Published 20 February 2024
အစ္စရေးလ်နဲ့ ဟားမတ်စ်စစ်ပွဲ ချက်ချင်းအပစ်အခတ် ရပ်စဲရေးအတွက် တောင်းဆိုမယ့် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ဖြေရှင်းဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့ မဲပေးဆုံးဖြတ်မှုမပြုမီမှာပဲ အမေရိကန်က ဂါဇာအရေးနဲ့ ပတ်သက်ပြီး ယင်းကိုယ်ပိုင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဖြေရှင်းဆုံးဖြတ်ချက်မူကြမ်းကို ၁၉ ရက်နေ့က အဆိုတင်ပြလိုက်ပါတယ်။
အဆိုတင်သွင်းချက်အရ ယာယီအပစ်အခတ် ရပ်စဲရန်နဲ့ အစ္စရေးလ်အနေနဲ့ ဂါဇာတောင်ဘက်စွန်း ရာဖာမြို့ကို တိုက်ခိုက်မယ့် အစီအစဥ်အတိုင်း မပြုရန် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးလ်ဝန်ကြီးချုပ်တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စကားပြောဆိုခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး စကားပါဝင်ခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားက လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက အဆိုတင်သွင်းခဲ့ပေမယ့် အမေရိကန်က ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ထိုအဆိုပြုချက်က ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေမှုကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ အမေရိကန်က ယူဆတာဖြစ်ပါတယ်။
ဖြေရှင်းဆုံးဖြတ်ချက်တစ်ရပ် အတည်ပြုဖို့အတွက်ဆိုရင် အနည်းဆုံးထောက်ခံမဲ ၉ မဲရရှိရမှာဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကနေ ဗီတိုအာဏာမသုံးဖို့ လိုအပ်ပါတယ်။
လူသားချင်း စာနာထောက်ထားမှု ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန် ရည်မှန်းတဲ့ တင်သွင်းချက် ၂ ခုကိုလည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန်နဲ့ ဟားမတ်စ်တို့မှ ဖမ်းဆီးထားတဲ့ ဓားစာခံများ လွှတ်ပေးရေးတို့ သေချာပေါက်ရရှိရန်အတွက် အမေရိကန်မှ သံတမန်တွေဟာ အစ္စရေးလ်၊ ကာတာ၊ အီဂျစ်တို့မှ သံတမန်များနဲ့ အလေးအနက် ဆွေးနွေးနေကြပါတယ်။
မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေကို မလွှတ်ဘူးဆိုရင် မတ်လ ၁၀ ရက်နေ့မှာ ရာဖာမြို့ကို မြေပြင်တိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ အစ္စရေးလ်တို့က ဟားမတ်စ်တို့ကို ရာဇသံပေးထားပါတယ်။
အစ္စရေးလ်ဘက်မှ စစ်ပွဲဆိုင်ရာ ဝန်ကြီးများအဖွဲ့ဝင် ဘင်နီဂန့်ဇ်က ‘’မွတ်ဆလင်ဥပုသ်စတင်တဲ့နေ့မှာ ဓားစာခံတွေ ပြန်မလွှတ်သေးဘူးဆိုရင် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ် ဆိုတာကို တစ်ကမ္ဘာလုံးရော ဟားမတ်စ်ခေါင်းဆောင်တွေရာ သိထားရပါမယ်’’ လို့ ပြောကြားသွားပါတယ်။
တိုက်ခိုက်မှုဆောင်ရွက်ရာမှာ ပူးပေါင်းစွာဖြင့် အရပ်သားများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်သွားမယ်လို့လည်း ဂန့်ဇ်က ပြောကြားလိုက်ပါတယ်။
Source: WION
#World_News
#Published_ 20 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#World_Health
Published 20 February 2024
သံဓာတ်က ခန္ဓာကိုယ်မှာ အရေးပါတဲ့ သတ္တုဓာတ်ဖြစ်ပြီး အခန်းကဏ္ဍအမျိုးမျိုးမှာ ပတ်သက်နေပါတယ်။
ခန္ဓာကိုယ်ထဲက သံဓာတ်တဝက်လောက်ကို သွေးနီဥဆဲလ်တွေနဲ့ ဟေမိုဂလိုဘင် ပရိုတိန်းတွေမှာ တွေ့ရပါတယ်။
နောက်ထပ်အနေဖြင့် သံဓာတ်ကို စွမ်းအင်ထုတ်လုပ်ခြင်း၊ ဇီဝကမ္မဖြစ်စဥ်၊ ဆဲလ်ကာကွယ်ခြင်းတို့မှာ ပါဝင်နေတဲ့ အင်ဇိုင်းတွေနဲ့ ကြွက်သားတွေမှာလည်း တွေ့ရပါတယ်။
အချို့သံဓာတ်တွေကိုတော့ ဖယ်ရီတင်ပရိုတိန်းနဲ့ ချိတ်ဆက်တဲ့ အသည်း၊ သရက်ရွက်၊ ရိုးတွင်းခြင်ဆီတို့မှာ သိမ်းဆည်းထားပါတယ်။
ခန္ဓာကိုယ်ကနေ သံဓာတ်ကို သဘာဝအတိုင်း ဆုံးရှုံးနေတာကြောင့် အစားအစာကနေ နေ့စဥ်စားသုံးပေးဖို့ လိုအပ်ပါတယ်။
သံဓာတ်ကို အသား၊ ငါး၊ ဥတွေမှာ အဓိကတွေ့ရတဲ့အပြင် ပဲအမျိုးမျိုး၊ အစိမ်းရောင်ဟင်းရွက်များ၊ ကောက်ပဲသီးနှံများ၊ အခွံမာသီး၊ အစေ့အဆန်တို့မှာလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အပင်အခြေပြုအစားအစာမှ ရတဲ့သံဓာတ်ကို ခန္ဓာကိုယ်မှစုပ်ယူခြင်းက အသားကရတဲ့ သံဓာတ်ထက် နည်းပါးနေပါတယ်။
အပင်မှရတဲ့ သံဓာတ်ကို ဗိုက်တာမင်စီနဲ့ တွဲဖက်ရင်တော့ စုပ်ယူမှုကို အားကောင်းစေပါတယ်။
သံဓာတ်စုပ်ယူမှုကို အတားအဆီးဖြစ်စေတဲ့ အရာတွေကတော့ ကော်ဖီ၊ ကိုကိုး၊ လက်ဖက်ခြောက်တို့မှာ ပါဝင်တဲ့ တန်နင်ပဲဖြစ်ပါတယ်။
နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်နဲ့ ကယ်လ်ဆင်တို့ကလည်း သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။
သွေးစစ်ဆေးရာမှာ သံဓာတ်ကို တိုင်းတာနိုင်တဲ့ အချက်အလက် များစွာရှိနေပြီး ပထမဆုံးကတော့ ဟေမိုဂလိုဘင်ဖြစ်ကာ နောက်တစ်မျိုးက သွေးရည်ကြည်သံဓာတ် ဖြစ်ပါတယ်။
နောက်တစ်မျိုးက သံဓာတ်သိမ်းဆည်းခြင်းကို တိုင်းတာတဲ့ ဖယ်ရီတင်ဖြစ်ပါတယ်။
ဟေမိုဂလိုဘင်နည်းပါးတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်တတ်ပြီး လက္ခဏာအမျိုးမျိုး ပေါ်ပေါက်တတ်ပါတယ်။
သံဓာတ်ချို့တဲ့ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိနိုင်ပြီး ထိခိုက်ဒဏ်ရာ၊ ခွဲစိတ်မှုတို့ကနေ သွေးထွက်ခြင်းကြောင့် ဖြစ်နိုင်သလို သံဓာတ်ပါတဲ့ အစားအစာတွေ နည်းပါးခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ သံဓာတ်စုပ်ယူမှု ပြဿနာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
သံဓာတ်ချို့တဲ့တဲ့အခါ အာဟာရဓာတ် ပြည့်ဝစေရန် ဦးစားပေးသင့်ပြီး ဖြည့်စွက်စာများ စားသုံးပေးဖို့လည်း အကြံပြုပါတယ်။
ကလေးမွေးကင်းစတွေမှာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် သံဓာတ်လိုအပ်ပြီး ငယ်စဥ်မှာ သံဓာတ်သိသိသာသာ ချို့တဲ့တာဟာ ပြန်လည်ကုသလို့ မရတော့ပါဘူး။
#World_Health #အလွန်အရေးပါသောသံဓာတ် #Source: The Jerusalem Post
#World_Discovery
Published 20 February 2024
ပိုးနားသန်ကောင် မျိုးကွဲအသစ်တစ်ခုနဲ့ မျိုးစိတ်အသစ် ၅ ခုကို သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က အာဖရိက အရှေ့တောင်ပိုင်း ဝေးလံတဲ့ တန်ဇန်နီးယား တောအုပ်တွေထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သုတေသီတွေက သစ်တောပြန်လည်ပြုပြင်ရေးနှင့် ရာသီဥတုစမ်းသပ်ချက် တစ်စိတ်တစ်ပိုင်းအနေဖြင့် တန်ဇန်နီးယားတောင်တွေကို ရှာဖွေစူးစမ်းခဲ့ကြတာ ဖြစ်ပါတယ်။
အူဂျွန်ဝါတောင်တန်းတွေမှာ သစ်ပင်နဲ့ နွယ်ပင်ကြီးထွားမှုတွေကို လေ့လာနေရင်း ပိုးနားသန်တွေကို တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ ဩစတြေးလျရှိ ဆန်းရှိုင်းကို့စ်တက္ကသိုလ်မှ သုတေသီများက ဖော်ပြထားပါတယ်။
တွေ့ရှိခဲ့တဲ့ ပိုးနားသန်တွေက ဂြိုဟ်သားဇာတ်ကားတွေထဲက သတ္တဝါတွေနဲ့ ဆင်တူပြီး ဦးခေါင်းတွေက Star Wars ဇာတ်ကားထဲကအရာတွေနဲ့ ဆင်တူနေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က ဖော်ပြထားရာမှာ မျိုးစိတ်အသစ်တွေကို ဂြိုဟ်သားမျက်နှာနဲ့ တူတယ်လို့ ဆိုပါတယ်။
အသစ်တွေ့ရှိထားတဲ့ ပိုးနားသန်တွေက စင်တီမီတာအနည်းငယ် ပိုမိုရှည်လျားကာ ခြေထောက် ၂၀၀ ခန့်ရှိပါတယ်။
ပိုးနားသန်နမူနာတွေကို ဒိန်းမတ်နိုင်ငံ ကိုပင်ဂေဂင်တက္ကသိုလ်ရှိ သဘာဝသမိုင်းပြတိုက်သို့ ပို့ဆောင်ထားပါတယ်။
သစ်တောပြန်လည်စိမ်းစိုရန်အတွက် ဒီလိုသတ္တဝါတွေက အရေးပါတာကြောင့် ပိုးနားသန် အရွယ်အစားအားလုံးကို တိုင်းတာထားကြောင်း မာရှယ်လ်က မှတ်ချက်ပြုလိုက်ပါတယ်။
အာဖရိကအကြီးမားဆုံး ပိုးနားသန်တွေက အလျား ၃၅ စင်တီမီတာလောက်အထိ ရှိနိုင်တယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
#World_Discovery #ဂြိုဟ်သားမျက်နှာနှင့်ဆင်တူ #ပိုးနားသန်မျိုးစိတ်အသစ် #Source: WION
ယူကရိန်းနဲ့ အစ္စရေးလ်တို့အတွက် အမေရိကန်အစိုးရရဲ့ ဒေါ်လာ ၉၅ ဘီလီယံ ထောက်ပံ့ကူညီမှုဟာ တိုက်ပွဲအခြေအနေ၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့အရေးတို့အတွက် အကျိုးရှိလာစေမှာလားဆိုတာကို အချို့ပြည်သူတွေ မေးခွန်းထုတ်လာကြပါတယ်။
#World_News
Published_ 19 February 2024
#ယူကရိန်းနှင့်အစ္စရေးလ် #အမေရိကန်ပြည်သူများသံသယရှိလာ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 19 February 2024
၁။ ၂၀၂၄ ခုနှစ် ရွှေနဂါးနှစ်တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား ရန်ကုန်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့
၂။ ရွှေဈေးကျပ် ၃၉ သိန်းအထိ စံချိန်တင်ဆက်မြင့်တက်
၃။ ပဲစဉ်းငုံဈေး ယခင် နှစ်ထက် ဈေးထက်ဝက်ခန့် မြင့်လာသည့်အတွက် စိုက်ပျိုးတောင်သူများအကျိုးမြတ်ပိုရရှိ
၃။ ယူကရိန်းနှင့်အစ္စရေးလ်တိုအတွက် ဒေါ်လာဘီလီယံချီထောက်ပံ့မှုများကို အမေရိကန်ပြည်သူများသံသယရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Ukraine_Crisis
Published 19 February 2024
ယူကရိန်းမြို့ အက်ဗ်ဒီဗ်ကာကနေ ယူကရိန်းတပ်များ ဆုတ်ခွာသွားပြီးနောက် ရုရှားတို့က အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီလို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
စစ်ပွဲရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပြီးနောက် ဆိုဗီယက်ခေတ် ကိုလာစက်ရုံမှာ ယူကရိန်းတပ်သားအချို့ ပုန်းခိုနေဦးမယ်လို့ ရုရှားတို့က ဆိုလိုက်ပါတယ်။
၂၀၂၃ မေလမှာ ဘက်ခ်မွတ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားတို့အတွက် အကြီးမားဆုံး သိမ်းပိုက်ရရှိမှုဖြစ်ခဲ့ပြီး ယူကရိန်းကို စတင်ကျူးကျော်ခဲ့တာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
ရုရှားတပ်တွေက ရှေ့တန်း ၉ ကီလိုမီတာ ဆက်လက်ချဲ့ထွင်လာနိုင်ပြီး ရှေ့သို့ချီတက်နေကြကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်သားတွေ ဝိုင်းရံမခံရစေရန် ဆုတ်ခွာခိုင်းလိုက်တာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ဆိုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ အရေးပါတဲ့ အောင်ပွဲတစ်ရပ်ဖြစ်ကာ သမ္မတပူတင်က ရုရှားတပ်သားတွေကို ဂုဏ်ပြုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမှ လက်နက်ချထားတဲ့ ယူကရိန်းတပ်သား ၈ ဦးကို ရုရှားတပ်တွေက ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များအပေါ် ယူကရိန်းအာဏာပိုင်များက စုံစမ်းစစ်ဆေးနေပါတယ်။
ယမန်နှစ်က ရုရှားဘက်ကို ယူကရိန်းက မထိုးဖောက်နိုင်တော့ဘဲ စစ်ပွဲကိုဦးစီးဖို့ ယူကရိန်းက ခေါင်းဆောင်အသစ် တင်မြှောက်ထားကာ ရုရှားကတော့ ယူကရိန်းတပ်တွေကို ချေမှုန်းရန် ကြိုးပမ်းနေပါတယ်။
မြို့ကနေ ရန်သူတွေကို ရှင်းလင်းရန်၊ မြို့ထဲမှာ ကျန်ခဲ့တဲ့ ယူကရိန်းအဖွဲ့တွေ၊ စက်ရုံမှာ အခြေကုပ်နေတဲ့ အဖွဲ့တွေကို တားဆီးပိတ်ပင်သွားရန် ဆောင်ရွက်နေတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ်ကိုနာရှန်ကော့ဗ်က ပြောပြပါတယ်။
ယူကရိန်းတပ်တွေ အသည်းအသန် ဆုတ်ခွာသွားရပုံတွေကို ရုရှားဘက်က ဖော်ပြထားကာ ယူကရိန်းစစ်တပ်ဘက်ကတော့ ဒါဟာ ဆုံးရှုံးမှုအနည်းငယ်ရှိပေမယ့် ဆုတ်ခွာပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီလို့ ဆိုလိုက်ပါတယ်။
ယူကရိန်းအတွက် ကူညီထောက်ပံ့ရေးတစ်ခုကို အမေရိကန် ရီပတ်ဘလစ်ကန်တွေက လွှတ်တော်မှာ လပေါင်းများစွာ အတိုက်အခံ လုပ်နေတာကြောင့် လက်နက်ခဲယမ်းများ ပြတ်လပ်ပြီး အက်ဗ်ဒီဗ်ကာမြို့လည်း ရုရှားလက်ထဲ ကျရောက်သွားတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာကို သိမ်းပိုက်လိုက်နိုင်တာဟာ ဒိုနက်စ်အလယ်ပိုင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းနေတဲ့ ရုရှားအတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်နေပါတယ်။

#Ukraine_Crisis #အက်ဗ်ဒီဗ်ကာမြို့ #အကြီးမားဆုံးအောင်မြင်မှု #Source: Reuters
#World_Health
Published 19 February 2024
အမေရိကန်လူမျိုး ၅ ဦးမှာ ၂ ဦးနှုန်းလောက်က ဖျားနာတဲ့အခါ ယင်းတို့ရဲ့ လက်တွဲဖော် ဂရုစိုက်ပြုစုတာထက် အမေပြုစုပေးတာက ပိုပြီးသာလွန်ကောင်းမွန်တယ်လို့ စစ်တမ်းအသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
အရွယ်ရောက်ပြီးသား အလုပ်အကိုင်ရှိသူ ၂၀၀၀ ခန့်ကိုစစ်တမ်းကောက်ရာမှာ အမျိုးသားတွေက နာမကျန်းဖြစ်တဲ့အခါ အမေစောင့်ရှောက်တာက ပိုပြီးကောင်းမွန်တယ်လို့ သဘောတူကြပါတယ်။
အမျိုးသမီးတွေကတော့ နေမကောင်းတဲ့အခါ တစ်ဦးတည်းနေချင်တဲ့သူ ၅၃ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၅၈ ရာခိုင်နှုန်းကတော့ အမေပြုစုတာ ခံချင်တယ်လို့ ဆိုကြပါတယ်။
နေမကောင်းဖြစ်တဲ့အခါ အသိမပေးချင်သူ ၆၈ ရာခိုင်နှုန်းရှိပြီး သူများတွေကို အသိပေးချင်သူကတော့ ၂၈ ရာခိုင်နှုန်းလောက် ရှိပါတယ်။
နေမကောင်းတဲ့အကြောင်းကို အွန်လိုင်းမှာဖော်ပြချင်တဲ့သူအနေနဲ့ အမျိုးသားတွေက ၂၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေကတော့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။
နေမကောင်းဖြစ်တဲ့ အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်သူတွေကတော့ စစ်တမ်းကောက်ယူသူတွေထဲက ၃ ပုံ ၁ ပုံသာရှိပါတယ်။
အမျိုးသမီး ၈၀ ရာခိုင်နှုန်းနီးပါးလောက်က နေမကောင်းဖြစ်ခြင်းကို အမျိုးသားတွေထက် ပိုမိုကိုင်တွယ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အိမ်မှာနေမကောင်း ဖြစ်ကြတဲ့အခါ လုပ်နေကျသန့်ရှင်းရေးများထဲက အချို့ကို မလုပ်ကြဘူးလို့ ၅၂ ရာခိုင်နှုန်းက ဝန်ခံထားပါတယ်။
၃၀ ရာခိုင်နှုန်းလောက်က အသားအရေ ထိန်းသိမ်းရေးနည်းလမ်းများ မလုပ်ကြဘဲ ၂၀ ရာခိုင်နှုန်းက ရေမချိုးကြပါဘူး။
သာမန်အားဖြင့် နေမကောင်းတဲ့သူတွေဟာ သွားတိုက်ခြင်းနဲ့ အဝတ်အစားလဲခြင်းတို့ကို ၂ ရက်လောက်အထိ မလုပ်ဘဲ နေတတ်ကြပါတယ်။
ထိုအတောအတွင်းမှာ အနားမယူဘဲ တစ်ခုခုအကျိုးရှိအောင် လုပ်တဲ့သူက ၉ ယောက်မှာ ၁ ယောက်နှုန်းရှိပြီး အမျိုးသားတွေက လေ့ကျင့်ခန်း ပြုလုပ်တာမျိုး ၂၀ ရာခိုင်နှုန်းရှိပါတယ်။
စစ်တမ်းဖြေကြားသူတွေထဲက ၂၆ ရာခိုင်နှုန်းဟာ ဆေးခန်းမှာရှိနေတာကို ဖိစီးမှုအများဆုံးလို့ ဆိုကြပါတယ်။
ဆေးရုံဆေးခန်းသွားပြီး ရောဂါသည်တွေနား ထိုင်စောင့်နေရတာထက်စာရင် ဖုန်းဖြင့်ကျန်းမာရေး စောင့်ရှောက်မှုခံယူတာက အိမ်ကနေ သက်သက်သာသာဖြင့် သက်သာစေမှာ ဖြစ်ပါတယ်။
#World_Health #အမေပြုစုစောင့်ရှောက် #ယောက်ျားလေးအများစုယူဆ #Source: New York Post
Page 473 of 1100