၁၄ ဧပြီ ၂၀၂၅
မန္တလေးငလျင်ကြီးတွင် ဂျပန်နိုင်ငံသားတစ်ဦးသေဆုံးခဲ့တယ်လို့ ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာ ကြီး က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးကို ကိုးကားပြီး ယနေ့ ဧပြီ ၁၄ရက်က ရေးသား ပါတယ်။
သေဆုံးသူ ဂျပန်နိုင်င်ံသားဟာ မန္တလေးမှာ နေထိုင်နေသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ပြိုကျနေတဲ့ အဆောက်အဦတစ်လုံးရဲ့ အပျက်အစီးတွေကြားထဲမှာ စနေနေ့က တွေ့ရှိခဲ့ရတယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကပြောပါတယ်။
ဂျပန်အစိုးရ ဝန်ကြီးရုံးအတွင်းရေးမှူးချုပ် ယိုရှီမာဆာ ဟာရာရှီက ဝမ်းနည်းကြောင်းပြောဆိုလိုက်ပြီး သေဆုံးသူရဲ့ကျန်ရစ်သူ မိသားစုတွေကို ထောက်ပံ့ကူညီပေးမယ်လို့ကတိပြုလိုက်ပါတယ်။ ရှာဖွေကယ် ဆယ်ပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း သူကဆက်ပြောပါတယ်။
ဂျပန်အစိုးရက ပျောက်ဆုံးနေခဲ့တဲ့ ဂျပန်နိုင်ငံသားကို ရှာဖွေပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ငလျင်ကြီး ကြောင့် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံသားနှစ်ဦး၊ ထိုင်းနိုင်ငံမှာ တစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂျပန် အစိုးရထံမှသိရပါတယ်။
မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃၆၀၀ ဦးကျော်သွားပြီဖြစ်ပြီးလူပေါင်း ၅၀၀၀ကျော်လည်း ထိခိုက် ဒဏ်ရာရရှိထားခဲ့ကြပါတယ်။
သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသားနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဂျပန်မီဒီယာ တွေမှာ ဖော်ပြထားခြင်းမရှိပါဘူး။
#ymg/knl