#World_Environment
Published_ 14 June 2023
ဆိုက်ပရပ်စ်ကို ပိုင်းခြားထားတဲ့ လူသူမရောက်တဲ့နေရာမှာ ဆယ်စုနှစ်တွေတိုင်အောင် ကြွက်တွေက လယ်သမားဖြစ်သူခရစ္စတိုဒူလော့စ်ရဲ့ ကောက်ပဲသီးနှံတွေကို ဖျက်ဆီးခဲ့ပေမယ့် အခုတော့ ဇီးကွက်တွေက မောင်းထုတ်ပေးနေပါပြီ။
#YMG #Yangon_Media_Group
#Daily_News
Published_ 14 June 2023
၁။ အခြေခံလူတန်းစားများ အဓိထားစားသုံးသည့် ကြက်ဥ၊ဘဲဥစျေးများ မြင့်တက်နေပြီး တစ်လုံးကို ငွေကျပ် ၃၀၀ ကျော်ရှိနေ
၂။ ပြည်ပသို့ ကျောက်မြတ်ရတနာများ တင်ပို့သည့်အခါ နိုင်ငံတော်သို့ပေးသွင်းရသည့် ကြိုတင်ငွေ ၂ ရာခိုင်နူန်းအား လျော့ပေးဖို့ လုပ်ငန်းရှင်များ တောင်းဆိုထား
၃။ ပြည်တွင်းဆန်ထွက်ရှိမူ၏ ၂၀ ရာခိုင်နူန်းကိုသာ ပြည်ပတင်ပို့သည့်အတွက် ပြည်တွင်းဆန်စျေးအခြေအနေကို စိုးရိမ်စရာမရှိဘူးလို့ ဆန်စပါးအသင်းချုပ်ဥက္ကဌပြော
၄။ ဆိုက်ပရပ်စ်ရှိ လူသူမရောက်ကျွန်းတွင် သောင်းကျန်းနေသည့် ကြွက်များအား ဇီးကွက်များဖြင့် ဖြေရှင်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Asia_Politics
Published_ 14 June 2023
ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင်'ပီတာလင်မ်ဂျရွန်ရတ်'ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်မထမ်းဆောင်ရန် တားမြစ်ပိတ်ပင်မိန့်ထုတ်လိုက်ပါက သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းထည့်သွင်းခံရတော့မှာမဟုတ်ကြောင်း အိမ်စောင့်ဒုဝန်ကြီးချုပ်'ဝီဆာနူခရီယာငမ်'က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
ပီတာအနေနဲ့ လွှတ်တော်အမတ်ဖြစ်ရန် သတ်မှတ်ချက်ကိုက်ညီခြင်းရှိ/မရှိကို တရားရုံးမှစီရင်ချက်ရယူနိုင်ရန် လွတ်တော်အမတ်များအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၂ ကို တင်သွင်းသွားနိုင်ဖွယ်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်များနဲ့ပတ်သက်ပြီး ဝီဆာနူက မှတ်ချက်ပေးလိုက်ပါတယ်။
အကယ်၍တရားရုံးက အဆိုပါတင်သွင်းချက်ကိုလက်ခံပြီး ပီတာကို လွှတ်တော်အမတ်အဖြစ် ပိတ်ပင်လိုက်ပါက ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာ မဟုတ်ကြောင်း ဆိုပါတယ်။
ပီတာကို အုပ်ချုပ်ရေးအာဏာမရစေရန် အထက်လွှတ်တော်ရှိ ပြိုင်ဘက်များက ပုဒ်မ ၈၂ ကိုအသုံးချမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အကြိမ်ကြိမ်ပြောကြားထားပါတယ်။
ပီတာအနေနဲ့ ပါလီမန်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၅၁ ကိုဖောက်ဖျက်ခြင်းရှိ/မရှိ စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့မှာ အမိန့်ပေးခဲ့ပါတယ်။
ပါလီမန်အမတ်အဖြစ် ရွေးကောက်ပွဲဝင်ရန် မကိုက်ညီကြောင်းသိရှိထားပြီးမှ ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူကို အပြစ်ဒဏ်ပေးသွားမယ်လို့ ဆောင်းပါးမှာဖော်ပြထားပါတယ်။
ပီတာဟာ မီဒီယာကုမ္ပဏီ ITV Plc မှာ အစုရှယ်များကိုင်ဆောင်ထားတာကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့်မီကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ'ရွန်ကရိုင်လီကစ်ဝါထာနာ'က စွပ်စွဲခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ပါတယ်။
ပီတာကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၅၁ အရ တရားစွဲဆိုရန်ဆုံးဖြတ်လိုက်ပါက ဒီအမှုကို ပြစ်မှုတရားရုံးသို့ပေးပို့မှာဖြစ်ပြီး တရားရုံးမှ စီရင်ချက်မချမီအချိန်ယူရမှာဖြစ်ကြောင်း ဝီဆာနူက ပြောပြခဲ့ပါတယ်။
ရာဇဝတ်ခုံရုံးမှ စီရင်ချက်မချမချင်း ပါလီမန်မှာ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိမှာမဟုတ်ပါဘူး။
ပီတာသာ ဝန်ကြီးချုပ်ရာထူးအတွက် အနိုင်ရခဲ့ပါက လွှတ်တော်ဥက္ကဌအနေနဲ့ ဘုရင်မင်းမြတ်ထောက်ခံမှုရဖို့အတွက် အမည်ပေးသွင်းရမှာဖြစ်ပါတယ်။
ပါလီမန်က ပီတာရဲ့ဥပဒေအမှုကိုဆိုင်းငံ့ထားကြောင်း ဘုရင်ကိုအသိပေးရမှာဖြစ်ပြီး ပီတာကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန်မှာ ဘုရင်အပေါ်မူတည်နေကြောင်း ရှင်းပြသွားပါတယ်။
ဘုရင်ထောက်ခံချက်အတွက် ပီတာရဲ့အမည်ကိုပေးပို့ပါက နောက်ပိုင်းပြဿနာများအတွက် လွှတ်တော်ဥက္ကဌက တာဝန်ယူရမှာဖြစ်ကြောင်းလည်း ပြောပြသွားပါတယ်။
Source: Nation Thailand
#YMG #Yangon_Media_Group
#World_Health
Published_14 June 2023
အိပ်စက်ရာမှာ ခက်ခဲနေသူတွေ၊ အိပ်မပျော်နိုင်တဲ့ မည်သည့်လက္ခဏာမျိုးရှိသူမဆို လေဖြတ်ခြင်းအန္တရာယ်များနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အထူးသဖြင့် အသက် ၅၀ အောက် အိပ်မပျော်တတ်တဲ့သူတွေမှာ လေဖြတ်အန္တရာယ်ပိုများနေနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၉ နှစ်အတွင်း လေဖြတ်ဖူးခြင်းမရှိတဲ့ လူပေါင်း ၃၁,၀၀၀ ကို လေ့လာခဲ့ပါတယ်။
ကျန်းမာရေးပြဿနာအမျိုးမျိုးရှိတဲ့ သက်ကြီးရွယ်အိုတွေမှာ လေဖြတ်ခြင်းအန္တရာယ်များတတ်ပါတယ်။
အိပ်မပျော်ခြင်းလက္ခဏာမရှိသူတွေနဲ့ယှဉ်ရင် လက္ခဏာ ၁ မျိုးမှ ၄ မျိုးအထိခံစားရသူတွေက လေဖြတ်နိုင်ချေ ၁၆ ရာခိုင်နှုန်းပိုများနေကြောင်း တွေ့ရှိခဲ့ပါတယ်။
ကောင်းစွာအိပ်စက်နိုင်အောင် ပြုလုပ်ပေးနိုင်မယ့် ကုသနည်းအများအပြားရှိသလို ဘဝနောက်ပိုင်းမှာလည်း လေဖြတ်ခြင်းအန္တရာယ်လျှော့ချနိုင်ကြောင်း စောစီးစွာကုသခံယူသင့်ကြောင်း ရစ်ချ်မွန်ရှိ ဗာဂျီးနီးယားကွန်မန်းဝဲ့တက္ကသိုလ်မှ သုတေသီ'ဝင်ဒမ်မီဆာဝာဒိုဂို'က ဖော်ပြထားပါတယ်။
တစ်ညကိုအိပ်ချိန် ၅ နာရီအောက်သာရှိသူတွေဟာ အိပ်ရေးပျက်တဲ့လက္ခဏာဖြစ်ပြီး ပုံမှန်အိပ်ချိန်ရှိသူတွေထက် လေဖြတ်အန္တရာယ်ဖြစ်နိုင်ချေ ၃ ဆပိုများနေနိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
ကောင်းစွာမအိပ်စက်ရတဲ့အခါ သွေးပေါင်ချိန်ထိခိုက်ပြီး သွေးတိုးဖြစ်နိုင်ကာ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောရောဂါတို့ ဖြစ်စေနိုင်ပါတယ်။
အခြားသုတေသနတွေမှာလည်း အိပ်ရေးပျက်ခြင်းကြောင့် ဆီးချို၊ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်းတို့လည်း ဖြစ်နိုင်ကြောင်းဖော်ပြထားပါတယ်။
Source: WION
#World_Health #အိပ်မပျော်ခြင်း #အသက်(၅၀)အောက်လူများ #လေဖြတ်နိုင်ချေများစေကြောင်းလေ့လာတွေ့ရှိ #YMG #Yangon_Media_Group
#World_Health
Published_14 June 2023
အခုဆိုရင် အသက်ရှူပုံစံအမျိုးမျိုးကို စစ်ဆေးခြင်းဖြင့် အစာအိမ်ရောဂါအမျိုးမျိုးကို ဆရာတွေအနေနဲ့ ရှာဖွေတွေ့ရှိနိုင်တော့မှာဖြစ်ပါတယ်။
ခန္ဓာကိုယ်သွေးသားထဲ ဝင်ရောက်စစ်ဆေးစရာမလိုဘဲ အစာအိမ်ရောဂါအမျိုးမျိုးကို ခွဲခြားသိရှိနိုင်ဖို့ လက်တစ်ကမ်းသာလိုပါတော့တယ်။
ဒီစစ်ဆေးနည်းကို အိန္ဒိယအစိုးရ သိပ္ပံနှင့်နည်းပညာဌာနလက်အောက်ရှိ S. N. Bose National Centre မှ ပရော်ဖက်ဆာ'မာနစ်ပရက်ဟန်'နဲ့ သုတေသီအဖွဲ့က စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
အသက်ရှူထုတ်ခွဲခြမ်းခြင်းမှ ရလာတဲ့ အချက်အလက်အများအပြားကနေ မှန်ကန်တဲ့အချက်အလက်များရယူရန် စက်ကိရိယာမှ မှတ်သားသင်ယူတဲ့နည်းလမ်းပုံစံကို အသုံးပြုထားပါတယ်။
သိပ္ပံပညာရှင်တွေက Pyro-Breath လို့ခေါ်တဲ့ ကိရိယာကို ဖန်တီးခဲ့ကြပါတယ်။
ဒီစိတ်ကူးနောက်ကွယ်က အခြေခံသဘောတရားကတော့ အစာအိမ်အသွင်အပြင်ဆိုင်ရာ ရောဂါအမျိုးမျိုးဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဇီဝဓာတုတုံ့ပြန်မှုများနဲ့ ဆဲလ်တွင်းဆဲလ်ပြင်လုပ်ငန်းစဉ်များကြောင့် ဒြပ်ပေါင်းများရဲ့ အလုံးစုံသက်ရောက်မှုက အသက်ရှူခြင်းပုံရိပ်ထုထည်ကို ထင်ဟပ်နေစေတာပဲဖြစ်ပါတယ်။
အသက်ရှူထုတ်ခြင်းမှ မော်လီကျူးမျိုးစိတ်များကို အစာအိမ်အနာရောဂါခွဲခြားသတ်မှတ်ရှာဖွေခြင်းအတွက် ထိုနည်းလမ်းဖြင့် ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ဟယ်လီကိုဘက်တာပိုင်လော်ရီဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရတဲ့အစာအိမ်အနာရောဂါဟာ လက်ရှိမှာ အရေးကြီးတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်နေပါတယ်။
သမားရိုးကျစစ်ဆေးနည်းလမ်းက နာကျင်ရပြီး ရောဂါအချိန်မီရှာဖွေစစ်ဆေးဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အစာအိမ်ပြဿနာရှိသူအများအပြားဟာ ရောဂါရှာဖွေမတွေ့ရှိဘဲ ရှိနေကြတာဖြစ်ပါတယ်။
Source: India Today.
#World_Health #အသက်ရှူပုံစံ #ခွဲခြမ်းစစ်ဆေးခြင်း #အစာအိမ်ရောဂါပြဿနာများ
#YMG #Yangon_Media_Group
#World_Event
Published_ 13 June 2023
ရွက်တိုင်မြင့် သင်္ဘောများစုဝေးရာ ၈ ကြိမ်မြောက် ကမ္ဘာ့အကြီးဆုံးသင်္ဘောတပ်ဖွဲကြီး အာမာဒါကို ပြင်သစ်အနောက်ပိုင်း ရိုအန်မှာ ကြာသပတေးနေ့က စတင်ပြုလုပ်ခဲ့ပြီး ၁၀ ရက်ပြသထားမှာဖြစ်ပါတယ်။
#World_Event #ရွက်တိုင်မြင့်သင်္ဘောကြီးများ #အာမာဒါပြပွဲကြီး #နော်မန်ဒီတွင်ပြသ
#YMG #Yangon_Media_Group
#Daily_News
Published_ 13 June 2023
၁။ မြ၀တီမြို့ရှိ စည်ပင်နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသည့် တက်တူးဆိုင်များအား ဖြတ်သိမ်းရန်ညွှန်ကြားချက်ထွက်ပေါ်
၂။ လမ်းဘေးကလေးငယ် (၁၀၀) ဦးကို ပညာသင်ကြားပေးနေ
၃။ ကမ္ဘာ့ရွှေစျေးမြင့်တက်နေပြီး ပြည်တွင်းရွှေစျေးကွက် အရောင်း၀ယ်အေးစက်နေ
၄။ ရွက်တိုင်မြင့်သင်္ဘောကြီးများ စုဝေးရာ (၈) ကြိမ်မြောက် အာမာဒါပြပွဲကြီးကို နော်မန်ဒီတွင်ပြသ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 333 of 778