#World_Science
Published 09 November 2024
▪️ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)မှာ သက်ရှိများ နေထိုင်ခဲ့ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ အချက်အလက်သစ် ရရှိထားပါတယ်။
▪️ အင်္ဂါဂြိုဟ်ဟာ လွန်ခဲ့တဲ့ နှစ်ဘီလီယံခန့်က သက်ရှိတွေ နေထိုင်ခဲ့ဖွယ်ရှိတဲ့ အထောက်အထားများကို ဖော်ပြလာပါတယ်။
▪️ ဒါဖြင့် တကယ်ရှိခဲ့တယ်ဆိုရင် ဘယ်တုန်းကပျောက်ကွယ်သွားကြတာလဲလို့ မေးစရာ ရှိလာပါတယ်။
▪️ မားစ်ဂြိုဟ်မှာ သက်ရှိများ ရှိနိုင်တဲ့ သံလိုက်စက်ကွင်းဟာ လွန်ခဲ့တဲ့ နှစ်ဘီလီယံမတိုင်ခင်အထိ ရှိနေခဲ့တယ်လို့ ဟားဗတ်ဒ် ကမ္ဘာမြေနှင့်ဂြိုဟ်သိပ္ပံဌာနမှ သုတေသီများ ဖော်ပြလာပါတယ်။
▪️ ဂရစ်ဖင်အနုပညာနှင့်သိပ္ပံကျောင်းမှ ကျောင်းသား ဆာရာစတီးလ်ဦးဆောင်ကာ မားစ်ဂြိုဟ်ရဲ့ သက်တမ်းနဲ့ သံလိုက်စက်ကွင်းတို့ကို ပုံစံတူသရုပ်ဖော်ခြင်း၊ ကွန်ပျူတာသရုပ်ဖော်ခြင်းတို့ဖြင့် လေ့လာခဲ့ပါတယ်။
▪️ မားစ်ဂြိုဟ်ရဲ့ သံလိုက်ဖြစ်ပေါ်ခြင်းနဲ့ အေးမြခြင်း စက်ဝန်းတို့ကို သရုပ်ဖော်ခဲ့ကာ အခြား သံလိုက်စက်ကွင်းများ မရှိချိန်မှာ ကျောက်တုံးပူများကြား မြစ်ဝှမ်းများ အစပြုခဲ့တယ်လို့ ဆိုပါတယ်။
▪️ မီးတောင်ဝများ ပေါ်ပေါက်ဖို့အတွက် သံလိုက်စက်ကွင်းများ စောစောပျောက်သွားဖို့ မလိုဘူးလို့လည်း ဆိုပါတယ်။
▪️ မားစ်ဂြိုဟ်ရဲ့ ဒိုင်နမိုမှာ မြောက်နဲ့ တောင်ဝင်ရိုးစွန်း နေရာပြောင်းသွားချိန်မှာ မီးတောင်ဝများ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။
▪️ ကမ္ဘာသံလိုက်ဝင်ရိုးစွန်းတွေဟာလည်း နှစ်သိန်းချီကြာတိုင်း နေရာပြောင်းသွားကြကာ မားစ်ဂြိုဟ်ဒိုင်နမို စောစီးစွာ ပျက်စီးသွားရတဲ့ အကြောင်းကို ကောင်းကောင်း မသိရပါဘူး။
▪️ စကြဝဠာစနစ်တစ်ခုလုံး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကို သိရှိဖို့ ကြိုးစားနေကြတယ်လို့ စတီးလ်က ဆိုပါတယ်။
▪️ ဂြိုဟ်သံလိုက်စက်ကွင်းတွေက ဒီမေးခွန်းတွေကို ရှင်းပြနိုင်ဖွယ်ရှိနေပြီး ဂြိုဟ်တွေရဲ့ အတွင်းပိုင်းနဲ့ အစောပိုင်းသမိုင်းကြောင်းတို့ သိရှိနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။
#Source: WION
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)ရဲ့ လေတပ်ကနေ ကိုယ်ပျောက်တိုက်လေယာဉ်သစ် J-35Aကို တရားဝင်ပြသသွားမှာဖြစ်ပြီး မျှော်လင့်နေတဲ့သူတွေ ကြည့်ရှုခွင့်ရမှာဖြစ်ကာ အမေရိကန်ပြီးရင် ကိုယ်ပျောက်တိုက်လေယာဉ် ၂ မျိုးပိုင်ဆိုင်တဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာမှာပါ။
#World_News
Published 8 November 2024
#တရုတ်ပြည် #ကိုယ်ပျောက်တိုက်လေယာဉ်သစ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 November 2024
▪️ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုလိုက်ပြီး သေနတ်သမားတစ်ဦး လုပ်ကြံတာ ခံရစဉ်က ရဲရင့်သတ္တိပြသခဲ့တဲ့အတွက် ချီးကျူးလိုက်သလို ထရမ့်နဲ့ ဆွေးနွေးဖို့ ရုရှားအသင့်ဖြစ်နေကြောင်း ပြောသွားပါတယ်။
▪️ ထရမ့်အနိုင်ရပြီးနောက် ပူတင်ပထမဆုံး ပြောကြားရာမှာ ဇူလိုင်လ ပန်ဆယ်လ်ဗေးနီးယားမှာ စည်းရုံးရေးပွဲ မိန့်ခွန်းပြောနေစဉ် လုပ်ကြံခံရတုန်းက ထရမ့်ဟာ
တကယ့်ယောကျ်ားတစ်ဦးလို ပြုမူခဲ့တယ်လို့ ပြောပါတယ်။
▪️ စည်းရုံးရေးပွဲမှာတုန်းက ထရမ့်ဟာ ယူကရိန်းနဲ့ ပတ်သက်လို့ မှတ်ချက်ပြောကြားခဲ့တာဟာ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည့်သင့်မြတ်စေမယ်လို့ ဆိုပါတယ်။
▪️ ရုရှားနဲ့ ဆက်ဆံရေး ပြန်လည်သင့်မြတ်စေပြီး ယူကရိန်းအရေး အဆုံးသတ်မယ်လို့ ပြောသွားတာက အနည်းဆုံးတော့ စိတ်ဝင်စားစရာ ဖြစ်စေတယ်လို့ ပူတင်က ပြောပါတယ်။
▪️ ထရမ့်ဟာ ရုရှားဘက်သို့ တစ်နည်းနည်းပါတယ်လို့ အနောက်တိုင်းမီဒီယာများ စွပ်စွဲနေတာတွေကို ထရမ့်ရော ရုရှားရောက အကြိမ်ကြိမ်ငြင်းဆိုထားကာ ၂၀၁၇-၂၀၂၁ ထရမ့်သမ္မတဖြစ်စဉ်က ရုရှားအပေါ် ခက်ခက်ထန်ထန် ဆက်ဆံခဲ့တယ်လို့ ရုရှားအရာရှိများ ထောက်ပြထားပါတယ်။
▪️ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းက ထရမ့်စည်းရုံးရေးပွဲတွေနဲ့ ရုရှားတို့ကြား ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမေရိကန် အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ်မူလာက စစ်ဆေးခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ အထောက်အထား မတွေ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
▪️ ၂၀၂၄ သမ္မတရွေးကောက်ပွဲတွေမှာလည်း ရုရှားက ဝင်နှောင့်ခဲ့ပြီး သတင်းမှားများ ဖြန့်ခဲ့တယ်လို့ အမေရိကန်မှ စွပ်စွဲနေတာတွေကို ရုရှားက အကြိမ်ကြိမ် ပယ်ချထားပါတယ်။
▪️ ပူတင်က စစ်ပွဲအဆုံးသတ်ရေးအတွက် သူ့ဘက်က လိုချင်တာကို ဖော်ပြရာမှာ
ယူကရိန်းအနေနဲ့ နေတိုး(NATO)အဖွဲ့ထဲ ဝင်ရောက်ရေးကို လက်လျှော့ရန်နဲ့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေ ၄ ကနေ တပ်များပြန်ရုပ်သိမ်းပေးရန် ကြေညာထားပါတယ်။
▪️ ရုရှားဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန် အသင့်ဖြစ်နေပေမယ့် အမေရိကန်ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ပူတင်က ဆိုလိုက်ပါတယ်။
#Source:Reuters
#World_Health
Published 08 November 2024
▪️ ကလေးငယ်တွေကို သကြားအစားများစေခြင်းဖြင့် ကြီးလာတဲ့အခါ ဆီးချိုရောဂါ ဒုတိယအမျိုးအစားနဲ့ သွေးတိုးခြင်းတို့ ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ ကလေးမွေးတဲ့ အချိန်ကစပြီး ရက် ၁၀၀၀ အတွင်း သကြားစားသုံးမှု ကန့်သတ်လိုက်ပါက ဆီးချိုဖြစ်နိုင်ခြေ ၃၅ ရာခိုင်နှုန်း၊ သွေးတိုးဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး ရောဂါစဖြစ်ချိန်လည်း နှောင့်နှေးသွားပါတယ်။
▪️ ၁၉၅၁ အောက်တိုဘာမှ ၁၉၅၆ မတ်လကြား မွေးဖွားသူ ၆၀၁၈၃ ဦးကို လေ့လာခဲ့ပြီး အသက် ၅၀-၆၀ ဝန်းကျင်မှာ စစ်တမ်းကောက်ယူခဲ့ပါတယ်။
▪️ သကြားဓာတ် ကန့်သတ်ခြင်းမရှိတဲ့လူတွေမှာ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်နိုင်ခြေ ပိုများလာပြီး အသက် ၅၀ နဲ့ ၆၀ နောက်ပိုင်းတွေမှာ ကွာခြားချက် ပိုပြီးသိသာလာပါတယ်။
▪️ သကြားဓာတ် အစားများခြင်းက ဆဲလ်တွေကို ထိခိုက်စေပြီး ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေကာ နှလုံးရောဂါ၊ ဆီးချို၊ အသည်းရောဂါ၊ ကင်ဆာတို့ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒါ့အပြင် အဝလွန်ခြင်းနဲ့ သွားပိုးစားခြင်းတို့ကိုလည်း အားပေးပါတယ်။
အသက် ၂ နှစ်အောက်ကလေးတွေကို သကြားပါဝင်တဲ့ အစားအသောက်များ မကျွေးကြဖို့ အမေရိကန် အစားအသောက် လမ်းညွှန်ချက်တွေမှာ ဖော်ပြထားပါတယ်။
▪️ ကလေးသူငယ်များအတွက် ရောင်းချနေတဲ့ အာဟာရမှုန့်များ၊ အစားအသောက်များရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ သကြားပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ငယ်စဉ်ကတည်းက အချိုကျွေးထားပါက အချိုဓာတ်ကို စွဲလမ်းသွားပြီး ဘဝတလျှောက်လုံး သကြားစားသုံးမှု များလာစေပါတယ်။
▪️ တစ်ခုရှိတာက လေ့လာမှုပြုရာမှာ စမ်းသပ်ပါဝင်သူတွေ ငယ်စဉ်က အချိုဓာတ် ဘယ်လောက်စားသုံးခဲ့လဲဆိုတာ အတိအကျ မသိရတာပါပဲ။
ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်စဉ်ကာလတွေမှာ အချိုဓာတ်စားသုံးမှု များပြားခြင်းက ရေရှည်ကျန်းမာရေးအပေါ် သက်ရောက်ပုံကိုလည်း နားလည်သိရှိဖို့ နောက်ထပ် သုတေသနပြုလုပ်ရန် လိုအပ်ကြောင်း ဖော်ပြသွားပါတယ်။
Source: New York Post.
ဂါဇာကမ်းမြောင်ရှိ ဆေးရုံများ၊ ဆေးဆိုင်များအပါအဝင် ဆေးဘက်ဆိုင်ရာ နေရာတွေမှာ ဆေးဝါးများနဲ့ အခြားဆေးပစ္စည်းများ ပြတ်လပ်မှု အတော်လေးဆိုးရွားနေပါတယ်။
#World_Politics
Published 7 November 2024
#အစ္စရေးလ်တိုက်ခိုက်မှုများ #ဂါဇာဆေးပစ္စည်းများပြတ်လပ်
#YMG #Yangon_Times #Yangon_Media_Group
၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ မြန်မာနိုင်ငံကို အရေးကြီးအနေအထားတစ်ခုအဖြစ် တရုတ်နိုင်ငံက အမြဲတမ်းထားရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားလိုက်ပါတယ်။ တရုတ် နိုင်ငံ ကူမင်းမြို့မှာ ရှစ်ကြိမ်မြောက် မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က အဲသလိုပြောကြားခဲ့ တာဖြစ်ပါတယ်။
#World_News
Published 07 November 2024
▪️ ဒေါ်နယ်ထရမ့်က ယခုနှစ်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အနိုင်ရခဲ့ရာမှာ စပိန်လူမျိုးများ၊ ငယ်ရွယ်သူများ၊ ကောလိပ်ဘွဲ့မရတဲ့ အမေရိကန်လူမျိုးများကြား ထောက်ခံမှု အများအပြား ရရှိခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးမှာ မဲအသာရခဲ့ပါတယ်။
▪️ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမား ထရမ့်က စည်းရုံးရေးဆင်းရာမှာ အလုပ်သမားတွေကို ကမ္ဘာ့စီးပွားရေး ယှဉ်ပြိုင်မှုကနေ ကာကွယ်ပေးလို့ ကတိပေးခဲ့ကာ အခွန်ဖြတ်တောက်ရေး ကမ်းလှမ်းချက် အမျိုးမျိုးကိုလည်း ချပြခဲ့ပြီး အလုပ်သမား လူတန်းစားများနဲ့ လူဖြူမဟုတ်တဲ့ အမေရိကန်လူမျိုးများကြောင့် နေရာအနှံ့မှာ မဲအသာရခဲ့တာ ဖြစ်ပါတယ်။
▪️ စပိန်လူမျိုး မဲပေးသူများကြား ထရမ့်ကိုမဲပေးမှုက ၁၄ ရာခိုင်နှုန်း ကွာခြားခဲ့ပြီး စပိန်လူမျိုးအဖြစ် ဖော်ပြထားတဲ့သူ ၄၆ ရာခိုင်နှုန်းလောက်ဟာ ထရမ့်ကို ရွေးချယ်ခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ၃၂ ရာခိုင်နှုန်းရှိရာကနေ မြင့်တက်လာပါတယ်။
▪️ စပိန်လူမျိုးတွေဟာ ဆယ်စုနှစ်တွေကြာအောင် ဒီမိုကရက်ဘက်ကို များစွာထောက်ခံခဲ့ပေမယ့် ယခုနှစ်မှာတော့ ရီပတ်ဘလစ်ကန် သမ္မတလောင်းကို ရွေးချယ်မှုများခဲ့ပါတယ်။
▪️ မဲပေးသူတွေထဲမှာ စပိန်လူမျိုး ၂၀ ရာခိုင်နှုန်းကျော်ရှိတဲ့ ခရိုင်တွေမှာ ၂၀၂၀ ဘိုင်ဒင်နဲ့ ယှဉ်ပြိုင်တုန်းကထက် ထရမ့်က ၁၃ မှတ် ပိုများလာခဲ့ပါတယ်။
▪️ စပိန်လူငယ်များဟာ ဒီမိုကရက်တွေကို နှစ် ၅၀ တိုင်အောင် မဲပေးလာခဲ့တဲ့ ယင်းတို့ရဲ့ ဘိုးဘေးတွေလို မစဉ်းစားတော့ဘူးလို့ ရီပတ်ဘလစ်ကန် မီဒီယာသမား ဂျီယန်ကာလိုဆိုပိုက ပြောသွားပါတယ်။
▪️ ထရမ့်ဟာ သူ့ရဲ့နိုင်ငံရေး သမိုင်းတလျှောက် လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်နေကာ အမေရိကန်မှာ တရားမဝင် နေထိုင်နေတဲ့သူအများအပြားကို ထွက်ခွာစေဖို့ ကတိပြုထားပါတယ်။
▪️ စစ်တမ်းဖြေကြားသူ စပိန်လူမျိုးတွေထဲက ၄ ပုံ ၁ ပုံက နိုင်ငံထဲမှာ မှတ်တမ်းမှတ်ရာမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုကို နေရပ်ပြန်စေချင်ကြတယ်လို့ ပြောကြပါတယ်။
▪️ အမေရိကန်မှ အလုပ်သမားလူတန်းစားထဲမှာ လူဖြူတွေထက် စပိန်အမေရိကန်တွေ ပိုများနေပြီး ထိုထဲကအများစုက ဘွဲ့မရသူတွေ ဖြစ်ပါတယ်။
▪️ နိုင်ငံရေးမှာ အရေးကြီးဆုံးက မိသားစုတန်ဖိုး၊ ဘဝဦးစားပေးရေးနဲ့ ဘာသာရေးတို့ဖြစ်ပြီး ကာမယ်လာဟားရစ်က ဒီတန်ဖိုးတွေ မယူဆောင်နိုင်ဘူး ထင်မြင်ကြောင်း အသက် ၂၈ နှစ်အရွယ် လာဂူနာက ပြောပြပါတယ်။
▪️ ဒါ့အပြင် ယခင်ဒီမိုကရက်တစ်တွေ အနိုင်ရခဲ့စဉ် အရေးပါခဲ့တဲ့ မြို့ကြီးတွေမှာလည်း ထရမ့်အသာရလာပါတယ်။
Source: Reuters
Page 163 of 973