#WorldHealth
Published 10 June 2022
ပါကစ္စတန်နဲ့အိန္ဒိယတိုဟာ စစ်ပွဲကြီး ၃ ကြိမ်နဲ့ တိုက်ပွဲငယ်ပေါင်းများစွာ ဆင်နွှဲလာကြပေမယ့် ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်းနဲ့အတူ နွေရာသီပူပြင်းလာတဲ့အချိန်မှာ လျှို့ဝှက်နည်းနဲ့ဖော်စပ်ထားတဲ့ နှစ်ပေါင်း ၁၁၅ နှစ်သက်တမ်းရှိ ပန်းရောင်အချိုရည်ကြောင့် နှစ်နိုင်ငံကပြည်သူတွေပေါင်းစပ်နိုင်ကြပါပြီ။
#Yangon_Media_Group
Published 10 June 2022
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ရွာတော်တော်များများမှာ မြေပြိုမှုကြောင့် လူ(၇)ဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေပါတယ်။
အဆက်မပြတ် သည်းထန်စွာရွာခဲ့တဲ့မိုးကြောင့် ပေးလျိုးမြို့ကြီး၊ရှီးဖင်းမြို့က ရွာတော်တာ်များများကို မြေပြိုခြင်း၊ရွှံ့နွံတွေစီးဆင်းခြင်းနှင့် လမ်းတွေပြိုကျပျက်စီးခြင်းတွေ ဖြစ်စေခဲ့ပါတယ်။ သစ်ပင်တွေကို အမြစ်ကနေနှုတ်ပြီး အိမ်တွေပေါ်လဲကျတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။
ပျောက်ဆုံးနေတဲ့သူကိုရှာဖွေဖို့နှင့် အပျက်အစီးတွေရှင်းလင်းဖို့အတွက် ဒေသမီးသတ်သမားတွေနှင့် အရေးပေါ်ဌာနဝန်ထမ်းတွေဟာ အစွမ်းကုန်ကြိုးစားနေကြပါတယ်။
သဘာဝဘေးကြောင့် လျှပ်စစ်ကြိုးတွေပါပျက်စီးသွားတဲ့အတွက် ရွာပေါင်း(၆)ရွာက အိမ်ထောင်စုပေါင်း ၆၅၀၀ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပါတယ်။
ပေးလျှိုးမြို့လျှပ်စစ်ဌာနက မီးပြန်ရဖို့ အရေးပေါ်ကြိုးစားဆောင်ရွက်ခဲ့ရာမှာ အိမ်ထောင်စု ၂၀၀၀ခန့်မီးပြန်ရပေမယ့် ပျက်စီးနေတဲ့လမ်းအချို့ကို သွားလို့မရဖြစ်နေတုန်းပဲလို့သိရပါတယ်။
Source CMG
#LocalNews
Published _ 10 June 2022
နေပြည်တော်ရှိ မြို့နယ်အချို့က အိမ်ခြံမြေဈေးကွက်မှာ ငွေလဲဈေးနှုန်းများနှင့် အကြပ်အတည်းများကြောင့် ဈေးကွက်ထဲ အရောင်းအေးနေတယ်လို့ နေပြည်တော်ရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းအချို့ကပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published - 10 June 2022
မျက်မမြင်တွေအတွက် သင်ရိုးညွှန်းတမ်းဖတ်စာတွေကို မျက်မမြင်စာနဲ့ဖတ်နိုင်အောင် မြန်မာနိုင်ငံမျက်မမြင်များအသင်းအနေနဲ့ဆောင်ရွက်ပေးနေတယ်လို အသင်းရဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 10 June 2022
၁။ သင်ရိုးညွှန်းတမ်းဖတ်စာများကို မျက်မမြင်စာဖြင့် ဖတ်နိုင်အောင်ဆောင်ရွက်နေ
၂။ နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်းအေးနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပါကစ္စတန်နှင့်အိန္ဒိယ ပန်းရောင်အချိုရည်ကြောင့် ပြည်သူတွေပေါင်းစပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 9 June 2022
မြက်ခင်းပြင်တစ်ခုပေါ်မှာ ပိုးစုန်းကြူးကလေးတွေ ကခုန်နေကြတာကို လူတွေက အံဩချီးမွမ်းနေကြပါတယ်။ ပြီးတော့ လေထိုးဝေလရုပ်ကြီးတစ်ကောင်အပေါ်ကနေ ဖြတ်လျှောက်နေကြပါတယ်။ အဲဒီနောက် ရောင်စုံအနုပညာလက်ရာတွေနှင့် အတူယှဉ်တွဲပြီး ဓာတ်ပုံရိုက်နေကြပါတယ်။ ရေရှည်တည်တံ့ရေးကို အားပေးတဲ့အနေနှင့် စင်္ကာပူမှာ အလင်းရောင်ပွဲတော်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။
အိုင်-အလင်းရောင်ပွဲတော်ကို စင်္ကာပူမှာ ကိုဗစ်ကြောင့် (၂)နှစ်ရပ်နားထားရာကနေ ယခုစင်္ကာပူမြို့ မရီနာဘေ နေရာတစ်ဝိုက် ယခုပြန်လည်ကျင်းပခဲ့တာပါ။
ကြီးမားတဲ့ အင်စတောလေးရှင်းအမျိုး(၂၀)ထဲမှာ ရေခူကြီးတစ်ကောင်၊စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်အဟောင်းတွေနှင့်ပြုလုပ်ထားတဲ့ မီးအိမ်တွေနှင့် စီဒီချပ်တွေနှင့်ထုလုပ်ထားတဲ့ပန်းပုတွေလည်း အပါအဝင် ဖြစ်ပါတယ်။
စွမ်းအင်ချွေတာတဲ့ မီးလုံးတွေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြုပစ္စည်းတွေနှင့် အင်စတောလေးရှင်းအနုပညာလက်ရာတွေကို ဖန်တီးထားပါတယ်။ ဒီလိုဖန်တီးရတာဟာ စဉ်ဆက်မပြတ်ထိန်းသိမ်းရေး အလေ့အထတွေ ထွန်းကားစေဖို့ ရည်ရွယ်တာလို့ ပွဲတော်ကျင်းပသူတွေက ပြောပါတယ်။ဒါပေမယ့် အချို့ကတော့ သူတို့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သတင်းစကားပါးတာ ဘယ်လောက်ထိရောက်မှာလဲလို့ သံသယရှိနေကြပါတယ်။
Source AFP
#WorldNature
Published 9 June 2022
အာဂျင်တီးနားနဲ့ ဘရာဇီးလ်နိုင်ငံကြားနယ်စပ် အီဂွာဇူရေတံခွန်ရှိ ကမ္ဘာ့အကြီးဆုံးရေတံခွန်တွေထဲကတစ်ခုဖြစ်တဲ့ ဂါဂန်တာဒယ်လ်ဒီယာဘလိုရှုမျှော်ခင်းကြီးကို ခရီးသွားဧည့်သည်များအတွက် ဗုဒ္ဓဟူးနေ့ကပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များကထုတ်ပြန်လိုက်ပါတယ်။
#Yangon_Media_Group
Page 1177 of 1295