#World_Health
Published 04 July 2025
▪️ အသီးအရွက်တွေကို ပြုတ်ပြီးမှ စားသုံးတာက အာဟာရတန်ဖိုးများစွာ ကျန်နိုင်သလို အစာခြေစုပ်ယူရ လွယ်ကူစေပါတယ်။
▪️ မှန်မှန်ကန်ကန် ချက်ပြုတ်တဲ့အခါ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်တွေကို ထိန်းသိမ်းထားနိုင်သလို အန္တရာယ်ရှိ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
(၁) အစာခြေရလွယ်ကူခြင်း
▪️ ပြုတ်လိုက်တဲ့အခါ ဟင်းရွက်ထဲက အမျှင်ဓာတ်တွေ ပျော့ပျောင်းသွားစေပြီး အူလမ်းကြောင်းကနေ အာဟာရစုပ်ယူမှု အားကောင်းစေပါတယ်။
(၂) ကယ်လိုရီနဲ့ အဆီနည်းပါးခြင်း
▪️ ဆီမလိုတဲ့အပြင် ကယ်လိုရီနည်းပါးစေတာကြောင့် ကိုယ်အလေးချိန်ချခြင်း၊ နှလုံးကျန်းမာရေးတို့အတွက် သင့်လျော်ခြင်းတို့ ရရှိစေပါတယ်။
(၃) အာဟာရဓာတ်စုပ်ယူမှုအားကောင်းခြင်း
▪️ ဟင်းရွက်တွေကို ပြုတ်လိုက်တဲ့အခါ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်းတို့လို အာဟာရဓာတ်တွေ ပိုထွက်လာစေပါတယ်။
(၄) ရေဓာတ်ဖြည့်ပေးခြင်း
▪️ ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေကျန်ရှိနေပြီး သဘာဝအတိုင်း ရေဓာတ်ဖြည့်ပေးကာ အစာအိမ်ကို အထောက်အကူပြုစေပါတယ်။
(၅) အဆိပ်အတောက်ဖယ်ရှားခြင်း
▪️ ပိုးမွှားများ၊ အမှုန်များ၊ ဘက်တီးရီးယားများ ရှင်းလင်းပေးနိုင်သလို အစားအစာကို သန့်ရှင်းစေပါတယ်။
(၆) ကိုယ်အလေးချိန်လျှော့ချနိုင်ခြင်း
▪️ အမျှင်ဓာတ်နဲ့ ရေဓာတ်များပြားတာကြောင့် ဗိုက်ပြည့်တင်းနေစေကာ အလွန်အကျွံစားသုံးခြင်းမှ ရှောင်ရှားနိုင်သဖြင့် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်စေပါတယ်။
(၇) နှလုံးအတွက်သင့်လျော်ခြင်း
▪️ ဆိုဒီယံနဲ့ ပြည့်ဝဆီနည်းပါးတာကြောင့် သွေးဖိအားလျော့ကျစေကာ နှလုံးကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်။
(၈) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ထိန်းသိမ်းနိုင်ခြင်း
▪️ မုန်လာဥနီ၊ သကြားမုန်လာ၊ ဟင်းနုနွယ်တို့က ပြုတ်လိုက်ရင်တောင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကျန်ရှိနေနိုင်ပြီး ဓာတ်တိုးဖိစီးခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
(၉) ဇီဝကမ္မဖြစ်စဉ်အကျိုးပြုခြင်း
▪️ ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီးစားပေးရင် ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်တဲ့ ဗိုက်တာမင်-ဘီ၊ မဂ္ဂနီဆီယံ၊ သံဓာတ်၊ အာဟာရဓာတ်များ ရရှိစေပါတယ်။
(၁၀) ချက်ပြုတ်ရလွယ်ကူခြင်း
▪️ ပြုတ်ထားတဲ့ အသီးအရွက်တွေက ပုံစံမျိုးစုံနဲ့ ချက်ပြုတ်နိုင်သလို အရသာထည့်သွင်းဖို့လည်း ကောင်းမွန်ပါတယ်။
#Source: DoctorNDTV