#World_Health
Published 12 September 2024


▪️ အိပ်စက်ခြင်းက အလုံးစုံကျန်းမာရေးအတွက် အရေးကြီးသလို အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေမှာ အရေးကြီးပါတယ်။

 

▪️ မိခင်အတွက်ရော သန္ဓေသားအတွက်ပါ လုံလောက်စွာ အနားယူဖို့ လိုအပ်ပါတယ်။

 

▪️ ကိုယ်ဝန်ကြောင့် အိပ်စက်မှုပုံစံနဲ့ လိုအပ်ချက်တွေ သိသိသာသာ ပြောင်းလဲလာနိုင်ပါတယ်။

 

▪️ ကိုယ်ဝန်ဆောင်စဉ် လုံလောက်စွာ အိပ်စက်ခြင်းဖြင့် အကျိုးကျေးဇူး အမျိုးမျိုး ရရှိစေပါတယ်။

 

▪️ (၁) ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး - အိပ်စက်ခြင်းဖြင့် ခန္ဓာကိုယ်မှာ ပြုပြင်ထိန်းသိမ်းပေးပြီး အရေးကြီးတဲ့ အရေးကြီး လုပ်ဆောင်ချက်များနဲ့ ခုခံအားတို့ကို ထောက်ပံ့ပေးပါတယ်။

 

▪️ (၂) သန္ဓေသားဖွံ့ဖြိုးမှု - နှစ်ခြိုက်စွာ အိပ်စက်ခြင်းက သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်နေပြီး ကြီးထွားမှုဟော်မုန်း ထုတ်လုပ်ပေးပါတယ်။

 

▪️ (၃) ကိုယ်ဝန်ဆောင်ပြဿနာများ လျှော့ချခြင်း - ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ကိုယ်ဝန်ချိန် ဆီးချိုဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။

 

▪️ (၄) စိတ်ခံစားမှုကောင်းစေခြင်း - စိတ်အပြောင်းအလဲ ဖြစ်ခြင်းကို ထိန်းချုပ်ပေးကာ စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေပါတယ်။

 

▪️ (၅) အစားစားချင်စိတ်နဲ့ ကိုယ်အလေးချိန် ထိန်းညှိခြင်း - အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသဖြင့် ဆာလောင်မှု လျော့နည်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်။

 

▪️ ဒါ့အပြင် အိပ်စက်ရာမှာ စနစ်ကျစွာဖြင့် စိတ်ချရတဲ့ အိပ်စက်မှုရရှိဖို့ကလည်း အရေးကြီးပါတယ်။

 

▪️ သတိပြုစရာ အလေ့အထများ ကျင့်သုံးခြင်းဖြင့် အိပ်စက်မှု အခြေအနေကို တိုးတက်စေမှာ ဖြစ်ပါတယ်။

 

▪️ (၁) အိပ်ရာဝင်ချိန်နဲ့ ထချိန်ကို ပုံမှန်သတ်မှတ် အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော်နိုင်စေမှာ ဖြစ်ပါတယ်။

 

▪️ (၂) အိပ်တဲ့အခန်းနေရာဟာ တိတ်ဆိတ်ပြီး အလင်းမတောက်တဲ့ အနေအထားဖြစ်သင့်တဲ့ အပြင် ခေါင်းအုံးများ သက်တောင့်သက်သာရှိဖို့ လိုအပ်ပါတယ်။

 

▪️ (၃) အိပ်ချိန်နီးချိန်မှာ ကဖင်းဓာတ်နဲ့ အစားများများစားခြင်းတို့မှ ရှောင်ကျဉ်သင့်ပါတယ်။

 

▪️ (၄) ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စာဖတ်ခြင်းတို့က စိတ်ကိုငြိမ်သက်စေပြီး ကောင်းစွာ အနားယူနိုင်စေမှာ ဖြစ်ပါတယ်။

 

▪️ ဒါကြောင့် ကောင်းစွာအိပ်စက်ခြင်းက မိခင်အတွက်ရော ကလေးအတွက်ပါ ကျန်းမာရေးအတွက် အရေးကြီးတာကို သိရှိထားဖို့ လိုပါတယ်။

 

#Source: DoctorNDTV