#World_News
Published 10 June 2023
မကြာမီကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲများမတိုင်မီ အံ့အားသင့်ဖွယ်သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
မီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ သမ္မတ'ဂျိုးဘိုင်ဒင်'ဟာ ယူကရိန်းဓာတ်ငွေ့ကုမ္ပဏီ'ဘာရစ္စမာဟိုးလ်ဒင်းစ်'ရဲ့ အမှုဆောင်တစ်ဦးထံမှ ဒေါ်လာ ၅ သန်းလက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျိုးဘိုင်ဒင်ရဲ့သား'ဟန်တာဘိုင်ဒင်'ဟာ ထိုကုမ္ပဏီရဲ့ဘုတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးမှုကြောင့် အမေရိကန်ရေနံဈေးကွက်သို့ ဝင်ရောက်ရန်စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတဲ့ ဓာတ်ငွေ့ကုမ္ပဏီရဲ့အမှုဆောင်အရာရှိနဲ့ ဆက်စပ်နေတာဖြစ်ပြီး ဘိုင်ဒင်ထံမှ မျက်နှာသာပေးမှုကို လိုချင်နေခဲ့တာဖြစ်ပါတယ်။
FBI က ၂၀၂၀ တုန်းက ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တစ်ခုနဲ့ ထိုကိစ္စအကြောင်းအင်တာဗျူးစဉ် သတင်းပေးခံခဲ့ရကာ ထိုစဉ်က ဒုသမ္မတဖြစ်ခဲ့တဲ့ဘိုင်ဒင်နဲ့ နိုင်ငံခြားသားတစ်ဦးတို့ဟာ လာဘ်ပေးလာဘ်ယူအမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အမေရိကန်မူဝါဒရေးရာ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်မှုရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
အင်တာဗျူးပြောကြားသူဖော်ပြတဲ့ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့က တင်ပြချက်ဟာ အလွန်မှန်ကန်စိတ်ချရတယ်လို့ ဆိုပါတယ်။
ထိုသူဟာ ၂၀၁၅ ခုနှစ်ကစလို့ ဘာရစ္စမာမှအကြီးတန်းအမှုဆောင်များနဲ့ အစည်းအဝေးအများအပြား တက်ရောက်ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုအစည်းအဝေးပွဲတွေမှာ ဘာရစ္စမာအမှုဆောင်က အမေရိကန်ရှိ ရေနံရပိုင်ခွင့်များရယူရန်နဲ့ အမေရိကန်ရေနံကုမ္ပဏီတစ်ခုနဲ့ ဆက်သွယ်ချိတ်ဆက်ရန်ကိစ္စများနဲ့ ပတ်သက်ပြီး သတင်းပေးသူထံကနေ အကြံဉာဏ်များရယူခဲ့ပါတယ်။
ယူကရိန်းအစိုးရရှေ့နေ'ဗစ်ခ်တာရှိုကင်'မှ ဆက်လက်စုံစမ်းစစ်ဆေးမှုများကြောင့် ဘာရစ္စမာက ဘိုင်ဒင်ကို ငွေပေးချေရမယ်လို့ အမှုဆောင်က ရှင်းပြခဲ့ပါတယ်။
ထိုစုံစမ်းစစ်ဆေးမှုအတွင်း ဘာရစ္စမာအနေနဲ့ အမေရိကန်ဈေးကွက်ထဲ ဝင်ရောက်ရာမှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေကို အမှုဆောင်က အလေးထားဖော်ပြခဲ့ပါတယ်။
လျှို့ဝှက်သတင်းပေးက ဘာရစ္စမာအမှုဆောင်အနေနဲ့ ဘိုင်ဒင်နှစ်ယောက်အတွက် ဒေါ်လာ ၅ သောင်းစီပေးဖို့ အကြံပြုခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘိုင်ဒင်တစ်ယောက်စီအတွက် ဒေါ်လာ ၅ သန်းပေးရတာဖြစ်တယ်လို့ ပြန်ပြင်ပြောခဲ့ပါတယ်။
ဒီလိုပေးချေဖြစ်သွားတာက ဘိုင်ဒင်တို့နဲ့ ဘာရစ္စမာအမှုဆောင်တို့ ပြောဆိုဆွေးနွေးတဲ့အပေါ် အခြေခံသွားတာဖြစ်ကြောင်း ထိုသတင်းပေးကဆိုခဲ့တယ်လို့ Fox News Digital ထံ အသိပေးခဲ့ပါတယ်။
ငွေပေးချေရာမှာ ဘဏ်အကောင့်အများအပြားသို့ လွှဲပေးခဲ့တာကြောင့် ထောက်လှမ်းရေးများ အနည်းဆုံးဆယ်စုနှစ်တစ်ခုလောက် အဖြစ်မှန်ဖော်ထုတ်နိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။
Source: WION #World_News #ဒေါ်လာ(၅)သန်းဘိုင်ဒင်လာဘ်စားခဲ့ဟုသတင်းထွက် #YMG #Yangon_Media_Group
#World_Health
Published 10 June 2023
အသက်သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းခန့်ရှိတဲ့ အန္တရာယ်မြင့်ဘက်တီးရီးယားပိုးတစ်မျိုးဟာ အမေရိကန်ပင်လယ်ကွေ့သို့ ရောက်ရှိလာကာ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဒေသတွင်းကပ်ရောဂါအဖြစ် သတ်မှတ်လိုက်ပါတယ်။
Burkholderia pseudomallei ဘက်တီးရီးယားပိုး ကူးစက်သူ ၃ ယောက်ရှိကြောင်း CDC က အတည်ပြုလိုက်ကာ မကုသဘဲထားရင် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ရောဂါဖြစ်ပေါ်စေနိုင်ပါတယ်။
ကမ္ဘာတဝှမ်းက မြေကြီးနဲ့ ရေချိုဒေသတွေမှာ သဘာဝအတိုင်းနေထိုင်တဲ့သတ္တဝါဖြစ်ကြောင်း CDC တိရိစ္ဆာန်ရောဂါပိုးကူးစက်မှုဆိုင်ရာမှ ကပ်ရောဂါထောက်လှမ်းရေးအရာရှိ'ဂျူလီယာပက်ထရာစ်'က ပြောကြားသွားပါတယ်။
လတ်တလောကူးစက်မှုအများစုကတော့ ဇန်နဝါရီလက မစ္စစ္စပီမှာ ဖြစ်ခဲ့ပါတယ်။
အဆိုပါဘက်တီးရီးယားကူးစက်သူအများစုဟာ ရောဂါလက္ခဏာမပြကြဘဲ ရောဂါခုခံပဋိဇီဝပစ္စည်းထွက်ရှိကြတာကြောင့် နောက်ထပ်လူအများအပြားလည်း ကူးစက်နေနိုင်ပါတယ်။
မစ္စစ္စပီက ကူးစက်သူ ၃ ဦးစလုံးကတော့ ပြန်လည်သက်သာလာကြပါပြီ။
ဒီဘက်တီးရီးယားကို ဒဏ်ရာအနာတရကနေ ကူးစက်နိုင်သလို ပြင်းထန်တဲ့မုန်တိုင်းတိုက်စဉ် ပိုးမွှားတွေကိုရှူရှိုက်မိတာလည်း ဖြစ်နိုင်ပါတယ်။
ဆီးချို၊ ကျောက်ကပ်ပြဿနာ၊ အသည်းပြဿနာရှိသူတွေ အကူးစက်နိုင်ဆုံးဖြစ်ပါတယ်။
ဒီလိုရောဂါဖြစ်စေတဲ့ပိုးက နိုင်ငံအလိုက်တည်ရှိနေနိုင်တယ်လို့ CDC က ဆိုပါတယ်။
ဘက်တီးရီးယားက ခန္ဓာကိုယ်ထဲရောက်သွားရင် အနာဖြစ်နေတဲ့ အဆုတ်၊ ဦးနှောက်တို့လိုအင်္ဂါတွေကို တိုက်ခိုက်ကြပါတယ်။
တစ်ကမ္ဘာလုံးမှာ နှစ်စဉ်ကူးစက်သူ ၁၆၀,၀၀၀ ရှိနေကာ သေဆုံးသူ ၈ သောင်းရှိနေပါတယ်။
ရောဂါကိုစောစီးစွာရှာဖွေတွေ့ရှိပြီး မှန်ကန်စွာကုသဖို့ အရေးကြီးပါတယ်။
လူနာတွေကို ဦးစွာ Meropenem ၊ ceftazidime တို့ကို အကြောမှသွင်းကာ ဒုတိယအဆင့်မှာ Amoxicillin သောက်ဆေးပေးပါတယ်။
ဘက်တီးရီးယားပိုးက ပင်လယ်ကွေ့ကို ဘယ်အချိန်မှာ ဘယ်လိုရောက်လာလဲဆိုတာ သေချာမသိရပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သူတို့ဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ ရှင်သန်ကြပြီး ဩစတြေးလျ၊ ထိုင်းနိုင်ငံတို့မှာ ပထမဆုံးတွေ့ခဲ့ပါတယ်။
Source: NY Post #World_Health #သေဆုံးနိုင်ချေ(၅၀)ရာခိုင်နှုန်းရှိ ဘက်တီးရီးယားတွေ့ရှိ #YMG #Yangon_Media_Group
#World_Science
Published 10 June 2023
ကော်စတာရီကာက မိကျောင်းတစ်ကောင်ဟာ သူ့ဘာသာသူ ကိုယ်ဝန်ရှိအောင် ပြုလုပ်နိုင်ခဲ့ကာ တွားသွားသတ္တဝါတွေထဲမှာ ပထမဆုံးဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားပြီး မိကျောင်းမတွေက မိတ်မလိုက်ဘဲ ဥဥနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေ သက်သေအထောက်အထားပြနိုင်ခဲ့ပါတယ်။
အပျိုစင်အဖြစ်နဲ့မွေးဖွားခြင်းကို ငါး၊ ပုတ်သင်၊ မြွေတို့မှာ ပြုလုပ်ဖူးပေမယ့် မိကျောင်းမှာတော့ ပထမဆုံးဖြစ်ရပ်ဖြစ်နေပါတယ်။
ထိုမိကျောင်းကို တိရိစ္ဆာန်ရုံမှာ သိမ်းထားပြီး အထီးများနဲ့ထိတွေ့မှုမရှိကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။
သူ့ဥတွေထဲကတစ်ခုမှာ အပြည့်အဝဖွံ့ဖြိုးနေတဲ့ သန္ဓေသားတွေ့ရှိထားပြီး ၉၉.၉ ရာခိုင်နှုန်း မိခင်နဲ့ဗီဇတူညီပါတယ်။
ငါးမန်း၊ လွှငါးမန်း၊ ကျောရိုးရှိသတ္တဝါများစွာမှာလည်း ထိုနည်းလမ်းဖြင့်သန္ဓေတည်တာကို မှတ်တမ်းတင်ထားပါတယ်။
တွားသွားသတ္တဝါတွေကို အထီးတွေနဲ့ခွဲထားပြီး ဥဥစေတာ အထူးအဆန်းမဟုတ်ကြောင်း၊ အထီးတွေမရှိတဲ့အခါ မျိုးဥတွေကို အကဲဖြတ်သင့်ကြောင်း ဗာဂျီးနီးယားတက်ခ်မှ သုတေသီများက ဆိုပါတယ်။
အပျိုစင်နည်းလမ်းဖြင့်မွေးဖွားခြင်းက အထီးတွေနဲ့ အတူနေထိုင်ပြီး မျိုးပွားတဲ့အခါ လွဲချော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုက မိကျောင်းနဲ့ငှက်များ မျိုးသုဉ်းသွားတဲ့ archosaurian မျိုးနွယ်များ အထူးသဖြင့် Pterosauria နဲ့ Dinosauria အဖွဲ့ဝင်များ မျိုးပွားနိုင်စွမ်းဆိုင်ရာများကို သိမြင်နိုင်စေပါတယ်။
ဒိုင်နိုဆောခေတ်တွေက ဆင့်ကဲဖြစ်စဉ်များပါတဲ့ မျိုးပွားနည်းဗျူဟာအတိုင်း မိကျောင်းမက အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဒီလေ့လာချက်တွေနဲ့ပတ်သက်ပြီး Royal Society journal Biology Letters ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
Source: WION #World_Science #မိကျောင်းအမတစ်ကောင်မိတ်လိုက်ခြင်းမရှိဘဲကိုယ်တိုင်ဥဥနိုင်ခဲ့
#YMG #Yangon_Media_Group
#Asia_Culture
Published 9 June 2023
ဂျပန်ကိုလာတဲ့ဧည့်သည်တွေအတွက် အသားငါးဟင်းလျာမျိုးစုံရှိပေမယ့် သက်သက်လွတ်သမားတွေအတွက်တော့ ရွေးချယ်စရာသိပ်မရှိလှပါဘူး။
#Asia_Culture #ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာဖန်တီးလာ
#YMG #Yangon_Media_Group
#Daily_News
Published_ 9 June 2023
၁။ ၂၀၂၃ တက္ကသိုလ်ဝင်တန်းစားမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိနေ
၂။ စာရေးကိရိယာများ ဈေးသိပ်မတက်ပေမည့် ဗလာစာအုပ်များဈေးတက်ပြီးပစ္စည်းပြတ်သည့်အထိရောင်းရ
၃။ အိမ်ဆောက်ပစ္စည်း လိုအပ်ချက်များနေပြီး နိုင်ငံခြားကမှာယူနေရသည့်အတွက် ဒေါ်လာစျေးမြင့်တက်နေပြီး ပြင်ပရွှေစျေးမြင့်တက်နေတာဖြစ်ဟုဆို
၄။ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဂျပန်တွင်သက်သက်လွတ်ရွေးချယ်စားသောက်စရာများ ပိုမိုချဲ့ထွင်ဖန်တီးလာ.... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 9 June 2023
တရုတ်နှင့်ရုရှားလေတပ်တို့ ကြာသပတေးနေ့က ပူးတွဲပြီး ခြောက်ကြိမ်မြောက် မဟာဗျူဟာမြောက်ကင်းလှည့်ခြင်း ဆောင်ရွက်ခဲ့ကြတဲ့ ဗွီဒီယိုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နှင့်ရုရှားစစ်တပ်တွေအကြား နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှုအရ နှစ်ဘက်ဟာ ဂျပန်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ်တို့ရဲ့ လေပိုင်နက်ထဲမှာ အင်္ဂါနေ့က ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှု ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။ နောက်တစ်ရက်မှာလည်း နှစ်ဘက်ဟာ ပစိဖိတ်အနောက်ပိုင်း လေပိုင်နက်ထဲမှာ ဒုတိယအဆင့် ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။
နှစ်ဘက်အသုံးပြုတဲ့လေယာဉ်တွေဟာ TU-95 တီယူ-နိုင်တီးဖိုက် နှင့် H-6K အိတ်ချ် ဆစ်ခ်ကေ ဗုံးကြဲလေယာဉ်တွေအပြင် J-16 ဂျေ-ဆစ်ခ်တင်းန်နှင့် SU-30 အက်စ်ယူ သာတင်း တိုက်လေယာဉ်တွေလည်းပါဝင်ခဲ့တာကို ဗွီဒီယိုမှာတွေ့ရပါတယ်။
Source AFP
#China_Russia_Airforce_Joint_Patrol
#China_Russia_Relations
#ရုရှား_တရုတ်_ပူးတွဲလေကြောင်းကင်းလှည့်
#YangonMediaGroup
#World_News
Published 9 June 2023
ထိုင်းရွေးကောက်ပွဲကော်မရှင်က မေ၁၄ ရက်မှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲဟာ မဲပေးသူအရေအတွက်နှင့် ရရှိတဲ့ မဲအရေအတွက် မတူညီတဲ့အတွက် မဲရုံပေါင်း ၄၇ ရုံမှာ မဲတွေကိုပြန်ရေတွက်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။
အဆိုပါ မဲရုံ ၄၇ ရုံထဲမှာ မဲရုံ (၁၆)ရုံကို မဲဆန္ဒနယ်ကိုယ်စားလှယ်လောင်းတွေအတွက်ပေးတဲ့ မဲတွေကိုပြန်ရေတွက်ရမှာ ဖြစ်ပြီး ကျန် ၃၁ရုံမှာ ပါတီစာရင်းပေးထားတဲ့ ကိုယ်စးလှယ်မဲတွေကို ပြန်ရေတွက်ကြရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မဲရုံပေါင်း ၉၅၀၀၀ ရှိပါတယ်။
မဲတွေပြန်လညရေတွက်ခြင်းကို ဇွန် ၁၁ရက် တနင်္ဂနွေနေ့မှာပြုလုပ်မှာဖြစ်ပါတယ်။ ဒီလအတွင်း ပြန်ရေတွက်တဲ့ မဲရလာဒ်တွေကို ကြေညာပေးမယ်လို့ သိရပါတယ်။
အဆိုပါ မဲပြန်ရေတွက်မယ့် မဲရုံတွေကတော့ ပြည်နယ်အလိုက် ဘန်ကောက်မှာ (၆)ရုံ၊ ဇလပုရီ Chonburi မှာ (၂)ရုံ၊ ဇုမ္ဗရ Chumphon မှာ (၃)ရုံ၊ ထရမ်း Trang မှာ (၆)ရုံ၊ နာဂရနာယက Nakhon Nayok မှာ (၁)ရုံ၊ပရကျော့ဂီရိခန္ဓ Prachuap Khiri Khan မှာ (၇)ရုံ၊ဖရဲ Phrae မှာ (၁)ရုံ၊လဝပုရီ Lopburi မှာ (၈)ရုံ၊သမုဒ္ဒသာဂရ Samut Sakhon မှာ (၂)ရုံ၊သရပုရီ Saraburi မှာ (၂)ရုံ၊သုခေါဒယ Sukhothai မှာ (၂)ရုံ၊ ကဉ္စနပုရီ Kanchanaburi မှာ (၂)ရုံ၊ချခွန်စော Chachoengsao မှာ (၁)ရုံ၊ဖန်ငါ Phang Nga မှာ (၂)ရုံ၊ဝဇီရပုရီ Phetchaburi မှာ (၁)ရုံ၊နှင့် နောင်ခိုင်း Nong Khai မှာ (၂)ရုံတို့ဖြစ်ကြပါတယ်။
Source Nation
#YangonMediaGroup
#Thailand_Election
#ထိုင်းရွေးကောက်ပွဲ
Page 336 of 778