#World_Health
Published 12 September 2024


▪️ လူသားတွေဟာ မိခင်ဗိုက်ထဲမှ ထွက်တဲ့အချိန်ကနေစလို့ အသက်ကြီးသည်အထိ အိပ်စက်ချိန် လိုအပ်မှု မတူညီကြပါဘူး။

 

▪️ အသက်အရွယ် အပိုင်းအခြား ကွာခြားတာနဲ့အမျှ အိပ်စက်ချိန် လိုအပ်ချက် ပြောင်းလဲနေကြပါတယ်။

 

▪️ မွေးကင်းစကလေးတွေဟာ အိပ်နေစဉ်မှာ ကြီးထွားမှုဟော်မုန်း ထွက်ရှိပြီး ၃ လသားအရွယ်အထိ တစ်နေ့ကို ၁၄ နာရီကနေ ၁၇ နာရီလောက်အထိ အိပ်စက်ကြပါတယ်။

 

▪️ ၁ နှစ်အရွယ်လောက်အထိ အိပ်ချိန်အနည်းငယ် လျော့နည်းလာကာ နေ့ညလည်ပတ်မှုပုံစံ စတင်လာပါတယ်။

 

▪️ လမ်းလျှောက်တတ်ခါစ အရွယ်ရောက်တဲ့အခါ အိပ်ချိန် ၁၁ နာရီမှ ၁၄ နာရီအထိ လျော့နည်းလာပြီး အသက် ၅ နှစ်အရွယ်ရောက်တဲ့အခါ ၁၀ နာရီမှ ၁၃ နာရီသာ လိုအပ်ပါတော့တယ်။

 

▪️ ဆယ်ကျော်သက်အရွယ်မှာ နေ့ခင်းပိုင်း တရေးအိပ်တာမျိုး လျော့ကျလာပြီး တစ်ညကို ၉ နာရီမှ ၁၂ နာရီအထိ အိပ်ဖို့လိုအပ်လာပါတယ်။

 

▪️ အရွယ်ရောက်လာခြင်းက အပြောင်းအလဲတွေ စိန်ခေါ်မှုတွေ စတင်ကြုံတွေ့လာရချိန် ဖြစ်နေပါတယ်။

 

▪️ ဒါပေမဲ့ အများစုက ညအိပ်ချိန်မမှန်ဘဲ အိပ်ချိန်ထချိန် နောက်ကျလာတတ်ပါတယ်။
ညဘက်အိပ်ရေးမဝတဲ့အခါ နေ့ဘက်မှာ မိနစ် ၃၀ - ၆၀ လောက်အထိ အိပ်စက်ခြင်းက အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်ပိုင်းတို့ကို တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။

 

▪️ ရင့်ကျက်တဲ့အရွယ် ရောက်လာတဲ့အခါတော့ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ၈ နာရီလောက် လိုအပ်ပါတယ်။

 

▪️ နေ့ခင်းပိုင်း ခဏတဖြုတ် အိပ်စက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျှော့ချနိုင်တယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။

 

▪️ ကောင်းစွာအိပ်စက်မှု ရရှိဖို့အတွက် ညနေပိုင်း လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ အသီးအရွက် များများစားခြင်းတို့ ပြုလုပ်သင့်ပါတယ်။

 

▪️ အသက် ၆၅ နှစ်အထက် အသက်ကြီးပိုင်းတွေကတော့ အိပ်စက်မှုကို အားပေးတဲ့ ဟော်မုန်းတွေ လျော့ကျလာကာ အအိပ်နည်းလာကြသလို မကြာခဏ ဆီးသွားခြင်းက အိပ်စက်မှုကို နှောင့်ယှက်စေပါတယ်။

 

▪️ ညဘက်စောစောအိပ် စောစောထတဲ့အကျင့် ဖြစ်လာပေမယ့် တစ်နေ့ကို ၇ နာရီ ၈ နာရီလောက်အထိ အိပ်ဖို့ လိုအပ်ပါသေးတယ်။

 

#Source: New York Post