#LocalNews
Published_6 June 2022
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကုန်ဘောင်(၁)စံပြကျေးရွာရဲ့ အမျိုးအဆွေရွာလည်ပွဲတော်ကို ဇွန်လ ၄ ရက်နေ့ကနေ ၅ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 6 June 2022
၁။ မကြာမီလပိုင်းအတွင်း ICOMOS အဖွဲ့လာစစ်ဆေးမည်ဖြစ်၍ မြောက်ဦးဒေသခံများကို ကြိုတင်အသိပညာပေးနေ
၂။ အကယ်ဒမီမီးလင်းရွှေဈေး ကျပ်သိန်း နှစ်ဆယ် ၄သောင်းကျော်ဖြင့် ဆက်လက်တည်ငြိမ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အစ္စရေးလ်နှင့်အိန္ဒိယနှစ်နိုင်ငံဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်လာသည့် စိန်ကျောက်မျက်ရတနာလုပ်ငန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 5 June 2022
ဘောလီဝုဒ်ကြယ်ပွင့်တွေဟာ ယူအေအီးနိုင်ငံ အာဘူဒါဘီမြို့က ၂၂ကြိမ်မြောက် နိုင်ငံတကာ အိန္ဒိယရုပ်ရှင် အကယ်ဒမီဆုပေးပွဲကို ကော်ဇော်စိမ်းများပေါ်မှ ဖြတ်သန်းလျှောက်လှမ်းရင်း ရောက်ရှိလာကြပါတယ်။
ကိုဗစ်ကပ်ဘေးစကတည်းက မကျင်းပဖြစ်ခဲ့တဲ့ ဘောလီဝုဒ်ကြယ်ပွင့်တွေရဲ့ ပွဲဟာ အခုဆို အဘူဒါလီကိုပြန်ရောက်ရှိလာပြီး အဆိုအကတွေနှင့်စတင်ခဲ့ပါတယ်။
ဒီနှစ်အကယ်ဒမီမှာ ခေတ်စားခဲ့တာကတော့ "Shershaah"ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ပါကစ္စတန်နှင့် ဖြစ်ခဲ့တဲ့ ၁၉၉၉ ကာဂီလ်ပဋိပက္ခအတွင်း အသတ်ခံရတဲ့ သူရဲကောင်း ဗစ်ကရမ်ဘက်တရာ ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
“ ဒီဇာတ်ကားကို ရိုက်ကူးခွင့်ပြုခဲ့တဲ့ ဗစ်ကရမ်ဘက်ထရာရဲ့ မိသားစုကိုကျေးဇူးတင်ပါတယ်” လို့ အဲဒီဇာတ်ကားရဲ့ ဒါရိုက်တာဗီရှနူးဗာဒန်က ပြောပါတယ်။
အိန္ဒိယရဲ့ ထိပ်တန်းသရုပ်ဆောင်တွေနှင့် ပွဲဟာ ပြည့်ကျပ်နေပါတယ်။ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ဆာဒါယူဒန်ဇာတ်ကားက မင်းသား ဗစ်ကီကာအူရှယ်လ်က ရရှိခဲ့ပါတယ်။ အဲဒီကားက ၁၉၁၉ အမ်ရစ်စတာ အစုလိုက် အပြုံလိုက်သတ်မှုရဲ့နောက်ကွယ်က ဗြိတိသျှအရာရှိတစ်ဦးကို ကလဲ့စားချေတဲ့ အိန္ဒိယတော်လှန်ရေးကားဖြစ်ပါတယ်။
ကရစ်တီဆာနွန်ကတော့ မီမီ ဇာတ်ကားနှင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရရှိသွားပါတယ်။ အဲဒီဇာတ်ကားက တစ်ခုလပ်မိခင်တွေနှင့်ပတ်သက်တဲ့ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းနှင့် သူတို့ရဲ့သဘောထားတွေကို ရယ်မောစရာ ရိုက်ကူးထားတာဖြစ်ပါတယ်။
Source AFP
TV Yangon Times Matters အစီအစဉ်
Published -5 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဂုဏ်ထူးဦးအောင်ခိုင်နှင့်အတူ
-ကျူရှင်ဆိုတာ အရင်တုန်းက ညံ့တဲ့လူတွေတက်ကြပြီး အခုဆိုရင် ပိုတော်ချင်၊ပိုထူးချွန်သူတွေတက်တဲ့အရာဖြစ်နေပါပြီ" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Published 5 June 2022
တရုတ်နိုင်ငံဟာ တနင်္ဂနွေနေ့ကယာဉ်မှူးတွေလိုက်ပါသွားတဲ့ အာကာသယာဉ် ဆိန်းကျိုး-၁၄ ကို အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။ အာကာသယာဉ်မှူး(၃)ဦးဟာ ကမ္ဘာပတ်လမ်းကြောင်းက အာကာသစခန်းရှိ ထျင်းဟဲမော်ဂျူးထဲမှာ ခြောက်လကြာနေထိုင်ကြမှာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ မနက် ဒေသစံတော်ချိန် ၁၀နာရီ၄၄မိနစ်မှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရက ကျိုးချွမ်းဂြိုဟ်တုလွှတင်ရေးစင်တာကနေ ဆိန်းကျိုး-၁၄ကိုသယ်ဆာင်တဲ့ 2F သယ်ဆောင်ရေးဒုံကျည်နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။
Source CCTV+
TV Yangon Times Matters အစီအစဉ်
Published -5 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဂုဏ်ထူးဦးအောင်ခိုင်နှင့်အတူ
-စာသင်တယ်ဆိုတာ အနုပညာ တစ်မျိုးပါ၊ ဆရာဟာ ဘုရင်မဟုတ်ပါဘူး ဘုရင်တွေကို မွေးဖွားပေးနေတဲ့သူတွေပါ။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published -5 June 2022
အစီစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဂုဏ်ထူးဦးအောင်ခိုင်နှင့်အတူ
-ဝှိုက်ဘုတ်ကို မြန်မာကျောင်းသားများနှင့် စတင်ထိတွေ့ပေးခဲ့သော ဆရာကြီးဂုဏ်ထူးဦးအောင်ခိုင်
#Yangon_Media_Group
Page 1181 of 1295