ့ခွက်တွေကတော့ ထုံးတမ်းဓလေ့အရ နတ်ဘုရားမကို ပူဇော်တဲ့အနေနဲ့ ငှဲ့ထည့်ရာမှာ အသုံးပြုတယ်လို့ ယူဆထားပါတယ်။

▪️ နိုင်းလ်မြစ်မှရေတွေ စီးဆင်းလာပြီး သန့်စင်တဲ့ရေက ဆုံးပါးပြီးသားအလောင်းကို ပြန်လည်အသက်ဝင်စေမယ်လို့ ယုံကြည်ခဲ့ကြဟန်ရှိပါတယ်။

▪️ သစ်သားတောင်ဝှေးတွေကတော့ တူတန်ခမွန်ကို ထုံးတမ်းအရ နိုးထစေဖို့အတွက် အရေးပါတဲ့နေရာမှ ပါဝင်နေနိုင်ဖွယ်ရှိပါတယ်။

▪️ တူတန်ခမွန်ရဲ့ အုတ်ဂူနေရာကနေ ရှေးဟောင်းသုတေသနမှတ်တမ်းထဲမှာ သိရသလောက် ဒီထုံးတမ်းဓလေ့နဲ့ ပတ်သက်ပြီး အစောဆုံးသရုပ်ပြချက်ဖြစ်နေမယ်လို့ ဘရောင်းက ယုံကြည်နေပါတယ်။

#Source: New York Post