#LocalNews
Published - 9 June 2022
လှည်းကူးမြို့နယ်မှာတွေ့ရှိထားတဲ့ ရှေးဟောင်း အထောက်အထားပစ္စည်းတွေ စုစည်းပြသထားတဲ့ လှည်းကူးမြို့နယ် သမိုင်းပြတိုက်ကိုလှည်းကူးမြို့နယ်၊ ပိုက်ကြီးဝဲကျေးရွာမှာ အခမဲ့ပြသထားတယ်လို့ လှည်းကူးမြို့နယ်သမိုင်းပြုစုရေးအဖွဲ့၊ အတွင်းရေးမှူးဦးသက်လွင်က ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 9 June 2022
မြန်မာ-ထိုင်းနယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ထိုင်းမှာပြစ်ဒဏ်ကျခံပြီးသား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်း လ.ဝ.က အချုပ်ထဲမှာ ပြစ်ဒဏ်ကာလတိုးတဲ့ပုံစံမျိုးနဲ့ ဆက်ပြီးနေကြရတယ်လို ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_9 June 2022
မလေးရှားနဲ့ ထိုင်းနိုင်ငံနယ်စပ် ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြိုနယ်မှာ ထိုင်းနိုင်ငံသားတစ်ယောက် သေဆုံးတဲ့ အမှုမှာ သံသယရှိနေတယ်ဆိုတဲ့ ရခိုင်တိုင်းရင်းသား ၉ ယောက် ကိစ္စကို သက်ဆိုင်ရာအနေနဲ့ အကူအညီပေးစေလိုတယ်လို ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက် (MWRN) ရဲ့ မြန်မာအလုပ်သမားတာဝန်ခံ ကိုသိန်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 9 June 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟွေကျိုးမြို့ကနေ ဒီကနေ့ ဇွန်လ ၉ ရက်နေ့မှာ ပြန်လာတဲ့ မြန်မာ ၃၀၀ လောက် ရှိပါတယ်။
#Yangon_Media_Group
#DailyNews
Published - 9 June 2022
၁။ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ထိုင်းတွင်ပြစ်ဒဏ်ကျ မြန်မာလုပ်သားများ ပြစ်ဒဏ်ကာလတိုးသကဲ့သို့ဖြစ်နေ
၂။ လှည်းကူးမြို့နယ်သမိုင်းပြတိုက်အခမဲ့ပြသထား၊ အနုပညာပြတိုက်တိုးချဲ့ဖွင့်နိုင်ရန်စီစဉ်နေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘရာဇီးလ်နှင့် အာဂျင်တီးနားနယ်စပ်ကြားရှိ သေမင်းခံတွင်းဝရေတံခွန် မိုးရေကြီးပြီးနောက်ပြန်လည်ဖွင့်လှစ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldEntertainment
Published 8 June 2022
ဂျပန်နိုင်ငံမှ အသက် ၅၀ နှင့် ၆၀ ဝန်းကျင်ရှိလူကြီး ၄ ဦးဟာ ရှပ်အင်္ကျီ၊ နက်ကတိုင်၊ ရောင်စုံဗိုက်ခါးပတ်များဝတ်ဆင်ပြီး TikTok မှာ ထူးထူးဆန်းဆန်းအကများ ပြုလုပ်ပြကြရာ အားပေးမှုအများအပြားရရှိလာကြပါတယ်။
#Yangon_Media_Group
Published 8 June 2022
အီရန်နိုင်ငံ အလယ်ပိုင်း တာဘားစ် မြို့အနီးမှာ ဇွန်၈ ရက်က ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့ရပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
“ ၁၇ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၇ ဦးကို ဆေးရုံပို့ဆောင်ထားပါတယ်” ဟု အရေးပေါ်ဌာနပြောရေးဆိုခွင့်ရသူ မိုတာဘာခါလက်ဒီက နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။
“ ဒဏ်ရာရသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေရှိလို့ သေဆုံးသူအရေအတွက် တိုးလာနိုင်ပါတယ်” လို့ သူကပြောပါတယ်။ အရေးပေါ်ကား ၂၄စီးနှင့် ရဟတ်ယာဉ်(၃)စီးတို့နှင့် ကယ်ဆယ်နေတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
တာဘားစ်ဟာ တောင်ခါရာဆန်ပြည်နယ်မှာတည်ရှိပြီး တီဟီရန်မြို့တော်ကနေ လမ်းမိုင်၅၆၀ခန့်ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။
ရထားဟာ ခရီးသည် ၃၄၈ ဦးတင်ဆောင်လာတယ်လို့ နိုင်ငံပိုင်ရထားဌာနရဲ့ ဒုတိယအကြီးအကဲ မီယာဟန်ဆန်မိုဆာဗီက ပြောပါတယ်။
မနက်(၅)ရီခွဲခန့်မှာ ရထားလမ်းအနီးက မြေတူးစက်နှင့်တိုက်မိပြီးနောက် ရထားလမ်းချော်ခဲ့ရတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဒဏ်ရာရသူအချို့ကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ရတာကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။
ရထားတွဲ (၁၁) တွဲထဲက (၅)တွဲဟာ လမ်းချော်ခဲ့တာဖြစ်တယ်လို့ အီရန်လခြမ်းကြက်ခြေနီအသင်းဥက္ကဋ္ဌ မီဒီဗာလီပူးလ်က နိုင်ငံပိုင်ရုပ်သံကိုပြောပါတယ်။
Source AFP
Page 1178 of 1295