#DailyNews
Published _ 26 December 2022
၁။ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန်ချောပစ္စည်း အများဆုံးတင်ပို့ထား
၂။ နှစ်သစ်ကူးအလှူအဖြစ်နွမ်းပါးသည့် မိဘမဲ့နားမကြားသောကလေးငယ်များအတွက် လှူဒါန်းနိုင်
၃။ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပိတ်ထားမှုကြောင့် ထိုင်းဘက်မှ ကြက်သွန်ဝယ်လိုအားလျော့နည်းလာ
၄။ တူရကီငွေကြေးတန်းဖိုးကျဆင်းလာသော်ငြား ဆံပင်အစားထိုးခွဲစိတ်လုပ်ငန်းကျယ်ပြန့်အောင်မြင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Military
Published 26 December 2022
ယူကရိန်းထံသို့ ထောက်ပံ့ပေးပို့ရန်ကတိပြုထားတဲ့ အမေရိကန်တို့ရဲ့ Patriot ဒုံးကျည်တွေကို ရုရှားတပ်များက ဖျက်ဆီးပစ်နိုင်မယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ကြောင်း ရုရှညးသမ္မတ'ဗလာဒီမာပူတင်'က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့အပြင် အမေရိကန်ကွန်ဂရက်လွှတ်တော်မှာလည်း 'ဇယ်လန်စကီ'ပြောကြားခွင့်ရခဲ့ပါတယ်။
ရုရှားက ယူကရိန်းကိုကျူးကျော်ခါစ လတွေမှာ နယ်မြေတွေသိမ်းပိုက်နိုင်ခဲ့ပေမယ့် ယူကရိန်းဘက်မှ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်လာတာကြောင့် ရုရှားတပ်များအနေနဲ့ နယ်မြေများစွာမှ ဆုတ်ခွာလာကြရပါတယ်။
ယူကရိန်းဟာ အနောက်နိုင်ငံများထံမှ ဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ အကူအညီများ ရရှိထားကာ ရုရှားကိုခုခံရာမှာ ထိရောက်မှုရှိပြီး နောက်ထပ်အကူအညီတွေလည်း ရရှိဦးမှာဖြစ်ပါတယ်။
တနင်္ဂနွေနေ့က 'ပူတင်'ပြောကြားရာမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ရုရှားဘက်က အဆင်သင့်ဖြစ်နေပေမယ့် ယူကရိန်းဘက်ကသာ ဆွေးနွေးဖို့ စိတ်မဝင်စားတာဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။
"လက်ခံနိုင်လောက်စရာ နည်းလမ်းများဖြင့် ပါဝင်ပတ်သက်သူတိုင်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကျုပ်တို့ကအသင့်ရှိနေပေမယ့် ယူကရိန်းအပေါ်သာ မူတည်ပါတယ်၊ ကျုပ်တို့က မညှိနှိုင်းချင်တာ မဟုတ်ပါဘူး၊ ယူကရိန်းကသာ ညှိမရဖြစ်နေတာပါ" လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ပဋိပက္ခအများစုက ညှိနှိုင်းရင်း အဆုံးသတ်သွားကြပေမယ့် CIA ရဲ့ အကဲဖြတ်ချက်အရ ရုရှားတို့က စစ်ပွဲအဆုံးသတ်ဖို့ အတည်တကျဆွေးနွေးချင်တဲ့ပုံ မပေါ်ဘူးလို့ CIA ညွှန်ကြားရေးမှူး'ဝီလျံဘန်းစ်'က ယခုလအတွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်က ရုရှားကို အမှုန့်ကြိတ်ပစ်ဖို့ ကြိုးစားနေတာကြောင့် ရုရှားက ဖြစ်သင့်တာကို လုပ်ဆောင်နေရတာဖြစ်တယ်လို့ 'ပူတင်'က ဆိုပါတယ်။
ရုရှားပြိုလဲဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆန်ခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#World_Science
Published 26 December 2022
လူသန်းပေါင်းများစွာခံစားနေရတဲ့ အယ်လ်ဇိုင်းမားရောဂါရှာဖွေရေးနည်းလမ်း တိုးတက်ရေးအတွက် Sysmex Corporation ကုမ္ပဏီကထုတ်လုပ်တဲ့ သွေးစစ်ဆေးကိရိယာပစ္စည်းကို ဂျပန်က အတည်ပြုလိုက်ပြီလို့ ကြာသပတေးနေ့က ဆိုပါတယ်။
လက်ရှိရှာဖွေရေးနည်းလမ်းတွေက ဈေးကြီးပြီး ခန္ဓာကိုယ်ထဲရှာဖွေနေရတာကြောင့် ကုမ္ပဏီကနေ လူအများတတ်နိုင်တဲ့ ဈေးနှုန်းဖြင့် ပရိုတိန်းစုပြုံလာခြင်းကို ရှာဖွေနိုင်မယ့် ပစ္စည်းကိရိယာကိုတည်ထွင်လိုက်ကာ ဈေးကွက်ထဲအမြန်ဆုံးဖြန့်ဖြူးနိုင်ဖို့ ကြိုးစားနေပါတယ်။
"အယ်လ်ဇိုင်းမားရောဂါရှာဖွေရာမှာ ဦးနှောက်ထဲက အမိုင်လွိုက်ပရိုတိန်းစုပြုံလာခြင်းကို ပိုမိုလျင်မြန်လွယ်ကူစွာရှာဖွေနိုင်စေတဲ့ နည်းပညာကို Sysmex က ထုတ်လုပ်နေပါတယ်" လို့ ကုမ္ပဏီက ပြောကြားလိုက်ပါတယ်။
သမားရိုးကျစမ်းသပ်နည်းတွေနဲ့ မတူတာက အခုပစ္စည်းဟာ သွေးဖြင့်စမ်းသပ်တာဖြစ်ပြီး လူနာကို သိပ်ပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေမှာ မဟုတ်ပါဘူး။
အယ်လ်ဇိုင်းမားရောဂါဆိုတာက လူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကိုဖျက်ဆီးပစ်တဲ့ ရောဂါဆိုးပါ။
အဓိကပရိုတိန်း ၂ မျိုးက စုပြုံလာကာ ဦးနှောက်ဆဲလ်တွေ သေစေပြီးတော့ ဦးနှောက်ကျုံ့သွားစေပါတယ်။
ဒီနည်းပညာသာ အောင်မြင်မယ်ဆိုရင် အယ်လ်ဇိုင်းမားနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းဆိုင်ရာ အခြားရောဂါတွေကို ရှာဖွေရာမှာ အပြောင်းအလဲဖြစ်လာမှာဖြစ်ကြောင်း အမေရိကန်အခြေစိုက် အယ်လ်ဇိုင်းမားအဖွဲ့အစည်းက ပြောလိုက်ပါတယ်။
လက်ရှိအရေးတကြီးလိုအပ်နေတာက ဒီရောဂါကိုရှာဖွေဖို့အတွက် ဈေးနှုန်းချိုသာပြီး ရိုးရှင်းလွယ်ကူတဲ့ ရှာဖွေရေးကိရိယာတွေ ဖြစ်ပါတယ်။
ဒီရောဂါကို ထိရောက်စွာရှာဖွေနိုင်မယ့် နည်းလမ်းကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနဲ့ သုတေသီများ ကြိုးစားတီထွင်နေကြပါတယ်။
Source: WION
#Yangon_Media_Group
#World_Health
Published 26 December 2022
အိန္ဒိယမှအမျိုးသမီးတစ်ဦးဟာ လပေါင်းများစွာ ခါးနာခြင်းဝေဒနာခံစားခဲ့ရပြီးနောက် အိန္ဒိယမှဆရာဝန်များမှ သူမရဲ့သည်းခြေအိတ်ကနေ ကျောက် ၃၈၂ လုံး အံ့အားသင့်ဖွယ် ထုတ်ယူရရှိခဲ့ပါတယ်။
ဟာရဲယာရွာမှ 'ယာရှိုဒါဘိုင်'လို့ခေါ်တဲ့ လူနာဟာ နောက်ကျောကနေ နာကျင်မှုပြင်းထန်စွာ ခံစားရပြီးနောက် တစ်ခုခုဖြစ်နေပြီဆိုတာကို သိရှိခဲ့ပါတယ်။
ရင်ဘတ်အောင့်ခြင်းလည်း ခံစားခဲ့ရပေမယ့် ဘာကြောင့်ဖြစ်လဲဆိုတာကို မသိခဲ့ရပါဘူး။
နောက်မှသာ သည်းခြေအိတ်မှာ ကျောက်တည်နေတာကို သိလာရပါတယ်။
နာကျင်မှုသက်သာဖို့ ဆေးခန်းသွားပြပေမယ့် ဝေဒနာအရင်းအမြစ်ကိုသိရအောင် မိသားစုက ဆေးရုံကိုခေါ်သွားခဲ့ပါတယ်။
ဓာတ်မှန်ရိုက်ကြည့်ရာမှာ သူ့ရဲ့သည်းခြေအိတ်မှာ ကျောက် ၃၈၂ လုံးရှိနေကာ အချို့ဆိုရင် ၁ စင်တီမီတာလောက်ရှိပါတယ်။
သည်းခြေကျောက်လို့ခေါ်ပြီး အစာအိမ်အူလမ်းကြောင်းမှ ပိုလျှံလာတာတွေက သည်းခြေအိတ်ထဲမှာ စုပြုံမာကျောလာတာဖြစ်ကြောင်း မိုင်ယိုဆေးခန်းက ဆိုပါတယ်။
သည်းခြေကိုလက်စ်ထရောပမာဏ အလွန်များပြားပြီး ကိုလက်စ်ထရောအပိုအလျှံတွေက မာကျောလာတဲ့အခါ ကျောက်တည်လာတာဖြစ်ပြီး ဆန်စေ့ကနေ ဂေါက်သီးအရွယ်အစားထိ ရှိနိုင်ပါတယ်။
အချို့လူတွေမှာ ကျောက်တစ်ခုနှစ်ခုသာ ရှိတတ်ပေမယ့် အချို့မှာတော့ တပြိုင်တည်းမှာ ကျောက်အများကြီးဖြစ်တတ်ပါတယ်။
ဆရာဝန်တွေက နှစ်နာရီကြာအောင် ခွဲစိတ်မှုလုပ်ခဲ့ရာမှာ ကံကောင်းစွာဖြင့် သည်းခြေကျောက်တွေကို တစ်ခုပြီးတစ်ခုဖယ်ရှားနိုင်ခဲ့ပါတယ်။
ခွဲစိတ်မှုပြုလုပ်ပြီးနောက် လူနာမှာ ပြန်လည်သက်သာလာပြီဖြစ်ပါတယ်။
ယခုဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်က နောက်ထပ်အိန္ဒိယအမျိုးသမီးမှာပဲ ကျောက် ၂ ထောင်ကျော်တွေ့ရှိခဲ့တာထက်စာရင်တော့ မများပါဘူး။
Source: NY Post
#Yangon_Media_Group
Published 25 December 2022
ကြောက်စရာကောင်းလှတဲ့ ဆောင်းမုန်တိုင်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ နေရာအစိတ်အပိုင်းတွေကို ဆက်လက် ထုထောင်းနေပါတယ်။
အင်အားပြင်းလှတဲ့ အာတိတ်လေတွေကြောင့် စနေညနေခင်းမှာ လူသန်းပေါင်းများစွာ လျှပ်စစ်မီးမရရှိဘဲနေထိုင်နေကြရပါတယ်။
ဆောင်းမုန်တိုင်းနှင့်အတူ နယူးယောက်ပြည်နယ် ဘတ်ဖလိုမြို့တစ်လျောက်မှာ ထူထပ်တဲ့ နှင်းတွေ ကျဆင်းနေပါတယ်။အရေးပေါ်လုပ်ငန်းတွေကို မြူနီစပါယ်ဒေသ(၈)ခုမှာ လုပ်ဆောင်လို့မရဘဲဖြစ်နေပြီး ဒေသခံတွေ အိမ်ထဲမှာပဲနေကြဖို့ ဘတ်ဖလိုအများကောင်စီက တွစ်တာမှာကြေညာထားပါတယ်။
Source AFP
#US_Winter_Storm
#Climate_Change
Published 25 December 2022
၁၂၄ကြိမ်မြောက်မဲခေါင်မြစ် ပူးတွဲကင်းလှည့်မှုကို တရုတ်၊လာအို၊မြန်မာနှင့် ထိုင်းနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် သောကြာနေ့က ပြီးဆုံးခဲ့ပါတယ်။ အဲဒီပူးတွဲကင်းလှည့်ရာမှာ ပါဝင်ခဲ့တဲ့ တရုတ်ရေယာဉ် လေးစီးဟာ အနောက်တောင်ယူနန်ပြည်နယ်က ကွမ်လေးဆိပ်ကမ်းကို ပြန်လည်ဆိုက်ကပ်ရောက်ရှိခဲ့ပါတယ်။
အဆိုပါ (၄)ရက်ကြာ ပူးတွဲကင်းလှည့်လည်ရာမှာ နိုင်ငံပေါင်းလေးနိုင်ငံမှ ရေယာဉ်(၆)စီးဖြင့် ကွမ်လေဆိပ်ကမ်းမှ ရွှေတြိဂံအနီးရေပြင်အထိ ၅၂၀ကီလိုမီတာကို ခုတ်မောင်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေရာတစ်ဝိုက်ဟာ မူးယစ်ဆေးဝါးထုတ်လုပ်ကုန်ကူးမှု နာမည်ဆိုးဖြင့်ကျော်ကြားနေတဲ့နေရာတွေပါ။
ကင်းလှည့်ခရီးအတွင်း အဆိုပါနိုင်ငံလေးနိုင်ငံမှ အဖွဲ့တွေဟာ "Watch-2022" လေ့ကျင့်ခန်းတွေကိုပါပူးတွဲဆောင်ရွက် ခဲ့ပါတယ်။ လေ့ကျင့်ခန်းတွေမှာ ပူးတွဲစစ်ဆင်ရေးကို ကျယ်ပြန့်စွာ စစ်ဆေးခြင်း၊တိုးမြှင့်ဆောင်ရွက်ခြင်း၊ အရေးပေါ် တုန့်ပြန်ခြင်းနှင့် တိုက်ပွဲအသင့် စွမ်းရည်တွေပူးပေါင်းဆောင်ရွက်ခြင်းတို့ပါဝင်ခဲ့ပါတယ်။
မဲခေါင်မြစ်ဟာ တရုတ်တို့က လန်ချန်းလို့ခေါ်တဲ့မြစ်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော် ရေကြောင်းသွားလားမှုအတွက် အရေးပါတဲ့ ရေပြင်တစ်ခုဖြစ်ပါတယ်။
၂၀၁၁ခုနှစ် ဒီဇင်ဘာလကတည်းက အဆိုပါနိုင်ငံလေးနိုင်ငံဟာ ပူးတွဲကင်းလှည့်မှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော် မဲခေါင် လေးနိုင်ငံ ဥပဒေစိုးမိုးရေးဌာနတွေရဲ့ ပူးတွဲကင်းလှည့်မှုတွေကြောင့် အမှားကင်းစင်ပြီး ထိခိုက်မှု၊ပြီးတော့ မြစ်ကြောင်းထဲအပိုင်စီးမှုတွေ တစ်ခုမှမဖြစ်ခဲ့တဲ့အတွက် နိုင်ငံတကာ ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်တဲ့ ပုံစံတစ်ခုဖြစ်လာခဲ့ရပါတယ်။
Source: CCTV+
#The_124th_joint_Mekong_River_patrol
#Joint_patrol_Myanmar_Mekong
#Myanmar_Politics
Published 25 December 2022
ဒါမျိုးကတော့ အသေအချာကို နစ်နာကြေးပေးရမယ့်ကိစ္စဖြစ်ပါတယ်။
ပြင်သစ်ဆေးရုံတစ်ရုံဟာ အမျိုးသားတစ်ဦးကို ဆက်တိုက်မှားယွင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးမှာ မလိုအပ်ဘဲ သူ့ရဲ့ လိင်အင်္ဂါတစ်ခုလုံးကို ဖြတ်တောက်လိုက်ရတဲ့အခြေအနေဆိုက်ရောက်သွားခဲ့ရကာ သူ့မှာ ဘာတစ်ခုမှ အာရုံ ခံစားမှုမရှိတော့တဲ့ ဘဝနှင့်ကျန်ရစ်ခဲ့ရတာကြောင့်လို့ ဆိုပါတယ်။
အဲဒါကြောင့် အဲဒီအတွက် နန်တေးစ် အုပ်ချုပ်ရေးခုံရုံးက သူ့လိင်အင်္ဂါအတွက် လျော်ကြေးပေးစေလို့ ဆုံးဖြတ်ခဲ့တာပါ။
“ ဒီဆရာဝန်ကို ကျွန်တော် အတော်မုန်းတယ်ဗျာ။ ကျွန်တော်ပြောစကားကို သူနားမထောင်ဘူး” လို့ အမည်မဖော်ပြလိုတဲ့ အဲဒီအမျိုးသားက ပြည်တွင်းကသတင်းစာ ဖရန့်ဘလူးကို ပြောပါတယ်။ နန်တေးတက္ကသိုလ်ဆေးရုံက လိင်ပိုင်းဆိုင်ရာ ဆက်စပ်တယ်လိုဆိုတဲ့ နည်းစဉ်တစ်ခုကို ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့ပါတယ်။ “ သူက ကျွန်တော်နှင့် ရုရှား ရူလက် (ကိန်းဂဏန်းကစားပွဲ)ကစားလိုက်တာပဲဗျ” လို့ သူကဆက်ပြောပါတယ်။
ကလေး(၃)ယောက်ရဲ့ဖခင်ဖြစ်တဲ့သူဟာ အဲဒီတုန်းက အသက်၃၀ အရွယ်ပါ။ သူ့ဆီမှာ အက်ပီသီလယမ် တစ်သျှူး တွေ ဖြစ်စေတဲ့ ကင်ဆာအကျိတ် ရှာတွေ့ ခဲ့တာပါ။ အဲဒါက လူတစ်ဦးရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ တည်ရှိတာဖြစ်တယ်လို့ ကလဲဗားလန်းဆေးခန်းကပြောပြပါတယ်။
အဲဒီအခြေအနေကို ပျောက်ကင်းအောင်ကုသဖို့အတွက်ကြိုစားတဲ့အနေနှင့် ဆေးရုံမှာရှိတဲ့ ဆီးစွန့်အင်္ဂါပိုင်းဆိုင်ရာ ဆရာ ဝန်က သူရဲ့လိင်အင်္ဂါကို ထိခိုက်မှုအနည်းဆုံးဖြစ်စေအောင်ဆောင်ရွက်ပေးရင်း သူ့ရဲ့အကျိတ်ကို လှီးထုတ်လို့ရသလောက် လှီးထုတ်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ကံမကောင်းခဲ့ပါဘူး။
ဆက်တိုက်ချို့ယွင်းစွာဆောင်ရွက်ခဲ့တဲ့အတွက် ကင်ဆာဟာ သူ့ရဲ့ လိင်အင်္ဂါဘက်ရွှေ့ပြောင်းသွားပါတယ်လို့ နန်တေး အုပ်ချုပ်ရေးခုံရုံးကပြောပါတယ်။
အဲဒီလိုကင်ဆာရွှေ့သွာတးဲ့အတွက် သူ့မှာ အင်မတန်မှ နာကျင်တဲ့ ဒဏ်ကိုခံစားရပါတယ်။ တစ်ခါတုန်းကဆိုရင် နာကျင်လွန်းလို့ သူ့ပစ္စည်းကို သူကိုယ်တိုင်တောင် ဖြတ်ထုတ်ပစ်ဖို့ စဉ်းစားမိသေးတယ်လို့ သူက ပြောပြပါတယ်။
“ ကျွန်တော့်မိန်းမက မလုပ်ဖို့တားတယ်။ ကျွန်တော့်မှာဖြတ်တဲ့ဓားရှိတယ်။ ဘက်တဒင်း Betadine ရှိတယ်။ ကျွန်တော် ကိုယ်တိုင် ဂိုဒေါင်ထဲမှာ ပြင်ဆင်နေခဲ့တာ” လို့ သူက ပြင်သစ်အနောက်ပိုင်းဒေသလေနှင့်ပြောပါတယ်။
တစ်နှစ်တာပတ်လုံး သူ့ရဲ့ ဖိုအင်္ဂါထဲက ကင်ဆာကျိတ်ဟာ ခဏချင်းကြီးထွားလာပါတယ်။ အဲဒါကြောင့် လိုင်ယွန်မှာနေတဲ့ ဆရာဝန်တစ်ဦးက သူ့အနေနှင့် သူ့ပစ္စည်းကိုဖြတ်ထုတ်ပစ်လိုက်တာကလွဲပြီး အခြားရွေးစရာမရှိတော့ဘူးလို့ သူ့ကိုပြောပါတယ်။အဲသလိုသူအဖြတ်ခံမလား အသက်အသေခံမလားလို့ ဆရာဝန်ကပြောပါတယ်။
အဲဒါကြောင့် သူတို့က သူ့ရဲ့ပစ္စည်းကိုဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်? “ ဒါပေမယ့် သူ(ဆရာဝန်)က အားလုံးကို ဖြတ်ထုတ်ပစ်လိုက်တာခင်ဗျ” လို့ သူကပြောပါတယ်။သူက အတံအရင်းကနေဖြတ်ပစ်လိုက်ပြီး ဝှေးစေ့တွေပဲ ချန်ထားခဲ့တာ” လို့ သူကပြောပါတယ်။
“အတော့်ကို ကျွန်တော်ဝမ်းနည်းပက်လက်ဖြစ်ရတယ်။ တကယ့်ကိုရှက်မိတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
“ လိင်တံရဲ့ ခံစားနိုင်စွမ်းကို ဘယ်လိုအာရုံခံကိရိယာ အမျိုးမျိုးနှင့်မှ အစားထိုးလို့မရဘူးခင်ဗျ” လို့ သူကပြောပါတယ်။
လိင်အင်္ဂါတစ်ခုလုံးကို ဖြတ်တောက်ပစ်ရတဲ့အထိ ဦးတည်သွားစေတဲ့ မှားယွင်းစွာဆောင်ရွက်ခဲ့မှုတွေအတွက် နစ်နာကြေး ယူရို ၆၁၀၀၀ (အမေရိကန်ဒေါ်လာ ၆၄၇၅၄) ကို သူ့အနေနှ၍့် အဲဒီကတည်းက ရရှိခဲ့ပါတယ်လို့ ဖရန့်ဘလူးသတင်းစာကရေးသားပါတယ်။
သူ့ရဲ့ရှေ့နေ မီဂျော့ ပါရာစတက်တစ်က ကနဦးတုန်းက ယူရိုတစ်သန်းအထိ နစ်နာကြေးနှင့်တရားစွဲဆိုခဲ့ပေမယ့် ပြင်သစ် တရားရုံးက အဲဒါကိုပယ်ချခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ အောက်ခြေမှာ ပြန်ပြီး နစ်နာမှုအနေနှင့် အယူခံဝင်ခဲ့ပါတယ်။
“ စိတ်ပိုင်းထိခိုက်ပျက်စီးမှုဟာ တွက်ချက်လို့မရနိုင်ဘူး” လို့သူကပြောပါတယ်။
ကံကောင်းတာတစ်ခုကတော့ နှစ်ပေါင်းများစွာ အပြင်းအထန်ကုသမှုခံယူပြီးတဲ့နောက် အဲဒီအမျိုးသားရဲ့ကင်ဆာဟာ လုံးဝကင်းစင်သွားတာပဲဖြစ်ပါတယ်။
Source: NYTIMES
#Man_awarded_$65K_after_doctor_removes_penis
#Men_health
#Strange_News
Page 661 of 983