#Daily_News
Published_ 23 February 2024
၁။ လာမည့်နွေရာသီတွင် ရန်ကုန်၌ ရေရှားပါးပြတ်လတ်နိုင်၍ ရေလှူဒါန်းရန် အသင့်ပြင်ထား
၂။ စိုက်စရိတ်တက်ပြီး ရောင်းသူဈေးကွက်ဖြစ်နေသောကြောင့် ဖရဲစိုက်တောင်သူများ အမြတ်ရရှိမှုနည်းပါးနေ
၃။ ယခင်ဈေးမြင့်နေသည့် ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးသော ပဲတီစိမ်းရာသီပေါ်ချိန်မှာ ဈေးပြန်ကျလာဟုဆို
၄။ လျှပ်စစ်ကား ထုတ်လုပ်မှုမြင့်လာသဖြင့် ကားဘက်ထရီများအား ပြန်လည်အသုံးပြုမှု တိုးမြှင့်ဆောင်ရွက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၃ ဖေဖော်ဝါရီ ၂၀၂၄
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့က တံတားတစ်စင်းကို ဖေဖော်ဝါရီ ၂၂ရက်က ကွန်တိန်နာသင်္ဘောတစ်စီး ဝင်တိုက် မိတဲ့ အတွက် တံတားအစိတ်အပိုင်းတစ်ခုကျိုးကျပြီး လူ (၅)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
Source CCTV+
Published 23 February 2024
တက္ကဆပ်အခြေစိုက်ကုမ္ပဏီ Intuitive Machines မှ တည်ဆောက်ကာ လွှတ်တင်လိုက်တဲ့ အာကာသယာဥ်ဟာ ကြာသပတေးနေ့က လကမ္ဘာ တောင်ဝင်ရိုးစွန်းအနီးမှာ ဆင်းသက်ခဲ့ပါတယ်။
ဒါဟာ ရာစုနှစ်ဝက်ကျော်အတွင်း လကမ္ဘာမျက်နှာပြင်ပေါ်ကို အမေရိကန်မှ ပထမဆုံးဆင်းသက်နိုင်ခဲ့တာ ဖြစ်ပြီး ပုဂ္ဂလိကကုမ္ပဏီမှ ပထမဆုံးဆင်းသက်ခဲ့တာလည်း ဖြစ်ပါတယ်။
အိုဒီဆီယပ်စ်လို့ အမည်ပေးထားတဲ့ စက်ရုပ်ယာဥ်ဟာ ထောက်တံ ၆ ချောင်းပါဝင်ပြီး အာကာသယာဥ်မှူးများ မပါဝင်ဘဲ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂၃ မိနစ်ခန့်မှာ ဆင်းသက်ခဲ့တာဖြစ်ကြောင်း ကုမ္ပဏီနဲ့ နာဆာ(NASA)မှ သတင်းကြေညာသူများက ပြောကြားခဲ့ကြပါတယ်။
ဆင်းသက်မှုက စိုးထိတ်စရာဖြစ်ခဲ့ပြီး အာကာသယာဥ်ရဲ့ အလိုအလျောက် ထိန်းချုပ်မှုအပိုင်းမှာ ပြဿနာရှိခဲ့ပါတယ်။
ရေဒီယိုပြတ်တောက်မှု ဖြစ်ပေါ်ပြီးနောက် ယာဥ်နဲ့ပြန်လည်ချိတ်ဆက်မိရန် အချိန်ခဏတာ ကြာမြင့်ခဲ့ပါတယ်။
နောက်ဆုံးပြန်လည် ချိတ်ဆက်မိတဲ့အခါ ချိတ်ဆက်မှုအားက နည်းပါးနေပြီး လမျက်နှာပြင်ကို ထိနေပြီဆိုတာ သေချာပေမယ့် အခြေအနေ အတိအကျနဲ့ တည်နေရာကို ချက်ချင်းအတည်မပြုနိုင်ခဲ့ပါဘူး။
အာကာသယာဥ်က လမျက်နှာပြင်ပေါ် ရောက်ရှိပြီဖြစ်ကြောင်း၊ ချိတ်ဆက်လို့ရနေပြီး အဖွဲ့သားတွေကို ဂုဏ်ပြုကြောင်း Intuitive Machines မစ်ရှင်ညွှန်ကြားရေးမှူး တင်မ်ကရိန်းက ပြောပြလိုက်ပါတယ်။
စီစဥ်ထားတဲ့အတိုင်း Malapert A လို့ခေါ်တဲ့ ပေါက်ကွဲထိပ်ဝအနီးမှာ ဆင်းသက်နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။
၁၉၇၂ ခုနှစ်က နာဆာမှ အာကာသယာဥ်မှူးများဖြင့် လွှတ်တင်တဲ့ Apollo 17 ဟာ လကမ္ဘာပေါ်ရောက်ရှိပြီးနောက် ယခုတစ်ကြိမ်က ပထမဆုံးဆင်းသက်မှု ဖြစ်ခဲ့ပါတယ်။
ယနေ့အချိန်အထိ လကမ္ဘာသို့ အာကာသယာဥ် လွှတ်တင်နိုင်တဲ့ အခြားနိုင်ငံတွေထဲမှာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့သာ ရှိထားပြီး လူသားပါရောက်ရှိတာကတော့ အမေရိကန် တစ်နိုင်ငံတည်းသာ ရှိပါသေးတယ်။
အိုဒီဆီယပ်စ်ယာဥ်ပေါ်မှာ သိပ္ပံနည်းကျ ကိရိယာများနဲ့ နာဆာအတွက် နည်းပညာပုံဖော်မှုများ ပါဝင်ပြီး ယာဥ်ဆင်းသက်ရာ ဝင်ရိုးစွန်းဘက်သို့ နေမထွက်ခင်အထိ ဆိုလာစွမ်းအင်ဖြင့် ၇ ရက်မောင်းနှင်နိုင်ရန် ဖန်တီးထားပါတယ်။
လမ္ဘာမျက်နှာပြင်ပေါ်မှာ အာကာသယာဥ်ရဲ့ ရာသီဥတု တုန့်ပြန်ခြင်း အချက်အလက်များ၊ ရေဒီယိုနက္ခတ္တ၊ အနာဂတ်ဆင်းသက်မှုများအတွက် လကမ္ဘာပတ်ဝန်းကျင် အနေအထားများ စုဆောင်းခြင်းတို့ကို အလေးပေးလေ့လာသွားမှာ ဖြစ်ပါတယ်။
Source: Reuters.
#World_News
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး လူတွေမေ့လျော့နေတဲ့ အချက်တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ခြေထောက်ဆေးကြောဖို့ပါပဲ။
တစ်နေကုန် သွားလာလှုပ်ရှားနေရတဲ့ ခြေထောက်ကို ဒီထက်ပိုပြီး အာရုံစိုက်သင့်ပါတယ်။
လူတွေက မျက်နှာ၊ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရေးလုပ်ကြပေမယ့် ခြေထောက်ကို လစ်လျူရှုထားကြတယ်လို့ နယူးဒေလီမှ ဒေါက်တာ ဂိုဗင်ဆင်ဘစ်ရှ်က ပြောပြလိုက်ပါတယ်။
ခြေထောက်တွေက မြေကြီးနဲ့ အနီးစပ်ဆုံး အစိတ်အပိုင်းတွေဖြစ်ပြီး အညစ်အကြေးမှုန်တွေ အလွယ်တကူ ဝင်ရောက်နိုင်တယ် စီကေဘာလာဆေးရုံမှ ဒေါက်တာ ဆီမာအိုဘီရွိုင်လောက ဆိုပါတယ်။
ခြေထောက်ဆေးကြောခြင်းဖြင့် အမှုန်တွေ ဘက်တီးရီးယားတွေ ပိုးမွှားတွေ အိပ်ရာထဲမရောက်လာအောင် လျှော့ချပေးပါတယ်။
ခြေထောက်မှာ အရေပြားပြဿနာရှိသူများအနေနဲ့ ရောဂါပိုးမွှားမပျံ့နှံ့စေရန် ပိုမိုဂရုစိုက်သန့်ရှင်းသင့်ပါတယ်။
ခြေထောက်သန့်ရှင်းခြင်းဖြင့် ရောဂါကူးစက်မှုများမှ ကာကွယ်နိုင်ရုံမက အနံ့အသက် ကင်းစေပြီး ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။
ခြေထောက်ဆေးကြောပြီး ရေနွေးထဲစိမ်ထားမယ်ဆိုရင် ကြွက်သားတွေ အဆစ်တွေကို ပြေလျော့စေပါတယ်။
ဆီးချိုသမားတွေဆိုရင် ကိုယ်ခံအားကျဆင်းနေတာကြောင့် ရောဂါပိုး ပိုမိုဝင်ရောက်တတ်ပါတယ်။
ဆီးချိုလူနာတွေ ခြေထောက်မှာ ရောဂါပိုးဝင်ရောက်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။
ခြေအိတ်ဖြင့် ဖိနပ်စီးနေသူတွေဟာလည်း တစ်နေ့ကုန် ခြေထောက်မှာ ချွေးထွက်ပြီး ဘက်တီးရီးယားများ ပုန်းခိုနေနိုင်တာကြောင့် ပုံမှန်သန့်ရှင်းပေးဖို့ လိုပါတယ်။
ဆေးကြောပြီးတဲ့အခါမှာ ခြေချောင်းကြားအပါအဝင် တစ်ပြင်လုံးကို ခြောက်သွေ့အောင် သုတ်သင်ရပါမယ်။
ခြေသည်းရှည်ထားခြင်းက ရောဂါပိုးဝင်ရောက်လာအောင် ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။
Source: New York Post.
#World_Health
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 23 February 2024
ဆောင်းရာသီလို အချိန်မျိုးမှာ လေထဲမှာ စိုစွတ်မှုလျော့နည်းသွားပြီး အရေပြားခြောက်သွေ့ခြင်း ဖြစ်တတ်ပါတယ်။
နေရောင်ခြည် ထိတွေ့ပေးခြင်းဖြင့် အရေပြားစွတ်စိုမှုကို ထိန်းသိမ်းပေးတဲ့ ဗိုက်တာမင်ဒီ ထုတ်လုပ်ပေးပါတယ်။
အရေပြားခြောက်သွေ့တဲ့အခါ ယားယံခြင်း၊ ရောင်ရမ်းခြင်းတို့ဖြစ်ပေါ်ပြီး အဖုအပိမ့်များ ရဲလာတတ်ပါတယ်။
ဒါကြောင့် အရေပြားခြောက်သွေ့ပြီး အင်ပျဥ်ထခြင်းမှ ကာကွယ်ကုသနိုင်မယ့် နည်းလမ်းများ ဖော်ပြလိုက်ပါတယ်။
(၁) မျက်နှာ၊ လက်တို့ကို ဆေးကြောပြီးတဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေ ကွာကျသွားတာကြောင့် အစိုဓာတ်ထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်း အသုံးပြုသင့်ပါတယ်။
(၂) တစ်ညတာ မအိပ်စက်ခင် ရေဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်လိမ်းပေးသင့်ပါတယ်။
(၃) ရေငွေ့ဖျန်းစက် အသုံးပြုခြင်းဖြင့် လေထဲက စိုထိုင်းဆကို ထိန်းသိမ်းပေးပါတယ်။
(၄) ချမ်းအေးတဲ့အချိန်မှာ ရေနွေးဖြင့်ရေချိုးခြင်းက သက်တောင့်သက်သာ ရှိစေပေမယ့် ပူလွန်းရင်တော့ အရေပြားစိုထိုင်းဆကို ပျက်စီးစေပါတယ်။
(၅) ချမ်းအေးတဲ့လေက အရေပြားခြောက်သွေ့မှုကို ဖြစ်စေတာကြောင့် အဝတ်ထူထူ၊ လက်အိတ်၊ ဦးထုပ်စတာတွေကို ဝတ်ဆင်သင့်ပါတယ်။
(၆) ပုံမှန်ချေးချွတ်ခြင်းဖြင့် ဆဲလ်သေတွေ ဖယ်ရှားပေးကာ စိုစွတ်မှုကို အားပေးပေမယ့် အလွန်အမင်း တိုက်ချွတ်လိုက်ရင်တော့ သဘာဝအဆီတွေ အလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
(၇) အုန်းဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီများက အရေပြားကို စိုစွတ်ထိန်းသိမ်းပေးပါတယ်။
Source: DoctorNDTV.
#World_Health
#Published_ 23 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
မော်ရိုကိုမှ ဝါရင့်စွန့်စားခရီးသည်ဟာ စက်ဘီးတစ်စီးဖြင့် ၄ လအတွင်း တိုက်ကြီး ၃ တိုက်ကို ဖြတ်သန်းသွားလာရန် ထွက်ခွာနေပြီ ဖြစ်ပါတယ်။
ကာဆာဘလန်ကာကနေ ပေကျင်းသို့ စက်ဘီးစီးနင်းသွားမှာ ဖြစ်ကာ ကီလိုမီတာ ၁ သောင်းခွဲဝေးကွာတဲ့ ခရီးစဥ်ကနေ ရှေးဟောင်းပိုးသားလမ်းမကြီး တလျှောက် ငြိမ်းချမ်းရေးနဲ့ ယဥ်ကျေးမှု ဆက်ဆံရေး ပိုမိုအားကောင်းအောင် မြှင့်တင်နိုင်ရန် မျှော်မှန်းထားတာ ဖြစ်ပါတယ်။
#World_Adventure
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 22 February 2024
၁။ ဂျပန်ရောက်မြန်မာများ သံရုံးသို့ ငွေပိုသွင်းနေ၍ ပမာဏအတိအကျသာ လွှဲကြရန် အသိပေး
၂။ ရှမ်းတောင်ရှိ အရှူးပေါ်နေသည့် မုန်ညှင်းနှင့် အခြားဟင်းသီးဟင်းရွက်များအား နောက်ဆုံးဈေးကွက်ဖြင့် ချိတ်ဆက်ပေးနေ
၃။ အခုရက်ပိုင်းတွင် တစ်ရက်တည်းကို မီး(၁၀)ကြိမ်လောင်ကျွမ်းသည့်အထိကြုံလာ၊ မနှစ်ကထက်တော့ မီးလောင်ကျွမ်းမှုနည်းပါး
၄။ မော်ရိုကိုမှ တရုတ်ပေကျင်းအထိ ကီလိုမီတာတစ်သောင်းခွဲကွာဝေးသည့်ခရီးစဥ်ကို စက်ဘီးစီးလည်ပတ်မည့် မော်ရိုကိုစွန့်စားခရီးသည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 470 of 1100