Published_ 23 September 2023
စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ဟာ ၂၀၂၄ မှစတင်ပြီး စက်စနစ်လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုစနစ်ကို အသုံးပြုကာ ပတ်စ်ပို့ကင်းလွတ်ခွင့်ဖြင့် သွားလာနိုင်ရန် စီစဥ်နေကြောင်း CNN မှ ဖော်ပြခဲ့ပါတယ်။
မျက်နှာမှတ်သားစနစ် အချက်အလက်များကိုသာ အသုံးပြုပြီး စင်္ကာပူကနေ ခရီးသည်တွေ ပတ်စ်ပို့မလိုအပ်ဘဲ ထွက်ခွာလို့ရမယ့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ထိုကြေညာချက်ကို စင်္ကာပူ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဂျိုဆက်ဖင်းထယ်အိုက တနင်္လာနေ့က ပါလီမန်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြောင်းလဲမှုအများအပြား အတည်ပြုနိုင်ခဲ့ပါတယ်။
ပတ်စ်ပို့မလိုအပ်သည့် စက်စနစ် လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုကို စတင်မိတ်ဆက်မယ့် ကမ္ဘာ့နိုင်ငံအနည်းစုထဲမှာ စင်္ကာပူအပါအဝင် ဖြစ်လာလိမ့်မယ်လို့ ပြောကြားသွားပါတယ်။
မျက်နှာမှတ်သားခြင်း ဆော့ဖ်ဝဲစနစ်ဖြင့် ဘိုင်အိုမက်ထရစ်နည်းပညာကို ချန်ဂီလေဆိပ် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်များရှိ အချို့လမ်းကြောင်းတွေမှာ အတိုင်းအတာတစ်ခုအထိ အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ယခုပြောင်းလဲချက်များအရ ခရီးသည်များဟာ စစ်ဆေးရေးဂိတ်တွေမှာ သွားလာရေး မှတ်တမ်းများ အကြိမ်ကြိမ်ပြသနေစရာ မလိုအပ်တော့ဘဲ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ထယ်အိုက ဆိုခဲ့ပါတယ်။
ခရီးဆောင်အိတ် တင်ချရေးနေရာကစလို့ လူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းခွင့်နေရာများ၊ လေယာဥ်ပေါ်တက်သည်အထိ စက်စနစ်စစ်ဆေးရေးနေရာများမှာ မျက်နှာမှတ်သားစနစ်ဖြင့် ဖြတ်သန်းခွင့်အမှတ်အသား ပြုလုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။
ပတ်စ်ပို့ကင်းလွတ်ဖြတ်သန်းမှု မရှိသေးတဲ့ ပြင်ပနိုင်ငံများမှာတော့ ပတ်စ်ပို့လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
စင်္ကာပူမှ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး လေဆိပ်အဖြစ် မကြာခဏ သတ်မှတ်ခံရသလို အသွားအလာ အများဆုံးလေဆိပ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
လေဆိပ်ထဲမှာပဲ ဆိုက်ရောက်ရာနေရာတစ်ခု ရှိသလို အဆောက်အအုံဂိတ် ၄ ခုရှိပါတယ်။
ခရီးသည်များပြားလာတာနဲ့ ကိုက်ညီမှုရှိစေဖို့ နောက်ထပ်အဆောက်အအုံဂိတ်တစ်ခုကို တိုးချဲ့သွားဖို့ စီစဥ်ထားပါတယ်။
ချန်ဂီလေဆိပ်က ကိုဗစ်မတိုင်မီကာလကလိုမျိုး ခရီးသည်အများအပြားနဲ့ လေကြောင်းခရီးစဥ်များ ရရှိရန် ရည်ရွယ်ထားပြီး မကြာမီအသုံးပြုမယ့် မျက်နှာမှတ်သားစနစ်ဖြင့် ခရီးသည် ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
‘’ကျွန်မတို့ရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်က များပြားလှသော ခရီးသည်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေး ဖြစ်စေရန်နဲ့ လုံခြုံဘေးကင်းစိတ်ချစွာဖြင့် ဖြတ်သန်းခွင့်ရရှိရန် ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published 23 September 2023
လင်းနို့တွေမှာ ကင်ဆာကုသနိုင်တဲ့ အရေးကြီးလျှို့ဝှက်ချက်များ ရှိနေနိုင်တယ်လို့ လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
လင်းနို့တွေရဲ့ လျင်မြန်စွာ ဆင့်ကဲပြောင်းလဲလာခြင်းက ရောဂါကူးစက်မှုတွေကို လက်ခံပြီး ရှင်သန်နိုင်စွမ်းရှိသလို ကင်ဆာကင်းဝေးစေနိုင်တဲ့ အကြောင်းအရင်းများကို သုတေသနမှာ ရှင်းလင်းထားပါတယ်။
ဂျမေကာလင်းနို့နဲ့ မီဆိုအမေရိကန်လင်းနို့တို့ကို လေ့လာခဲ့ကြပြီး Genome Biology and Evolution ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
လင်းနို့မျိုးကွဲ အမျိုးမျိုးနဲ့ အခြားနို့တိုက်သတ္တဝါများရဲ့ မျိုးရိုးဗီဇ တည်ဆောက်ပုံများကို နှိုင်းယှဥ်ခဲ့ပါတယ်။
လင်းနို့တွေမှာ မျိုးရိုးဗီဇ လိုက်လျောညီထွေဖြစ်တာမျိုး သိသိသာသာများနေပြီး ကင်ဆာနဲ့ ဆက်စပ်တာမျိုးက ၄၆ မျိုး ပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
လင်းနို့တွေရဲ့ မျိုးရိုးဗီဇ အချက်အလက်တွေကို နို့တိုက်သတ္တဝါတွေနဲ့ နှိုင်းယှဥ်ပြီး ဗိုင်းရပ်စ်သတ်ခြင်းနဲ့ ကင်ဆာဆန့်ကျင်ခြင်းနဲ့ဆိုင်တဲ့ မျိုးရိုးဗီဇတွေမှာ ထူးခြားစွာ လိုက်လျောညီထွေ ဖြစ်သွားတာတွေကို ဆက်လက်လေ့လာခဲ့တယ်လို့ အမေရိကန်မှ ဒေါက်တာအာမင်ရှာဘင်က ပြောပြခဲ့ပါတယ်။
ဒီလေ့လာမှုတွေဟာ လင်းနို့တွေရဲ့ ထူးခြားတဲ့ဇီဝဖြစ်စဥ်ကနေ လူသားတွေမှာ ကင်ဆာလိုမျိုးရောဂါတွေ ကုသဖို့ အခွင့်အလမ်းတွေ သိရှိလာစေရန် ပထမခြေလှမ်းဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
Source: The Sun.
#World_Science
#YMG #Yangon_Times #Yangon_Media_Group
Published_ 23 September 2023
ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်ဟာ ၅၀ - ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပါတယ်။
WHO အဖွဲ့အစည်းကလည်း အဆိုပါမျိုးမပွားနိုင်တဲ့ ပြဿနာကို ကမ္ဘာ့လုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားပါတယ်။
ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ အာဟာရဓာတ် မလုံလောက်တာကလည်း တစ်ခုအပါအဝင် ဖြစ်နေပါတယ်။
ဒါကြောင့် အမျိုးသားများအနေနဲ့ သုတ်ပိုးကျန်းမာရေး ကောင်းမွန်စေရန် ရှောင်ရှားသင့်တဲ့ အစားအစာများအကြောင်း ဖော်ပြထားပါတယ်။
(၁) ပဲပိစပ်ထုတ်ကုန်များ
ပဲပိစပ်ဟာ အာဟာရဓာတ် ပြည့်ဝပေမယ့် ကိုယ်ဝန်ရချင်တယ်ဆိုရင်တော့ ရှောင်ရှားသင့်ပါတယ်။
သူ့ကြောင့် ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်း များပြားစေပြီး ကျားဟော်မုန်း လျော့နည်းစေကာ သုတ်ပိုးအရည်အသွေးနဲ့ အရေအတွက်ကို ထိခိုက်စေပါတယ်။
(၂) ဆိုဒါ၊ အားဖြည့်အချိုရည်များ
ဒီလိုအချိုရည်တွေကို နေ့စဥ်သောက်သုံးခြင်းဖြင့် သုတ်ပိုးရွေ့လျားနိုင်စွမ်းကို သိသိသာသာ လျော့ကျစေကာ သုတ်ပိုးအရေအတွက် ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။
ဒါ့အပြင် သကြားပါဝင်မှု မြင့်မားခြင်းကလည်း ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးဖိစီးမှုကို အားပေးပြီး DNA ကို ပိုပြီးထိခိုက်စေပါတယ်။
(၃) စည်သွပ်ဗူးများ
စည်သွပ်ဗူး အစားအစာတွေမှာ ပါဝင်တဲ့ ဘိုင်စဖီနောလ်(Bisphenol)က ပဲပိစပ်လိုမျိုးပဲ အီစထရိုဂျင်ကိုများစေပြီး ကျားဟော်မုန်း တက်စ်တိုစတီရုန်းကို လျော့နည်းစေပါတယ်။
(၄) အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ
နို့ထွက်ပစ္စည်းတွေက ကျန်းမာရေးအတွက် အလွန်သင့်လျော်တယ်လို့ ထင်ရပေမယ့် ဒိန်ခဲနဲ့ မလိုင်ပြည့်နို့တွေကတော့ မျိုးပွားနိုင်စွမ်းအပေါ် ဆိုးကျိုးဖြစ်စေပြီး သုတ်ပိုးလှုပ်ရှားနိုင်စွမ်းနဲ့ အရေအတွက်ကို ထိခိုက်စေပါတယ်။
(၅) အဆင့်ဆင့်ထုတ်လုပ်ထားသော အသားများ
အဆင့်ဆင့်ထုပ်ပိုး ထုတ်လုပ်ထားတဲ့ အသားတွေဟာ အရသာရှိတာမှန်ပေမယ့် သုတ်ပိုးအရေအတွက်ကို လျော့နည်းစေပြီး သုတ်ပိုးလှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေပါတယ်။
ကြက်သားစားသုံးခြင်းနဲ့ သုတ်ပိုးကျန်းမာရေး ထိခိုက်မှုတို့ကြား ဆက်စပ်မှုကိုတော့ မတွေ့ရှိထားပါဘူး။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား
တရုတ်နိုင်ငံက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာမှာ ခြင်ဖမ်းစက်ရုပ်၊ AR ဘတ်စ်ကားများ၊ ချောကလက် 3D ပရင်တာစတဲ့ အဆင့်မြင့်နည်းပညာများကို ပြသထားပါတယ်။
၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာတဲ့အချိန်မှာ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲရွာဟာ စနေနေ့က တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
#Published_ 22 September 2023
#Asia_Technology
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 September 2023
၁။ ရွှေတိဂုံတွင် Pagoda Digital Directory ထားရှိနိုင်အောင် ဆော့ဝဲလ်များပြင်ဆင်နေ၊
မုခ်လေးမုခ်တွင်Touch Screenများဖြင့် ထားရှိမည်ဟုဆို
၂။ ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
၃။ မုတ်သုန်ဆုတ်ခွာချိန်ဖြစ်၍ ဒေသအချို့တွင် မိုးပိုရွာမည်၊ လေဖိအားနည်းရပ်ဝန်းနှင့် မိုးသက်လေပြင်းများ တိုက်ခတ်နိုင်
၄။ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရာ ဟန်ကျိုးမြို့ အားကစားရွာတွင် နည်းပညာဆန်းသစ်တီထွင်မှုများ ပြသထား .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published_ 22 September 2023
အိန္ဒိယမှာရှိတဲ့ သံတမန်ရေးရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ အရေအတွက်အင်အားကို လျှော့ချရန် အိန္ဒိယအစိုးရက ကနေဒါကို တောင်းဆိုလိုက်ကြောင်း ပြောကြားလိုက်ပါတယ်။
ခါလစ္စတန်အကြမ်းဖက်သမား အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ဆောင်ရွက်မှုများ ဖြစ်ပေါ်နေကာ အိန္ဒိယအတွင်းရေးကိစ္စများမှာ ကနေဒါသံတမန်များ ဝင်ရောက်စွက်ဖက်တာကို အကြောင်းပြုပြီး ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယက ကနေဒါမှာ ဗီဇာဝန်ဆောင်မှုများ ဆိုင်းငံ့လိုက်ပြီးနောက် နာရီပိုင်းအကြာမှာပဲ ယခုလို ပြောကြားလိုက်တာဖြစ်ကာ အိန္ဒိယသို့သွားရောက်မယ့် ခရီးသည်ထောင်ပေါင်းများစွာကို သက်ရောက်စေခဲ့ပါတယ်။
အိန္ဒိယမှာရှိတဲ့ ကနေဒါသံတမန်ရေးရာ ပတ်သက်မှုက လိုအပ်တာထက် ပိုမိုကြီးမားစွာ သက်ရောက်နေပြီး အထိုက်အလျောက် လျှော့ချရန် လိုအပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘက်ဂ်ချီက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
‘’သံတမန်ရေးရာအင်အား မျှတစွာထားရှိသင့်ကြောင်း ကနေဒါအစိုးရကို အကြောင်းကြားထားပါတယ်။ ကနေဒါမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ သံတမန်အင်အားထက် သူတို့က အလွန်များပြားနေပါတယ်။
ဒီပမာဏကို လျှော့ချသင့်ပါတယ်’’ လို့ ပြောပြသွားပါတယ်။
ကနေဒါက အိန္ဒိယအတွင်းရေးမှာ သံတမန်ရေးအရ အမှန်တကယ်စွက်ဖက်နေတာ ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောပြသွားပါတယ်။
လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့် ယင်းတို့အရာရှိတွေရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး အဆိုပါဖြစ်ရပ်များကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ ဗီဇကိစ္စ မပြုလုပ်နိုင်ဖြစ်နေကြောင်း ဆိုပါတယ်။
ယခုလက်ရှိ ကနေဒါရဲ့ လုံခြုံရေးအခြေအနေနဲ့ ကနေဒါအစိုးရဘက်က ဆောင်ရွက်မှု မရှိတာတွေကြောင့် ဗီဇာဝန်ဆောင်မှုများ ယာယီရပ်တန့်ထားတယ်လို့ မစ္စတာဘက်ဂ်ချီက ပြောပြခဲ့ပါတယ်။
နိုင်ငံရေးနဲ့ ပတ်သက်ပြီး မုန်းတီးမှုများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ကနေဒါရှိ အိန္ဒိယလူမျိုးများရဲ့ ဘေးကင်းစိတ်ချရရေးကို စိုးရိမ်ပူပန်မိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားပြီးနောက်တစ်နေ့မှာပဲ အခုလို ဗီဇာဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယလူမျိုးဆန့်ကျင်ရေး အကြောင်းအရာများကို ဆန့်ကျင်တဲ့ အိန္ဒိယအသိုင်းအဝိုင်းများနဲ့ အိန္ဒိယသံတမန်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာကြတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေထက်မှာ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာပြီးနောက် အိန္ဒိယမှာရှိတဲ့ သံတမန်ပုဂ္ဂိုလ်များကို ညှိနှိုင်းပေးသွားမယ်လို့ ကနေဒါအထက်ကော်မရှင်က ပြောကြားထားပါတယ်။
ခါလစ္စတန်အကြမ်းဖက်သမား သတ်ဖြတ်ခံရတဲ့ကိစ္စမှာ အိန္ဒိယအေးဂျင့်များ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဂျက်စ်တင်ထရူဒေါက် စွပ်စွဲခဲ့ရာ အိန္ဒိယနဲ့ ကနေဒါဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 22 September 2023
အချိုရည်အေးအေးတွေကို လူအများကြိုက်နှစ်သက်ကြပေမယ့် ဘေးထွက်ဆိုးကျိုး များစွာရှိပါတယ်။
သကြားပါတာကြောင့် ဆီးချိုဖြစ်နိုင်ကာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။
အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို ပျက်စီးစေပြီး ခံတွင်းပြဿနာ ဖြစ်စေပါတယ်။
အချိုရည်တွေမှာ ဖော့စ်ဖရစ်အက်ဆစ် (H3PO4)လည်း ပါဝင်ကာ ဖော့စ်ဖောရပ်စ်များခြင်းနဲ့ ကယ်လ်စီယမ်နည်းပါးခြင်းတို့ကြား မညီမျှမှုဖြစ်စေကာ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ပမာဏ နည်းပါးစေပါတယ်။
အာဟာရပညာရှင် လိုဗ်နိဘာထရာက အရိုးပွရောဂါ မဖြစ်အောင် လိုအပ်တဲ့ အာဟာရဓာတ်များအကြောင်း ဖော်ပြခဲ့ပါတယ်။
(၁) မဂ္ဂနီဆီယမ် - အရိုးတည်ဆောက်မှုမှာ ပါဝင်ပြီး အရိုးသန်မာစေရန် အဓိကကဏ္ဍမှ ပါဝင်ပါတယ်။
(၂) ပိုတက်ဆီယမ် - ကျောက်ကပ်ရှိ ကယ်လ်စီယမ်ပမာဏကို ထိန်းညှိပေးပြီး အက်ဆစ်-ဘေ့စ် ညီမျှခြေကို ထိန်းသိမ်းပေးပါတယ်။
(၃) ဗိုက်တာမင်စီ - အသီးအနှံတွေမှာ တွေ့ရကာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရိုးကျိုးအက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၄) ဖော့စ်ဖရပ်စ် - ဖွံ့ဖြိုးကြီးထွားချိန်မှာ လိုအပ်တဲ့ ဖောာ့စ်ဖရပ်စ်က အရိုးဖွံ့ဖြိုးမှုအတွက် လိုအပ်ပြီး ဖော့စ်ဖိတ်ပမာဏ နည်းတဲ့အခါ အာဟာရပြတ်လပ်ခြင်းဖြစ်ပြီး အရိုးပွခြင်း ကျိုးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၅) ဗိုက်တာမင်ကေ - အစိမ်းရောင်အရွက်တွေမှာ တွေ့ရပြီး အရိုးပရိုတိန်းများကို လှုံ့ဆော်ပေးကာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၆) ဇင့် - အင်ဇိုင် ၂၀၀ ကျော်အတွက် အဓိကပါဝင်ပစ္စည်းဖြစ်ကာ ကော်လာဂျင်ဖွဲ့စည်းခြင်းနဲ့ အရိုးသတ္တုဓာတ်ဖြည့်ခြင်းတို့မှာ မရှိမဖြစ် အရေးကြီးပါတယ်။
(၇) ဗိုက်တာမင်ဘီ၁၂ - DNA ဖွဲ့စည်းခြင်းအတွက် လိုအပ်ကာ အရိုးတည်ဆောက်ပေးတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့အပြင် အခြားဗိုက်တာမင်ဘီတွေနဲ့လည်း ချိတ်ဆက်ပေးပါတယ်။
(၈) ပရိုတိန်း - ကယ်လ်စီယမ်စုပ်ယူခြင်းကို အားပေးကာ အရိုးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဒါကြောင့် အချိုရည်များရှောင်ကြဥ်ပြီး အဆိုပါသတ္တုဓာတ်များ ဖြည့်တင်းခြင်းဖြင့် အရိုးကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Source: DoctorNDTV
#World_Health
#YMG #Yangon_Times #Yangon_Media_Group
Page 657 of 1177