#World_Health
Published 15 February 2025
▪️ တရေးအိပ်ခြင်းက တစ်ခါတလေမှာ လန်းဆန်းသွားပေမယ့် တစ်ခါတလေမှာတော့ ပိုပြီးမောပန်းစွာ နိုးလာတတ်ပါတယ်။
▪️ တရေးအိပ်ခြင်းကို အကျိုးရှိစွာ အိပ်စက်ဖို့က အိပ်တဲ့မိနစ်တွေနဲ့ ဆိုင်တယ်လို့ နော့သ်ဝဲလ်စတိတ်တင်အိုက်လန် တက္ကသိုလ်ဆေးရုံမှ အိပ်စက်ပညာ ညွှန်ကြားရေးမှူး သောမတ်စ်မိုက်ကယ်ကီလ်ကင်နီက ပြောပါတယ်။
▪️ ညဘက် လုံလောက်စွာ မအိပ်စက်ရတဲ့အခါမျိုးမှာ နေ့ခင်းဘက် တရေးအိပ်ခြင်းက အကျိုးရှိစေကြောင်း၊ အိပ်ရေးမဝပါက စိတ်နဲ့ခန္ဓာလှုပ်ရှားမှု၊ စိတ်ကျန်းမာရေး အခြေအနေ၊ ဇီဝဖြစ်စဉ် ဟော်မုန်း ကိုယ်ခံအားလုပ်ဆောင်ချက်များအပေါ် ဆိုးကျိုးများ သက်ရောက်လာနိုင်ကြောင်း ကီလ်ကင်နီက ပြောပါတယ်။
▪️ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းကနေ ဦးနှောက်နဲ့အသိဉာဏ် ချို့ယွင်းခြင်း၊ သွေးပေါင်ချိန်များခြင်း၊ ဆီးချို၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်လာနိုင်ပြီး နာတာရှည်ရောဂါအမျိုးမျိုး ဖြစ်လာစေနိုင်တယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဆိုပါတယ်။
▪️ ကိုယ်တွင်းအင်္ဂါများတဝိုက် ဝမ်းတွင်းအဆီလည်း များလာစေကာ ဇီဝကမ္မဆိုင်ရာ ရောဂါများ ဖြစ်လာစေနိုင်ပါတယ်။
▪️ နေ့ခင်းဘက် ခဏတဖြုတ် အိပ်ခြင်းက ဦးနှောက်ထုထည် ကြီးမားခြင်းနဲ့ ဆက်စပ်နေတယ်လို့ လေ့လာဖော်ပြထားပြီး ဖန်တီးနိုင်စွမ်း၊ ထိန်းကျောင်းနိုင်စွမ်း၊ ပျော်ရွှင်မှုတို့ မြှင့်တင်ပေးနိုင်ကြောင်းလည်း တွေ့ရှိထားပါတယ်။
မိနစ် ၂၀-၃၀ ထက်မပိုဘဲ အိပ်စက်ခြင်းက အကျိုးရှိစေလိမ့်မယ်လို့ ကီလ်ကင်နီက ဆိုပါတယ်။
▪️ ဒီထက်ကြာရှည်စွာ အိပ်ရင်တော့ နိုးတဲ့အခါ ဆက်အိပ်ချင်စိတ် ဖြစ်ပေါ်လာနိုင်တယ်လို့ ရှင်းပြထားပါတယ်။
▪️ အိပ်ပျော်ပြီးနောက် မိနစ် ၃၀-၄၅ အတွင်း အိပ်စက်မှုအဆင့်နောက်ပိုင်းတွေ ရောက်သွားတဲ့အခါမှ နိုးတဲ့အခါ နိုးကြားဖို့ ခက်ခဲပြီး ဦးနှောက်က ဆက်လက်အိပ်စက်လိုပါတယ်။
▪️ ဒါကြောင့် အိပ်စက်မှု ပထမဆုံးအဆင့် ၂ ဆင့်လောက်ပဲ အိပ်ခြင်းက စိတ်နဲ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်စေနိုင်ပါတယ်။
▪️ တရေးအိပ်ဖို့ အသင့်လျော်ဆုံးအချိန်က နေ့လယ် ၁ နာရီမှ ၃ နာရီအထိဖြစ်တယ်လို့ အိပ်စက်မှုပညာရှင်များ ဆိုထားပါတယ်။
#Source: New York Post
အခွန်တင်းကြပ်ခြင်းနဲ့ ကုန်သွယ်ရေးကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သမိုင်းမှာ မြင်တွေ့ရပြီးသားဖြစ်တယ်လို အမေရိကန် စီးပွားရေးပညာရှင်တစ်ဦးက ဆိုပါတယ်။
#World_News
Published 15 February 2025
#စီးပွားရေးပညာရှင်သတိပေး #ဒေါ်နယ်ထရမ့်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 15 February 2025
၁။ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများနှင့်စစ်တမ်းကောက်ယူခြင်းများဆောင်ရွက်နေ
၂။ ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်ဈေး သုံးပတ်ဆက်တိုက်ကျဆင်း
၃။ စီမံကိန်းများတွင် အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများကိုလုပ်ငန်းရှင်များနှင့်ချိတ်ဆက်ဝယ်ယူမည်
၄။ ဒေါ်နယ်ထရမ့်၏ အကောက်ခွန်တင်းကြပ်ချမှတ်ခြင်းလုပ်ရပ်များအား စီးပွားရေးပညာရှင်သတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 15 February 2025
▪️ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အစိုးရဝန်ထမ်းအင်အား လျှော့ချဖို့ကြိုးပမ်းနေရာမှာ အစမ်းခန့်ဝန်ထမ်းတွေကို ဖယ်ရှားဖို့ အေဂျင်စီဌာနတွေကို အမိန့်ပေးလိုက်သဖြင့် အမေရိကန်တဝှမ်းမှ လုပ်သားဝန်ထမ်းများ သောကြာနေ့မှာ မကျေနပ်စွာ တုံ့ပြန်လိုက်ကြပါတယ်။
▪️ အစိုးရဝန်ထမ်းအင်အားကို အများအပြားလျှော့ချရန် ကြိုးပမ်းမှုမှာ ဝန်ထမ်းများစွာကို သက်ရောက်လာပါတယ်။
▪️ အေဂျင်စီဌာနတွေ တစ်ခုပြီးတစ်ခု အလုပ်ထုတ်ပယ်ဖို့ အသိပေးစာများ ပို့ခဲ့ကြရာ မီချီဂန်ကစလို့ ဖလော်ရီဒါအထိ အစိုးရဝန်ထမ်းတွေ သောကစိတ်တွေနဲ့ ကျန်ခဲ့ရပါတယ်။
▪️ အလုပ်နုတ်ထွက်ရန် မက်လုံးပေးတဲ့အနေနဲ့ စက်တင်ဘာ ၃၀ အထိ ဆက်ပေးသွားမယ့် ကမ်းလှမ်းမှုတွေကို လက်ခံခဲ့သူတွေမှာပါ ယခုအလုပ်ထုတ်ပယ်ခြင်း အသိပေးစာ လက်ခံရရှိလာပါတယ်။
▪️ ဒီအတွက် အလုပ်ထုတ်ပယ်ကြောင်း မှားယွင်းစွာ လက်ခံရရှိတဲ့ ဝန်ထမ်းတွေ ရှိနိုင်ပြီး နုတ်ထွက်ကြောင်း သဘောတူညီချက်များ အကျုံးဝင်နေဦးမယ်လို့ ဝန်ထမ်းကွပ်ကဲရေးအစိုးရရုံး(OPM)က သောကြာနေ့ညနေမှာ ပြောထားပါတယ်။
▪️ ၂၀၂၄ မတ်လအထိတော့ လုပ်ငန်းခွင်မှာ သက်တမ်း ၁ နှစ်မပြည့်သေးတဲ့ ဝန်ထမ်းပေါင်း ၂၂၀,၀၀၀ ခန့် ရှိထားပါတယ်။
▪️ အလုပ်ထုတ်ပယ်ကြောင်း အသိပေးစာများထုတ်ပြန်ဖို့ အေဂျင်စီတွေကို အင်္ဂါနေ့ ည ၈ နာရီအထိ OPMက အချိန်ပေးထားပါတယ်။
▪️ အီလွန်မက်စ်ဦးဆောင်တဲ့ အစိုးရသက်သာချောင်ချိရေးဌာနက အစိုးရဝန်ထမ်းအင်အား လျှော့ချဖို့ ကြိုးပမ်းနေရာမှာ ယခု အစမ်းခန့်ဝန်ထမ်းများ အလုပ်ထုတ်ပယ်ခြင်းက နောက်ဆုံးရအဖြစ်အပျက် ဖြစ်နေပါတယ်။
▪️ လုပ်သက် ၂ နှစ်မပြည့်သေးတဲ့ ဝန်ထမ်း ၁ ကျော်ကို ထုတ်ပယ်ဖို့ ကြေညာထားပြီး ထိုထဲမှာ ဆေးဘက်ဆိုင်ရာ သုတေသီများ၊ ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်ပါတယ်။
▪️ အမျိုးသားဘဏ္ဍာရေးဝန်ထမ်းများ သမဂ္ဂနဲ့ အခြားသမဂ္ဂအဖွဲ့များက ဒီလိုအလုပ်ထုတ်ပယ်မှုများကို တရားမဝင်ဘူးလို့ ဆိုလိုက်ကာ တရားစွဲဆိုချက် တင်လိုက်ပါတယ်။
#Source: AP News
#World_Science
Published 15 February 2025
▪️ ၂၀၂၅ ဇန်နဝါရီလက အပူနွေးဆုံး ဇန်နဝါရီအဖြစ် စံချိန်တင်သွားတယ်လို့ ကြေညာထားကြကာ ကမ္ဘာ့အပူချိန် ဆက်လက်ပြီး စံချိန်တွေချိုးနေတာကြောင့် ကျန်တဲ့လတွေမှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာ ဖော်ပြနေပါတယ်။
▪️ ကမ္ဘာပေါ်က နေရာအများအပြားမှာ ချမ်းအေးတဲ့အပူချိန် ခံစားကြရပေမယ့် ကမ္ဘာမြေတစ်ခုလုံးအနေနဲ့တော့ ပူနွေးလာကာ ယခင်စံချိန်တွေကို ချိုးဖျက်သွားပါပြီ။
▪️ ထိုလအတွက် ကမ္ဘာ့မျက်နှာပြင် လေထုပျမ်းမျှအပူချိန်က စက်မှုမတိုင်မီကာလကိုကျော်ပြီး ၁.၇၅ ဒီဂရီဆဲလ်စီးယပ်စ် ပိုလာပါတယ်။
▪️ ပစိဖိတ်ရှိ လာနီညာရာသီဥတုပုံစံက ကမ္ဘာ့အပူချိန် အေးမြလာရမှာဖြစ်ပေမယ့် အခုလို အပူချိန်များလာတာက မိုးလေဝသပညာရှင်များ စိုးရိမ်စရာ ဖြစ်လာပါတယ်။
▪️ အပူလှိုင်းတွေက သမုဒ္ဒရာကိုဖြတ်ပြီး အလွန်အင်အားကြီးလာတာကြောင့် လာနီညာရဲ့ အေးမြမှုကို ဖုံးလွှမ်းတယ်လို့ ဆိုကြပါတယ်။
▪️ လာနီညာက အပြည့်အဝအနေအထား မရောက်ရှိသေးကာ ကမ္ဘာကြီးက ထိုအဆင့် ၂ ခုကြား လက်ရှိမှာရောက်ရှိနေတယ်လို့ ကော့ပါနီကပ်စ်က သုံးသပ်ထားပါတယ်။
▪️ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကြောင့် ရာသီဥတုပြောင်းလဲရခြင်းနဲ့ အခြားသမုဒ္ဒရာချိုင့်ဝှမ်းတွေမှာ အပူလွန်ကဲခြင်းတို့ကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကို လာနီညာ အပြည့်အဝဖြစ်ပေါ်ရင်တောင် အေးမြအောင် လျှော့ချဖို့ မလုံလောက်ဘူးလို့ မိုးလေဝသခန့်မှန်းရေး ဥရောပစင်တာမှ ဆာမန်သာဘာဂျက်စ်က ပြောပါတယ်။
▪️ ရုပ်ကြွင်းလောင်စာများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းဟာ ၂၀၂၅ အထိတိုင်အောင် ပူနွေးစေမယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO)က ၂၀၂၄ ဒီဇင်ဘာမှာ သတိပေးထားပါတယ်။
▪️ ၂၀၂၅ ဟာ လာနီညာကြောင့် ၂၀၂၃ နဲ့ ၂၀၂၄ တို့ထက် ပိုအေးမြမယ်လို့ ခန့်မှန်းနေကြပေမယ့် ပူနွေးလာတဲ့စံချိန်တွေကြောင့် စိုးရိမ်စရာဖြစ်လာပြီး သုတေသနအချို့ကတော့ ၂၀၂၅ ဟာ အပူနွေးဆုံးနှစ် ဖြစ်လာလိမ့်မယ်လို့ ဆိုထားပါတယ်။
#Source: India Today
#World_Health
Published 15 February 2025
▪️ ဖရုံစေ့တွေက အာဟာရဓာတ် အလွန်မြင့်မားကာ ပရိုတိန်း၊ မဂ္ဂနီဆီယံ၊ ဇင့်၊ သံဓာတ်တို့ အလွန်ကြွယ်ဝပါတယ်။
▪️ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပြီး နာတာရှည်ရောဂါများမှ ကာကွယ်ပေးပါတယ်။
▪️ ဖရုံစေ့ကို ထမင်းစားဇွန်းတစ်ဇွန်းခန့် နေ့စဉ်စားပေးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေမှာပါ။
▪️ ဒီအတွက် ဖရုံစေ့နေ့စဉ်စားခြင်းရဲ့ အကျိုးကျေးဇူးများကို ဖော်ပြလိုက်ပါတယ်။
(၁) ထရစ်ပ်တိုဖန် အမိုင်နိုအက်ဆစ် ပါဝင်ခြင်းကြောင့် ဆယ်ရိုတိုနင်ပမာဏ များစေပြီး အိပ်စက်မှုကို အထောက်အကူ ပြုပါတယ်။
(၂) မဂ္ဂနီဆီယံ အထူးကြွယ်ဝစွာ ပါဝင်သဖြင့် နှလုံးကျန်းမာရေး၊ အရိုးကျန်းမာရေး၊ သွေးတွင်းသကြားဓာတ်တို့အတွက် အကျိုးပြုကာ သွေးပေါင်ချိန် ထိန်းညှိပေးပါတယ်။
(၃) ဗိုက်တာမင်-အီးနဲ့ ကယ်ရိုတီနွိုက်တို့က ရောင်ရမ်းခြင်းကို ဆန့်ကျင်ပေးပြီး ဓာတ်တိုးပျက်စီးခြင်းမှ ဆဲလ်များကို ကာကွယ်ပေးကာ အသက်ရှည်စေပါတယ်။
(၄) အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေခြင်းကို ကူညီပေးပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးကာ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ကူပေးပါတယ်။
(၅) ဖရုံစေ့က သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပေးတယ်လို့ အချို့လေ့လာချက်တွေမှာ ယူဆထားပါတယ်။
(၆) ကျန်းမာရေးနဲ့ ညီညွတ်သောအဆီ၊ အမျှင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေါင်းစပ်လိုက်ကာ မကောင်းတဲ့ ကိုလက်စ်ထရောလ် လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။
(၇) ဖရုံစေ့ထဲမှဦပါတဲ့ အဆီတွေနဲ့ ဗိုက်တာမင်တွေက အရေပြားအစိုဓာတ်ကို ကူညီပေးပြီး ဆံကေသာကျန်းမာရေး ကောင်းမွန်စေပါတယ်။
#Source: DoctorNDTV
လုပ်ငန်းကဏ္ဍတွေမှာ AI သို့ ပြောင်းလဲအသုံးပြုလာတာတွေက ဖိလစ်ပိုင်လုပ်သားများကို သက်ရောက်နေပြီး အလုပ်အကိုင်ဖူလုံရေးပြဿနာ ဖြေရှင်းပေးဖို့အတွက် ပေါ်လစီပြောင်းလဲရန် တောင်းဆိုလာကြပါတယ်။
#Asia_Industry
Published 14 February 2025
#AIစနစ်တိုးတက်ကျင့်သုံး #ဖိလစ်ပိုင်မှပြင်ပလုပ်သားရင်းမြစ်လုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
Page 260 of 1143